အခန်း ၆၂၁
Vol. 42 Ch. 621
အခန်း ( ၆၂၁ ) ရယ်စရာကောင်းလိုက်တာ။
ထို Post မှာ စုယန်ယန်ကိုရော ၊ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်မှုကိုရော ထည့်ပြောမထားပေမဲ့ စုယန်ယန်ကို ဝေဖန်တာ ဖြစ်ကြောင်း သိသာစေရန် လုပ်ခဲ့ပါသည်။ သူတို့က စားသောက်ဆိုင်ရဲ့ နာမည်ကို စီနီယာအဖြစ် အသုံးချကာ ဂျူနီယာတွေအား နောက်ထပ် အမှားတွေ ထပ်မကျူးလွန်ရန် အကြံပေးခဲ့သည်။
မှန်ပါသည်။ သူတို့ရဲ့ ရည်ရွယ်ချက်က စုယန်ယန်ရဲ့ ပရိသတ်တွေနှင့် ဖြတ်သွားဖြတ်လာ ကြည့်ရှုသူတွေကိုသာ ဦးတည်တာ ဖြစ်သည်။
ဟေးရီ စားသောက်ဆိုင်က ကမ္ဘာတစ်ဝှမ်းမှာ လူသိများသော အထက်တန်း စားသောက်ဆိုင် တစ်ဆိုင် ဖြစ်သည်။ သူတို့အကောင့်ထဲမှာ အစားအသောက်ချစ်သူတွေ အများကြီး ရှိသည်။
ထိုလူတွေက အဲ့ဒီ Post ကို မြင်သည်နှင့် ထိပ်တန်း ရေပန်းစားမှု စာရင်းထဲမှာ လူပြောများနေသော ယွီရှန်း ဝက်သား တောက်တောက်ကြော်အကြောင်း ချက်ချင်း တွေးမိသွားကြသည်။
ထို့ပြင် စုယန်ယန်ရဲ့ စားသုံးသူ အများစုက ဆေးဖက်ဝင် စွပ်ပြုတ်တွေကို လိုအပ်နေတဲ့ နေမကောင်းဖြစ်နေသော လူနာတွေ ဖြစ်သည်။
ပြင်ပ စားသောက်ဆိုင်တွေမှာ ထိုင်စားရတာကိုသာ ကြိုက်သော လူအရေအတွက်နှင့် ယှဉ်လိုက်လျှင် စုယန်ယန်ရဲ့ စားသုံးသူတွေက သိပ်မများပါ။
အဲ့ဒီ ထောက်ခံသူတွေက စုယန်ယန်နှင့် သူမရဲ့ စားသောက်ဆိုင်အကြောင်းကိုလည်း များများစားစား မသိကြ။ သူမက အင်တာနက်ပေါ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ တစ်ယောက် ဖြစ်တယ် ဆိုတာကိုသာ သူတို့ ကြားဖူးကြသည်။
လျို့စွင်းနန်ရဲ့ Post ကို မြင်ပြီးတဲ့နောက် သူတို့ရဲ့ ပထဆုံး အမြင်ကတော့ ဘယ်ကမှန်း မသိတဲ့ ထိုဘလော့ဂါဟာ စားသောက်ဆိုင်ကို ရည်ရွယ်ချက်ရှိရှိ မကောင်းကြံနေတယ် ဆိုတာပဲ ဖြစ်သည်။
ထိုအချိန်မှာ လျို့စွင်းနန် ဝယ်ထားတဲ့ ၊ အင်တာနက်ပေါ်မှာ အခကြေးငွေယူပြီး ကွန်းမန့် မန့်သူများက #ယွီရှန်းဝက်သားတောက်တောက်ကြော် ဆိုတဲ့ ခေါင်းစဉ်ဆီ ဝိုင်းအုံ ရောက်လာကာ စတင် လှောင်ပြောင်သရော်ခဲ့ကြသည်။
[ အဲ့ဒီ ယုတ်မာတဲ့ မိန်းမက ဘယ်ကနေ ရောက်လာတာလဲ။ မင်းကများ ဟေးရီ စားသောက်ဆိုင်ကို ရာရာစစ ခြိမ်းခြောက်ငွေညှစ်ဖို့ ကြိုးစားရဲတယ်ပေါ့လေ။ ဘယ်သူမှ မင်းကို မထိန်းချုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား။ ]
[ ပုံတူ ကူးချတာကို ထားလိုက်ဦး။ စိတ်ပျက်စရာအကောင်းဆုံးက ဘာလဲ ဆိုရင် ပုံတူ ကူးချပြီးတဲ့နောက်မှာတောင် မင်းက မူရင်း စားဖိုမှူးကးအပေါ် ကျေးဇူးမသိတတ်ဘဲနဲ့ နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပဲ။ မင်းလုပ်ရပ်နဲ့ ‘ ကျေးဇူးရှိမှ ကျေးစွပ်တယ် ’ ဆိုတဲ့ စကားပုံနဲ့ ဘာမှ မကွာဘူး။ ]
[ အခုခေတ် အင်တာနက် ဘလော့ဂါတွေ အကုန်လုံးက ဒီလိုပဲ အရမ်း မောက်မာကြတာလား။ သူတို့က ဟေးရီ စားသောက်ဆိုင်ကိုတောင် ခြိမ်းခြောက်ငွေညှစ်ရဲသေးတယ်။ ညဘက် သူတို့ လမ်းလျှောက်နေရင်း သရဲနဲ့ တွေ့မှာကို မကြောက်ကြဘူးလား။ ]
