← Chapters

အခန်း ၆၃၉

Vol. 43 Ch. 639

အခန်း ၆၃၉

Vol. 43 Ch. 639

639 01

အခန်း ( ၆၃၉ ) သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖို့‌ ခေါ်သွားမယ်။

စုယန်ယန်က သူတို့ရဲ့ စနောက်မှုကြောင့် ရှက်‌ရွံ့သွားကာ တစ်ခုခု ပြန်ပြောချင်သော်လည်း စိတ်ထဲမှာ စကားလုံးတွေ ပျောက်နေသည်။

ဟောက်ချန်ဟွမ်းက ပြုံးပြီး စုယန်ယန်ရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ “ ယန်ယန်က အဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူးဗျာ။ သူမက သူမကို ကလေးလို ဆက်ဆံပြီး သူမရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မယုံကြည်လို့ အဘိုးတွေကို မကြိုက်တာပါ”

စုယန်ယန်က စက္ကန့်ပိုင်းလောက် အံ့ဩသွားပြီးမှ ဟောက်ချန်ဟွမ်းနှင့် ရေလိုက်ငါးလိုက် လိုက်ပြောလိုက်သည်။ “ ဟုတ်တယ် ၊ သမီးက ကလေး မဟုတ်ဝောာ့ဘူး။ သမီးကို ကလေးလို မဆက်ဆံပါနဲ့ အဘိုးကျန်းနဲ့ အဘိုးသမ့်”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါတို့ရဲ့ ယန်ယန်လေးက အမျိုးသမီး တစ်ယောက် ဖြစ်နေပြီ ၊ ကလေး မဟုတ်တော့ဘူး”

သူ့ပါးစပ်က အဲ့ဒီလို ပြောပေမဲ့ ကလေး တစ်ယောက်ကို ချောမော့နေသလို ဖြစ်နေဆဲပါ။

စုယန်ယန်က သူတို့ကို လျစ်လျူရှုပြီး ရေကန်နား လျှောက်သွားလိုက်သည်။ “ အဘိုးတို့ ဒီနေ့ ငါးဖမ်းမိကြလား”

ထိုစကားက တိတ်ဆိတ်မှုကို ချက်ချင်း ဖြိုခွဲလိုက်သည်။

အဘိုးဖန်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “ ဖမ်းမိတယ် ဖမ်းမိတယ်။ အဘိုးဖန်ဆီကို လာခဲ့ ယန်ယန်။ အဘိုး ဒီနေ့ ငါး အကြီးကြီး ဖမ်းမိထားတယ်”

အဘိုးသမ့်ကလည်း အားကျမခံ ဝင်ပြော၏။ “ မင်းငါးက ဘယ်လောက် ကြီးလို့လဲ။ ငါ့ငါးကမှ တကယ် ကြီးတာ။ ဒီပမာဏဆိုရင် အနည်းဆုံးတော့ ( ၅ ) ကီလိုဂရမ်လောက် အလေးချိန်ရှိမှာပဲ”

အဘိုးသမ့်ရဲ့ ငါးက နည်းနည်းလေး ပိုကြီးပြီး အဘိုးဖန်ရဲ့ ငါးက ပိုသေးသည်။ ပုံစံကို ကြည့်ရုံဖြင့် ( ၂ ) ကီလိုဂရမ်ကနေ ( ၄ ) ကီလိုဂရမ်လောက်ထိ အလေးချိန် ရှိမည်ဟု ထင်ရသည်။ တခြား လူတွေကတော့ …

“ အဘိုး .. ဒီနေ့ … ”

အဘိုးချိန်က ရှက်သွားပြီး ခေါင်းမော့လိုက်သည်။ “ ငါ .. ငါလည်း ငါး တစ်ကောင် ဖမ်းမိထားတယ်”

စုယန်ယန်ရဲ့ မျက်လုံးတွေ‌ တောက်ပသွားသည်။ “ တကယ်လား အဘိုး။ ဘယ်မှာလဲဟင်”

“ ဒီ .. ဒီမှာ” သခင်ကြီးချိန်က သူ့ခြင်းတောင်းထဲကို ယုံကြည်ချက်ကင်းမဲ့စွာ ညွှန်ပြလိုက်သည်။

စုယန်ယန် အနီးကပ် သွားကြည့်တော့မှ မှောင်မည်းနေသော အပြာရောင် ခြင်းတောင်းရဲ့ အောက်ခြေမှာ ကပ်နေသည့် လက်ညိုးလောက် အရွယ် ငါး သေးသေးလေး တစ်ကောင်ကို မြင်လိုက်ရလေသည်။

“ ??? ”

