အခန်း ၆၁၂
Vol. 41 Ch. 612
အခန်း ( ၆၁၂ ) သိုသိုသိပ်သိပ် နေထိုင်ခြင်း။
[ အဘိုးရဲ့ အိမ် .. ဟုတ်လား။ ဒီမီးဖိုချောင်က အရင် မီးဖိုချောင်လောက် ကောင်းတဲ့ ပုံ မပေါ်ဘူး။ ဒါ အိမ်အိုအိမ်ဟောင်းကြီးလား။ မသိရင် ငါ့အိမ်ကျနေတာပဲ။ ]
သူ ထိုသို့ ပြောလိုက်သည်နှင့် လူများစွာကလည်း ချက်ချင်း ထောက်ခံခဲ့ကြသည်။
အရင်တုန်းက စုယန်ယန် ချက်ပြုတ်ခဲ့ဖူးသော မီးဖိုချောင်လေးသည် တကယ့်ကို တန်ဖိုးကြီး မီးဖိုချောင်သုံးပစ္စည်းတွေနှင့် ပြည့်နှက်နေကာ ခမ်းနားကြီးကျယ်သည်။ သုံးထားတဲ့ အုတ် တစ်ခဲစီ ၊ ကြွေပြား တစ်ချပ်စီက ဒီမီးဖိုချောင်ကို တည်ဆောက်ရန် ပိုက်ဆံ ဘယ်လောက် သုံးထားလဲ ဆိုတာ ဖော်ပြနေ၏။
ကိုယ့်ရဲ့ ကိုယ်ပိုင် မိသားစုနှင့် ဆင်တူသော တစ်စုံတစ်ယောက်ကို တွေ့ရခဲပါသည်။ လူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားသွားကာ သူတို့ရဲ့ ကိုယ်ပိုင် မီးဖိုချောင်အကြောင်း စတင် စကားဝိုင်းဖွဲ့ကြသည်။
သို့သော်လည်း သူတို့အိမ်က ကိုယ်ပိုင် မီးဖိုချောင်တွေအကြောင်း ပြောခြင်းကပင် သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားလုံးထုတ်နေသည်ဟု လူများစွာကို အထင်ရောက်သွားစေခဲ့သည်။
ပြောရရင် ယနေ့ခေတ်မှာ မီးဖိုချောင်ကို အထူးတလည် ပြင်ဆင်ထားတဲ့ အိမ်ရယ်လို့ သိပ်မရှိတော့ပါ။ အများစုက ဟင်းမချက်တတ်သဖြင့် မီးဖိုချောင်အတွက် သက်သက် နေရာဖယ်ပြီး ပြင်ဆင်တယ် ဆိုတာ နေရာကို အလကား ဖြုန်းတီးတာပဲ ဖြစ်သည်။
ဒါပေမဲ့ ခဏအကြာမှာပဲ တင်ဆက်သူနှင့် မီးဖိုချောင် ဒီဇိုင်းချင်း တူညီသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေကြသူတွေကို တိုက်ခိုက်တဲ့ လူ တစ်ယောက် ထွက်ပေါ်လာခဲ့သည်။
[ မင်းတို့ကို အဲ့လောက် မတုံးအဖို့ ငါ အကြံပေးချင်တယ်။ တင်ဆက်သူရဲ့ အဘိုးအိမ်က အိမ်အိုအိမ်ဟောင်းကြီး ဆိုပေမဲ့ သာမန် အိမ်အိုအိမ်ဟောင်းကြီး မဟုတ်တာ သေချာတယ်။ တင်ဆက်သူရဲ့နောက်က သစ်သားဗီရိုကိုပဲ မင်းတို့ ကြည့်လိုက် ၊ အဲ့ဒါကို မဟော်ဂနီသားနဲ့ လုပ်ထားတာ ဖြစ်လိမ့်မယ်။ မဟော်ဂနီသားက ဘယ်ဈေးလဲရော သိလား။ မင်းတို့ အပြင်မှာ လက်တွေ့ မမြင်ဖူးရင်တောင် ကြားဖူးနာဝတော့ ရှိမှာပါ။ ]
သူ အဲ့လို ပြောလိုက်ဝောာ့ တင်ဆက်သူရဲ့ အဘိုး ပိုင်ဆိုင်သော မီးဖိုချောင်နှင့် ဆင်တူတဲ့ သူတို့မီးဖိုချောင်ကို ကြည့်ရှုနေသူများသည် ချက်ချင်းပဲ နှုတ်ဆိတ်သွားကြလေသည်။
