အခန်း ၆၃၁
Vol. 43 Ch. 631
631 01
အခန်း ( ၆၃၁ ) မင်း လိုချင်တဲ့ ဘယ်အရာကိုမဆို ကိုယ် ရအောင် ယူပေးမယ်။
စုယန်ယန်က တစ်ချက်လောက် ကြည့်ရုံဖြင့် သူ ဘာတွေးနေလဲ ဆိုတာ သိသော်လည်း ဘာမှ ထုတ်မပြောဘဲ ရယ်ချင်စိတ်ကို ထိန်းထားရသည်။
စုယန်ယန် ပြောခဲ့သလိုပင် မီးအိမ်ပွဲတော်မှာ လူငယ်တွေ အများကြီး ရှိသည်။ အတူတူ လာသော ယောက်ျားလေး ၊ မိန်းကလေး အနည်းငယ် ရှိသလို အတူတူ လာတဲ့ စုံတွဲတွေလည်း ရှိသည်။ ယောက်ျား ၊ မိန်းမ ၊ လူကြီး ၊ လူငယ် စုံလင်နေသော်လည်း ရည်းစားမရှိတဲ့ လူလွတ်တွေကတော့ ပိုများသည်။
ထို့ကြောင့် ဆိုင် တော်တော်များများမှာ စုံတွဲတွေ ပြိုင်ပွဲပြိုင်လို့ ရသည့် နေရာလေးတွေ ရှိ၏။ ထိုအချက်က တစ်ယောက်ကို တစ်ယောက် တစ်ဖက်သတ် စိတ်ဝင်စားနေသည့် လူငယ်တွေအား စိတ်အားတက်စေသော်လည်း နောက်ဆုံးမိနစ် ရောက်တော့မှ ကိုယ် သဘောကျနေသူကို ဂိမ်း အတူတူ ဆော့ရန် အကြောင်းပြချက် မပေးနိုင်ကြပေ။ ထိုဂိမ်းအစီအစဉ်တွေက လူငယ်တွေရဲ့ ရေစက်တွေကို ချိတ်ဆက်ပေးနေတာ ဖြစ်သည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက မီးအိမ်လေးတွေကို ကိုယ်စီ ကိုင်လျက် လျှောက်လာခဲ့ချိန်မှာ မလှမ်းမကမ်းက ဆူဆူညံညံ အသံတွေကို ကြားလိုက်ရသည်။
အနီးကပ် သွားကြည့်လိုက်တော့ ဂိမ်းဆော့လို့ ရသည့် ဆိုင်လေး တစ်ခု ဖြစ်နေသည်။ ဂိမ်းကတော့ ထူးထူးခြားခြား ဂိမ်း မဟုတ်ဘဲ ဘောလုံးပစ်သည့် ဂိမ်းကလေး တစ်ခုသာ။
ကစားသူကို ကျည်ဆန် ဆယ်ခု ပေးထားပြီး ထိုကျည်ဆန် ဆယ်ခုနှင့် ဘောလုံးတွေကို များများ ပစ်နိုင်လေ ၊ ရမယ့် ဆုက ပိုတန်ဖိုးကြီးလေပါပဲ။
ဆု အများစုက တစ်ခုနှင့် တစ်ခု ပုံစံ အတော် ကွဲပြားသည့် မီးအိမ်လေးတွေ ဖြစ်သည်။ အမြင့်ဆုံး ဆုက လှပသော ကြာပန်းပုံသဏ္ဍာန် မီးအိမ်လေး ဖြစ်၏။ ထိုကြာပန်းပုံသဏ္ဍာန် မီးအိမ်လေးက တော်တော်လေးလည်း ကြီးကာ ပွင့်ဖတ်တွေပေါ်မှာ ငွေချည်မျှင်နှင့် အခက်အကွက်တွေ ပုံဖော်ထားသည်။ လူ တစ်ယောက်က ထိုမီးအိမ်ကို မြစ်ထဲမှာ မီးထွန်းပြီး မျှောလိုက်လျှင် လှိုင်းကြက်ခွပ်လေးတွေ ထနေသည့် ရေပြင်နှင့် ရောင်ပြန်ဟပ်၍ အလွန် လှနေမှာ အသေအချာပါပဲ။
