အခန်း ၆၅၁
Vol. 44 Ch. 651
651 01
အခန်း ( ၆၅၁ ) အမဲသား နွှားလျှာ ငရုပ်ဆီဟင်း။
သူ့မွေးနေ့မှာ စားသင့်တဲ့ တစ်ခုတည်းသော ဟင်းလျာက မင်္ဂလာရှိတဲ့ အဓိပ္ပာယ်တွေကို ပိုင်ဆိုင်ထားတဲ့ ကိတ်မုန့်နှင့် သက်ရှည်ခေါက်ဆွဲ ဖြစ်သည်။ ဟောက်ချန်ဟွမ်း ထွက်သွားသည်နှင့် စုယန်ယန်က မီးဖိုချောင်ထဲ ပြေးဝင်ကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအတွက် မှတ်တမ်းတင်သည့် ခလုတ်ကို နှိပ်ထားလိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ တင်ဆက်သူ ယန်ယန်လေး ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မခင်ပွန်းရဲ့ မွေးနေ့ ဆိုတော့ သူ့ကို စပရိုက်တိုက်ချင်လို့ပါ ၊ အဲ့ဒါကြောင့် ကျွန်မ ဒီနေ့တော့ ဟင်းချက်တာကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှာ မဟုတ်ဘဲ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီမှတ်တမ်းကို သတ်မှတ်ထားတဲ့ အချိန်ကျ တင်ပေးသွားမှာ ဖြစ်လို့ ကွန်းမန့်ထဲက ကံထူးရှင် ကြည့်ရှုသူ သုံးယောက်က လက်ဆောင်လေးတွေကိုလည်း ကံစမ်းမဲပေါက်ဦးမှာပါ။ ကံစမ်းမဲနှိုက်ရမယ့် အချိန်က မနက်ဖြန် မနက် ဆယ်နာရီပါ။ စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေက တက်တက်ကြွကြွ ပါဝင်လို့ ရပါတယ်”
စုယန်ယန်က တိုက်ရိုက် မထုတ်လွှင့်သော်လည်း ဇာတ်လမ်း တစ်ခုလုံးကိုတော့ အကောင်းဆုံး ကြိုးစားရှင်းပြခဲ့ပါသေးသည်။
ကိတ်မုန့် လုပ်ရတဲ့ နေရာမှာ အခက်ခဲဆုံး အစိတ်အပိုင်းကတော့ ကိတ်မုန့်ကို ညီညီညာညာလေး ကြွတက်လာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာပါပဲ။ စုယန်ယန်က ကစီဓာတ် မပါသော ဂျုံမှုန့်ကို သုံးထားကာ မုန့်ညှက်ကို မနှဲသေးခင်မှာ ကြက်ဥတွေ ထည့်ထားခဲ့သည်။
စုယန်ယန်က သုံးထပ် ကိတ်မုန့် လုပ်ချင်တာမို့ ပုံစံခွက် သုံးခွက်ကို သုံးဖို့ ဆုံးဖြတ်လိုက်၏။ ကံကောင်းစွာဖြင့် ချန်မိသားစုရဲ့ အလုံပိတ်မီးဖိုက အတော်လေး ကြီးသဖြင့် ကိတ်မုန့် သုံးလုံးကို တစ်ပြိုင်တည်း ဖုတ်ဖို့ ဘာအခက်အခဲမှ မရှိပေ။
