အခန်း ၆၄၈
Vol. 44 Ch. 648
648 01
အခန်း ( ၆၄၈ ) သူနဲ့ စာချုပ် ချုပ်တာက ကျွန်မကို ပိုက်ဆံရှာပေးနိုင်လောက်လား။
“နောက် ဆယ်နှစ်အထိတောင်လား” ကျန်းချန့်ဝမ် ထိတ်လန့်သွားသည်။ အဲ့ဒါကြီးကတော့ များလွန်းတယ်လေ။
သခင်ကြီးကျန်းက မျက်မှောင်ကြုတ်ပြီး တင်းမာသော မျက်နှာဖြင့် ပြောလိုက်သည်။ “များတယ် ဆိုတာ မင်း ဘာကို ပြောချင်တာလဲ။ ဆယ်နှစ် ဆိုတာ အနေတော်ပဲကွ။ မင်းက အမွှေးအတောင် စုံအောင် မပေါက်သေးတာကို တခြား ကောင်မလေးတွေကို သွေးဆောင်ဖြားယောင်းဖို့ တွေးနေပြီလား။ မတော်လို့ တစ်ခုခု ဖြစ်သွားရင် မင်း တာဝန်ယူနိုင်မှာတဲ့လား။ မင်း စောစောစီးစီး ရည်းစားထားရဲ ထားကြည့် ၊ ဒါမှမဟုတ် သူတစ်ပါး သားသမီးကို ကျောရရုံ ကြံရဲကြံကြည့် ၊ ငါ့မှာ မင်းလို မြေးမျိုး မရှိဘူး။ ချက်ချင်း အထုပ်သိမ်းပြီး အိမ်ပေါ်က ဆင်းသွားခိုင်းမှာ”
ကျန်းချန့်ဝမ် : “… ” ချိန်းတွေ့တာက ကောင်းကင်ပေါ်ကနေ ပြုတ်ကျသလိုပါပဲလား။ အဘိုး အဲ့လောက်ကြီး လုပ်ဖို့ လိုလို့လားဗျာ။ ဘာလို့ ကျွန်တော့်အတွက် အရမ်း ခက်ခဲနေရတာလဲ။
သခင်ကြီးကျန်းက သူ့စကားတွေဟာ နည်းနည်းလေး ရက်စက်သွားမှန်း သိပေမဲ့ ဒါကပဲ သူ့မြေးအပေါ် တစ်စုံတစ်ယောက်ရဲ့ စိတ်မချမှုတွေကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဆိုတာ သိသည်။
ယောက်ျား တစ်ယောက်ရဲ့ ပိုင်ဆိုင်လိုစိတ်က တစ်ခါတရံမှာ တော်တော်လေး ကြောက်စရာကောင်းသည်။
‘ အဘိုးရဲ့ အဖိုးတန် မြေးလေးရယ် ၊ လောလောဆယ်တော့ သည်းခံထားပြီး နောက်မှ ရည်းစားထားနော်။ အဘိုးက မင်းရဲ့ ဘဝကို ကယ်တင်ဖို့ ကြိုးစားနေတာပါ။ ’
မျှော်လင့်ထားသလိုပင် ဟောက်ချန်ဟွမ်းက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။
နောက် ဆယ်နှစ်အကြာတွင် သူ့ဇနီးကို လိုချင်ဖို့ ဝေးလို့ ၊ သူနှင့် သူ့ဇနီးရဲ့ ကလေးလေးပင် လူ့လောကထဲကို ထွက်လာနေလောက်ပါပြီ။
ကျန်းချင်းရို့ကို ဆေးကုပေးနေတဲ့ စုယန်ယန်ကတော့ အဲ့ဒါတွေကို ဘာမှ မသိရှာ။ ဟောက်ချန်ဟွမ်းသည် ( အတုအယောင် ) အချစ်လုဖက် တစ်ယောက်ကို အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။
သူတို့ နှစ်ယောက်က ကျန်းအိမ်တော်မှာ တစ်နာရီလောက် နေပြီးမှ ပြန်လာခဲ့လိုက်သည်။ သခင်ကြီးကျန်းက စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို စကားစမြည်ပြောဖို့ ခဏလောက် နေစေချင်သော်လည်း ဟောက်ချန်ဟွမ်းကတော့ ချက်ချင်း ငြင်းဆန်ပြီး စုယန်ယန်နှင့် ပြန်လာခဲ့လိုက်ပါသည်။
စုယန်ယန်က တံခါးအပြင်ဘက်သို့ ခြေချမိချိန်မှာပဲ တစ်ခုခုတော့ မူမမှန်ဘူး ဆိုတာကို သတိပြုမိသွားသည်။ သူမ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း စိုးရိမ်စွာ မေးလိုက်၏။ “တစ်ခုခု ဖြစ်သွားတာလား။ သူတို့ ရှင့်ကို ဒေါသထွက်အောင် လုပ်လို့လား”
“မင်း ထွက်လာတော့ အဲ့ဒီခွေးကောင်လေးကို စိုက်ကြည့်နေတာလေ”
