← Chapters

အခန်း ၆၃၅

Vol. 43 Ch. 635

အခန်း ၆၃၅

Vol. 43 Ch. 635

635 01

အခန်း ( ၆၃၅ ) ကျေးဇူးပြုပြီး ငါတို့ ချိန်းတွေ့နေတာကို မနှောင့်ယှက်ပါနဲ့။

ဟောက်ချန်ဟွမ်းကလည်း ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်တွေကြောင့် ဆွံ့အသွားသည်။ စုယန်ယန်လက်ထဲမှ မီးအိမ်ကို သူ လှမ်းကြည့်ကာ သူတို့ ဒီပွဲတော်ကို ထွက်မလာခင်တုန်းက စုယန်ယန် ပြောခဲ့တဲ့ စကားကို ပြန်သတိရသွားသည်။ သူ့မျက်လုံးတွေ အေးစက်သွားကာ ခပ်ပြတ်ပြတ် ပြောလိုက်၏။ “မင်း ငါ့လမ်းကို ပိတ်နေတယ်”

ရှက်ရွံ့နေသော ကောင်မလေးရဲ့ အပြုံးက အေးခဲသွားကာ သူမရှေ့မှ လူကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

သို့သော်လည်း တစ်ဖက်လူက သူမကို တစ်ချက်ကလေးတောင် မကြည့်ဘူး ဆိုတာကို နားလည်သွားတော့ ချက်ချင်း ဘေးထွက်ပြီး လမ်းဖယ်ပေးလိုက်သည်။

ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်က ချွန်မြသော ဆူးချွန်တွေကဲ့သို့ ကောင်မလေးဆီ ကျရောက်လာခဲ့သည်။ ကောင်မလေးရဲ့ မျက်နှာဟာ ဖြူရော်သွားသည်။ အဆုံးသတ်မှာတော့ သူမ ဆက်လက် တောင့်မခံနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့် အုပ်လျက် ထွက်ပြေးသွားပါတော့သည်။

စုယန်ယန်ရဲ့ မျက်နှာလေးက နူးညံ့သွားသည်။ သူမ ရှေ့တိုးဖို့ ခြေလှမ်းပြင်နေစဉ်မှာပဲ လူရှုပ်လူပွေ သုံး ၊ လေးယောက်က သူမကို ဝိုင်းတာ ခံလိုက်ရသည်။

“ တစ်ယောက်တည်းလား မိန်းကလေး။ ဒီလောက်တောင် ပျော်စရာကောင်းတဲ့ ပွဲတော်မှာ တစ်ယောက်တည်း ဖြစ်နေရတာ ပျင်းစရာကောင်းတယ်နော်။ မင်း ကိုယ်တို့အဖွဲ့နဲ့ အတူတူ လျှောက်သွားမလား”

စုယန်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားကာ ထိုအမျိုးသားရဲ့ လက်ကို ရှောင်ရှား၍ သရော်ပြုံး ပြုံးလိုက်သည်။ “ အားနာပါတယ် ၊ ကျွန်မက လက်ထပ်ပြီးပါပြီ”

စုယန်ယန်က သူမရဲ့ လက်ကို မြှောက်ကာ စိန်လက်စွပ်ကို ပြလိုက်တော့ မီးအလင်းရောင်အောက်မှာ စိန်လက်စွပ်က ပြိုးပြက် လင်းလက်သွားသည်။ မျှော်လင့်ထားသလိုပင် သူတို့ အားလုံး ကြောင်အသွားကြပါသည်။ သို့သော်လည်း ထိပ်ဆုံးက လူကတော့ သံသယဝင်နေဆဲပင်။ သူက မျက်မှောင်ကြုတ်ပြီး ပြန်ပြောသည်။ “ မင်း မလိုက်ချင်ဘူး ဆိုရင်လည်း ရပါတယ် မိန်းကလေး။ အဲ့လို အကြောင်းပြချက်ကြီး သုံးစရာတော့ မလိုပါဘူး”

“ ကောင်းပြီ ၊ ဒါဆိုလည်း ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျွန်မ ရှင်တို့နဲ့ မလိုက်ချင်ဘူး။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မခင်ပွန်းနဲ့ ကျွန်မ ချိန်းတွေ့နေတာကို လာမနှောင့်ယှက်ကြပါနဲ့။ ကျေးဇူးပါ”

“ ??? ”

ထိုတစ်ဖွဲ့လုံးရဲ့ မျက်နှာ အမူအရာတွေ ပြောင်းလဲသွားသည်။ “ မင်းရဲ့ ခင်ပွန်း .. ဟုတ်လား”

သူ ထိုစကားကို ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ သူတို့နောက်ကနေ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။ “ မင်းတို့ ငါ့မိန်းမကို ဘာလာရှုပ်နေကြတာလဲ”

သူတို့ လှည့်ကြည့်တော့ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်။

ဟောက်ချန်ဟွမ်းက သူ့လက်ထဲမှာ သကြားရုပ်ကလေး နှစ်ရုပ်ကို ကိုင်ထား၏။ ကျိုးကြောင်းဆီလျော်စွာ ပြောရမည် ဆိုလျှင် သူ့ပုံစံက တည်ကြည်လေးနက်သော လူရည်မွန် တစ်ယောက်နှင့် တူဖို့ ကောင်းသည်။

