← Chapters

အခန်း ၆၄၃

Vol. 43 Ch. 643

အခန်း ၆၄၃

Vol. 43 Ch. 643

643 01

အခန်း ( ၆၄၃ ) ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ။

အဲ့ဒါက စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ မီးဖိုချောင်ထဲက ထွက်လာချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်း ဖြစ်သည်။ အဘိုးကြီးတွေထဲမှ တစ်ယောက် ၊ နှစ်ယောက်က အသက် တစ်ရာကျော်နေပြီ ဖြစ်ကာ စားပွဲ ပတ်ပတ်လည်မှာ ဝိုင်းထိုင်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်း မရှိသောကြောင့် သူတို့ထဲက ဘယ်သူမှ တူကို အရင် မကိုင်ရဲကြ။ သူတို့ရဲ့ စားချင်စိတ်ပြင်းပြနေတဲ့ အကြည့်တွေက တကယ့်ကို သနားစရာလေးတွေ ဖြစ်နေသည်။

စုယန်ယန်က ခပ်တိုးတိုး ရယ်လိုက်ကာ ဟောက်ချန်ဟွမ်းကို တစ်ချက် ကြည့်ပြီးမှ သခင်ကြီးချိန်ဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ “အကုန်လုံးလည်း လူစုံနေပြီ ဆိုတော့ စားကြမယ်နော် အဘိုး”

သခင်ကြီးချိန် အနည်းငယ် အံ့ဩသွားသည်။ သူ့မြေးမလေးက သူ့ကို ဒီနေ့လယ်စာဝိုင်းအတွက် ဦးဆောင်သူ လုပ်ခိုင်းပြီး ဝံ့ဝံ့ကြွားကြွား နေနိုင်အောင် လုပ်ပေးတယ် ဆိုတာကို သူ သိသည်။

“ကဲ ၊ ဒီမှာ လူလည်း စုံပြီ ဆိုတော့ ပူတုန်း စားကြရအောင်”

တခြား လူတွေက ဒီမြေးအဘိုး နှစ်ယောက်ရဲ့ အပြုအမူတွေကို နားမလည်ဘဲ နေမှာတဲ့လား။ သူတို့ရဲ့ နှလုံးသားတွေ ဆစ်ခနဲ နာကျင်သွားသည်။

သို့သော်လည်း ခဏအကြာမှာပဲ သူများမြေးရဲ့ ထူးချွန်မှုကို လက်ဖျားခါနေဖို့ သူတို့ စိတ်မဝင်စားတော့ပါ။ အကြောင်းအရင်းကတော့ သူတို့ရှေ့က စားပွဲအပြည့် စားစရာတွေက သူတို့ရဲ့ စိတ်အာရုံကို အပြည့်အဝ ဆွဲဆောင်လိုက်တာကြောင့် ဖြစ်သည်။

စုယန်ယန်က ဟင်းတွေ အများကြီး ချက်ထားသော်လည်း ဒီနေ့ သူမနှင့် အတူ စားမည့် လူတွေ အများကြီး ရှိပါသည်။

အစတုန်းကတော့ သူတို့က ကိုယ့်ကိုယ်ကိုယ် ဧည့်သည်ရယ်လို့ သတိထားပြီး အရမ်းကြီး ရဲရဲတင်းတင်း မပြုရဲပေမဲ့ တဖြည်းဖြည်း စားရင်း သောက်ရင်း သရုပ်မှန်တွေကို ထုတ်ပြကာ သခင်ကြီးချိန်နှင့် စတင် ငြင်းခုံပါတော့သည်။

သူတို့က ကလေးတွေလိုပင် ခဏလောက် ငြင်းခုံပြီးနောက် တစ်ဖက်လူ ကြိုက်တဲ့ ဟင်းတွေကို လုယူတော့သည်။ မင်း ငါ ကြိုက်တဲ့ ဟင်းကို လုယူရင် ငါလည်း မင်း ကြိုက်တဲ့ ဟင်းကို လုယူမယ်။

စုယန်ယန်နှင့် ဟင်းတွေက အစကတည်းက အရသာရှိပြီးသား ဖြစ်သည်။ အခု သူတို့က အစား တစ်လုတ်အတွက် ငြင်းခုံနေကြသောအခါ လူတိုင်းရဲ့ မျက်နှာက နီရဲသွားခဲ့သည်။

အခြား တစ်ဖက်၌ စုယန်ယန်ကတော့ ဤအဖြစ်အပျက်နှင့် ကျင့်သားရနေပုံပေါ်ကာ ဟောက်ချန်ဟွမ်းကို ဘေးမှာ ထိုင်ခိုင်းလိုက်ပြီး သူ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးရင်း တခြား လူတွေ ငြင်းခုံနေကြတာကို ကြည့်နေလိုက်သည်။

“ဒီ ချဉ်စပ် ငါးဟင်းကို စားကြည့်။ အသားလည်း လတ်ဆတ်တယ် ၊ အရိုးလည်း နည်းတယ်။ ကျွန်မတို့ အရင်တုန်းက စားဖူးတဲ့ ဟာထက် ပိုကောင်းတယ်။ ပြီးတော့ အမြဲတမ်း တစ်မျိုးတည်း စားလို့ မကောင်းဘူး။ နောက်တစ်ခေါက်ကျ တစ်ယောက်ယောက်ကို အသီးအရွက်သနပ်တွေ ပြင်ခိုင်းထားလိုက်မယ်။ အဲ့အသီးအရွက်သနပ်နဲ့ဆို ချဉ်စပ် ငါးစွပ်ပြုတ် ချက်လို့ ကောင်းတယ်”

