အခန်း ၆၅၃
Vol. 44 Ch. 653
653 01
အခန်း ( ၆၅၃ ) စနစ်က အသက်မပြည့်သေးဘူး။
စုယန်ယန်သည် စက္ကန့် အနည်းငယ်လောက် ဆွံ့အနေပြီးမှ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ အံ့ဩထိတ်လန့်စွာ ခပ်တိုးတိုး ပြောလိုက်၏။ “နင် ဘာပြောလိုက်တာလဲ စနစ်။ ငါ့မှာ ကလေး ရှိနေတယ်တဲ့လား။ ငါ့မှာ ကလေးရှိနေတာလား။ ကလေးက ဘယ်လိုလုပ် … ။ အခုလေးတင်လား”
[ စိတ်မပူပါနဲ့ Host ။ ကလေးက အခု အဆင်ပြေနေပါတယ်။ ပင်ပန်းတဲ့ အလုပ်တွေ ဆက်တိုက် လုပ်နေလို့ Host ရဲ့ ခန္ဓာကိုယ်က တော်တော်လေး အားနည်းနေရုံပါပဲ ၊ အဲ့ဒါက ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း မကောင်းဘူး။ ကလေး ဘေးကင်းပြီး ကောင်းကောင်း ဖွံ့ဖြိုးနေတယ် ဆိုတာကို သေချာစေဖို့ တင်ဆက်သူကို ဒီအတောအတွင်း ကောင်းကောင်း အနားယူဖို့ပဲ အကြံပေးချင်ပါတယ်။ ]
စုယန်ယန်က စနစ်ရဲ့ စကားကို ကြားတော့ စိတ်လည်း အေး ၊ ထိတ်လည်း ထိတ်လန့်သွားမိသည်။ သူမရဲ့ ဗိုက်ကို သူမ စမ်းသပ်လိုက်၏။
သူမနှင့် ဟောက်ချန်ဟွမ်းရဲ့ ကလေးလေး ဗိုက်ထဲမှာ ရှိနေတာတောင်မှ သူမကတော့ ဘာကိုမှ မသိခဲ့ပေ။
“နင်က အခု ငါနဲ့ ငါ့ကလေးကို အခု ကာကွယ်ပေးနေတာလား စနစ်”
သူမရဲ့ ခေါင်းထဲမှာ ဘာတုံ့ပြန်စကားမှ ထွက်ပေါ်မလာခဲ့။ စနစ်က ဘာမှ ပြန်ပြောမှာ မဟုတ်ဘူးလို့ စုယန်ယန် တွေးလိုက်ချိန်မှာပဲ ရင်းနှီးနေတဲ့ စက်ရုပ်သံလို အသံ တစ်မျိုးကို ခေါင်းထဲမှာ ကြားလိုက်ရသည်။
[ … ဟုတ်ပါတယ်။ ]
စုယန်ယန် ခပ်တင်းတင်း လက်သီးဆုပ်ကာ စိတ်ရင်းဖြင့် ပြန်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်” စုယန်ယန်သည် ဤအဖြစ်အပျက်ကြောင့် သဘာဝကျစွာပင် မီးဖိုချောင်ထဲမှာ အလုပ် ဆက်မလုပ်ရဲတော့ပေ။
ကံကောင်းစွာဖြင့် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို ပြင်ဆင်ပြီးသားဖို့ ဟောက်ချန်ဟွမ်း ပြန်လာတော့မှ ကျန်တဲ့ သက်ရှည်ခေါက်ဆွဲတွေကို ပြင်လို့ ရသည်။
စုယန်ယန်သည် ဒီလို အခြေအနေမျိုးမှာ သူမ ကိုယ်ဝန်ရလာတယ် ဆိုတာကို ယုံကြည်ရခက်နေသည်။ ဗိုက်ကို လက်ဖြင့် ပွတ်ရင်း “သူမမှာ ကိုယ်ဝန်ရှိနေတာ သေချာရဲ့လား ” ဟာ စနစ်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးနေမိသည်။
