← Chapters

အခန်း ၆၃၃

Vol. 43 Ch. 633

အခန်း ၆၃၃

Vol. 43 Ch. 633

633 01

အခန်း ( ၆၃၃ ) အတူတကွ ကြာပန်းမီးအိမ် မျှောခြင်း။

မီးအိမ်ပွဲတော်မှာ လူတွေ အများကြီး ရှိနေကာ စုယန်ယန်က အကြီးဆုံး မီးအိမ်ကြီးကို ပွေ့ဖက်ထား၏။ လူတွေ အကြည့်ခံရတာကို ကြောက်ရုံသာမက လူရှုပ်တာကိုလည်း သူမ ကြောက်သည်။

ခဏလောက် တုံ့ဆိုင်းနေပြီးမှ မီးအိမ် နှစ်လုံးကို အရင်တုံး လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ တစ်နာရီအတွင်း မီးရှူးမီးပန်းတွေ စဖောက်မယ် ထင်တယ်။ မီးရှူးမီးပန်းတွေကို သွားမကြည့်သေးခင် ကျုံးကို အရင် သွားပြီး မီးအိမ်တွေ မျှောကြမလားဟင်”

ဟောက်ချန်ဟွမ်းက မီးအိမ်ပွဲတော်ရဲ့ ပုံစံကို မသိသောကြောင့် စုယန်ယန်ရဲ့ ဦးဆောင်မှုအတိုင်း နောက်က လိုက်ခဲ့လိုက်သည်။

ကျုံးဆီကို သူတို့ နှစ်ယောက် ပျော်ရွှင်စွာ လျှောက်သွားချိန်တွင် အဲ့ဒီမှာ ရောက်နှင့်နေတဲ့ လူတွေလည်း များနေပါပြီ။ မြစ်ရေပေါ်ကို ဖြာကျနေသည့် ကြယ်ရောင်များနှင့်အတူ ပန်းမီးအိမ်များသည် ရေပေါ်မှာ တစ်လုံးပြီး တစ်လုံး ရှေ့ဆင့်နောက်ဆင့် ယှဉ်တွဲ ယိမ်းနွဲ့နေကြသည်။

အဝေးကနေ ကြည့်လျှင် ငွေခါးပတ်ကလေး တစ်ခုနှင့်ပင် တူပါသေးသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက မီးခြစ် တစ်ခုမှ ယူမလာမိသဖြင့် သူတို့နံဘေးရှိ လူထံမှ မီးခြစ်ကို ငှားရသည်။ “ ဒါ … ကိုယ် ဘယ်လို လုပ်ရမှာလဲ”

ကြာပန်းမီးအိမ်ကို လေးနက်သော အမူအရာဖြင့် ကိုင်ထားသော ဟောက်ချန်ဟွမ်းကို ကြည့်ကာ စုယန်ယန် တစ်ယောက် မအောင့်နိုင်ဘဲ ရယ်ချမိတော့မလို ဖြစ်သွားသည်။

“ အထဲမှာ ရှိတဲ့ ဖယောင်းတိုင်ကို အရင်ဆုံး မီးထွန်းလိုက် ၊ ပြီးရင် ဆုတောင်း။ မြစ်ထဲကို ချပြီး အဝေးကို မျှောလိုက်ရုံပဲ”

“ ဒါဆို ကိုယ် တောင်းတဲ့ ဆုက ဆုတောင်းပြည့်မှာလား”

“ ‌ဒါပေါ့” စုယန်ယန်က သူ့ကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ “ ရှင် စမ်းကြည့်ချင်လား”

“ အင်း”

သူတို့ နှစ်ယောက်လုံး လက်ထဲက မီးအိမ်တွေကို မီးထွန်းကာ မျက်လုံးမှိတ်၍ ကိုယ်စီ ဆုတောင်းလိုက်ကြသည်။ စုယန်ယန်မှာ ဆုတောင်း တစ်ခုတည်းသာ ရှိပြီး ထိုဆုတောင်းကလည်း မကြာခင် ကုန်လွန်သွားတော့မှာ ဖြစ်သည်။ သူမ တိတ်တိတ်လေး မျက်လုံးဖွင့်ပြီး သူမဘေးက ဟောက်ချန်ဟွမ်းကို ကြည့်လိုက်၏။

ဟောက်ချန်ဟွမ်းကလည်း မျက်လုံးဖွင့်တော့မလို မျက်ခွံလေးတွေ လှုပ်ခတ်လာတာကို မြင်ချိန်မှာ သူမ အမြန် မျက်လုံးပြန်ပိတ်ပြီး သူ့ထက် နည်းနည်းလေး နောက်ကျမှ မျက်လုံးဖွင့်သလို ဟန်ဆောင်လိုက်သည်။ ထို့နောက် သူမ ဟောက်ချန်ဟွမ်းကို မြစ်ဆီ ‌ခေါ်လာခဲ့လိုက်၏။

“ နေဦး”

ဟောက်ချန်ဟွမ်းက အနည်းငယ် မြင့်နေသော မြစ်ကမ်းပါးနှင့် ကျုံးကို တစ်ချက် ကြည့်လိုက်သည်။ စုယန်ယန်လက်ထဲမှ မီးအိမ်ကို ယူပြီး သူ ခပ်တိုးတိုး ပြောလိုက်၏။ “ ကိုယ် သွားလိုက်မယ်။ မင်း ဒီမှာပဲ စောင့်နေနော်”