စုယန်ယန်က ခဏလောက် စဉ်းစားလိုက်သည်။ “ဒါမှမဟုတ် ငါးကို အရည်စပ်စပ် မွှေးမွှေးလေးနဲ့ ချက်လို့ ရတယ် ၊ ငါး ချိုချဉ်လည်း ချက်လို့ ရတယ် ၊ ငါးဟော့ပေါ့လည်း ချက်လို့ ရသေးတယ် … ဘာပဲဖြစ်ဖြစ် တူညီတဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး ချက်လို့ ရတဲ့ ဟင်းလျာတွေ အများကြီးပဲ။ ကျွန်မတို့ အဲ့ဒါတွေ အကုန်လုံး စားကြည့်ပြီး ရှင် ဘယ်ဟင်းကို ကြိုက်လဲ ဆိုတာ ကြည့်ကြတာပေါ့”

“အင်း” ဟောက်ချန်ဟွမ်းက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ သူ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကျောက်ပုစွန်”

“ကျောက်ပုစွန် … ” စုယန်ယန် ခဏလောက် ဆွံ့အသွားပေမဲ့ သူ တခြား ကျောက်ပုစွန်ချက်နည်းတွေကို ပြောနေတယ် ဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။ သူမ ခပ်ယဲ့ယဲ့ ပြုံးပြီး ပြောလိုက်၏။ “ကျောက်ပုစွန်ချက်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ပြီးတော့ ကျွန်မ ရှင့်ကို သုံး ၊ လေးခါလောက် ချက်ကျွေးခဲ့တဲ့ ကျောက်ပုစွန် ချဉ်စပ်ဟင်းကိုလည်း ဟင်းခတ်‌အမွှေးအကြိုင် ( ၁၃ ) မျိုးလောက်နဲ့ ပေါင်းထားတဲ့ ကြက်သွန်ဖြူတွေ ထပ်ထည့်ပြီး ကျောက်ပုစွန်နှပ်ဟင်း ချက်ပေးလို့ ရတယ်။ ရှင် စိတ်ဝင်စားတယ် ဆိုရင် ပုစွန်ကို ဝိုင်ဖြူနဲ့ နှပ်ထားပြီးမှ ချက်တာရယ် ၊ ပဲငံပြာရည်နဲ့ နှပ်ထားပြီးမှ ချက်တာရယ် ဆိုပြီး နှစ်မျိုး ချက်ကျွေးလို့ ရတယ်”

စုယန်ယန်က သူမရဲ့ ခင်ပွန်းကို ကျောက်ပုစွန်ချက်နည်း ( ၁၀၈ ) မျိုးကို ပြောပြနေကာ သူမခင်ပွန်းကတော့ သူမကို နူးညံ့သော အမူအရာဖြင့် ကြည့်နေခဲ့သည်။ သူက သူမကို မျက်တောင် တစ်ချက် မခတ်ဘဲ စိုက်ကြည့်နေတာပါ။

စုယန်ယန် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး လှည့်ကြည့်လိုက်တော့ စားပွဲမှာ ထိုင်နေကြတဲ့ လူတွေ အကုန်လုံးနှင့် အကြည့်ချင်း သွားဆုံသည်။

643 02

“ဒါဆို အဲ့ဒီ အရုပ်ဆိုးဆိုး ကျောက်ပုစွန်မှာ ဟင်းချက်နည်းတွေ အများကြီး ရှိတယ်ပေါ့။ ငါ့စားဖိုမှူးက ကျောက်ပုစွန်ကို ရေနွေးနဲ့ ပြုတ်ပြီး ခပ်ထုတ်ဖို့ပဲ သိတာ။ စားလို့တော့ ရပေမဲ့ တစ်ခုခု လိုနေသလို ခံစားရတယ်”

“ဟုတ်တယ် ဟုတ်တယ်။ ငါ့အိမ်မှာလည်း တူတူပဲ။ ငါ တစ်ခါပဲ စမ်းစားကြည့်ပြီး နောက်ပိုင်း ဘယ်တော့မှ မစားတော့ဘူး။ ဒါပေမဲ့ အခု ယန်ယန်က အဲ့လို ပြောတော့ ငါ ရုတ်တရက် စားချင်သွားပြီ”

“ဒီလို လုပ်ရင် ဘယ်လိုလဲ …”

သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တညီတညွှတ် ပြောလိုက်ကြသည်။ “မနက်ဖြန်ကျ ကျောက်ပုစွန်ဟင်း စားကြမယ်”

စုယန်ယန် ဆွံ့အသွား၏။

သခင်ကြီးချိန်ရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “မင်းတို့ ဘာစားချင်နေတာလဲ။ ယန်ယန့်ကို မင်းတို့ရဲ့ စားဖိုမှူးလို့ တကယ် ထင်နေကြတာလား။ ဒီနေ့လယ်စာ စားပြီးတာနဲ့ ထွက်သွားကြတော့။ မင်းတို့ ယန်ယန့်ကို နောက်တစ်ခေါက် ဒီလို အချိုးမျိုး လာချိုးမယ် ဆိုရင် ငါ မင်းတို့ကို သေအောင် ရိုက်သတ်ပစ်မယ်”

+++++

All Chapters