← Chapters

အခန်း ၆၁၃

Vol. 41 Ch. 613

အခန်း ၆၁၃

Vol. 41 Ch. 613

အခန်း ( ၆၁၃ ) ကျွန်မတို့ရဲ့ အိမ်မှာ ကလေး တစ်ယောက် ရှိလာတော့မှာပါ။

စုယန်ယန်သည် သူတို့ရဲ့ သဘောတရားနှင့် ငြင်းခုံမှုကြောင့် ဆွံ့အသွားရသည်။ အဆုံးသတ်မှာဝောာ့ သူမလည်း သဘောတူလိုက်ရပါသည်။

သို့သော် စားသုံးသူတွေရဲ့ ဝယ်ယူမှုကို သူမ ဘယ်လောက်ပဲ ကန့်သတ်ထားပါစေ ၊ သူတို့ ဝယ်နိုင်တဲ့ ဟင်းလျာ အရေအတွက်က အကန့်အသတ် ရှိသည်။ အစကတည်းက သူမတို့ စားသောက်ဆိုင်ရဲ့ စားသုံးသူတွေက အများကြီးရယ်။ အခြေခံအားဖြင့် စားသောက်ဆိုင်ကို လာတဲ့ စားသုံးသူတိုင်းဟာ အသားနှပ်ဟင်းလျာ တစ်ယောက်စာကို အိမ်အပြန် ဝယ်ယူသွားဖို့ ဆန္ဒရှိကြသည်။

တဖြည်းဖြည်းနှင့် အသားနှပ်ဟင်းလျာသည် သူမတို့ရဲ့ စားသောက်ဆိုင်မှာ နာမည်အကြီးဆုံး ဟင်းလျာ ဖြစ်လာခဲ့သည်။

စုယန်ယန်သည် ဖန်သားပြင်ပေါ်မှ ကွန်းမန့်တွေကို မြင်တော့ အသားနှပ်ဟင်းလျာကို သူတို့ စိတ်မဝင်စားဘူးလို့ အထင်လွဲသွားသည်။

ကြက်ဥပြုတ် ၊ ဘဲ အမြစ် ၊ ဝက်သား ၊ အမဲသားနှင့် တခြား ပါဝင်ပစ္စည်းတွေကို နှပ်ချက်ထားသော ဟင်းအိုးထဲသို့ ထည့်ရင်း သူမ ရှင်းပြလိုက်သည်။ “ အိမ်က ကျွန်မရဲ့ မိသားစုဝင် တစ်ယောက်က ဒီဟင်းကို စားချင်တယ် ဆိုလို့ ကျွန်မ ချက်ပေးနေတာပါ။ အချိန် နည်းနည်းတော့ ကြာလိမ့်မယ်။ ကျွန်မတို့ ခဏနေရင် အစားအသောက် အသစ်တွေနဲ့ ဆေးဖက်ဝင် ဟင်းလျာ နည်းနည်းပါးပါးကို ချက်ပြုတ်ကြတာပေါ့။ ”

[ အချိန်ကြာမှာကို စိတ်မပူပါနဲ့။ ငါ အဲ့ဒီ အသားနှပ်ဟင်းကို ကြိုက်တယ်။ အဲ့လို အရသာနဲ့ ဆိုရင် ငါ နောက်ထပ် ထမင်း ပန်းကန်လုံး နှစ်လုံးတောင် စားနိုင်မယ် ထင်တယ်။ ]

[ တင်ဆက်သူရေ ၊ မင်းရဲ့ အချက်အပြုတ်စွမ်းရည်တွေအပေါ် မင်း အထင်လွဲနေမှာ စိုးလို့ ပြောပြတာပါ။ ဒီအသားနှပ်ဟင်းက တကယ့်ကို အရသာရှိလွန်းတာပါ ၊ ဟုတ်ပြီလား။ ]

[ အိမ်က မိသားစုဝင် တစ်ယောက်ယောက်က စားချင်တယ်လို့ ပြောတာနဲ့ပဲ တင်ဆင်သူက ချက်ကျွေးတယ် ဆိုဝောာ့ ငါ မနာလိုလိုက်တာ။ တင်ဆက်သူရဲ့ အိမ်မှာ လူတွေ အများကြီး ရှိတာလား။ ]