“ ဟား ဟား ဟား ဟား … ” စုယန်ယန် ဘာမှ မပြောနိုင်သေးခင်မှာပင် အဘိုးလီက ထရယ်တော့သည်။

“ လက်ညိုးလောက်ပဲ ရှိတဲ့ ငါးကိုပဲ ဖမ်းမိတာတောင် ငါးဖမ်းထားတယ်လို့ ပြောရဲတယ်နော်။ မင်း အဲ့ငါးကို လွှတ်ပေးလိုက်သင့်တယ်လို့ ငါ ထင်တာ်။ ကြီးလာမှ ပြန်ဖမ်းရင် ဖမ်းပေါ့”

သခင်ကြီးချိန်က အဘိုးလီရဲ့ စကားကြောင့် ရှက်ရွံ့သွားကာ အိုး တစ်လုံး၏ အောက်ခြေကဲ့သို့ မျက်နှာ မည်းမှောင်သွားခဲ့သည်။ သူ ချက်ချင်း တစ်ခွန်းမကျန် ပြန်ပြောလိုက်ပါသည်။ “ ဘာပဲဖြစ်ဖြစ် ငါး တစ်ကောင်မှ မဖမ်းမိတာထက်တော့ သာသေးတယ်”

လာလေ ၊ တစ်ယောက်ကို တစ်ယောက် အလဲထိုးကြတာပေါ့။

မျှော်လင့်ထားသလိုပင် အဘိုးလီက ရင်ဘတ်ကို ဖိကာ ချက်ချင်း ပါးစပ်ပိတ်သွား၏။

အဘိုးလီ ဘာမှ မပြောတော့ကို မြင်တော့ သခင်ကြီးချိန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားကာ ခဏအကြာတွင်တော့ ပြန်ဖြောင့်တန်းသွား၏။ ခြင်းတောင်းထဲက ငါးလေးကို သူ ညိုးငယ်စွာ ကြည့်လိုက်သည်။

သခင်ကြီးချိန် စိတ်ညစ်နေတယ် ဆိုတာကို သိသော ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ရုတ်တရက် မေးလိုက်သည်။ “ မင်း နောက်ထပ် အိမ်မွေးတိရစ္ဆာန် တစ်ကောင် မွေးချင်တယ်လို့ ပြောထားတယ် မဟုတ်လား ယန်ယန်”

စုယန်ယန်က ကြောင်အနေရာမှ သတိဝင်လာကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ “ အိုး ၊ ဟုတ်သားပဲ။ ကျွန်မ နောက်ထပ် အိမ်မွေးတိရစ္ဆာန် တစ်ကောင် မွေးချင်နေတာ။ အယ် ၊ အဘိုး ဖမ်းမိထားတဲ့ ငါးလေးက လှလိုက်တာ။ ရွှေငါးကြင်း ငွေငါးကြင်းလေးလို နီရဲတောက်ပနေတာပဲ။ ကျွန်မ သူ့ကို ခေါ်သွားပြီး မွေးထားလိုက်ရမလားဟင်” ထိုငါးလေး ကြီးလာတဲ့အခါ သူမ ချက်စားလို့ ရပါသေးသည်။ ခဲ တစ်လုံးတည်းနှင့် ငှက် နှစ်ကောင်ကို ပစ်လိုက်တာပေါ့။

ဘေးမှာ ရပ်နေကြသော အဘိုးကြီးများ : “ … ” ဘာလဲဟ။

639 02

အဘိုးလီလည်း ဆွံ့အသွားသည်။ သူ သတိပြန်ဝင်လာချိန်မှာတော့ သူ့စိတ်ထဲမှာ သံပုရာသီး တစ်လုံးလို ချဉ်တူးနေပြီ ဖြစ်သည်။ သူ့သူငယ်ချင်းရဲ့ မြေးမလေးနှင့် မြေးသားမက်လေးကို တစ်လှည့် ၊ သူ့ရဲ့ မွေးရကျိုးမနပ်သော သားတွေ ၊ မြေးတွေကို တစ်လှည့် ကြည့်လိုက်မိသည်။ နေ့တိုင်း အပြစ်တင်ခံနေရသော လီသားအဖကတော့ ရုတ်တရက်ကြီး နှာချေမိလိုက်ကြသည်။ “ ဟပ်ချိုး” ငါတို့အကြောင်းကို ဘယ်သူ ပြောနေတာလဲဟ။

သခင်ကြီးချိန်သည် ဟောက်ချန်ဟွမ်းအား သူ့ကို အခက်အခဲထဲမှ ကယ်ထုတ်ပေးလိမ့်မည်ဟု ထင်မထားပေ။ သူ မျက်ခုံးပင့်လိုက်ပြီး ဟောက်ချန်ဟွမ်းကို ခွင့်ပြုသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

ဟောက်ချန်ဟွမ်းကလည်း ယဉ်ကျေးစွာ ပြန်ပြုံးပြလိုက်ပါသည်။

+++++

All Chapters