စုယန်ယန်က ထိုကြာပန်းမီးအိမ်လေးကို မြင်တော့ သူမရဲ့ မျက်လုံးတွေက ထိုမီးအိမ်လေးဆီကနေ ခွာလို့ မရတော့ဘဲ စွဲကပ်ငြိတွယ်သွားသည်။ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေကလည်း တောက်ပသွားကာ သူမကို ထိုဆိုင်လေးသို့ ဆွဲခေါ်လာခဲ့လိုက်သည်။
“ ရှင် … ” စုယန်ယန်က စက္ကန့်ပိုင်းလောက် အံ့ဩကြောင်အနေပြီးမှ ဟောက်ချန်ဟွမ်းရဲ့ နောက်ကို လိုက်လာရင်း ခလုတ်တိုက်မိသွားသည်။
ဆိုင်ရှင်က သူတို့ နှစ်ယောက်ကို မြင်တော့ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားပြီး လာမေးသည်။ “ မင်းတို့ နှစ်ယောက် စမ်းကြည့်ချင်လို့လား”
ဟောက်ချန်ဟွမ်းက ဆိုင်ရှင်ကို တစ်ချက် ကြည့်ပြီး ကွေ့ဝိုက်မနေဘဲ လိုရင်းကိုသာ ပြောလိုက်သည်။ “ ပထမဆုက အဲ့ဒီ ကြာပန်းမီးအိမ်မို့လား”
“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မင်း ဆယ်ချက်လုံး ထိအောင် ပစ်နိုင်ဖို့တော့ လိုတယ်”
“ အိုကေ” ဟောက်ချန်ဟွမ်း ခေါင်းညိတ်လိုက်၏။ ဆုကို အတည်ပြုပြီးနောက် ချက်ချင်းပဲ ကျည်ဆန် ဆယ်တောင့်ကို ဝယ်ယူလိုက်သည်။
စုယန်ယန်က နောက်ဆုံးတော့ သတိပြန်ဝင်လာကာ ဟောက်ချန်ဟွမ်းရဲ့ ရှပ်အင်္ကျီကို ဆွဲပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ ရှင် ဘာလုပ်မလို့လဲ။ ဒီဂိမ်းက အရမ်း ခက်တာနော်”
ဟောက်ချန်ဟွမ်းက သူမကို ကြည့်ပြီး ပြုံးလိုက်သည်။ “ မင်း အဲ့ဒီ ကြာပန်းမီးအိမ်ကို ကြိုက်တယ် မဟုတ်လား”
“ ရှင် ကျွန်မ ကြိုက်တဲ့ ဘယ်ပစ္စည်းကိုမဆို ယူပေးမလို့လား”
“ မင်း လိုချင်တယ် ဆိုရင် ကိုယ်က ရအောင် ယူပေးရမှာပေါ့”
တစ်စုံတစ်ယောက်ရဲ့ ချိုမြိန်သော ကျည်ဆန်တွေရဲ့အောက်မှာ စုယန်ယန် ကျရှုံးသွားပြီ ဆိုတာ သေချာပါသည်။ သူမ ငြိမ်ကျသွားမိသည်။
စုယန်ယန် သတိပြန်ဝင်လာချိန်မှာတော့ ဟောက်ချန်ဟွမ်းက ဘောလုံးတွေကို စတင် ပစ်ခတ်နေပြီ ဖြစ်သည်။
ဘောလုံးပစ်သည့် ဂိမ်းက လွယ်သလို ထင်ရသော်လည်း သစ်သား ကုန်လှောင်ရုံတွေကို အရင်တုန်းက တစ်ခါမှ မထိဖူးသူတွေအတွက်တော့ ပစ်မှတ်ကို ရှာရတာ ခက်ပါလိမ့်မည်။ ထို့ပြင် ချိတ်ဆွဲထားသည့် ဘောလုံးတွေကို ကစားသူများအား မသိမသာ အခက်တွေ့အောင် လုပ်ရန်အတွက် အရွယ်အစား သေးသေးလေးတွေ ဖြစ်အောင် တမင် လေထိုးထားသည်။
