← Chapters

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း ၆၁၆

Vol. 42 Ch. 616

အခန်း ( ၆၁၆ ) စားစရာတွေကို အလစ်သုတ်ကြမယ်ဟေ့။

စုယန်ယန်က သူမကို စူးစိုက်ကြည့်နေသော အဘိုးအို သုံးယောက်အား ကြည့်ကာ အဟမ်း အဟမ်းဟု ခပ်တိုးတိုး ချောင်းဟန့်ပြီး ပြောလိုက်၏။ “ အဘိုးက အသားနှပ်ဟင်း စားချင်တယ် ဆိုလို့ ကျွန်မ နည်းနည်းပါးပါး ချက်နေတာပါ။ ”

တကယ်တော့ သူမ အသားနှပ်ဟင်း ချက်‌နေတယ် ဆိုတာ အဘိုးလီ သိပါသည်။ ထိုဟင်းလျာက ဟိုးအရင်ကတည်းက ချိန်မိသားစု နှစ်သက်တဲ့ ဟင်း တစ်ခွက် ဖြစ်ကာ ပတ်ဝန်းကျင်က တခြား မိသားစုတွေကို ဆွဲဆောင်နိုင်တဲ့အထိ အနံ့က အလွန် မွှေးသည်။

သူတို့က အနံ့အတိုင်း လိုက်လာရင်း ချန်အိမ်တော်ကို ရောက်လာကြတာပင်။ ထိုအဘိုးကြီးအား သူတို့ကို အသားနှပ်ဟင်း တစ်ကိုက်လောက် ပေးမြည်းစေချင်သော်လည်း အဲ့ဒီ မကောင်းတဲ့ ကောင်က ရက်စက်လွန်းသည်။

“ ငါ့ရဲ့ ယန်ယန်လေးက ငါ စားဖို့အတွက် သေချာလေး ချက်ပေးထားတာ။ တစ်ယောက်စာပဲ ရှိလို့ ငါ စားပြီးသွားရင် ဘာမှ ကျန်မှာ မဟုတ်ဘူး။ မင်းတို့ စားချင်တယ် ဆိုရင် မင်းတို့ရဲ့ မြေးတွေကို ချက်‌ကျွေးခိုင်းပေါ့။ ”

အဘိုးလီနှင့် တခြား လူများသည် အသားနှပ်ဟင်းကို မမြင်လိုက်ရရုံသာမက သခင်ကြီးချိန် ကြွားတာကိုလည်း ခံလိုက်ရ၏။ သူတို့ အိမ်ပြန်ရောက်တော့ သူတို့ရဲ့ မြေးတွေကို ကြိမ်းမောင်းမိကြသည်။

“ သူများမြေးတွေနဲ့ မင်းတို့ကိုယ်မင်းတို့ ယှဉ်ကြည့်စမ်း။ မင်းတို့ကို ပြုစုပျိုးထောင်တာ‌ထက် ဝက်သားကင်ကို ပြုစုပျိုးထောင်တာကမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ အဲ့ဒါဆို ငါ ဝက်သားကင် စားလို့ ရတယ်။ ”

ပြုစုပျိုးထောင်ရကျိုးမနပ်ဘူးဟု အကြောင်းအရင်းမရှိ ခေါင်းစဉ်တက်ခံလိုက်ရသော ကလေးများ : “ … ” ဒါ မတရား ခံရတာပဲ။

အဘိုးကြီးတွေအတွက် ဒေါသထွက်စရာအကောင်းဆုံးကတော့ သခင်ကြီးချိန် ပြောတဲ့ စကားကို ယုံကြည်မိခဲ့တာပဲ ဖြစ်လေသည်။

သူတို့က လောဘကြီးသော်လည်း အစား တစ်လုတ် စားရဖို့အတွက်တော့ သခင်ကြီးချိန်နှင့် ရန်မဖြစ်ချင်ပါ။

နောက် သုံး ၊ လေးရက်အကြာ ထမင်းစားချိန် ရောက်လာတဲ့အခါ ချန်အိမ်တော်ထဲကနေ နောက်တစ်ခေါက် ပျံ့လွင့်လာတဲ့ စားကောင်းသောက်ဖွယ် မွှေးရနံ့ကို သူတို့ ထပ်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။

နောက်ဆုံးမှာ အဘိုးလီနှင့် ကျန်လူများသည် သူတို့ အလှည့်စားခံခဲ့ရကြောင်း သဘောပေါက်သွားကြသည်။ “ … ” သေစမ်း ၊ မင်း ပြောတော့ တစ်ယောက်စာပဲ ရှိတာဆို။ ရာစုနှစ်တွေ အများကြီး ခင်လာတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်တွေကို အစား တစ်လုတ်အတွက်နဲ့ လိမ်ပြောတာ မရှက်ဘူးလား။

တကယ်လည်း စွပ်ပြုတ်အမှုန့်က တစ်ထုပ်ပဲ ရှိတယ် ဆိုတာကိုတော့ နောက်ပိုင်းကျမှ သူတို့ သိသွားခဲ့တာ ဖြစ်သည်။ သို့သော်လည်း ထိုစွပ်ပြုတ်အမှုန့်ကို နောက်တစ်ခေါက် ထပ်ချက်လို့ ရသည်။ ကြာကြာ ချက်လေ ၊ ရနံ့က ပိုမွှေးလေပါပဲ။

သူတို့ အလွန် ဒေါသထွက်သွားခဲ့ကြသည်။ အဆုံးသတ်မှာတော့ သခင်ကြီးချိန်ရဲ့ အိမ်ကို ပျားအုပ် တစ်အုပ်လို သွားပြီး ခြိမ်းခြောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ အဲ့ဒီတော့မှပဲ အိမ်မှာ စားဖို့ ကြက်ခြေထောက်နှပ်ဟင်းလျာ အနည်းငယ်ကို ရသွားခဲ့ကြလေသည်။

