← Chapters

အခန်း ၆၄၇

Vol. 44 Ch. 647

အခန်း ၆၄၇

Vol. 44 Ch. 647

647 01

အခန်း ( ၆၄၇ ) ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ရေးကို စိတ်မဝင်စားသင့်ဘူး။

စုယန်ယန်ကတော့ ထိုလူတွေကြားမှ မျက်ရိပ်မျက်ကဲတွေကို သတိမပြုမိပေ။ အခန်းထဲ ဝင်လာကတည်းက သူမရဲ့ စိတ်အာရုံက ကျန်းချင်းရို့ဆီ ကျရောက်သွားခဲ့သည်။

“ညီမ အခုတလော ဘယ်လို နေလဲ”

“တော်တော်လေး သက်သာပါတယ်” ကျန်းချင်းရို့က နည်းနည်းလေး ဝိတ်တက်လာပုံပေါ်ကာ မျက်နှာလေးက နှင်းဆီရောင်လွှမ်းနေသည်။

စုယန်ယန် လူလွှတ်ပြီး ပို့ခိုင်းနေသော ဆေးဖက်ဝင်ဟင်းလျာတွေကြောင့်အပြင် သူမကိုယ်တိုင်က နေပြန်ကောင်းလာမည့် မျှော်လင့်ချက်ကို မြင်သွားပြီး စိတ်အားတက်လာတာကြောင့်လည်း ပါမည်။

“ညီမ အခုတလော နည်းနည်းလေး ကိုက်ခဲနေတယ်။ အရမ်းကြီး နာတာတော့ မဟုတ်ပါဘူး ၊ နည်းနည်းပဲ။ ဒါပေမဲ့ အဲ့နေရာပေါ်ကို လက်လေးတောင် တင်လို့ မရဘူး”

ဟောက်ချန်ဟွမ်းတုန်းက အတွေ့အကြုံကြောင့် သူမ ဘာဖြစ်နေတယ် ဆိုတာကို စုယန်ယန် နားလည်သည်။ သူမ ပြုံးပြီး နှစ်သိမ့်ပေးလိုက်၏။ “အဲ့ဒါ ပုံမှန်ပါပဲကွယ်။ အဲ့ဒါက ညီမရဲ့ ကြွက်သားတွေ ဖြည်းဖြည်းချင်း သက်သာလာတာကို ညီမ ခံစားနေရတာ။ ဒီဖြစ်စဉ်က အချိန် နည်းနည်းတော့ ကြာလိမ့်မယ်။ အစ်မတို့ စိတ်တော့ ရှည်ရမှာပေါ့”

“ညီမ သိပါတယ်” ကျန်းချန့်ဝမ်ရဲ့ မျက်လုံးတွေ ဝင်းလက်သွားသည်။ အရင်တုန်းက သူမ ဝေဒနာနှင့် ယှဉ်လိုက်လျှင် ဒီလို နာကျင်မှုမျိုးကို ပိုနှစ်သက်ပါသည်။

ဒီခံစားချက်က သူမကို အသက်ရှင်နေသေးသည်ဟု ခံစားရစေကာ ဘာကိုမှ မလုပ်နိုင် ၊ ဘာကိုမှ မခံစားနိုင်တဲ့ မသန်စွမ်း တစ်ယောက်လို မခံစားရစေပါ။

“အစ်မ ဒီနေ့ နင့်‌ကို နောက်ထပ် ထိုးဆေး တစ်မျိုး ထိုးပေးလိုက်မယ်။ နင့်မှာ အရင်တုန်းက အစ်မ ပေးခဲ့တဲ့ ဆေးအိတ် ရှိသေးတယ်မို့လား။ ဆေးပင်တွေနဲ့ စိမ်ထားတဲ့ ရေနဲ့ ရေချိုးတာကို ဆက်တိုက် လုပ်နေရင် အကောင်းဆုံးပဲ။ နင် အများကြီး သက်သာလာတာနဲ့ ရပ်လို့ ရပြီ”

“အထုပ် နည်းနည်း ကျန်ပါသေးတယ်။ တစ်ပတ် တစ်ထုပ် သုံးသွားရင် နောက်လ ဆိုရင်တောင် ကုန်ဦးမှာ မဟုတ်ဘူးရယ်”

“ကောင်းတယ်” စုယန်ယန်က ကျန်းချင်းရို့ကို တွဲခေါ်လာရင်း တခြား မေးခွန်းတွေ ဆက်မေးနေသည်။ သူတို့ နှစ်ယောက်က နှစ်ယောက်တည်း ကုသရန်အတွက် အခန်းထဲကို ဝင်သွားကြသည်။

အပြင်မှာ ဟောက်ချန်ဟွမ်းနှင့် ကျန်းမိသားစုပဲ ကျန်ခဲ့သည်။ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးနောက် ဟောက်ချန်ဟွမ်းက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သည်။

“ဦးလေးကျန်းရဲ့ မြေးက ကျောင်းသားလား”

