← Chapters

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း ( ၆၁၈ ) သီးသန့်အခန်း။

သခင်ကြီးချိန် ကျေနပ်သွားသည်။ သူ့ရဲ့ အဖိုးတန် မြေးမလေးဟာ ငါးမပါတာတောင် ငါး အရသာထက် မလျော့သော အရသာရှိတဲ့ ဟင်းလျာ မျိုးစံကို ဖန်တီးချက်ပြုတ်နိုင်ပါသေးသည်။

အဆုံးထိ သူ နိုင်နေပါသေးတယ်။

စုယန်ယန်က ဒေါသတွေ အနည်းငယ် ပြေလျော့သွားသော သခင်ကြီးချိန်ရဲ့ မျက်နှာကို မြင်လိုက်သည်။ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို စားပြီးနောက် အမဲသားပြုတ်ဘက်ကို အာရုံရောက်သွားကာ သူမ ဆက်ချော့စရာ မလိုဝောာ့ပေ။

စုယန်ယန် တစ်ဖက်ကို လှည့်လိုက်တော့ အသားနှပ်ဟင်းနှင့် ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို ငေးနေသည့် ချင်ရွှယ်ရူရဲ့ သနားစရာ အကြည့်လေးနှင့် အကြည့်ချင်းဆုံသွားသည်။ သူမ ရယ်ချင်စိတ်အား မထိန်းနိုင်ဘဲ ရယ်ချလိုက်ကာ ဝက်သားနှပ် ၊ အာလူးနှင့် ဝက်နံရိုး ဟင်းလျာ ၊ အမဲသား ရေညှိ ဟင်းလျာ ၊ ကြက်သား သစ်အယ်သီး ဟင်းလျာနှင့် အခြား ဟင်းလျာတွေကို သူမရှေ့ တိုးပေးလိုက်၏။

“ ဒါတွေကို အရင် စားကြည့် ဒေါ်လေးချင်။ ကြက်မဲနဲ့ ကိုဂျီဘယ်ရီသီး စွပ်ပြုတ်က မီးဖိုပေါ်မှာ တည်ထားတုန်းပဲ ရှိသေးတယ်။ ဒေါ်လေး ထမင်းစားပြီးရင် စွပ်ပြုတ် တစ်ခွက် သောက်ရမယ်နော်။ လောလောဆယ်တော့ ဒီ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို မစားနဲ့ဦး။ ဒေါ်လေး ကလေးမွေးပြီးတဲ့နောက်ပိုင်း စားချင်စိတ် ရှိသေးရင် သမီး ချက်‌ကျွေးမယ်။ ”

ချင်ရွှယ်ရူ ရှက်သွားသည်။ သူမ တခြား ဟင်းပွဲတွေကို မကြည့်ရဲတော့ဘဲ သူမရဲ့ ကိုယ်ဝန်ဆောင် ဟင်းလျာတွေကိုသာ အာရုံစိုက် စားနေလိုက်၏။

စုယန်ယန်က ဟောက်ချန်ဟွမ်း ဒီမှာ နေရခြင်းနှင့် အသားမကျသေးမှာကို စိုးရိမ်မိသည်။ ထို့နောက် စုယန်ယန်က ဟင်းလျာတွေအကြောင်းကို ရှင်းပြရင်း ဟောက်ချန်ဟွမ်းရဲ့ ပန်းကန်ထဲကို ဟင်းတွေ ထည့်ပေးလိုက်သည်။

စုယန်ယန်က ဟင်းချက်နေစဉ်မှာ ဟောက်ချန်ဟွမ်းက ချင်ရွှယ်ရူ ၊ ချိန်ကျွင်းဟောက်တို့နှင့် ခြံထဲ လိုက်သွားခဲ့သည်။ သူ အရင်တုန်းကလောက် ခပ်တန်းတန်း ခပ်စိမ်းစိမ်း ဖြစ်မနေတော့‌ပါ။

သူက စုယန်ယန်ရဲ့ ဂရုစိုက်မှုကို ကြည်ဖြူစွာ လက်ခံသည်။ တစ်ချိန်တည်းမှာပဲ သူကလည်း စုယန်ယန် ပြန်ဂရုစိုက်ပေးကု သူမရဲ့ ပန်းကန်ထဲကို ဟင်းတွေ ခပ်မောက်မောက် ထည့်ပေးလိုက်သည်။

ချိန်ကျွင်းဟောက်က နှုတ်ခမ်းတွေကို စေ့ပိတ်ထားပြီး တစ်ယောက်ရဲ့ ပန်းကန်ထဲကို တစ်ယောက် ဟင်းတွေ ထည့်ပေးနေကြတဲ့ နှစ်ယောက်ကို ကြည့်နေမိသည်။ သူ့ဇနီးလေးကို ဝမ်းနည်းသော အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။

ချင်ရွှယ်ရူရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွားသည်။ သူမရဲ့ ကံတရားကို လက်ခံလိုက်ပြီး သူ့ခေါင်းကို လှမ်းပုတ်လိုက်ပါသည်။ သူမလည်း ပုဇွန် တစ်ကောင်ကို သူ့ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

ချိန်ကျွင်းဟောက်သည် ချက်ချင်းပဲ အားအင်ပြည့်ဝကာ ပုဇွန်တွေကို ပျော်ရွှင်စွာ စတင် စားတော့သည်။