အရှေ့မှာ ဂိမ်းဆော့သွားတဲ့ လူ တချို့ ရှိပေမဲ့ ထိအောင် ပစ်နိုင်တဲ့ လူက အတော် ရှားကာ ဘယ်သူမှ ကျည်ဆန် ဆယ်ချက်လုံး မှန်အောင် မပစ်နိုင်ပေ။
ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်က ရုပ်ချောသောကြောင့် ထိုဆိုင်ရှေ့မှာ သူတို့ ရပ်လိုက်သည့် အခိုက်အတန့်မှာပဲ အာရုံစိုက်မှု များစွာကို ဆွဲဆောင်ထားခဲ့သည်။
631 02
သို့သော်လည်း အစပိုင်းမှာတော့ လူတွေက သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကိုသာ စိတ်ဝင်စားနေတာ ဖြစ်ကာ ဒီတစ်ယောက်ကလည ကောင်မလေးကို စိတ်ကျေနပ်အောင် လုပ်ပေးချင်တဲ့ ခပ်အအ လူချမ်းသာ နောက်တစ်ယောက် ဟူ၍သာ ထင်ထားခဲ့ကြတာပင်။
ဒါပေမဲ့ ခဏအကြာမှာပဲ သူတို့တွေရဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည်။ ဟောက်ချန်ဟွမ်းက ကိုယ်ဟန်မတ်မတ် ရပ်လိုက်၏။ သူ့လက်ထဲမှာ ကိုင်ထားတာ သစ်သားအရုပ်လေး ဖြစ်သော်လည်း သူ့ဆီကနေ အထင်ကြီးစရာ အရှိန်အဝါတွေ ဖြာထွက်နေသည်။
ပုံမှန်အားဖြင့် အခုလို အခြေအနေမျိုးမှာ ဒီပုံစံက တမင်သက်သက် ခပ်မိုက်မိုက် ပုံစံဖမ်းနေတာ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင် ကိုယ့်မှာ အရည်အချင်းမရှိတာကို ဖုံးကွယ်ချင်လို့ ဟန်ကိုယ်ဖို့ လုပ်နေတာ ဟုတ်ရင် ဟုတ် ၊ ဒါမှမဟုတ် အရင်ကတည်းက တကယ် ဆော့ဖူးလို့ပဲ ဖြစ်သည်။
ဟောက်ချန်ဟွမ်းကတော့ နောက်ဆုံး အမျိုးအစား ဆိုတာ သိသာ၏။ သူ့လှုပ်ရှားမှုတွေက အလွန် မြန်ဆန်ကာ ချိန်ရွယ်စရာတောင် မလိုပေ။
အကုန်လုံး ကြောင်ငေးနေစဉ်မှာပင် သူက ကျည်ဆန် ခြောက်တောင့် ၊ ခုနှစ်တောင့်လောက် ပစ်ခဲ့ပြီးပြီ ဖြစ်ကာ တစ်ချက်မှလည်း မလွဲပေ။
အဲ့ဒီကျတော့မှ သူ့ကို ဝိုင်းထားသော လူစုကြီးသည် ကြောင်အနေရာမှ သတိပြန်ဝင်လာကြသည်။ ဆိုင်ပိုင်ရှင်ပင်လျှင် ထိတ်လန့်နေခဲ့သည်။ သို့သော်လည်း အရင်တုန်းက ဒီလိုမျိုး မဖြစ်ဖူးတာတော့ မဟုတ်ပါ။ အစပိုင်း တော်ပြီး နောက်ပိုင်း ချော်သွားတတ်တာ ပုံမှန်ပဲ။
ဆိုင်ရှင်သည် သူ့မျက်နှာ အမူအရာကို ပြန်ထိန်းချုပ်လိုက်ကာ လူအုပ်ကြီးနှင့်အတူ ဟောက်ချန်ဟွမ်း ဆက်လက် ပစ်လွှတ်မည့် လက်ကျန် ကျည်ဆန်များကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့လေသည်။