← Chapters

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း ၆၄၉

Vol. 44 Ch. 649

649 01

အခန်း ( ၆၄၉ ) မင်း ကိုယ့်ကို ချော့နေတာလား။

အနုပညာနယ်ပယ်ထဲက မျက်နှာတွေဟာ အလျင်အမြန် ပြောင်းလဲနေတာ ဖြစ်သည်။ သူတို့ သတိထားပြီး ရှေ့ဆက်လျှောက်နိုင်စွမ်း မရှိလျှင် ကုမ္ပဏီက ဒေဝါလီခံသွားရလိမ့်မည်။

ထို့ကြောင့် စုယန်ယန်က ကုမ္ပဏီရဲ့ တက်လမ်းကို ခိုင်မာစေရန်အတွက် ပိုအလားအလာရှိတဲ့ မျက်နှာသစ်ကလေးတွေကို စုဆောင်းထားဖို့သာ တတ်နိုင်၏။

‘ ပညာသင်တယ် ဆိုတာ ရေဆန်ကို လှေနဲ့ လှော်တက်နေရသလိုပဲ ’ ဆိုတဲ့ စကားလိုပါပဲ။ ကိုယ်က တစ်ကွက် သာမနေလျှင် ရှုံးနိမ့်သွားလိမ့်မည်။

စီးပွားရေးလုပ်တဲ့ နေရာမှာလည်း အတူတူပဲ ဖြစ်သည်။ အနုပညာနယ်ပယ်ထဲမှာ သူမရဲ့ ကုမ္ပဏီကို အချိန် ခဏလေးအတွင်း ကျရှုံးမသွားစေချင်ပါ။

စုယန်ယန် ဘာမှ မပြောလျှင် အဆင်ပြေသော်လည်း ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကတော့ ပိုလို့တောင် မှောင်မည်းသွားခဲ့သည်။ ကြည့်ရတာ သူ့ရဲ့ အချစ်လုဖက်က ထိုခွေးကောင်လေး တစ်ယောက်တည်း မဟုတ်ဘဲ ကုမ္ပဏီမှာ ရှိတဲ့ အမျိုးသားအနုပညာရှင်တွေ အကုန်လုံး ဖြစ်နေပုံပေါ်သည်။

လူ တစ်ယောက်က အနုပညာရှင် ဖြစ်နိုင်တယ် ဆိုလျှင် ကျန်တဲ့ တခြား အရည်အချင်းတွေကို ဘေးဖယ်ထားလိုက်ဦး ၊ အနည်းဆုံးတော့ သူတို့ရဲ့ ရုပ်ရည်က သာမန်ထက်ဝောာ့ ပိုချောသည်။

ဟောက်ချန်ဟွမ်းသည် လူချောတွေ ပတ်လည်ဝိုင်းနေသော သူ့ဇနီးလေးကို ကြည့်ကာ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ မြည်သွားလေသည်။

စုယန်ယန်က‌ သူမ စကားဆုံးသွားတာတောင် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက ပြေလျော့မသွားဘဲ ပိုတင်းမာလာတာကို မြင်သွားသည်။ သူမ ကြောင်အမ်းအမ်း ဖြစ်မသွားဘဲ မနေနိုင်ပေ။

“ကျွန်မ ပြောတဲ့ထဲမှာ အမှားပါလို့လား”

“မပါ,ပါဘူး”

“အဲ့ဒါဆို ရှင် ဘာကို မကျေမနပ် ဖြစ်နေတာလဲ”

ဟောက်ချန်ဟွမ်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ သူမ ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ “မင်း ကိုယ့်ကို ချော့နေတာလား”

“ဒါပေါ့ ၊ ရှင် မပျော်မရွှင် ဖြစ်နေရင် ကျွန်မ ရှင့်ကို ချော့ရမယ်လေ”

ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ရဲ့ အလိုလို သိစိတ်က တစ်ခုခုတော့ မှားယွင်းနေကြောင်း သူ့ကို ပြောနေပါသည်။ တကယ်ဆို ယောက်ျား တစ်ယောက်ကပဲ မိန်းကလေး တစ်ယောက်ကို ချော့သင့်တာ မဟုတ်လား။ ဘာလို့ မိန်းမက ယောက်ျားကို လာချော့နေတာလဲ။

ဟောက်ချန်ဟွမ်း အာရုံပြောင်းသွားပြီး ခုနတုန်းကလောက် မျက်နှာကြီး မည်းမှောင်မနေတော့၍ စုယန်ယန် ဝမ်းသာသွားသော်လည သူ မပျော်မရွှင်ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ သိချင်နေဆဲပင်။

“ဒါပေမဲ့ ရှင် ကျွန်မကို အရင် ပြောပြရမယ် ၊ ရှင် ဘာလို့ အခု စိတ်ညစ်နေတာလဲဟင်။ ကျွန်မ ကျန်းချန့်ဝမ်ကို သုံး ၊ လေးခေါက်လောက် ကြည့်လိုက်မိလို့ ကျွန်မ သူ့ကို သဘောကျသွားမှာကို ရှင် စိတ်ပူနေတာလား”

“မင်း သူ့ကို သဘောကျသွားမှာကို စိတ်မပူပါဘူး” ဟောက်ချန်သွမ်းက စုယန်ယန်ကို လှည့်ကြည့်လိုက်သည်။ သူ့အပေါ် ထားတဲ့ စုယန်ယန်ရဲ့ ခံစားချက်တွေကို သူ တစ်ခါမှ သံသယမဖြစ်ဖူးပါ။ ဒါပေမဲ့ …

