အခန်း ၆၁၇
Vol. 42 Ch. 617
အခန်း ( ၆၁၇ ) အသုံးမကျတဲ့ အဘိုးကြီးတွေ။
အဘိုးလီနှင့် ကျန်လူတွေက စုယန်ယန်ရဲ့ ပထမ စကားကို ကြားတုန်းက ဒီနေ့တော့ အသားနှပ်ဟင်း မွှေးမွှေးကို စားရတော့မှာ မဟုတ်ဘူးဟု ထင်သွားခဲ့ကြတာ ဖြစ်သော်လည်း စုယန်ယန် ဆက်ပြောလိုက်သော စကားကြောင့် မထင်မှတ်ထားစွာဖြင့် မျှော်လင့်ချက် ရောင်ခြည်လေးတွေ ယှက်သန်းသွားလေသည်။
သူတို့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို ကွေးတက်သွားပေမဲ့ မျက်နှာကို နည်းနည်းလေး တည်အောင် ပြင်ယူပြီး ပြောလိုက်သည်။ “ ငါ အဲ့ဒါကို ဘယ်လိုလုပ် လက်ခံရမှာလဲ။ ”
အဘိုးချန်က သူတို့ရဲ့ အရှက်တရားကင်းမဲ့မှုကို သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ လှောင်ရယ်လိုက်သည်။ “ လက်မခံနိုင်ရင်လည်း မယူနဲ့လေ။ ယူချင်ယူ ၊ မယူရင် ထားခဲ့။ ”
အဘိုးလီက ထိုစကားကို ကြားချိန်မှာ သူ့မျက်နှာပေါ်မှ အပြုံးဟာ အနည်းငယ် လျော့ရဲသွားသည်။ သူ သခင်ကြီးချိန်နှင့် နောက်တစ်ခေါက် ငြင်းခုံချင်စိတ်အား ထိန်းမရတော့ပေ။ “ မင်း ပြောတဲ့ စကားတွေက အဓိပ္ပာယ်မရှိဘူး အဘိုးချန်။ ပြီးတော့ မင်းက ယန်ယန်ရဲ့ အဘိုးသာ ပြောတယ် ၊ တစ်စက်ကလေးမှ ချစ်စရာမကောင်းဘူး။ ”
“ ယန်ယန်က ဘယ်လောက်ပဲ ချစ်ဖို့ကောင်း,ကောင်း ၊ ငါ့မြေးမလေး ဖြစ်နေတာက ပြောင်းလဲမသွားဘူး။ ” ဟမ့်။
အဘိုးလီက လည်ချောင်းနင်သွားသလို ခံစားလိုက်ရကာ သခင်ကြီးချိန်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည်။
ဒီအဘိုးကြီးရဲ့ စိတ်ထားက မိလ္လာတွင်းထဲက ကျောက်တုံးလိုပဲ နံစော်ပြီး မာကျောနေတာ။ အဲ့ဒါတောင်မှ သူ့မှာ ချစ်စရာလည်းကောင်း ၊ သိတတ်လိမ္မာပြီး အရည်အချင်းလည်း ရှိတဲ့ မြေးမလေး တစ်ယောက်ကို ရထားသေးသည်။ ဒီလို မြေးမလေးကို ပိုင်ဆိုင်ရင် သူ့အရင်ဘဝတုန်းက ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့တာလား ဆိုတာ သိချင်မိသည်။
အခုလို အရသာရှိတဲ့ အစားအစာတွေ နေ့တိုင်း ချက်ကျွေးမည့် မြေးမလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရသော အဘိုးချန်ကို ကြည့်ကာ အဘိုးလီရဲ့ စိတ်ထဲမှာ အားကျ မနာလိုမှုတွေ ပြည့်နှက်သွားသည်။ မျက်လုံးတွေ နီရဲလာတဲ့အထိ သူ ဒေါသထွက်သွားမိပါသည်။
တခြား အဘိုးအိုတွေကလည်း ထူးမခြားနားပင်။ သူတို့ အားလုံးက ချမ်းသာတဲ့ မိသားစုတွေက လာကြတာ ဖြစ်ပြီး သူတို့ရဲ့ မိသားစု အများစုဟာ အဆင်ပြေ သာယာသည်။
သူ့ရဲ့ တစ်ခုတည်းသော နောင်တက ဟင်း ကောင်းကောင်း ချက်တတ်တဲ့ မြေးလေး တစ်ယောက်တောင် ရှိမနေတာပါပဲ။ သူ့မှာ အစားကောင်း အသောက်ကောင်း စားရမည့် ကံ ပါမလာခဲ့။
သခင်ကြီးချိန်က စိတ်ထဲမှာ ဘယ်လို ဝန်ထုပ်ဝန်ပိုးကိုမှ မခံစားရဘဲ သူတို့ရဲ့ ဝမ်းနည်းနေသော မျက်လုံးတွေကို လိုက်ကြည့်လိုက်သည်။ မနက်တုန်းက ငါး တစ်ကောင်မှ မဖမ်းမိတာရယ် ၊ အလှောင်ခံတာရယ်ကြောင့် ထွက်ခဲ့တဲ့ ဒေါသတွေ အကုန်လုံး ပျောက်ကွယ်သွားသည်။
‘ မင်းတို့က ငါးမျှားတာ တော်တော့ရော ဘာလုပ်ရမှာလဲ။ မင်းတို့ကို ဟင်းချက်ကျွေးမယ့် လူ တစ်ယောက်မှ မရှိဘူးလေ။ ’