သို့သော်လည်း အခုတော့ သူ့ထံမှ ဖြာထွက်နေသော အရှိန်အဝါက အလွန် ကြောက်စရာကောင်း၏။ ထိုအရှိန်အဝါက လူတွေအား သူ ကိုင်ထားတာ သကြားရုပ် မဟုတ်ဘဲ သူတို့အားလုံးကို တစ်စစီ ဖြစ်သွားအောင် အချိန်မရွေး ပိုင်းဖြတ်ပစ်လိုက်လို့ ရသော တောခုတ်ဓား တစ်လက်လို့ ထင်သွားစေသည်။

ရှေ့ဆုံးက လူက ခက်ခက်ခဲခဲ တံထွေးမျိုချလိုက်၏။ သူ့မှာ အခြေအနေ အချိန်အခါကို ကြည့်တတ်တဲ့ အမြင်လေးတော့ ရှိသေးတာမို့ ရှက်ရွံ့စွာ ပြောလိုက်ပါသည်။ “ မင်းတို့ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ငါတို့ ချက်ချင်း ထွက်သွားပေးပါ့မယ်”

ထိုစကားကို ပြောပြီးနောက် သူသည် တခြား လူတွေရဲ့ တုံ့ပြန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ချိုးတည်း လစ်ပြေးခဲ့တော့သည်။

သူ့နောက်လိုက် လူ သုံးယောက်ကလည်း ခဏလောက်‌ ကြောင်အနေပြီးမှ သူ့နောက်ကို ဒရောသောပါး ပြေးလိုက်သွားကြသည်။

သူတို့တွေ ထွက်သွားပြီ ဆိုသော်လည်း ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကတော့ မည်းမှောင်နေဆဲ။

635 02

စုယန်ယန်က သူ့ကို ပြုံးပြပြီး မေးလိုက်သည်။ “ ကျွန်မရဲ့ သကြားရုပ်လေး ဘယ်မှာလဲ”

ဟောက်ချန်ဟွမ်းက သူမကို ကောင်မလေးပုံသဏ္ဍာန် သကြားရုပ်လေးကို ပေးလိုက်သော်လည်း စုယန်ယန်ကတော့ သူမရဲ့ လက်ကို ဝှေ့ယမ်းပြကာ ကောင်လေးပုံသဏ္ဍာန် သကြားရုပ်လေးကိုသာ ယူလိုက်သည်။ “ အဲ့ဆရာကြီးရဲ့ လက်ရာက မဆိုးဘူးပဲ။ သူ ဆွဲပေးတဲ့ ဒီသကြားရုပ်တွေက ကျွန်မတို့ နှစ်ယောက်နဲ့ တူတယ်”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားကို ထောက်ခံသော်လည်း ဆက်လက် နှုတ်ဆိတ်နေမြဲ။

စုယန်ယန်သည် တစ်ချိန်တည်းမှာ စိတ်လည်း ဆိုး ၊ ရယ်လည်း ရယ်ချင်သွားသည်။ သူမ သူ့ကို စိတ်ပျက်လက်ပျက် ချော့မော့လိုက်၏။ “ ကဲပါ ၊ စိတ်မဆိုးပါနဲ့။ အဲ့ဒီ‌ ကောင်မလေး ချစ်ခွင့်ပန်တာကို ကျွန်မ စိတ်မဆိုးပါဘူး”

“ ဘယ်ကောင်မလေးက ကိုယ့်ကို ချစ်ခွင့်ပန်လို့လဲ”

စုယန်ယန် အံ့ဩသွားကာ ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “ အခုလေးတင် ရှင့်ကို ကောင်မလေး တစ်ယောက်က သူ့မီးအိမ်ကို ပေးသွားတာ မဟုတ်ဘူးလား။ အဲ့ဒါ ချစ်ခွင့်ပန်တာပဲလေ”

ဟောက်ချန်ဟွမ်းက စိတ်ပျက်သလို မျက်မှောင်ကြုတ်လိုက်သည်။ “ ကိုယ် သူ့ကို အဖတ်မလုပ်ခဲ့ပါဘူး”

“ ကျွန်မလည်း သူတို့ကို အခု အဖတ်မလုပ်ခဲ့ပါဘူး။ ကျွန်မတို့ရဲ့ လက်ထက်လက်စွပ်တွေကိုတောင် ပြပြီး ကြွားလိုက်သေးတယ်” စုယန်ယန်က လက်ကို လှုပ်ယမ်းကာ သူမရဲ့ စိန်လက်စွပ်ကို ပြလိုက်သည်။

ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် နှုတ်ခမ်းစူကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ ရှင်လည်း ခုနတုန်းက ကောင်မလေးကို ကျွန်မတို့ရဲ့ လက်ထပ်လက်စွပ်ကို ပြပြီး နောက်ပြန်လှည့်သွားအောင် လုပ်ခဲ့သင့်တာ”

သူမရဲ့ ခင်ပွန်းက သကြားရုပ်တွေ ရောင်းသည့် ဆိုင်ရှင်ကို စုံတွဲ သကြားရုပ် လုပ်ပေးခိုင်းနေတာကို စုယန်ယန် မြင်သည်။ ထိုကောင်မလေးက ဟောက်ချန်ဟွမ်းမှာ ပိုင်ရှင်ရှိပြီးသားမှန်း မသိဘူး ဆိုတာကို သူမ မယုံပေ။

All Chapters