အခန်း ၆၂၃
Vol. 42 Ch. 623
အခန်း ( ၆၂၃ ) အသက်အရွယ်ရလာပြီ ဖြစ်သော ပွဲတိုင်းကျော်များ။
သူ မျှော်လင့်ထားသလိုပင် တစ်နာရီ မပြည့်သေးခင်မှာပဲ ဟေးရီ စားသောက်ဆိုင်က သူတို့ရဲ့ သခင်မလေးကို ပြဿနာလာရှာခဲ့သည်။
ယုကျစ်ယန်က ထိုလူတွေကြောင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။ သခင်မလေး အိမ်မှာ ရှိနေစဉ်တုန်းက သူတို့ထဲမှ လူ အနည်းငယ်ဟာ သခင်မလေးရဲ့ စိတ်ကောင်း စေတနာအပေါ် အချောင်လိုချင်သည့် စိတ်ဓာတ်ဖြင့် သခင်မလေးဆီ အမြဲတမ်း လာလေ့ ရှိသည်။
အခုတော့ သခင်လေးနှင့် သခင်မလေးက အဝေးမှာ ရောက်နေပြီမို့ သူတို့ရဲ့ တစ်ခုတည်းသော ဖျော်ဖြေမှုလေးလည်း မရှိတော့ပါပြီ။ ဒါတောင် အဲ့ဒီ လူတွေက သူတို့ကို လာရန်စနေတုန်းပါပဲ။ သူတို့တွေ ကိုယ့်သေတွင်းကိုယ်တူးနေကြတာလား။
“ အစ်ကိုတို့ အစ်ကိုတို့ ၊ မြန်မြန် ထွက်လာခဲ့ကြတော့။ ထုံးစံအတိုင်းပဲ အများဆုံး ပါဝင်တဲ့ လူကို ဒီတစ်ပတ် အကဲဖြတ်မှုထဲမှာ ထည့်စဉ်းစားပေးမှာ။ အကောင်းဆုံး လုပ်နိုင်တဲ့ လူက သခင်မလေးရဲ့ အရမ်း ကောင်းတဲ့ ဆေးဖက်ဝင် ဟင်းလျာ တစ်ယောက်စာကို ရလိမ့်မယ်။ အစ်ကိုတို့ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်အတွက် ချီတက်ကြမယ်”
ယုကျစ်ယန်ရဲ့ နှလုံးသားထဲမှာ တုံ့ဆိုင်းမှုတွေ ၊ ရည်မှန်းချက်တွေ ပြည့်နှက်သွားသော်လည်း သူ ကြွေးကြော်ပြီးရုံပဲ ရှိသေး ၊ တစ်စုံတစ်ယောက် ရပ်တန့်တာ ခံရလိမ့်မည်ဟု ထင်မထားခဲ့။
“ နေဦး ဘော့စ် ၊ ကျွန်တော် ထင်တာတော့ တစ်ယောက်ယောက် အရင် တိုက်ခိုက်ခဲ့တာ ထင်တယ်”
“ တစ်ယောက်ယောက်က အရင် တိုက်ခိုက်တယ် .. ဟုတ်လား” ယုကျစ်ယန် အံ့ဩသွားသည်။ “ ကျိုးယန်ပိုင်နဲ့ ကူရှောက်ယန် ဆိုတဲ့ နှစ်ယောက်က နာမည်ကောင်းရဖို့ ရန်ဖြစ်နေကြပြန်ပြီလား”
“ သူတို့လို့ ကျွန်တော် မထင်ဘူးရယ်။ သခင်မလေးရဲ့ တိုက်ရိုက် ထုတ်လွှင့်ကြည့်ရှုမှုထဲက ကြည့်ရှုသူတွေ ဖြစ်မယ် ထင်တယ်”
“ ကြည့်ရှုသူတွေ … ” ယုကျစ်ယန် ဆွံ့အသွားပြီး ဖန်သားပြင်ကို အမြန် သွားကြည့်လိုက်သည်။ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ထားတဲ့ ကြည့်ရှုသူ တစ်ယောက်က ယွီရှန်း ဝက်သား တောက်တော်ကြော်နှင့် ဇနီးမယား ကိတ်မုန့် ( ပဲလမုန့် ) ကို အလွန် စိတ်ဝင်စားနေတာ ဖြစ်သည်။