ထို့နောက် အမှန်တရားကို ထောက်ပြခဲ့သော ထိုပရိသတ်ဟာ ကင်မရာထဲတွင် မြင်နေရသော မီးဖိုးချောင်သုံးပစ္စည်းတွေကို စူးစိုက် ကြည့်ကာ ထိုပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုပါ ရွတ်ပြလေတော့သည်။ အတိုချုံ့ ပြောရရင်တော့ တင်ဆက်သူရဲ့ အဘိုးရဲ့ မီးဖိုချောင်ဟာ တခြားလူတွေရဲ့ မီးဖိုချောင်တွေထက် ပိုတန်ဖိုးကြီးပါသည်။
ကြည့်ရှုသူ ပရိသတ်များ : “ … ” မီးဖိုချောင် ဒီဇိုင်းချင်း တူညီဖို့ ဆိုတာ မလွယ်မှန်း သူတို့ သိပေမဲ့ အဲ့လူကိုတော့ လူသတိမထားမိအောင် သိုသိုသိပ်သိပ်လေး နေပြီး သူ ဘယ်လောက် ချမ်းသာတယ် ဆိုတာ ကြွားဝါသွားလိမ့်မယ်လို့ ထင်မထားဘူး။
[ ကျိကျိတက် ချမ်းသာတဲ့ အဲ့ဒီ သူဌေးကြီးရဲ့ ဗဟုသုတကိုပဲ ငါ အထင်ကြီးရမလား ၊ ဒါမှမဟုတ် တင်ဆက်သူရဲ့ မိသားစုက အရမ်း ချမ်းသာတာကိုပဲ အထင်ကြီးရမလား ဆိုတာ မသိတော့ဘူး။ ]
[ အပေါ်ထပ်က ကွန်းမန့်ကို ထောက်ခံတယ် +၁ ။ ဆင်းရဲလို့ ကျတဲ့ မျက်ရည်တွေနဲ့ ငါ တစ်ယောက်တည်း ကျန်ခဲ့ပြီ။ ]
စုယန်ယန်ကတော့ သူမအဘိုးရဲ့ မီးဖိုချောင်ထဲက ပစ္စည်းဟောင်းတွေကို ထိုလူတွေ နှိုက်နှိုက်ချွတ်ချွတ် ကြည့်ရှုစစ်ဆေးနေတာကို ဂရုမစိုက်။ သူမအဘိုး စားချင်သော အသားနှပ်ဟင်းကိုသာ ချက်ပြုတ်ရင်း အလုပ်ရှုပ်နေခဲ့သည်။
တကယ်တော့ အသားနှပ်ဟင်းကို ချက်ရတာ အတော်လေး ရိုးရှင်း၏။ စုယန်ယန်သည် စားသောက်ဆိုင်က သေချာလေး နှပ်ပေးထားသော အသားကို တစ်အိတ်စာ ယူလာခဲ့တာမို့ ဆေးဖက်ဝင် ပါဝင်ပစ္စည်း ထည့်ထားသည့် ဆေးအိတ် သေးသေးလေးကို ရောထည့်ပြီးလျှင် ရေထည့်၍ ပြုတ်ရုံသာ ရှိသည်။
ခဏအကြာတွင် တစ်မူ ထူးခြားကာ စားချင်စဖွယ် မွှေးကြိုင်နေသော ရနံ့က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲ ပျံ့လွင့်လာကာ လူတိုင်းကို သွားရည်ယိုလာစေခဲ့သည်။
[ အိုး ၊ ဒီအနံ့ပဲ။ နောက်ဆုံးတစ်ခေါက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ ငါ ရခဲ့တာ ဒီအနံ့ပဲ။ အဲ့အနံ့ကို ရပြီး ဗိုက်ဆာလာလို့ ပုံမှန်ဆို နှစ်ရက်စာ ခံမယ့် အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကို ငါ တစ်ထိုင်တည်း သောက်ပစ်ခဲ့တာလေ။ သောက်လည်း သောက်ပြီးရော နှစ်ရက် ၊ သုံးရက်လောက် ကြာတဲ့အထိ ငါ့ဗိုက်ထဲမှာ မအီမသာဖြစ်သွားခဲ့တာ။ ပြန်တွေးကြည့်ရင် ကြေကွဲစရာကောင်းတယ်။ ]
[ တင်ဆက်သူ ဒီနေ့ အသားနှပ်ဟင်း ချက်မယ်လို့ ငါ ထင်မထားဘူး။ အရင်တုန်းက တင်ဆက်သူရဲ့ စားသောက်ဆိုင်ကနေ အဲ့ဟင်းကို ငါ ဝယ်ဖူးတယ်။ အရသာက အခုထိ ငါ့လျှာပေါ်မှာ စွဲကျန်နေတုန်းပဲ။ ]
