← Chapters

အခန်း ၆၂၄

Vol. 42 Ch. 624

အခန်း ၆၂၄

Vol. 42 Ch. 624

အခန်း (၆၂၄) အခက်တွေ့ခြင်း။

ပရိသတ် တစ်ယောက်က ဆန့်ကျင် မုန်းတီးသူ ဆယ်ယောက် ၊ အထူးသဖြင့် အမှန်တရားက ဘာလဲ ဆိုတာကို ဂရုမစိုက်တဲ့ ကီးဘုတ်ဖိုက်တာတွေနှင့် ဦးနှောက်မဲ့ ပရိသတ်တွေကို အလဲထိုးနိုင်တယ် ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ အမှန်တရားကို ထုတ်ဖော်နေသော သူ့ကို ဘယ်သူကမှ မယုံဘဲ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကိုတောင် ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ထိုအဖြစ်အပျက်က ကြည့်ရှုသူတွေကို ဒေါသထွက်စေသလို သူ့ဆရာကိုလည်း ဒေါသထွက်သွားစေပါသည်။

ဒါပေမဲ့ ထိုဆရာက သူ့တပည့်တွေကို အလွန် ကာကွယ်ပေးတတ်သော ဆရာ တစ်ယောက်မို့ ချက်ချင်းပဲ သူ့အဆက်အသွယ်တွေကို အသုံးပြုကာ သူ့တပည့်တွေကို လူတွေ ထောက်ခံအောင် လုပ်ခဲ့သည်။

နာရီဝက်အကြာတွင် ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်းသည် ထိုကျောင်းသားရဲ့ Post ကို Repost ပြန်လုပ်ခဲ့သည်။ သို့သော် သူတို့ ကျေးဇူးတင်နေတာကတော့ စုယန်ယန်ကို ဖြစ်၏။

ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်း : ရှေးခေတ် အစားအစာ ယဉ်ကျေးမှုကို သေချာလေး ပြန်လည် ပုံဖော်ပေးလို့ ကျေးဇူးတင်ပါတယ် @ယန်ယန့်မီးဖိုချောင်လေး ရေ။ ရှေးခေတ်ယဉ်ကျေးမှု သာတေသနအဖွဲ့အစည်းကို ကူညီပေးဖို့အတွက် ဒီနေ့က စပြီး အတူတူ ကြိုးစားလို့ လက်တွဲလုပ်ကိုင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ထိုသုတေသနအဖွဲ့အစည်းက စုယန်ယန်ကို ထောက်ခံခဲ့ဖူးသော အဖွဲ့အစည်းနှင့် မတူပါ။ ဒီအဖွဲ့အစည်းက ရှေး‌ခေတ်ယဉ်ကျေးမှု မှတ်တမ်းတွေ ၊ ရုပ်ဝတ္ထုပစ္စည်း မဟုတ်သော အမွေအနှစ်တွေကို အထူးပြု လေ့လာပြီး ရှေးခေတ်ယဉ်ကျေးမှုအကြောင်း သိချင်သည့် ထောက်ခံသူတွေလည်း အများကြီး ရှိသော သုတေသနအဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ထို တရားဝင် ကျေးဇူးတင်လွှာ Post တက်လာသောအခါ လူတိုင်း ဆွံ့အသွားကြသည်။

အထူးသဖြင့် ဟေးရီ စားသောက်ဆိုင်က နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်ဟု ကျိန်ပြောနေခဲ့ကြသူတွေအတွက်ဆို ပိုမှန်ပါလိမ့်မည်။ အစားကောင်းအသောက်ကောင်းတွေကို ရွေးချယ် ချက်ပြုတ်တတ်သည့် နာမည်ကြီး ဘလော့ဂါ တစ်ယောက်ရဲ့ ထောက်ခံသူတွေနှင့် သူတို့နှင့် မယှဉ်နိုင်စရာ အကြောင်း လုံးဝ မရှိပါ။

ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်းက ထိုဘလော့ဂါကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေသည်။ အဲ့ဒါက တင်ဆက်သူ ချက်တဲ့ ယွီရှန်း ဝက်သား တောက်တောက်ကြော်ကမှ ရှေးခေတ်တုန်းက ယွီရှန်း ဝက်သား တောက်တောက်ကြော် အစစ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ ဟိုစားသောက်ဆိုင်က သူတို့ ချက်ချင်တာတွေ လျှောက်ချက်ပြီးမှ ယွီရှန်း ဝက်သား တောက်တောက်ကြော်လို့ နာမည်တပ်နေတာလား။

ယုကျစ်ယန်က ဒရာမာဆန်သော အလှည့်အပြောင်းကို ကြည့်ကာ စိတ်သက်သာရာရသွားသော သက်ပြင်းလေး တစ်ချက် မှုတ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ နည်းနည်းလေး ဝမ်းနည်းသွားမိသည်။ “ ကျွတ် ၊ ဒါက တကယ့်ကို လူသိရှင်ကြား မျက်နှာဖြတ်ရိုက်လိုက်တာပဲ။ ငါတို့သခင်မလေးက အံ့ဩစရာကောင်းလိုက်တာ။ သူမမှာ ပရိသတ်တောင့်ရုံတင် မဟုတ်ဘူး ၊ အရည်အချင်းရှိတဲ့ လူတွေလည်း အများကြီး ရှိသေးတယ်။ ငါတို့လို လူတွေကတော့ သခင်မလေးအတွက် ဘာမှ အသုံးမဝင်ဘူး”