“မင်း သူ့ကို အဲ့လို ကြည့်နေတာကိုတော့ ကိုယ် မကြိုက်ဘူး။ သူ့တင် မဟုတ်ဘူး ၊ ကိုယ်က လွဲလို့ ကျန်တဲ့ ယောက်ျားလေးတွေကို မင်း ကြည့်တာကအစ မကြိုက်တာ”

“ကျွန်မရဲ့ အဖေ ၊ အစ်ကို ၊ အဘိုး ၊ ဦးလေးကိုတောင် ကြည့်လို့ မရဘူးလားဟင် … ”

“မင်းမိသားစုထဲက မဟုတ်တဲ့ တခြား ယောက်ျားတွေကို ပြောတာပါ”

“ဟုတ်ပါပြီရှင်” စုယန်ယန်က စိတ်အေးသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်ပြီး သူ့ကို စနောက်လိုက်သည်။ “ဒါဆို ကျွန်မ တခြား ယောက်ျားတွေကို ထပ်မကြည့်တော့ဘူးနော်။ ရှင့်ကိုပဲ ကြည့်တော့မယ် ၊ ဟုတ်ပြီလား”

ဟောက်ချန်ဟွမ်းက အနည်းငယ် စိတ်ပေါ့ပါးသွားပြီး အသံအက်ကွဲစွာ မေးလိုက်သည်။

649 02

“ကိုယ် အရမ်း ချုပ်ချယ်နေတယ်လို့ မင်း မထင်ဘူးလား”

“ရှင့်မှာ ကျွန်မကို ချုပ်ချယ်ချင်စိတ် မရှိမှသာ ကျွန်မ တကယ် စိတ်ပူရမှာ။ ရှင် ပြောတာ မှန်ပါတယ် ၊ ကျွန်မ ဒီနယ်ပယ်မှာ ကောင်းကောင်း မလုပ်တတ်ဘူး။ အနုပညာရှင်တွေ ရှာတဲ့ ကိစ္စကို အစ်ကိုကျွင်းရှန်နဲ့ တခြား လူတွေကိုပဲ ကျွန်မ တာဝန်လွှဲထားလိုက်ပါ့မယ်။ ဒါပေမဲ့ ကျွန်မက ကုမ္ပဏီရဲ့ ဘော့စ် ဆိုပေမဲ့လည်း အပြင်လူလို့ သတ်မှတ်လို့ ရတယ်။ သူတို့မှာ အလားအလာ ရှိရှိ မရှိရှိ ၊ သူတို့ရဲ့ ရုပ်ရည်တွေက စာမေးပွဲ အောင်,အောင် မအောင်,အောင် ကုမ္ပဏီနဲ့ စာချုပ် မချုပ်သေးခင် သူတို့က လိုအပ်ချက်တွေနဲ့ ဘယ်လောက် ကိုက်ညီလဲ ဆိုတာကို နားလည်ဖို့ မန်နေဂျာတွေကို လိုသေးတယ်”

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲကို ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မ အစ်ကိုကျွင်းရှန်ကို ဖုန်းဆက်ပြီး သူ့ကို ကျန်းချန့်ဝမ်ကို ဆက်သွယ်ဖို့ မေးလိုက်ပါ့မယ်။ သူ စိတ်ဝင်စားပါ့မလား ဆိုတာတော့ ကျွန်မ မသိဘူး။ ပြီးတော့ သခင်ကြီးကျန်းကရော သူ့ကို ဒီနယ်ပယ်ထဲ ဝင်ခိုင်းပါ့မလား မသိဘူး”

‌ပြောရရင် ကျန်းမိသားစုက လူချမ်းသာ မိသားစုမို့ သူတို့ရဲ့ လူချမ်းသာ ဒုတိယမျိုးဆက် ဆက်ခံသူလေးကို အနုပညာ အသိုင်းအဝိုင်းထဲ ဝင်ခိုင်းပြီး အနုပညာရှင် ဖြစ်ခွင့်ပြုချင်မှာ မဟုတ်လောက်။

စုယန်ယန်က သူဆန္ဒကို လိုက်လျောပေးတယ် ဆိုတာကို ဟောက်ချန်ဟွမ်း သိသောကြောင့် သူ့နှလုံးသားထဲမှ မပျော်မရွှင် ခံစားချက်လည်း ပျောက်ကွယ်သွား၏။ သူ ခပ်တိုးတိုး ပြောလိုက်သည်။ “သူသာ ဆန္ဒရှိရင် သခင်ကြီးကျန်းက ငြင်းမှာ မဟုတ်ပါဘူး”

“ရှင် ဘာလို့ အဲ့လောက် ‌သေချာနေရတာလဲ”

“ကျန်းမိသားစုက အပေါ်ယံမှာ ပိုင်ဆိုင်မှု တချို့ ရှိသေးပေမဲ့ တကယ်တမ်းကျ သခင်ကြီးကျန်းရဲ့ သားကြီးက အပြင်မှာ အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်နေတာ။ ပြီးတော့ သူ လက်ထပ်ထားတဲ့ အမျိုးသမီးကလည်း သား တစ်ယောက် မွေးထားတယ်။ သူမက အိမ်မှာ ပြဿနာရှာပြီး ဆူဆူပူပူတွေ ဖြစ်အောင် လုပ်နေတာ”

+++++

All Chapters