အခန်း ၆၂၂
Vol. 42 Ch. 622
အခန်း ( ၆၂၂ ) ပြင်းထန်သော တိုက်ပွဲစွမ်းရည်။
[ ဟုတ်တယ် ဟုတ်တယ်။ တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နေရင်းနဲ့ ရှေးခေတ်က ယွီရှန်း ဝက်သား တောက်တောက်ကြော်ထဲမှာ ငါးမပါဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား။ အဲ့ဟင်းပွဲနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ အချက်က ဝက်သားကို သုံးပြီး ငါးအနံ့ ၊ ငါးအရသာကို ဖန်တီးထားတာပဲ။ ပါဝင်ပစ္စည်းကိုပဲ ကြည့်,ကြည့် ၊ ချက်ပြုတ်နည်းကိုပဲ ကြည့်,ကြည့် .. အဲ့ဒါက စားသောက်ဆိုင်က ဝက်သား တောက်တောက်ကြော်နဲ့ ဘာမှ မဆိုင်ဘူး။ တင်ဆက်သူက လူတွေကို မကောင်းကြံနေတယ်လို့ ဟိုစားသောက်ဆိုင်က ပြောတယ်။ ငါကတော့ တင်ဆက်သူက အရမ်း နာမည်ကြီးလို့ မင်းရဲ့ စားသောက်ဆိုင်ကို နာမည်ကြီးအောင် တင်ဆက်သူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ထင်တယ်။ အရှက်ရှိစမ်းပါ ၊ ဝေးဝေးကို ထွက်သွားလိုက်။ ]
စားသောက်ဆိုင်ကို ထောက်ခံသူနွေက စုယန်ယန်ကို ထောက်ခံသူတွေရဲ့ ကွန်းမန့်တွေကြောင့် ရှူးရှူးရှားရှား ဖြစ်သွားကြသည်။
[ မင်းရဲ့ ဟင်းထဲမှာ ငါး မထည့်ဘူးလို့ ပြောရင် တကယ်လည်း မထည့်သင့်ဘူးနော်။ ဝက်သားကနေ ဘယ်လိုလုပ် ငါးအနံ့အရသာ ထွက်မှာလဲ။ သူမရဲ့ ဦးနှောက်ကို မကောင်းဆိုးဝါး စားတာ ခံလိုက်ရတာ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင်တော့ ဦးနှောက်ဆေးခံလိုက်ရတာပဲ။ သူမက ပရော်ဖက်ရှင်နယ်ဆန်ဆန် ဘယ်လို ပြုမူရမလဲ ဆိုတာကိုတောင် မသိတော့ဘူး။ ပြီးတော့ သူမက သူမ ချက်ချင်တာ မှန်သမျှကို ချက်ပြပေမဲ့ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို ချက်ပြဖို့ကိုတော့ ငြင်းဆန်နေခဲ့တယ်။ ယွီရှန်း ဝက်သား တောက်တောက်ကြော်က ဟေးရီ စားသောက်ဆိုင်ရဲ့ အမှတ်အသား ဆိုတာ ဘယ်သူ သိမှာလဲ။ အဲ့လို ဆိုရင်တောင် သူမကတော့ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် လုပ်ဖို့ စားသောက်ဆိုက်ကို အသုံးချခဲ့တာ မဟုတ်ဘူးလို့ ထင်နေတုန်းပဲ။ သူမရဲ့ ပရိသတ်တွေကလည်း တကယ့်ကို မျက်စိကန်းနေကြတာပဲ။ ]
[ ကိုယ် သေချာ မသိတဲ့ ကိစ္စတွေကို ရမ်းသမ်း ကောက်ချက်မချဖို့ မင်းရဲ့ ဆရာက မင်းကို သင်မထားဘူးလား ကလေးလေး။ မဟုတ်ရင် မင်း မျက်နှာကို အလွယ်တကူ အရိုက်ခံရလိမ့်မယ်။ မင်း အဲ့အကြောင်း မကြားဖူးတာနဲ့ပဲ မရှိတာမှ မဟုတ်တာ။ တင်ဆက်သူ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နေတုန်းမှာ ပုံရိပ်ယောင် အရသာခံစက်ကို သုံးပြီး အဲ့ဟင်းလျာကို မြည်းကြည့်ခဲ့တဲ့ လူတွေ သန်းချီ ရှိတယ်။ လူတိုင်းကို မင်းလိုမျိုး စာကြောင်း တစ်ကြောင်းလောက်နဲ့ နားလည်မှုလွဲပြီး ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေတယ်များ မှတ်နေလား။ ]
[ စားသောက်ဆိုင်ရဲ့ အမှတ်အသား ဟင်းလျာပါ ဆိုတဲ့ အချက်ကိုပဲ ထပ်ပြောနေရင် ငါလည်း နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်။ ယွီရှန်း ဝက်သား တောက်တောက်ကြော် ဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ဟင်းလျာ တစ်ခုပဲ။ အဲ့စားသောက်ဆိုင်မှာပဲ ယွီရှန်း ဝက်သား တောက်တောက်ကြော် ရတယ် ဆိုတဲ့ သက်သေ မင်းမှာ ရှိလား။ မင်းရဲ့ မိသားစုက အဲ့ဟင်းကို ချက်ရင် တခြား လူတွေကရော လိုက်ချက်လို့ မရဘူးလား။ ပိုင်ဆိုင်မှုကို လုယူဖို့ ယုတ်မာခဲ့တဲ့ ကုန်သည်တွေနဲ့ ဒီကိစ္စနဲ့ ဘာမှ မကွာဘူး။ ဒီဟင်းလျာက မင်းရဲ့ မူရင်း ဖန်တီးမှုလား။ တင်ဆက်သူက မင်းကို ကူးချထားပါတယ်လို့တောင် ပြောလိုက်သေးတယ်။ ငါကတော့ မင်းကပဲ ရှေးခေတ်က ‘ ယွီရှန်း ဝက်သား တောက်တောက်ကြော် ’ ဆိုတဲ့ နာမည်ကို ကူးချထားတာလို့ ထင်တယ်။ ]