ဖြစ်ချင်တော့ သူကလည်း ရှေးဟောင်းသုတေသနလုပ်ငန်းဟု သိကြသော ရှေးဟောင်းဟုတေသန အထူး လေ့လာရေးဌာနမှာ ရောက်နေတာ ဖြစ်သည်။
စူးစမ်းချင်စိတ် ပြင်းပြစွာဖြင့် ထိုအခြေအနေများအား သူ့ဆရာကို ပြလိုက်ပါသည်။
ထို Post တွေကို ဖတ်ကြည့်ပြီးနောက် ဆရာလည်း အံ့ဩသွားသည်။ ထို့နောက် သူ့လက်ထဲမှ ရှေးခေတ်စာအုပ်တွေကို လှန်လှောရှာဖွေလိုက်သောအခါ စုယန်ယန် ပြောထားသလိုပင် ယွီရှန်း ဝက်သား တောက်တောက်ကြော်ထဲမှာ ငါးကို မသုံးကြောင်း တွေ့သွားခဲ့သည်။ စာအုပ်ထဲမှာ ပါတဲ့ စာကြောင်း တစ်ဝက်ကိုတော့ ခြစားသွားပြီ ဖြစ်၍ ပြတ်ပြတ်သားသား မမြင်ရတော့ပါ။ ထို့ကြောင့် ဆရာကြီးသည် သူ့ကျောင်းသား ပြောနေတဲ့ တင်ဆက်သူကို စိတ်ဝင်စားသွားကာ သူ့ကျောင်းသားအား စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ညွှန်းပေးဖို့ တောင်းဆိုလိုက်၏။
နောက်တစ်ခေါက် စုယန်ယန် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သောအခါတွင် ထိုဂန္တဝင် ဇနီးမယား ကိတ်မုန့် ( ပဲလမုန့် ) က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သူ ကြည့်ချင်သည်။
ယုကျစ်ယန်ကလည်း သူ့ဆရာရဲ့ ခွင့်ပြုချက်ကို ရလိုက်သောကြောင့် အလွန် ပျော်ရွှင်သွားကာ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ချန်နယ်ကို ချက်ချင်း ညွှန်းပေးခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဆေးဖက်ဝင် စွပ်ပြုတ်နှင့် ဟင်းလျာတွေအကြောင်း တစ်ယောက်တည်း လေ့လာပြီးနောက် အဆုံးသတ်မှာတော့ “ ဒီနေ့က စပြီး တူညီတဲ့ တင်ဆက်သူ တစ်ယောက်ကိုပဲ ငါ ဆရာဆက်တင်မယ်” ဟူ၍ စိတ်လှုပ်ရှားနေခြင်းတို့ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွား၏။
အင်တာနက်ပေါ်မှာ သူ့ကို သူ့ဆရာ ပို့ထားသော စာအုပ်ကို ကော်ပီယူကာ Post တင်ဖို့ လုပ်နေစဉ်မှာပဲ လူ တစ်ယောက် တင်ထားတဲ့ Post ကို သူ မြင်လိုက်ရသည်။
ထိုလူရဲ့ Post က စားသောက်ဆိုင် တစ်ဆိုင်ကို ဦးတည်ထားတာ ဖြစ်ကာ ချက်ချင်းပဲ နာမည်ကြီးလာခဲ့သည်။