ထိုအချိန်မှာ စုယန်ယန်ရဲ့ ပရိသတ်တွေကတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ တင်ဆက်ပြသသွားသော စားကောင်းသောက်ဖွယ် အမျိုးမျိုး အကြောင်းကို ပျော်ရွှင်စွာ ဆွေးနွေးနေကြတာ ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဒုတိယ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှူထဲမှာ တင်ဆက်သူ ချက်ပြမည့် ထူးခြားသော အစားအစာအကြောင်းကိုလည်း စိတ်ကူးမယဉ်ဘဲ မနေနိုင်ကြပေ။
ရုတ်တရက် ရောက်ချလာပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေကြတဲ့ အခကြေးငွေယူ ကွန်းမန့် မန့်သူတွေနှင့် ထောက်ခံသူတွေကို သူတို့ မြင်ချိန်မှာ ခဏလောက် ဆွံ့အသွားပြီးမှ ဒီလူတွေဟာ ဒီကို ပြဿနာရှာဖို့ ရောက်လာကြတယ် ဆိုတာ နားလည်သွားသည်။
ဟေးရီ စားသောက်ဆိုင်ကို ထောက်ခံသူတွေက လျှို့စွင်းနန်ရဲ့ တစ်ဖက်သတ် ဇာတ်လမ်းကို ယုံကြည်ပြီး စုယန်ယန်ဟာ သူတို့ကို အမြတ်ထုတ်ဖို့ ကြံစည်နေသည်ဟု ကောက်ချက်ချခဲ့ကြသည်။
အခြား တစ်ဖက်၌ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ကြည့်ရှုသူတွေကတော့ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို စုယန်ယန် ကိုယ်တိုင် ချက်ပြတာကို ကြည့်ထားပါသည်။ သူတို့က ချက်ပြုတ်ပြီးသွားသော ဟင်းလျာကို အရသာခံရန် ပုံရိပ်ယောင် စက်ကိရိယာကိုပင် သုံးခဲ့ကြသည်။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ စုယန်ယန်ကို မေးခွန်းထုတ်ခဲ့ကြသူများပင်လျှင် စုယန်ယန်ရဲ့ ယွီရှန်း ဝက်သား တောက်တောက်ကြော်က စားသောက်ဆိုင်က ဝက်သား တောက်တောက်ကြော်ထက် အများကြီး ပိုစားကောင်းကြောင်း ဝန်ခံခဲ့သည်။
သူတို့ကို မထီမဲ့မမြင် ဆက်ဆံနေသော စော်ကားမှုတွေကို မြင်သောအခါ သူတို့အားလုံး ဒေါသထွက်သွားကြသည်။ အထူးသဖြင့် စားသောက်ဆိုင် တစ်ဆိုင်ရဲ့ ထေ့ငေါ့ ပြောနေတဲ့ ကွန်းမန့်တွေကို သူတို့ မြင်သွားချိန်မှာ ဖြစ်သည်။
[ အစတုန်းကတော့ ငါ အဲ့စားသောက်ဆိုင်အကြောင်း ပြောတောင် ပြောချင်တာ မဟုတ်ဘူး။ အဲ့ဆိုင်မှာ တစ်ခါလေး သွားစားမိပါတယ် ၊ ဝန်ဆောင်မှုက ဆိုးဝါးလိုက်တာ လွန်ရော။ စားပွဲထိုးတွေ အကုန်လုံးက သဝင်မြင့်ပြီး လူတွေကို အထင်သေးသလို ကြည့်နေကြတာ။ အစားအသောက်တွေကလည်း ဈေးကြီးပေမဲ့ တစ်စက်မှ စားမကောင်းဘူး။ စားသောက်ဆိုင် တစ်ဆိုင်လုံးက စားဖိုမှူးတွေ ၊ စားပွဲထိုးတွေရဲ့ နဖူးပေါ်မှာ ‘ ဒီစားသောက်ဆိုင်က သူ့ရဲ့ ကာစတန်မာတွေကို အနိုင်ကျင့်ပါတယ် ’ ဆိုပြီး ရေးထားသလား အောက်မေ့ရတယ်။ အဲ့လို အမှိုက်ဆန်တဲ့ စားသောက်ဆိုင်မှာ ထောက်ခံသူတွေ ရှိနေတာ အရမ်း အံ့ဩစရာကောင်းတယ်။ ]
[ အပေါ်က ကွန်းမန့်,မန့်သူ ပြောတယ တရားလွန်သွားပြီ။ သူတစ်ပါးကို အသုံးချပြီးတာတောင်မှ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တယ်လို့ ထင်နေတဲ့ ငတုံး တချို့ကို ငါ မြင်ခဲ့ရပြီပဲ။ မင်းတို့မှာ ဦးနှောက်မရှိရင်လည်း ပိုပြီး စာလေ့လာသင့်တယ်လို့ပဲ ငါ ပြောချင်တယ်။ ယွီရှန်း ဝက်သား တောက်တောက်ကြော်က ရှေးခေတ်တုန်းက ဟင်းလျာ တစ်မျိုးပဲ။ လူမသိသူမသိနဲ့ တိမ်ကောသွားတာ ကြာခဲ့ပြီ။ အဲ့ဟင်းလျာကို တင်ဆက်သူပဲ ချက်,ချက် ၊ စားသောက်ဆိုင်ကပဲ ချက်,ချက် .. အရင်က ပုံစံကို ပြန်ဖန်တီးထားတာထက် မပိုဘူး။ အရှက်မရှိတဲ့ လူတွေကတော့ သူတို့ကိုယ်သူတို့ အထူးခြားဆုံးလို့ ထင်နေကြတုန်းပဲ။ ရယ်စရာကောင်းလိုက်တာ။ ]
******