“ အမ် ၊ ကျွန်တော်တို့လို လူတွေ … ” သူ့ကို စောင့်ဖို့ အော်ပြောခဲ့သော ဝန်ထမ်းလေးက ယုကျစ်ယန်ကို ဖြူရော်သော မျက်နှာ ၊ နားမလည်နိုင်သော အမူအရာဖြင့် လှမ်းကြည့်သည်။ “ တကယ်လို့ ဥက္ကဌဟောက်သာ ဘော့စ် ပြောတာကို ကြားသွားရင် ဘော့စ်ကို အခက်တွေ့အောင် လုပ်မယ်လို့ ထင်လား ဘော့စ်”

ယုကျစ်ယန်ရဲ့ မျက်နှာ အမူအရာက ချက်ချင်း အေးခဲကာ ရှက်ဒေါသ ထွက်သွားလေသည်။ “ ငါ့ကို အခက်တွေ့အောင် လုပ်မယ်တဲ့လား။ လခွမ်း ၊ မင်း ဥက္ကဌဟောက်ကို သွားမပြောရင် ၊ ငါလည်း ဘယ်သူ့ကိုမှ မပြောရင် ဘယ်သူ သိမှာလဲ။ ငါ တစ်ခုခု ဖြစ်ရင် သေချာပေါက် အဲ့ဒါက သတင်းဖြန့်တဲ့ သစ္စာဖောက် မင်းကြောင့်ပဲ”

ဝန်ထမ်းလေးက ခန္ဓာကိုယ်ကို ကျုံ့လိုက်ရင်း မကြားတကြား ပြောသည်။ “ ဥက္ကဌဟောက်က ဘော့စ်ရဲ့ အထက်လူကြီးပဲကို။ ကျွန်တော် သူ့ကို သတင်းသွားပေးလိုက်ရင်တောင် သစ္စာဖောက်လို့ သတ်မှတ်ခံရမှာ မဟုတ်ဘူး”

ယုကျစ်ယန် : “ … ” ငါ့မှာ တကယ့်ကို ဘာမှ ပြောစရာ မရှိတော့ဘူး။

ရိုက်ချက်က အလွန် ပြင်းလွန်း၍ လျို့စွင်းနန်သည် ဘာမှ မလုပ်နိုင်သေးခင်မှာပဲ နင်းချေခံလိုက်၏။

မျက်နှာကိုတောင် ထုတ်မပြရတဲ့ အဲ့ဒီ တင်ဆက်သူ ဆိုတဲ့ မိန်းမမှာ ဘာလို့ တရားဝင် အကောင့်ကို သူမအတွက် ရပ်တည်ပေးအောင် လုပ်နိုင်တဲ့အထိ အင်အား ရှိနေတာလဲ ဆိုတာကို လျို့စွင်းနန် အဖြေမရှာနိုင်သေးခင်မှာပဲ ဟေးရီစားသောက်ဆိုင်ရဲ့ တောင်ပိုင်းဆိုင်ခွဲရဲ့ သူ့မန်နေဂျာရာထူးကို ဖယ်ရှားခံလိုက်ရသည်။ လျို့စွင်းနန်သည် သူ့အီးမေးလ်ထဲကို ဝင်လာသော အလုပ်ထုတ်ကြောင်း သတိပေးစာကို ကြည့်ကာ ဇောချွေးတွေ ပြန်လာမိသည်။ ပထမဆုံးအကြိမ် သူ နောင်တရသွားမိသည်။

အလုပ်ထုတ်ခံရလို့ ကယောင်ခြောက်ခြား ဖြစ်နေတဲ့ စိတ်ခံစားချက်က အရှိန်မပြယ်သေးခင်မှာ လူအုပ် တစ်အုပ်က စားသောက်ဆိုင်ထဲ ပြေးဝင်လာကာ သူ့ကို ဒေါသတကြီး ဝိုင်းရံထားလိုက်ကြသည်။

“ မင်းတို့ ဒါ ဘာလုပ်တာလဲ” လျို့စွင်းနန်ဟာ မကောင်းသော ခံစားချက် တစ်မျိုးကို ခံစားလိုက်ရကာ အလိုလို ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်မိသည်။ သို့သော်လည်း လူအုပ်ကြီးက သူ့ကို လျင်မြန်စွာ ဝိုင်းချုပ်ထားလိုက်ကြ၏။ သူ့လက်မောင်ကို နောက်ကို လိမ်ပြီး စားပွဲပေါ် တွန်းလှဲ၍ မလှုပ်နိုင်အောင် ဖိထားကြသည်။

ရှေ့ဆုံးက အရပ်ရှည်ရှည်နှင့် လူက သူ့ရှေ့ကို လျှောက်‌လာကာ သရော်တော်တော် ပြောသည်။ “မင်းကိုယ်မင်းရော ဘာလုပ်နေတယ် ထင်လဲ။ ဘော့စ်ရဲ့ စားသောက်ဆိုင်ထဲမှာ အကွက်ရွေ့ပြီး သူမကို အသရေဖျက်ဖို့ ကြိုးစားနေတာလား။ ငါတို့ ဘာလုပ်နိုင်လောက်မယ်လို့ မင်း ထင်လဲ”

******

All Chapters