[ အပေါ်က ကွန်းမန့်မန့်သူရေ ၊ မင်း စိတ်တိုင်းကျ တန်းစီလို့ ရပါတယ်။ တင်ဆက်သူရဲ့ မိသားစုဝင်တွေက ဒီအသားနှပ်ဟင်းကို စားဖို့ စောင့်နေတာ ကြာလှပြီ။ မင်း အဲ့လို စည်းကျော်တဲ့ စကားမျိုးကို ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ ]

[ အီးဟီး ၊ ငါကတော့ ခဏနေရင် အသားနှပ်ဟင်းပွဲ စားရမယ့် လူကို တင်ဆက်သူ ကံစမ်းမဲနှိုက်မှာလား ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ မင်းတို့ ငါ့ကို အတွင်းသတင်းလေး နည်းနည်းလောက် ပေးကြပါလား။ ငါ တကယ် စားချင်နေလို့ပါ။ ]

အသားနှပ်ဟင်းလျာနှင့် ပတ်သက်လို့ အကုန်လုံး စိတ်အားထက်သန်နေကြတာကိူ မြင်သောအခါ စုယန်ယန် တစ်ယောက် ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ တစ်ချိန်တည်းပဲ သူမဝန်ထမ်းတွေရဲ့ ရှေ့ရေးကို ကြိုမြင်နိုင်မှုကြောင့် ပင့်သက်ရှိုက်မိသည်။

အသားနှပ်ဟင်းကို အများကြီး စားလျှင် ခန္ဓာကိုယ်တွင်း အပူချိန်တက်လိမ့်မယ် ဆိုတာကို သိသော်လည်း အစားအသောက်ချစ်သူ တစ်ယောက် အတွက်တော့ အစားကောင်း စားရလို့ ကျန်းမာရေး ထိခိုက်မည် ဆိုလျှင်တောင် တစ်ချက်လေးတောင် တုံ့ဆိုင်းနေမှာ မဟုတ်။

“ ရှင်တို့ ကြိုက်တယ် ဆိုရင် ခဏနေရင် နှိုက်မယ့် ကံစမ်းမဲအတွက် လူ နှစ်ယောက် ၊ သုံးယောက်စာလောက် ကျွန်မ ဖယ်ထားလိုက်ပါ့မယ်။ ” ဟင်းက ကျက်သွားပြီမို့ ပါဝင်ပစ္စည်းတွေ ထပ်ထည့်ရတာက သိပ်ပြီး ကရိကထမများပါ။

“ ဟုတ်ပြီ။ ကျွန်မတို့ရဲ့ အိမ်မှာ ကလေး တစ်ယောက် ရှိလာတော့မှာ ဆိုတော့ ဒီနေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် သင့်တော်တဲ့ ဟင်းလျာနဲ့ ဆေးဖက်ဝင် ဟင်းလျာ တချို့ကို ချက်ပြုတ်ကြရအောင်။ ”

စုယန်ယန်ရဲ့ စကားက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ရုတ်ရုတ်သဲသဲ အခြေအနေ တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

[ တင်ဆက်သူက ကလေးရတော့မှာလား။ ဂုဏ်ပြုပါတယ်။ ]

[ ဟားဟားဟား ၊ ငါကတော့ တင်ဆက်သူ ကလေးမွေးတော့မယ်လို့ ထင်တာပဲ အပေါ်က ကွန်းမန့် မန့်သူရေ။ ဒါ မင်္ဂလာ တစ်ပါးပဲ။ ကောင်းချီးတွေနဲ့ ပြည့်စုံပါစေ။ ဒါနဲ့ ငါလည်း တိတ်တိတ်လေး လေ့လာကြည့်ရမယ်။ ငါလည်း ကလေးရဖို့ ကြိုးစားနေတာ ဆိုတော့ တင်ဆက်သူဆီမှာ နည်းလမ်းလေးတွေ မေးကြည့်ဦးမှပဲ။ ]