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ အဲ့အကြောင်းကို မကြွားစမ်းပါနဲ့။ အစကတည်းက တင်ဆက်သူရဲ့ စားသောက်ဆိုင်က အသားနှပ်ဟင်းက အရေအတွက် အကန့်အသတ်နဲ့ပဲ ရောင်းတာ။ တစ်နေ့ကို နည်းနည်းလေးပဲ ရောင်းတဲ့ ဟင်းလျာမျိုး။ ငါ ဘယ်တော့မှ ဟင်းပွဲ တစ်ပွဲတောင် မရခဲ့ဘူး။ ငါ အဲ့ကို နေ့တိုင်း သွားတယ် ၊ အနံ့လည်း ရတယ် ၊ ဒါပေမဲ့ စားတော့ မစားခဲ့ရဘူး။ အခုတောင် ပြောရင်းနဲ့ တကယ် ငိုချင်လာပြီ။ ]
စုယန်ယန်လည်း အသားနှပ်ဟင်းကို အရေအတွက် ကန့်သတ်မထားဘဲ ရောင်းချဖို့ တွေးဖူးပါသည်။ သို့သော် စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေက ထိုစိတ်ကူးကို ချက်ချင်းပဲ ဝိုင်းကန့်ကွက်ကြသည်။
အကြောင်းပြချက်ကတော့ အရင်တုန်းက ဖြစ်ခဲ့တဲ့ မသမာတဲ့ ယှဉ်ပြိုင်မှုက အရမ်း ကြောက်စရာကောင်းလို့ပဲ ဖြစ်သည်။ ထိုအဖြစ်အပျက်ဟာ စားသောက်ဆိုင်ရှိ ဝန်ထမ်းတွေရဲ့ စိတ်ထဲကနေ ဖယ်ရှားလို့ မရသော အရိပ်မည်းကြီး တစ်ခုတောင် ဖြစ်လုနီးပါးပင်။
ပြောရရင် အသားနှပ်ဟင်းထဲကို ထည့်ပြုတ်ရတဲ့ ဆေးအိတ် သေးသေးလေးထဲမှာ တရုတ်ရိုးရာ ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကို ထည့်ထားသည်။ ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေကို အများကြီး စားလျှင် ခန္ဓာကိုယ်တွင်း အပူချိန် တက်လာလိမ့်မယ်လို့ စုယန်ယန် ထပ်တလဲလဲ သေချာ ပြောခဲ့ဖူးရဲ့။ သို့သော်လည်း အခြေအနေကို သေချာ နားမလည်တဲ့ လူ တချို့က ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေနှင့် ချက်ထားတဲ့ အသားနှပ်ဟင်းကို တစ်နေ့ သုံးကြိမ် မစားဘူးလို့ အခိုင်အမာ ပြောရန် ခက်သည်။
တကယ်လို့ အစားအသောက်တွေမှာ ပြဿနာ တစ်ခုခု ရှိလာခဲ့ရင် သူတို့က သူမကို နောက်တစ်ခေါက် ခြိမ်းခြောက်ငွေညှစ်မှာ မဟုတ်လား။
စားသုံးသူတွေအား အသားနှပ် ဟင်းလျာကို သူတို့စိတ်ကြိုက် လိုသလောက် မရောင်းဖို့ ကန့်ကွက်တဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေမှာလည်း အစီအစဉ် ရှိပါသည်။ သူတို့က ဒီဆေးအိတ် သေးသေးလေးကို ရောင်းလို့ မရရုံသာမက စားသောက်ဆိုင်မှာ ရောင်းတဲ့ အသားနှပ်ဟင်းပွဲ အရေအတွက်ကိုလည်း ကန့်သတ်ပေးရသည်။ အဲ့ဒါက စားသောက်ဆိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရုံသာမက လူ အများစုအတွက်လည်း အသားနှပ်ဟင်းလျာကို အိမ်အပြန် ဝယ်သွားပြီး အိမ်မှာ မြည်းစမ်းနိုင်သောကြောင့် ပိုအဆင်ပြေသည်။
******