သခင်ကြီးကျန်း အံ့ဩသွားသည်။ ဟောက်ချန်ဟွမ်း ဘာလို့ အဲ့မေးခွန်း မေးတာလဲ ဆိုတာ သူ တကယ် နားမလည်နိုင်ဘဲ ခပ်အမ်းအမ်း ခေါင်းညိတ်ပြလိုက်သည်။ “အင်း။ ဒီနှစ်မှ အထက်တန်းကျောင်း စတက်တာ”

“အထက်တန်းလား” ဟောက်ချန်ဟွမ်းက ခဏလောက် စဉ်းစားလိုက်သည်။ “စာလေ့လာလို့ ကောင်းတဲ့ အချိန်ပဲ”

“ဒါပေါ့ .. ဒါပေါ့”

“ဒီအရွယ်မှာ ပညာရေးကပဲ ပထမ ဦးစားပေး ဖြစ်သင့်တယ်။ တခြား မဟုတ်တဲ့ ကိစ္စတွေကြောင့် အာရုံမပျံ့စေနဲ့”

သခင်ကြီးကျန်းက နားမလည်နိုင် ဖြစ်သွားသည်။

“မဟုတ်တဲ့ ကိစ္စတွေ … ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အေးစက်သွား၏။ “အချစ်ရေးလိုမျိုး ကိစ္စတွေပေါ့”

ကျန်းချန့်ဝမ် : “??? ”

သခင်ကြီးကျန်း : “!!! ”

သခင်ကြီးကျန်းရဲ့ အသံက ဟိန်းခနဲ ထွက်လာသည်။ “ခွေးကောင်လေး ၊ မင်း ရည်းစားရနေတာလား”

ကျန်းချန့်ဝမ် တစ်ယောက် တံထွေးသီးတော့မလို ဖြစ်သွားရသည်။ “အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော့်ဘဝမှာ ကောင်မလေး တစ်ယောက်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးဘူး။ ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ရည်းစားထားနိုင်မှာလဲ။ ပြီးတော့ လောလောဆယ် ကျွန်တော် ရည်းစားထားချင်စိတ်လည်း မရှိသေးဘူး”

647 02

သခင်ကြီးကျန်းက အဲ့ဒီတော့မှ စိတ်အေးသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ ဟုတ်ပါတယ်လေ ၊ သူ့မြေးမလေးရဲ့ ခြေထောက်တွေက အခုထိ အကောင်းအတိုင်း ပြန်မဖြစ်သေးဘူးလေ။ သူ့မြေးလေးက ဘယ်လိုလုပ် ရည်းစားထားချင်စိတ် ရှိမှာလဲ။

ထိုစကားကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားကာ သူ့အကြည့်က ပိုလို့တောင် အန္တရာယ်များတဲ့ ပုံစံ ပေါက်သွားသည်။ “မင်း အခု လောလောဆယ်တော့ ချိန်းတွေ့ဖို့ စိတ်မပါသေးပေမဲ့ နောက်ပိုင်းကျ စိတ်ပါလာမှာပဲ မဟုတ်ဘူးလား”

ကျန်းချန့်ဝမ်က စိတ်ထဲကနေပဲ ပြန်ပြောလိုက်သည်။ ‘ ဟ ၊ ကျွန်တော့်တစ်သက်လုံးတော့ တစ်ယောက်တည်း နေသွားဖို့ စိတ်ကူးမရှိဘူးလေဗျာ။ ညီမလေး နေကောင်းသွားရင်တော့ ရည်းစားထားချင်စိတ်ပေါက်ရင် ပေါက်လာမှာပေါ့။ ကျွန်တော်က တစ်သက်လုံး တစ်ယောက်တည်း နေသွားရမှာလား။ ’

သို့သော်လည်း သူ အဲ့ဒီလို ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ ကြောက်စရာ အကြည့်ကို မြင်သွားကာ နှုတ်ဆိတ်နေဖို့ပဲ တမင် ရွေးချယ်လိုက်၏။

‘ ဝူး ဝူး ဝူး ၊ သူက အရမ်း ကြောက်စရာကောင်းတယ်။ သူ ငါ့ကို အသက်ရှင်မလား ၊ ရည်းစားထားမလား ဆိုတာထဲက တစ်ခုကို ရွေးခိုင်းဖို့ ကြိုးစားနေတာလား။ ခင်ဗျားမှာ ဘယ်လို အမုန်းတရား ၊ အာဃာတတွေ ရှိနေတာလဲ။ ကျွန်တော် ရည်းစားထားတော့ရော ခင်ဗျားကို ဘာထိခိုက်စေမှာမို့လို့လဲ။ ’

သခင်ကြီးကျန်းက ဉာဏ်ကောင်းသော လူ တစ်ယောက်မို့ အခြေအနေကို အလျင်အမြန် နားလည်သွားကာ ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။ “ကလေးတွေ အသက်ငယ်ငယ်လေးနဲ့ ရည်းစားထားတယ် ဆိုတာ တကယ် မကောင်းဘူး။ မင်းရဲ့ လက်ရှိ အသက်အရွယ်နဲ့ဆို ပညာရေးက အရေးကြီးဆုံး အရာပဲ။ မင်း ရည်းစားထားချင်ရင် အနည်းဆုံး နောက်ထပ် ဆယ်နှစ် စောင့်ရမယ်”

+++++

All Chapters