“ ဒီနေ့ခေတ်မှာ ကိုယ်က စီနီယာပဲ ဆိုတဲ့ အချက်ကို အသုံးချပြီး လူသစ် ဂျူနီယာလေးတွေကို ဖျက်ဆီးပစ်ရတာကို ကြိုက်တဲ့ လူတွေ ရှိပါတယ်။ သူတို့က ရှေးခေတ် ဟင်းလျာတွေကို ပြန်လည် ဖန်တီးမယ်လို့ အကြောင်းပြပြီး အတုအယောင် ဟင်းလျာတွေကို ဖန်တီးကြတယ်။ သူတို့ စွပ်စွဲခံရတဲ့ အချိန်မှာတောင် သူတို့ကို တခြား လူတွေကို အသက်ငယ်တယ် ၊ အတွေ့အကြုံ မရှိဘူး ဆိုပြီး လှောင်ပြောင်နေတုန်ပဲ။ သူတို့မှာ သူတို့ကိုယ်သူတို့ မင်းနဲ့ ယှဉ်ဖို့ အရည်အချင်း မပြည့်မီဘူး။ သူတို့က သူတို့ကို ပုံတူ ကူးချတယ်လို့ တခြား လူတွေကို စွပ်စွဲပြီး နယ်ပယ် တစ်ခုလုံးကို လက်ဝါးကြီးအုပ်ချင်နေတာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်တာပဲ”
“ သူများကို ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာ မသိတဲ့ လူရယ်လို့ ရှိလို့လား။ ကမ္ဘာပေါ်မှာ အသက်ကြီးတဲ့ လူတွေက ပွဲတိုင်းကျော် ဖြစ်လာတာ မဟုတ်ဘဲ ပွဲတိုင်းကျော်တွေက အသက်ကြီးသွားကြတာ” ထုံးစံအတိုင်းပင် ထို Post ဟာ စားသောက်ဆိုင် နာမည်ကို တပ်ပြီး ဘယ်စားသောက်ဆိုင်ရယ်လို့ ပြောမထားပါ။ ထိုအစား လူ တချို့က စီနီယာ ဆိုတဲ့ နေရာကို အခွင့်ကောင်းယူကာ ဂျူနီယာ လူသစ်လေးတွေကို သူတို့ကိုယ်ကျိုးအတွက် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ချင်နေကြသည် ဟူ၍သာ ပြောထားသည်။
အရေးအကြီးဆုံးကတော့ သူက တစ်ဝက်တစ်ပျက် ပေစာလိပ်ကို ပြကာ သူ့ဆရာက ယွီရှန်း ဝက်သား တောက်တောက်ကြော်ထဲမှာ ငါး ထည့်သုံးလား ၊ မသုံးဘူးလား ဆိုတာကို ရှေးခေတ်စာပေတွေထဲမှာ ရှာကြည့်ပြီး အမှန်တရားကို တွေ့သွားပါပြီဟု ပြောထားသည်။ ထို့အပြင် သူက ပေစာလိပ်ရဲ့ ပထမ တစ်ဝက်ကိုသာ ရှာတွေ့ထားကာ ဒုတိယ တစ်ဝက်ကတော့ ခြစားသွား၍ မရှိတော့ပြီ ဖြစ်ကြောင်း ပြောထားသည်။
အဲ့လို ဆိုရင်တောင်မှ စုယန်ယန် မှန်ကန်ကြောင်း သက်သေပြရန် လုံလောက်တဲ့ အထောက်အထား ရှိနေပါသေးသည်။
ထိုကြည့်ရှုသူရဲ့ Post က အရမ်းကြီး နာမည်ကြီးမသွားတာ နှမြောစရာကောင်းသည်။ ထို Post ကို တင်ပြီးနောက် ဦးနှောက်မရှိသော ပရိသတ် တစ်ယောက်က သူ့ကို အပြစ်တင် ရှုံ့ချဲ့သည်။ သူ့အား စုယန်ယန်ရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးရန်အတွက် မကောင်းသော ရည်ရွယ်ချက်ဖြင့် ရှေးခေတ်စာပေတွေကို ဆွဲထည့်သည်ဟု စွပ်စွဲကာ ‘ ရှေးခေတ်စာပေတွေကို လေ့လာတာနဲ့ မင်းနဲ့ မတန်ဘူး ’ ဟု ပြောခဲ့လေသည်။
******