မစားခင်တုန်းကသာ စူးစမ်းစိတ်ပြင်းပြနေခဲ့သော်လည်း တစ်ကိုက် ကိုက်ပြီးသည်နှင့် ထိုဟင်းလျာအကြောင်းကို သူတို့ခေါင်းထဲကနေ နေ့ရော ၊ ညပါ ထုတ်မရတော့ပေ။

အဘိုးလီသည် သခင်ကြီးချိန်ကို အခုလေးတင်ပဲ အပြစ်တင် ပြောဆိုပြီး ငါး အနည်းငယ်ကို ယူလျက် စိတ်ကြီးဝင်စွာ လှည့်ထွက်လာချိန်မှာ ချန်အိမ်တော်ထဥနေ ပျံ့လွင့်လာတဲ့ ရင်းနှီးနေသော မွှေးရနံ့ကို အနံ့ရလိုက်လေသည်။

အဘိုးလီက သူ့ရေပုံးထဲမှ ငါးကို တစ်ချက် ကြည့်ပြီးမှ မွှေးကြိုင်သော စားချင်စရာ ရနံ့ ပျံ့လွင့်နေ‌သည့် မလှမ်းမကမ်းက ချန်အိမ်တော်ကို လှမ်းကြည့်လိုက်သည်။

“ … ” ဘာလို့ ဒီလောက် အချိန် ခဏလေးအတွင်း ပြန်ပြီး မျက်နှာဖြတ်ရိုက်ခံရတာလဲ။

မွှေးရနံ့ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတာ အဘိုးလီ တစ်ယောက်တည်း မဟုတ်ပါ။ လွန်ခဲ့တဲ့ နာရီဝက်တုန်းကမှ ကိုယ်စီ အိမ်ပြန်သွားကြသော အဘိုးကြီးတွေကလည်း ချန်အိမ်တော် ခြံတံခါးရှေ့ကို စုရုံး ရောက်ရှိလာကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။

ဆယ်မိနစ်လောက် ဝေ့လည်ကြောင်ပတ် လမ်းပတ်လျှောက်ပြီးချိန်မှာတော့ သူတို့တွေ အကုန်လုံး စိတ်မထိန်းနိုင်တော့ဘဲ အိမ်ထဲကို ဇွတ်အတင်း ဝင်ချလာခဲ့ကြသည်။

အဘိုးလီက အသားနှပ်ဟင်းလျာ ထည့်ထားသော ပန်းကန်ကို ကြည့်ကာ တုံ့ဆိုင်းသွားသည်။

အဆုံးသတ်တွင် “ မင်းတို့ ထမင်းစားဖို့ ပြင်နေကြတာလား။ တိုက်ဆိုင်လိုက်တာ .. ငါတို့လည်း မစားရသေးဘူး။ ” ဟု ‌တခြား အဘိုးအို တစ်ယောက် မျက်နှာပြောင်တိုက်စွာ ခပ်တိုးတိုး ချောင်းဟန့်ပြီး ပြောလာခဲ့သည်။

သခင်ကြီးချိန်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။

ဒီအရှက်မရှိတဲ့ အဘိုးကြီးတွေက သူ့ဆီက အစားအသောက်တွေကို အလစ်သုတ်ဖို့ ရောက်လာကြမှန်း သူ သိသည်။

သူတို့ကို အလွန် တည့်တိုးဆန်လိမ့်မည်ဟု စုယန်ယန် ထင်မထားပေ။ သူမ စက္ကန့်ပိုင်းလောက် ကြောင်အသွားပြီးမှ သူမအဘိုးရဲ့ မှုန်ကုပ်နေသော မျက်နှာကို လှည့်ကြည့်ရင်း ခေါင်းထဲကို အတွေး တစ်ခု ဖျတ်ခနဲ ဝင်လာခဲ့သည်။

“ အဟမ်း ၊ အဘိုးတို့ ဒီကို လာတာလည်း ရှားတော့ အကျိုးသင့်အကြောင်းသင့် ပြောရရင် ထမင်း တစ်နပ်လောက် စားသွားသင့်တယ် ထင်တယ်။ ”

“ ဒါပေမဲ့ အဘိုးတို့ လာမယ် ဆိုတာ ကြိုမသိတော့ အိမ်မှာ အများကြီး ချက်မထားမိဘူးရယ်။ ”

သူတို့မျက်နှာပေါ်က ပျော်ရွှင်နေတဲ့ အမူအရာတွေ ရုတ်တရက် အေးခဲသွားကာ သခင်ကြီးချိန်ကတော့ စစ်ပွဲမှာ အနိုင်ရသွားတဲ့ စစ်သည်တော် တစ်ယောက်လို ခေါင်းမော့ ရင်ကော့ထားခဲ့သည်။

“ ဒီလို လုပ်ရင် ဘယ်လိုလဲဟင်။ အဘိုးတို့ တစ်ယောက်ချင်းစီ အတွက် အသားနှပ်ဟင်းကို နည်းနည်းစီ ထုပ်ပေးလိုက်ပါ့မယ်။ နောက်တစ်ခေါက် အခွင့်ကြုံရင် ထမင်းတွေ ပိုချက်ထားပြီး အဘိုးတို့ကို ထမင်းစား ဖိတ်လိုက်ပါ့မယ်။ အဲ့စိတ်ကူးကို အဘိုးတို့ ဘယ်လိုမြင်လဲ။ ”

******

All Chapters