စုယန်ယန်ရဲ့ စကားတွေက အနာဂတ် ဖခင်လောင်း ၊ မိခင်လောင်းများစွာကို အောင်‌မြင်စွာ လှုံ့ဆော်လိုက်နိုင်သည်။

ထို့နောက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှ ကွန်းမန့်တွေဟာ ကလေးပြုစုပျိုးထောင်နည်းအကြောင်းကို အချိန် အတော်ကြာအောင် ဆွေးနွေးနေခဲ့ကြသည်။ နောက်ကျပြီးမှ ရောက်လာတဲ့ ကြည့်ရှုသူတွေက ထိုကွန်းမန့်တွေကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်သွားကာ ကလေးပြုစုပျိုးထောင်နည်း ချန်နယ် တစ်ခုထဲကို သူတို့ မှားဝင်မိသွားတာလားဟု ထင်သွားခဲ့ကြသည်။

“ အရင်ဆုံး စွပ်ပြုတ် ချက်ကြရအောင်။ ဒီနေ့ ကျွန်မတို့ ဂိုဂျီဘယ်ရီ ကြက်မဲစွပ်ပြုတ် ချက်ကြမယ်။ ကြက်မဲက အာဟာရဓာတ်လည်း ကြွယ်ဝတယ် ၊ ဆေးဖက်ဝင် အာနိသင်တွေလည်း ပြည့်ဝတယ်။ ပရိုတင်းဓာတ်တွေလည်း အများကြီး ပါတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလ နှောင်းပိုင်းမှာ ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အရမ်း သင့်တော်တယ်။ ကြက်မဲကို ဂိုဂျီဘယ်ရီနဲ့ ရောချက်လိုက်ရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးတယ်။ ချီစွမ်းအင်ကို အာဟာရပြု‌ပေးပြီး သွေးအားလည်း ကောင်းစေတယ်။ ”

“ ကိုယ်ဝန်သက်တမ်း ခြောက်လနဲ့ ကိုးလကြား ရှိနေတဲ့ မိခင်တွေအနေနဲ့ ပရိုတင်းနဲ့ ဗီတာမင်တွေကို ပိုမှီဝဲဖို့ လိုအပ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီအချိန်မှာ ငါးတွေ ၊ အသားတွေနဲ့ ဝက် ၊ နွား ၊ သိုးတွေရဲ့ အသည်းတို့ ဘာတို့လို ကိုယ်တွင်းအင်္ဂါတွေကို များများ စားပေးရမယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေကလည်း ပရိုတင်းနဲ့ ဗီတာမင်တွေကို ဖြည့်စွက်ပေးတယ်။ ”

စုယန်ယန်က စွပ်ပြုတ်ကို မီးအေးအေးနှင့် ဖြည်းဖြည်းချင်း ချက်ရင်း ပြောနေခဲ့သည်။ ထို့နောက် သူမ ဝက်နံရိုးနှပ် ဟင်းလျာ ၊ အမဲသားရေညှိ ဟင်းလျာ ၊ ကြက်သား သစ်အယ်သီး ဟင်းလျာနှင့် အခြား ဟင်းလျာတွေကို ချက်ပြုတ်လိုက်သည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ချက်ချင်း မီးခိုးတွေ ဖုံးလွှမ်းသွားသည်။ အမျိုးမျိုးသော ဟင်းလျာတွေရဲ့ မွှေးရနံ့က ခုနတုန်းက ချက်ထားသော အသားနှပ်ဟင်းလျာရဲ့ မွှေးရနံ့နှင့် ပေါင်းစက်သွားကာ စုယန်ယန် ကံစမ်းမဲနှိုက်မှာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသော ကြည့်ရှုသူတွေရဲ့ အစာအိမ်အား တဂွီဂွီ အသံတွေ မြည်လာစေခဲ့သည်။

စုယန်ယန်သည် ချင်ရွှယ်ရူအတွက် ကိုယ်ဝန်ဆောင် ဟင်းလျာကို ပြင်ဆင်ပြီးနောက် သခင်ကြီးချိန်နှင့် ကျန်လူတွေ အတွက် နေ့လယ်စာကို စတင် ပြင်ဆင်လိုက်၏။

******

All Chapters