စုယန်ယန်က သူမအဘိုးရဲ့ စိတ်ကြီးဝင်နေသော သရော်တော်တော် မျက်နှာ အမူအရာကို သတိပြုမိသွား၏။ သူမ မီးဖိုချောင်ထဲ ပြန်ဝင်ပြီး အိုးထဲမှာ ကျန်သေးတဲ့ အသားနှပ်ဟင်းတွေကို ခပ်ယူလိုက်သည်။ ထို့နောက် ဘူး များစွာထဲကို ခွဲထည့်ပြီး အဘိုးတွေကို ပေးလိုက်၏။
ကံကောင်းချင်တော့ အစကတည်းက သူမကလည်း အားလပ်တုန်းမှာ အစားအသောက် တချို့ ယူပြီး ဟောက်ချန်ဟွမ်းနှင့်အတူ အိမ်နီးချင်းတွေဆီ သွားလည်ဖို့ တွေးထားတာ ဖြစ်သည်။ အိုးထဲမှာ အသားနှပ်ဟင်းတွေ အတော်များများ ကျန်သေးသော်လည်း လူတိုင်းအတွက် ဝေစု တစ်စုစီ ရရန် လုံလောက်ရုံသာ ရှိသည်။
သူတို့က သူတို့ရဲ့ ဘူးလေးတွေကို ကြည့်ကာ စုယန်ယန်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ကြသည်။ သခင်ကြီးချိန်ကိုလည်း မနက်ဖြန်ကျ ငါးလာမျှားဦးမည် ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။
သခင်ကြီးချိန် : “ … ” ဘယ်သူက မင်းတို့နဲ့ ချိန်းလို့လဲ။ ငါ မင်းတို့နဲ့ အခုရက်ပိုင်း မတွေ့ချင်ဘူး။
အဘိုးကြီး သုံး ၊ လေးယောက်က သခင်ကြီးချိန်ကို ပြုံးပြပြီး မနက်ဖြန် ငါးလာမျှားမည်ဟု ချိန်းသွားကြ၏။ ထို့နောက် တစ်စုံတစ်ယောက်က သူတို့ကို စက်ပစ္စည်းတွေ တပ်ဆင်ရာမှာ သုံးသည့် ဂွနှင့် ပစ်ပေါက်ပြီး သူတို့လက်ထဲမှ အသားနှပ်ဟင်း ထည့်ထားသော ဘူးအား လုယူသွားမည်ကို စိုးရိမ်၍ အပြေးအလွှား အိမ်ပြန်သွားကြလေသည်။
သခင်ကြီးချိန်က သူတို့ ထွက်သွားတာကို ကြည့်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ အသုံးမကျတဲ့ အဘိုးကြီးတွေ။ ”
“ ဘာမှ မဖြစ်ပါဘူး အဘိုးရယ်။ ” စုယန်ယန်က သခင်ကြီးချိန်ရဲ့ လက်ကို ကိုင်ကာ ထမင်းစားပွဲသို့ ပြန်ခေါ်လာခဲ့လိုက်သည်။ “ စားကြမယ်နော်။ အေးသွားရင် အရသာရှိတော့မှာ မဟုတ်ဘူး။ အဘိုး ယွီရှန်းဝက်သားတောက်တောက်ကြော် စားချင်နေတာ မဟုတ်လား။ ဒီမှာ .. စားနော်။ ”
စုယန်ယန်က သခင်ကြီးချိန်ကို ခေါင်းရင်းထိုင်ခုံမှာ ထိုင်ခုံမှာ သူမကတော့ ညာဘက်မှာ ဝင်ထိုင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဟောက်ချန်ဟွမ်းကို သူမ လှည့်ကြည့်လိုက်၏။
ဟောက်ချန်ဟွမ်းက သဘောပေါက်သွားပြီး သူမဘေးမှာ လာထိုင်သည်။ ချိန်ကျွင်းဟောက်နှင့် ချင်ရွှယ်ရူတို့ကတော့ တခြား တစ်ဖက်မှာ။
သခင်ကြီးချိန်က သူ့မြေးမလေး ပေးသော အကြံဉာဏ်ကို နားထောင်ပြီး ယွီရှန်း ဝက်သားတောက်တောက်ကြော်ကို တူနှင့် ညှပ်ယူလိုက်၏။
စားကြည့်လိုက်တော့ သူ အံ့ဩသွားသည်။ သေချာ အရသာနှပ်ထားတဲ့ အသားက ပါးစပ်ထဲမှာ နူးညံ့ပျော်ဆင်းသွားလျက် ငံပြာရည် ၊ ငရုတ်သီး ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူ စသော ပါဝင်ပစ္စည်းတွေနှင့် မွှေကြော်ထားသောကြောင့် ချိုချဉ်ငန်စပ် အရသာ စုံလင်နေသည်။
ဟင်းပွဲ တစ်ပွဲတည်းမှာတင် အရသာတွေ အများကြီးကို သူ စားလိုက်ရသည်။ ပြီးတော့ ထိုအရသာတွေက ရောထွေးနေတာ မဟုတ်ဘဲ တစ်ခုချင်းစီ တသီးတသန့် ခွဲထွက်ကာ လိုက်ဖက်ညီနေသည်။
“ ဒါ .. ဒါ ဝက်သားရော ဟုတ်လို့လား။ ”
စုယန်ယန်က ခပ်တိုးတိုး ရယ်ပြီး အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။ “ ဟုတ်ပါတယ် အဘိုးရဲ့။ ဒီနေ့ မီးဖိုချောင်ထဲမှာ ငါးမှ မရှိတာ။ ဘယ်လိုလုပ် ငါးနဲ့ လုပ်ထားတာ ဖြစ်နိုင်မှာလဲ။ ”
******