စုယန်ယန်က သူတို့ ဒီကို ရောက်လာတုန်းကရော ၊ ပြန်ထွက်လာတဲ့ အချိန်တုန်းကရော ကျန်းချန့်ဝမ်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့တာမို့ ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ မနာလိုမှုတွေ ပြည့်နှက်နေသည်။ “ခွေးကောင်လေး .. ဟုတ်လား”
စုယန်ယန် ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ * ရှင် ကျန်းချန့်ဝမ်ကို ပြောနေတာလား”
ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး လေသံတင်းတင်းဖြင့် ပြောလိုက်သည်။ “မင်း ပြောတော့ သူ့ဆံပင်က အစိမ်းရောင် ဖြစ်နေလို့ သူ့ကို ကြည့်မိတာဆို”
တစ်နည်းအားဖြင့် ပြောရလျှင် ဒီနေ့ သူ့ဆံပင်က အစိမ်းရောင် မဟုတ်တာတောင်မှ ဘာလို့ သူ့ကို စိုက်ကြည့်နေသေးတာလဲပေါ့။
“ကျွန်မ သူနဲ့ တွေ့ခဲ့တဲ့ အရင်တစ်ခေါက်တုန်းကတော့ တကယ်ပဲ ဆံပင်က အစိမ်းရောင် ဖြစ်နေလို့ ကြည့်တာလေ။ အစတုန်းက ဆံပင်ပုံစံနဲ့ မိတ်ကပ်က လူ တစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝကြီး ပြောင်းလဲပေးနိုင်တာ အံ့ဩစရာကောင်းတယ်လို့ ကျွန်မ တွေးနေတာ။ ဟုတ်ပါတယ် ၊ ကျွန်မ ဘယ်လိုမှ စိတ်ထိန်းမရဘဲ သူ့ကို သုံး ၊ လေးခေါက်လောက် ကြည့်မိတယ်။ နောက်ပိုင်း ကြည့်မိတာကတော့ … ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖက်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “သူ့ကို တုန်ချမ်းနဲ့ စာချုပ် ချုပ်လိုက်ရင် ကျွန်မ ပိုက်ဆံရှာနိုင်မယ်လို့ ရှင် ထင်လားဟင်”
“မင်း သူ့ကို မင်းကုမ္ပဏီနဲ့ စာချုပ် ချုပ်စေချင်နေတာလား”
“အင်း။ သူ ကြည့်ကောင်းတယ်လို့ ရှင် မထင်ဘူးလား။ ကျွန်မကုမ္ပဏီမှာ အရည်အချင်းရှိတဲ့ လူတွေ လောလောဆယ် လိုအပ်နေတယ်”
648 02
စုယန်ယန်ရဲ့ စကားမဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက ဖြတ်ပြောလိုက်သည်။ “မင်းကုမ္ပဏီမှာ အနုပညာရှင်တွေ တော်တော်များများ ရှိတယ် မဟုတ်ဘူးလား”
စုယန်ယန် အံ့ဩသွားသည်။ ဒီကိစ္စကို ဟောက်ချန်ဟွမ်း အာရုံစိုက်လိမ့်မည်ဟု သူမ ထင်မထား။ “အများကြီး ရှိတာတော့ ဟုတ်တယ် ၊ ဒါပေမဲ့ သူတို့က ရိုးစင်းလွန်းတယ်”
“ရိုးစင်းလွန်းတယ် ….. ”
“ဟုတ်တယ်။ ကျွန်မကုမ္ပဏီမှာ အနုပညာရှင်တွေ အများကြီး ရှိပေမဲ့ သူတို့က အရမ်း ရိုးစင်းလွန်းတယ်။ အများစုက အသက် နှစ်ဆယ် အစောပိုင်းကာလတွေထဲမှာပဲ ရှိသေးတော့ သရုပ်ဆောင်နိုင်တာကလည်း အကန့်အသတ်ရှိတယ်။ ဥပမာပြောရရင် လော့ဝေပင်းနဲ့ နျဉ်ချီလွေ့ ၊ ပြီးတော့ ကျန်တဲ့ လူတွေကလည်း အခု အဆင်ပြေပါတယ် ၊ ဒါပေမဲ့ နောက် ဆယ်နှစ် ၊ နှစ် ( ၂၀ ) ကြာသွားရင် ဘယ်လို လုပ်မလဲ”
စုယန်ယန် စကားရပ်ပြီး သက်ပြင်းချလိုက်သည်။ “ကုမ္ပဏီရဲ့ အောင်မြင်နေတဲ့ မျိုးဆက်တွေက သူတို့လမ်းကို သူတို့ ကိုယ်စီ လျှောက်နေကြပြီ။ အဲ့ဒါကြောင့် သူတို့ရဲ့ မူလ နေရာကို မျိုးဆက်သစ်တွေက လွှဲပြောင်း ယူဖို့ လိုတယ်။ သွေးသားသစ်တွေ မရှိဘဲနဲ့ အသက်ရှင်ရတာ ဘာမှ အဓိပ္ပာယ်မရှိသလိုပဲပေါ့”
+++++