စုယန်ယန်က ခဏတာ အံ့ဩသွားသော်လည်း သူ့စကားကို မငြင်းဆန်ခဲ့ပါ။ ဤမြင်ကွင်းကို အမှတ်တရ တစ်ခုအဖြစ် ဓာတ်ပုံရိုက်ယူထားချင်၍ သူမရဲ့ ဖုန်းကို ထုတ်လိုက်သည်။

သို့သော်လည်း သူမရဲ့ ဖုန်းကို ထုတ်ကာ ဟောက်ချန်ဟွမ်း ရပ်နေသော နေရာဘက်ကို ချိန်ရွယ်လိုက်စဉ်မှာပဲ မက်ဆေ့ခ်ျ တစ်စောင် ဝင်လာခဲ့သည်။

စုယန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုမက်ဆေ့ခ်ျကို နှိပ်ကြည့်လိုက်တော့ သူမရဲ့ ကိုယ်ပိုင်အကောင့်မှာ မက်ဆေ့ခ်ျတွေ ၉၉၉+ တောင် ဝင်နေကြောင်း တွေ့လိုက်ရလေသည်။

စုယန်ယန်သည် နှလုံးခုန်နှုန်းစည်းချက် တစ်ချက် လွတ်သွားသည်။ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ကိစ္စ တစ်ခုခု ဖြစ်သွားပြီ ဆိုတာကို သိလိုက်ခြင်းပင်။ နှိပ်ကြည့်လိုက်တော့ လတ်တလော ပေးထားတဲ့ ကွန်းမန့် အများစုက သူမကို နှစ်သိမ့်ပေးထားတာတွေရယ် ၊ သူများတွေ ယောင်သလို လိုက်ယောင်ကာ သူမကို မတော်တဆ ကြိမ်းမောင်းခဲ့မိသည့်အတွက် တောင်းပန်ထားသော ကွန်းမန့်တွေ ဖြစ်လေသည်။ သူတို့တွေ တကယ့်ကို အဲ့လို မလုပ်ခဲ့သင့်ပါ။ သူမ သူတို့ကို ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်သည်။

၁ နာရီနှင့် ၂ နာရီကြား အင်တာနက်ပေါ်က ကွန်းမန့် အများစုက သူမကို ကြိမ်းမောင်းထားတာပါ။ သူတို့က သူမကို အရှက်မရှိဘူး ၊ ကျေးဇူးမသိတတ်ဘူး ၊ သူတစ်ပါးရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူတယ် စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ကြိမ်းမောင်းခဲ့ကြသည်။ သူတို့က သူမအား သူတစ်ပါးရဲ့ အလုပ်ကို ပုံတူ ကူးချသည် ဟူ၍ပင် စွပ်စွဲနေခဲ့ကြသည်။ သူတစ်ပါးရဲ့ ပုံတူ ကူးချတယ်တဲ့လား … ။ စုယန်ယန် ကြောင်အသွားသည်။ သူမနာမည်ကို အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်တော့ ဘာတွေ ဖြစ်နေလဲ ဆိုတာကို နားလည်သလောက် ရှိသွားသည်။

စုယန်ယန်ရဲ့ မျက်လုံးထဲမှာ အံ့ဩမှု အရိပ်တွေ ဖြတ်သန်းသွား၏။ သူမ တစ်ရေးတမော အိပ်နေစဉ်အတွင်း အင်တာနက်ပေါ်မှာ အဲ့လောက် ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

633 02

ရှေးခေတ်ယဉ်ကျေးမှု သုတေသနအဖွဲ့အစည်း ပေါ်လာပြီးနောက်တွင် ဟေးရီ စားသောက်ဆိုင်က လျင်မြန်စွာ တုံ့ပြန်စာ ထုတ်ခဲ့သည်။ သူတို့က ယွီရှန်း ဝက်သား တောက်တောက်ကြော်ထဲမှာ ငါးကို သုံးထားတဲ့ ပြဿနာဖန်တီးသူ စားဖိုမှူးကို အလုပ်ထုတ်လိုက်ပြီ ဖြစ်ကာ စုယန်ယန်ကို တောင်းပန်သည့်အနေနှင့် ယွီရှန်း ဝက်သား တောက်တောက်ကြော်ကို သူတို့ရဲ့ မီနူးထဲမှ အပြီးပိုင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ပြောထားပါသည်။

စုယန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ ကိစ္စတွေက အဲ့လောက် မရိုးစင်းဘူးဟု သူမ ခံစားရသည်။

မျှော်လင့်ထားသလိုပင် သူမကို ပို့ထားတဲ့ မက်ဆေ့ခ်ျပေါင်းများစွာကြားမှာ ဟေးရီ စားသောက်ဆိုင်ရဲ့ မက်ဆေ့ခ်ျ တစ်စောင်ကို တွေ့လိုက်ရသည်။

ထိုမက်ဆေ့ခ်ျကတော့ ရိုးသားပါသည်။ ပထမဆုံးအနေဖြင့် သူတို့က သူမအား စားသောက်ဆိုင်ခွဲ မန်နေဂျာနှင့် ပတ်သက်၍ တောင်းပန်စကား ပြောကာ လျော်ကြေးပေးရန် ကမ်းလှမ်းထားသည်။

ထို့နောက် သူမဘက်က ဘာစာမှ မပြန်တာကို မြင်တော့ နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင်ကို ထပ်ပို့ထားသည်။ ပြောထားတာကတော့ ‘ သူမနှင့် အတူ အလုပ် တွဲလုပ်ချင်ပါတယ် ၊ ပြီး‌တော့ အဲ့ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း အကျိုးအမြတ် ဖြစ်ထွန်းစေမှာပါ။ ’ တဲ့။

All Chapters