အခန်း ၆၃၂
Vol. 43 Ch. 632
632 01
အခန်း ( ၆၃၂ ) ရှင် အရမ်း မိုက်တယ်။
“ ခုနှစ် ၊ ရှစ် ၊ ကိုး ၊ တစ်ဆယ် … ” လူတိုင်းက စိတ်ထဲကနေ တိတ်တဆိတ် ရေတွက်နေခဲ့ကြသည်။ နောက်ဆုံး ကျည်ဆန်ကို ပစ်ခတ်လိုက်သောအခါ ဘောလုံးလည်း ဖောင်းခနဲ ပေါက်သွား၏။
လူတိုင်းဆီက တအံ့တဩ စကားသံတွေ ထွက်လာခဲ့သည်။ “ ဝိုး ၊ သူ နိုင်သွားပြီပဲ”
ဆိုင်ရှင်ရဲ့ ငိုသံထဲမှာ ဝမ်းနည်းမှုရော ၊ အံ့ဩမှုတွေပါ ပြည့်နှက်နေသည်။ ဒီ မီးအိမ် လှလှလေးက နောက်ဆုံးမှာ တစ်စုံတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွား၍ သူ ဝမ်းနည်းမိသော်လည်း တစ်ချိန်တည်းမှာပဲ ထိုမီးအိမ်ကို ပိုင်ဆိုင်သွားသူအား ကိုယ်တိုင် မြင်ရ၍ အတော်လေး ပျော်ရွှင်မိသည်။
ဆိုင်ရှင်သည် ဒီအရပ်ရှည်ရှည် လူပုံချောချော လူငယ်လေးအား ဒီဆိုင်ရဲ့ အမြင့်ဆုံးကို အနိုင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူက စက္ကန့် အနည်းငယ်လောက် ဆွံ့အငြိမ်သက်နေပြီးမှ ကြာပန်းမီးအိမ်ကြီးကို ဖြုတ်ကာ ဟောက်ချန်ဟွမ်းကို ပေးလိုက်သည်။
ဟောက်ချန်ဟွမ်းက ထိုကြာပန်းမီးအိမ်ကို စုယန်ယန်ဆီ ချက်ချင်း ပေးလိုက်လျှင် သူ့ကို ပတ်လည်ဝိုင်းနေသော မိန်းကလေးတွေထံမှ အားကျသော အသံတွေ ထွက်ပေါ်လာသည်။
မိန်းကလေး တချို့ ဆိုလျှင် သူတို့ဒေါသကို ဖြေဖျောက်ရန်အတွက် သူတို့ရဲ့ ကောင်လေးတွေကိုပင် လိမ်ဆွဲခဲ့ကြသည်။
စုယန်ယန်ကတော့ အံ့ဩနေဆဲပင်။ သူမရှေ့မှ ကြာပန်းမီးအိမ်လေးကို တစ်လှည့် ၊ တောက်ပနေသော မျက်လုံးပိုင်ရှင် ဟောက်ချန်ဟွမ်းကို တစ်လှည့် ကြည့်နေမိသည်။ သူ့ပုံစံက အချီးကျူးခံရဖို့ စောင့်ဆိုင်းနေပုံပေါ်၏။
သူမရဲ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားပြီး မီးအိမ်လေးကို ယူလိုက်သည်။ “ လှလိုက်တာ။ ကျေးဇူးတင်ပါတယ်”
“ မင်း သဘောကျတယ် ဆိုရင် ကိုယ် ကျေနပ်ပြီ” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို လူရှုပ်သော ဒီနေရာကနေ ခေါ်ထုတ်သွားချင်နေသည်။
စုယန်ယန်က သူ့လက်ကို ဆုပ်ကိုင်ကာ ပြုံးပြလိုက်သည်။ “ ခဏနေရင် ကျွန်မတို့ မီးအိမ်သွားထွန်းကြမယ်။ ရှင်ရော တစ်ခု ရွေးချင်လားဟင်”
ဟောက်ချန်ဟွမ်းက အံ့ဩသွားပြီး ဆိုင်လေးကို ပြန်လှည့်ကြည့်လိုက်သည်။
ဆိုင်ပိုင်ရှင် ခေါင်းနားပန်းကြီးသွား၏။ သူ့ဆိုင်မှာ ရှိတဲ့ ဆုတွေ အကုန်လုံးကို ဟောက်ချန်ဟွမ်း ပျော်ပျော်ရွှင်ရွှင်ကြီး ယူသွားမှာကို သူ ကြောက်ပါသည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးက မီးအိမ်တွေနားမှာ ဟိုဒီ လှုပ်ရှားသွားကာ နောက်ဆုံးတော့ စုယန်ယန်ရဲ့ မီးအိမ်နှင့် ဆင်တူသော်လည်း ပိုသေးသော မီးအိမ်ပေါ်မှာ အကြည့်ရပ်တန့်သွားသည်။
ထိုမီးအိမ်ကို ယူနိုင်ရန် ဟောက်ချန်ဟွမ်းက ကျည်ဆန် ငါးချက်ပဲ ထိအောင် ပစ်ဖို့ လိုပါသည်။ ဘာမှ တုံ့ဆိုင်းမနေဘဲ ဘောလုံး ငါးလုံးကို သူ အမြန် ပစ်ခတ်လိုက်ကာ ကျန်တဲ့ ကျည်ဆန်တွေအား ဆိုင်ရှင်ကို ပြန်ပေးလိုက်သည်။