[ အသေးစိတ်ကအစ အထအန လိုက်ကောက်ပြီး အကဲဆတ်မနေနဲ့။ မင်း လိမ်နေမှန်း လူတွေ သိပြီး အလိမ်ပေါ်သွားမှာကို ကြောက်လို့ အရင်ဆုံး လက်ဦးမှုရယူပြီး အားနွဲ့တဲ့ မိန်းကလေး တစ်ယောက်ကို လာတိုက်ခိုက်နေတာ မဟုတ်လား။ ဒီစားသောက်ဆိုင်က တကယ့်ကို ဆိုးရွားလိုက်တာ။ ]
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ကြည့်ရှုသူ ပရိသတ်တွေမှာ ပွဲရှာတဲ့ အလိမ်အညာတွေ ၊ ရန်ပွဲတွေနှင့် ပတ်သက်ပြီး အတွေ့အကြုံ အနည်းငယ် ရှိသည်။ တိုက်စစ်ဆင် ချေပသည့် စွမ်းရည်ပဲဖြစ်စေ ၊ စည်းလုံးညီညွတ်သည့် စွမ်းရည်ပဲဖြစ်စေ သူတို့ဟာ အများကြီး တိုးတက်လာခဲ့ပါပြီ။ သူများ အလွယ်တကူ အနိုင်ကျင့်တာကို ခံရသော သနားစရာ လူတွေ မဟုတ်တော့ပါ။ သူတို့အတွက် စုယန်ယန်က နာမည်ကြီး အနုပညာရှင် တစ်ယောက် မဟုတ်သော်လည်း သူမရဲ့ ဟင်းလျာတွေကို သူတို့ နှစ်သက်သည်။
အရင်တုန်းက အင်တာနက်ပေါ်မှာ တင်ဆက်သူ အတိုက်ခိုက်ခံခဲ့ရတုနက ရက် အနည်းငယ်ကြာသည်ထိ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မလုပ်တော့ပါ။ ပါးစပ်က ထုတ်မပြောသော်လည်း သူမ ဝမ်းနည်းနေမှာ အသေအချာပင်။
အထူးသဖြင့် ထိုအချိန်တုန်းက ပရိသတ် အများစုဟာ သူမကို ဆန့်ကျင်နေခဲ့ကြတာ ဖြစ်သည်။ ပရိသတ်တွေက အေးစက်စွာ ကြည့်နေပြီး သူမအတွကိ ဘယ်သူကမှ ရှေ့ထွက် ပြောမပေးသဖြင့် သူမ အနည်းငယ် ဝမ်းနည်းသွားခဲ့ရသည်။ ထို့ကြောင့် တင်ဆက်သူဟာ အတိုက်ခိုက်ခံရပြီး ဘယ်လို အထောက်အပံ့ကိုမှ မရလျှင် ဝမ်းနည်းလိမ့်မည် ဆိုတာကို သူတို့တွေ နားလည်သွားခဲ့ကြသည်။
တင်ဆက်သူ ဝမ်းနည်းနေလျှင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေလည်း နည်းသွားမည် ဖြစ်ကာ သူတို့ တန်ဖိုးထားသော အစားအသောက်တွေလည်း ရှိတော့မည် မဟုတ်။
သူတို့ တန်ဖိုးထားတဲ့ အစားအသောက်တွေကို ထိတဲ့ လူ မှန်သမျှ သူတို့ရဲ့ ရန်သူတွေချည်းသာ။ ထိုလူတွေ အကုန်လုံး သူတို့ကို ရင်ဆိုင်ဖြတ်ကျော်ရမည်။
လျို့စွင်းနန်သည် အတုအယောင် သုံးသပ်ချက်ပေးသူတွေကို ငှားရမ်းထားတာတောင်မှ စုယန်ယန်နှင့် လက်ကျန် ကြည့်ရှုသူတွေကို နိုင်မှာ မဟုတ်ဘူးလို့ မထင်ထားခဲ့။ သူ့မျက်နှာက ရှုံ့မဲ့သွားကာ ပြဿနာကို ပိုမို အုတ်အော်သောင်းတောင်း ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ စဉ်းစားနေခဲ့သည်။
သို့သော်လည်း သူ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုဟာ အတိုက်ခိုက်ခံလိုက်ရပြီ ဖြစ်သည်။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ခရီးဝေး ထွက်နေကြသော်လည်း ယုကျစ်ယန်က စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှ အခြေအနေကို အာရုံစိုက်နေခဲ့သည်။ သူက အမြော်အမြင်ရှိသူမို့ ထိုအခြေအနေတွေကို တားဆီးရန် တတ်နိုင်သမျှ လုပ်ခဲ့လေသည်။
စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ယွီရှန်း ဝက်သား တောက်တောက်ကြော် ချက်နည်းကို ပြောပြခဲ့ချိန်မှာတော့ ယုကျစ်ယန်သည် မူမမှန်တဲ့ တစ်စုံတစ်ခုကို သတိထားမိသွားကာ ပြည်သူ့ဆက်ဆံရေး ဌာနအား ပြင်ဆင်စရာရှိတာတွေကို ကြိုတင် ပြင်ဆင်ထားခိုင်းလိုက်လေသည်။
******