ကိတ်မုန့်ဖုတ်ထားစဉ်မှာ စုယန်ယန်က တခြား ဟင်းလျာတွေကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ “ကျွန်မ ရှင်တို့ကို ဟိုတစ်ခေါက်တုန်းက ကတိပေးခဲ့တဲ့ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ကို အခု လုပ်ပြသွားပါ့မယ်။ ပဲလမုန့်ထဲကို အစာသွပ်ရမယ့် အဆာပလာက ကျောက်ဖရုံသီးပါ။ နာမည်အတိုင်းပဲ ပဲလမုန့်ထဲကို ကျောက်ဖရုံသီးနဲ့ အစာသွပ်ရမှာ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးကို အခွံနွှာပြီးရင် အစေ့တွေကိုပါ ရောပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နယ်ထားလိုက်ပါ။ ပြီးရင် ကြိတ်စက်ထဲမှာ အနှစ်လေးတွေ ဖြစ်လာတဲ့အထိ ထည့်ကြိတ်ပေးရပါမယ်။ ပြီးရင်တော့ အရည်စစ် ၊ သကြားထည့်ပြီး ဆီပူမှာ ကြော်ပေးပါ။ ကျက်သွားပြီ ဆိုရင်တော့ အအေးခံထားလို့ ရပါပြီ။ အဆာပလာတွေကို ပိုပြီး မွှေးစေချင်ရင် ပဲလမုန့်ကို ကြော်နေရင်းနဲ့ ဖရုံစေ့ ၊ နှမ်းစေ့ နည်းနည်းပါးပါး ထည့်လို့ ရပါတယ်”
သုံးထိပ် ကိတ်မုန့်ရဲ့ အောက်ခြေကိတ်မုန့်ကို လုပ်နေစဉ်မှာ စုယန်ယန်က ကျောက်ဖရုံသီးကို ပေါင်းထားပြီးပြီ ဖြစ်သည်။ အခု ကျောက်ဖရုံသီးကို မွှေကြော်ဖို့ အဆင်သင့်ပါပဲ။
အစာသွပ်ရမည့် အဆာပလာကို မြန်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ပြီးနောက် အပြင်က အပေါ်ယံလွှာကို ထုပ်ပိုးရမည့် အချိန် ရောက်လာသည်။
ပဲလမုန့်ရဲ့ အပေါ်ယံလွှာကို ကြွပ်ရွပြီး စားချင်စရာကောင်းစေရန် ဂျုံမုန့်ညက် နှစ်မျိုးကို သုံးရသည်။ တစ်မျိုးကို အတွင်းမှ သုံးရမည် ဖြစ်ပြီး နောက်တစ်မျိုးကိုတော့ အပေါ်ကနေ ရစ်ပတ်ထုပ်ပိုးရာမှာ သုံးရမှာ ဖြစ်သည်။
အပေါ်ယံလွှာကို ဆီသုတ်ကာ ထုပ်ပိုးရစ်ပတ်လိုက်ပြီးနောက် ဂျုံမုန့်ညက်ကို ကော်ပြန့်လိပ်ပုံစံ ဖြစ်သွားအောင် လှိမ့်ရသည်။ ထို့နောက် သူမသည် အဲ့ဒါကို ပြားချပ်သွားအောင် ဖိပြီး အလွှာ သုံးလွှာ ရအောင် ခေါက်လိုက်၏။
651 02
နောက်ဆုံးတော့ ဂျုံမုန့်ညက်ကို အပေါ်ယံလွှာလေး ရအောင် လှိမ့်လိုက်နိုင်ပြီ ဖြစ်ပြီး ဖက်ထုပ်လိုပင် အဆာပလာတွေကို အစာသွပ်လိုက်သည်။ ရစ်ပတ်ထုပ်ပိုးထားသော မုန့်ပေါ်ကို ကြက်ဥအနှစ် တစ်လွှာ သုတ်လိုက်ပြီး အမြင်လည်း ပိုလှ ၊ ပိုလည်း စားချင်စရာကောင်းစေရန်အတွက် နှမ်းစေ့လေးတွေကို အပေါ်ကနေ ဖြူးလိုက်သည်။