မလှမ်းမကမ်းမှာ ထိုင်နေတဲ့ သခက်ကြီးချန်က ထိုမြင်ကွင်းကို မြင်သွားသည်။ “ … ” ဒီလို အသုံးမကျတဲ့ သားကို သူ ဘယ်လိုများ မွေးခဲ့မိတာပါလိမ့်။

စားပွဲပေါ်မှာ ကျန်သေးသော အသားနှပ်ဟင်းကို ကြည့်ကာ သခင်ကြီးချိန်ရဲ့ စိတ်အခြေအနေက ဟိုးအောက်ဆုံးထိ ထိုးကျသွားသည်။

သူ့အတွေးတွေကို ထွင်းဖောက် မြင်သော စုယန်ယန်က ကူကယ်ရာမဲ့ ပြုံးပြလိုက်သည်။ “ သမီးနဲ့ ချန်ဟွမ်းက ဒီမှာ တစ်လ ၊ နှစ်လလောက် နေသွားမှာပါ အဘိုးရဲ့။ အဘိုး စားဖို့ မလောက်မှာကို စိုးရိမ်နေတာလား။ ”

သခင်ကြီးချိန်က အံ့ဩသွားကာ ခဏလောက် စဉ်းစားပြီးမှ ပြန်ပြုံးသွားသည်။

ညစာ စားပြီးသွားတော့ စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူမအခန်းထဲ ခေါ်လာခဲ့သည်။

ချိန်မိသားစုနှင့်အတူ နှစ်စဉ်နှစ်တိုင်း အချိန် တစ်ခုထိ လာနေပေးနေကျမို့ ချိန်မိသားစုမှာ သူမ နေဖို့ အခန်း တစ်ခန်း သက်သက် ရှိသည်။ သူမ မရှိချိန်မှာဆို ထိုအခန်းက လူလွတ်နေလေ့ရှိသည်။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို အခန်းထဲ ခေါ်ခဲ့လိုက်၏။ အခန်းထဲမှာ ရှိတဲ့ ပစ္စည်းတွေကို လှည့်ပတ် ကြည့်ကာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံး အခန်းထဲမှာ ရှိတာ သေချာကြောင်း အတည်ပြုလိုက်သည်။ ပရိဘောဂတွေလည်း နေရာတကျပင်။

“ ဒီမှန်တင်ခုံနဲ့ ခုတင်က ကျွန်မအတွက် ကျွန်မအဘွား ချန်ထားခဲ့တာလေ။ သူမ ပြောတာတော့ သူမတို့ လက်ထပ်တဲ့ ခေတ်တုန်းက မိန်းကလေးတွေမှာ ရှိတဲ့ ရိုးရာ မှန်တင်ခုံနဲ့ ခုတင်ပုံစံအတိုင်း လိုက်လုပ်ထားတာတဲ့။ ”

စုယန်ယန် ညွှန်ပြသော နေရာကို ဟောက်ချန်ဟွမ်း ကြည့်လိုက်တော့ အခန်းထောင့်က ခုတင်ကြီးနှင့် မှန်တင်ခုံကို သွားမြင်သည်။ သူ့မျက်လုံးတွေ တောက်ပသွားပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “ မဆိုးဘူး။ လှတယ်နော်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို ခုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်ကာ ခုတင်ဘေးမှာ ထွင်းထုထားသည့် ပျိုနီပန်းလေးကို ထိကိုင်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ “ ကျွန်မရဲ့ အဘွားက ကျွန်မအမေအတွက် ဒီခုတင်ကို သတို့သမီးဘက်က သတို့သားဘက်ကို ပေးတဲ့ ခန်းဝင်ပစ္စည်းအဖြစ် ပေးချင်ခဲ့တာတဲ့။ ဒါပေမဲ့ C မြို့တော်က အရမ်း ဝေးတော့ အိမ်မှာ ချန်ခဲ့ဖို့ပဲ တတ်နိုင်ရှာတယ်။ အဲ့လိုနဲ့ ကျွန်မအမေလည်း ကျွန်မကို မွေးလိုက်ရော ၊ ဒီခုတင်က ကျွန်မအပိုင် ဖြစ်သွားတော့တာပဲ။ ”

“ မင်း ဒီမှာ နေတိုင်း ဒီအခန်းမှာပဲ အမြဲ အိပ်တာလား။ ”

“ အင်း။ ” စုယန်ယန် ခေါင်းညိတ်ပြလိုက်သည်။ “ ကျွန်မဘဝရဲ့ ( ၇ ) နှစ်မတိုင် အချိန် အများစုကို ဒီမှာပဲ ကုန်ဆုံးခဲ့တာ။ အဲ့အချိန်တုန်းက ဒေါ်လေးက ကျွန်မ ညဘက် မှောင်နေတာကို ကြောက်မှာ စိုးလို့ တစ်ခါတလေ ကျွန်မနဲ့ လာအိပ်ပေးရင်း ပုံပြင်တွေ ပြောပြတတ်တယ်။ ”

“ ဘာပုံပြင်တွေ ပြောပြတာလဲ။ ”

စုယန်ယန်က ခုတင်တိုင်ကို မှီရင်း သမ်းဝေလိုက်သည်။ “ ဝတ်ရုံနီ မိန်းကလေးနဲ့ ဝံပုလွေဆိုးကြီးတို့လို နတ်သမီးပုံပြင်တွေပါပဲ။ ”

******

All Chapters