ဤစုံတွဲလေး အောင်မြင်စွာ ထွက်ခွာသွားပြီးနောက် ဆိုင်ရှင်သည် သူ့နဖူးပေါ်က ချွေးတွေကို သုတ်ပစ်လိုက်သည်။ သူတို့ နှစ်ယောက် အကြာကြီး မနေလို့ သူ ဝမ်းသာပေမဲ့ တစ်ချိန်တည်းမှာပဲ သူတြို ယူသွားတဲ့ ဆုတွေကြောင့် နှလုံးသားလေး ကိုက်ခဲနာကျင်သွားမိသည်။
စုယန်ယန်က တစ်ခုတည်းသော ကြာပန်းမီးအိမ်ကို ယူသွားတာ ဖြစ်သည်။ ထိုမီးအိမ်က လူတိုင်း လိုချင်တဲ့ ပထမဆု ဖြစ်သောကြောင့် ဆိုင်ရှင်သည် သူ့ကာစတန်မာတွေထဲမှ တစ်စိတ်တစ်ပိုင်းကို အခု ဆုံးရှုံးသွားပြီဟု ပြောလို့ ရသည်။
သို့သော်လည်း ဟောက်ချန်ဟွမ်းရဲ့ ၁၀၀ % ပစ်မလွဲသော လက်ရည်ကြောင့် ကြည့်ရှုသူတွေအား ဒီဂိမ်းကို သူတို့လည်း လုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းသော ဂိမ်း တစ်ခုဟု အထင်မှားသွားစေကာ အပြန်အလှန်အနေဖြင့် ဆိုင်ပိုင်ရှင်အတွက် ကာစတန်မာ တချို့ကို ဆွဲဆောင်ပေးခဲ့ပါသည်။
ခံစားချက်တွေ ဟန်ချက်ညီသွားချိန်မှာတော့ ဆိုင်ရှင်ရဲ့ ဆုံးရှုံးမှုတွေလည်း သိပ်မများတော့ပါ။
စုယန်ယန်က သူမအတွက် သူမခင်ပွန်း အရယူပေးထားသော မီးအိမ်ကို ပျော်ရွှင်စွာ ကိုင်ထားခဲ့သည်။ သူမ ခပ်တိုးတိုး ရယ်ရင်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ “ ရှင် ဒီဂိမ်းကို ဘယ်လို ဆော့ရမလဲ ဆိုတာ ဘယ်လိုလုပ် သိတာလဲ။ ရှင် ပစ်သွားတာ တစ်ချက်လေးတောင် မလွဲဘူး”
“ ကိုယ့်ဦးလေးဆီကနေ အချိန် တစ်ခုထိ သင်ခဲ့လို့ပါ”
ဒီတစ်ခေါက်လည်း ထပ်ပြီး ဦးလေးပဲလား … ။ စုယန်ယန်သည် ခဏလောက် နှုတ်ဆိတ်သွားမိသော်လည်း ချက်ချင်းပဲ တည်ငြိမ်တဲ့ ပုံစံကို ပြန်ဖန်တီးယူလိုက်ပါသည်။ “ ဟုတ်သားပဲ။ ရှင် အကြာကြီး လေ့ကျင့်ဖူးတာ ဖြစ်ရမယ်”
632 02
“ အရမ်း အကြာကြီးတော့လည်း မဟုတ်ပါဘူး။ နှစ်နှစ် ၊ သုံးနှစ်လောက်ပေါ့”
နှစ်နှစ် ၊ သုံးနှစ်လောက် … ။ ထိုနှစ်နှစ် ၊ သုံးနှစ် ဆိုတဲ့ အချိန်က သူ အက်ဆီးဒင့်ဖြစ်ပြီးတဲ့နောက်ပိုင်း အချိန်တွေ မဟုတ်တာတော့ အသေအချာ။ ဆယ့်နှစ် ၊ ဆယ့်သုံးအရွယ် ကောင်လေး တစ်ယောက်က နှစ်နှစ် ၊ သုံးနှစ် လေ့ကျင့်ပြီးတော့ ဒီလောက်တောင် လက်ဖြောင့်သွားနိုင်တယ်လား။ ပိုအရေးကြီးတာကတော့ နှစ်တွေ အများကြီး ကြာသွားတာတောင် သူ တစ်စက်ကလေးမှ လက်ရည်မကျသွားတာပဲ ဖြစ်လေသည်။
စုယန်ယန်က သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ တိုးလျစွာ ရယ်မောလိုက်သည်။ “ မိုက်လိုက်တာ”
ဟောက်ချန်ဟွမ်းက ခြေလှမ်းရပ်လိုက်က နားရွက်ဖျားတွေ ဖြန်းခနဲ ရဲတက်သွား၏။ ‘ ချိန်းတွေ့နည်းလမ်းညွှန်စာအုပ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ကိုယ့်ကောင်မလေးရှေ့မှာ မျက်တောင် တစ်ချက်တောင် မခတ်ဘဲ ကိုယ့်ရဲ့ အင်အားတွေကို တစ်ခါတရံ ထုတ်ပြတာက သူမကို မင်းကို ပိုချစ်လာစေလိမ့်မယ် ’ တဲ့။ ကြည့်ရတာ အဲ့ဒီ အဆိုက တကယ် မှန်တဲ့ ပုံပဲ။
******