တကယ်တော့ ပဲလမုန့်ကို ဖုတ်ရတာ နည်းနည်းလေးတော့ ခက်သည်။ အတိအကျ ပြောရလျှင် မုန့်ဖုတ်ပြီးတဲ့နောက် အတွင်းထဲမှာ ရှိတဲ့ ကြွပ်ရွှတဲ့ မုန့်သားအလွှာက တစ်ခုနှင့် တစ်ခု ထပ်ပြီး ပူးကပ်ကုန်မှာကို စိုးရိမ်ရတာပါ။
စုယန်ယန်က ပဲလမုန့်တွေ ဒါဇင်ပေါင်းမြောက်များစွာ လုပ်ခဲ့ဖူးတာမို့ သူတို့ကို အလုံပိတ်မီးဖိုထဲ ထည့်လိုက်သည်။ သူမ လက်သုတ်ပြီး ပြုံးပြလိုက်၏။ “ကျွန်မ အရင်တုန်းက ယွီရှန်း ဝက်သား တောက်တောက်ကြော် နည်းနည်းပါးပါး ချက်ခဲ့တယ်။ ကြည့်ရှုသူတွေထဲက ကျွန်မရဲ့ သူငယ်ချင်း အများစုက ကျွန်မ နောက်ထပ် အဲ့လို ဟင်းလျာမျိုးတွေကို ချက်တတ်သေးလား ဆိုပြီး မေးခဲ့ကြတယ်။ အကုန်လုံးက တောင်းဆိုနေတော့ ကျွန်မ ဒီနေ့ နောက်ထပ် ရွေးချယ်စရာ ဟင်းလျာလေးတွေ ချက်ပြပေးသွားပါ့မယ်”
“ပထမဆုံး ဟင်းပွဲရဲ့ နာမည်က အမဲသား နွှားလျှာ ငရုပ်ဆီဟင်း ဖြစ်ပါတယ်။ ဒီဟင်းပွဲက အရမ်းလည်း စားကောင်းပါတယ်။ အဲ့ဟင်းပွဲက ဘယ်လို ဟင်းပွဲမျိုးလဲ ဆိုတာ နာမည်ကို ကြည့်ရုံနဲ့ ပြောနိုင်မှာပါ။ ပါဝင်ပစ္စည်းတွေအနေနဲ့ဆိုရင် အမဲသားလွှာ ၊ နွားလျှာနဲ့ ငရုတ်ဆီ ပါဝင်ပါတယ်”
အမဲသားလွှာ နွားလျှာ ငရုတ်ဆီဟင်းက တကယ်တော့ အအေးစာ တစ်မျိုး ဖြစ်သည်။ သူမက ပါဝင်ပစ္စည်းတွေကို အရင်ဆုံး အိုးအလုံပိတ်၍ နှပ်ကာ အသားလွှာလေးတွေ ဖြစ်အောင် လှီးထားလိုက်၏။ ထို့နောက် အရသာမှုန့်တွေ ထည့်ကာ မွှေကြော်ပြီးနောက် ပန်းကန်ပြားပေါ်မှာ ထည့်ထားလိုက်သည်။ စုယန်ယန်ရဲ့ ဓားကိုင်စွမ်းရည်တွေက ဒီဟင်းပွဲကို ပြင်ဆင်ရာမှာ တော်တော်လေး ထိရောက်၏။ အမဲသားနှင့် နွားလျှာက တော်တော်လေး ထူကာ ပန်းကန်ပြားထဲ ထည့်လိုက်တော့ စားချင်စဖွယ် အမြင်တင့်တယ်သွားလေသည်။ ပြီးတော့ ဒီဟင်းပွဲက နူးညံ့လတ်ဆတ်ပြီး ပူပူစပ်စပ် မွှေးမွှေးလေး ဖြစ်သည်။ ဟောက်ချန်ဟွမ်း ကြိုက်တဲ့ အရသာနှင့် တစ်ထပ်တည်းမို့ ဒီမွေးနေ့ရှင် ကောင်လေးရဲ့ မျက်နှာသာပေးမှုကို သူမ ရလိမ့်မယ် ဆိုတာ အသေအချာပင်။
+++++