ကံကောင်းချင်တော့ စနစ်ကလည်း ပထမဆုံးအကြိမ် မိခင် ဖြစ်ရတဲ့ သူမရဲ့ စိတ်လှုပ်ရှားမှုကို နားလည်ကာ သူမ မေးသမျှကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးနေခဲ့သည်။ မဟုတ်ရင် သူ့ဆီက တစ်ခါ တစ်ခါ အဖြေပြန်ရဖို့အရေး အတော် စောင့်ရသည်။
ဆယ်မိနစ်အကြာ နောက်ဆုံးတွင်တော့ စုယန်ယန် စိတ်တည်ငြိမ်သွားကာ ကလေးရဲ့ အခြေအနေကို စတင် မေးခွန်းထုတ်လိုက်သည်။
“ငါ ကိုယ်ဝန်ရှိနေတာ ဘယ်လောက် ကြာပြီလဲဟင်”
စနစ်က စုယန်ယန်ကို အချိန် အတိအကျ ပြောပြသည်။ တွက်ကြညည့်လိုက်တော့ အဲ့ဒါက သူမနှင့် ဟောက်ချန်ဟွမ်းတို့ တောင်ထိပ်ကို မရောက်ခင် တစ်ည ဖြစ်နေသည်။
အဲ့လို တွေးမိတော့ စုယန်ယန် ရှက်သွားမိသည်။ ဒါက သူ့ကို သူမ အပိုင်ချုပ်လိုက်တဲ့ သဘောလား။ သူတို့ နှစ်ယောက် လက်ထပ်ပြီးကတည်းကနေ အခုချိန်ထိ လင်မယားလို နေဖူးတာ သုံး ၊ လေးကြိမ်သာ ရှိပါသေးသည်။ အဲ့ဒါတောင်မှ …
သို့သော်လည်း သူမ တစ်စုံတစ်ခုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။ “နေပါဦး။ ချန်ဟွမ်းနဲ့ ငါနဲ့ ရှိနေတုန်း နင် … ” လက်ရှိ အချိန်မှာ စနစ်က သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတာလို့ ပြောလို့ ရသည်။ အဲ့တော့ သူမ ဟောက်ချန်ဟွမ်းနဲ့ အတူ ရှိနေတုန်းကရော သူ … အကုန် မြင်လိုက်တာလား။ သူမမှာ ကိုယ်ရေးကိုယ်တာ လျို့ဝှက်ချက် ဆိုတာ မရှိတော့ဘူးလား။
[ … ]
653 02
စနစ်က စုယန်ယန်ရဲ့ မေးခွန်းကြောင့် ပြောစရာ စကားမရှိ ဖြစ်သွားသည်။ အချိန် အတော်ကြာတော့မှ သူ ပြန်ပြောလိုက်၏။
[ စနစ်မှာ အသက်မပြည့်သေးတဲ့ လူတွေအတွက် ကာကွယ်မှု စနစ် ရှိပါတယ်။ Host နဲ့ Host ရဲ့ ခင်ပွန်းတို့ နမ်းနေတာနဲ့ စနစ်က ပန်းချီတွေကိုပဲ မြင်ရတော့တာပါ။ ပြီးတော့ ( ၁၈ ) နှစ်အထက် မြင်ကွင်းတွေ ရောက်လာတာနဲ့ စနစ်က ဘာမှ မမြင်ရတော့ပါဘူး။ ]
ငါ့မျက်လုံးထဲက ဖန်သားပြင်ပေါ်မှာ မင်းတို့ နမ်းနေတာတွေ အကုန်လုံးကို ပန်းချီအနေနဲ့ပဲ မြင်ရတာ ၊ မင်းတို့ရဲ့ လှုပ်ရှားမှုတွေက လည်ပင်းအောက်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ငါ ဘာမှ မမြင်ရတော့ဘူး။ ဘာကို လာစိုးရိမ်နေတာလဲ။
မင်းရဲ့ တားမြစ်ထားတဲ့ ( ၁၈ ) နှစ်အထက် မြင်ကွင်းတွေကို ငါ ကြည့်ချင်တယ်လို့ ထင်နေတာလား။ ငါက အခုမှ ကလေးလေးပဲ ရှိသေးတာ … ။
စုယန်ယန်သည် စနစ်ရဲ့ စကားကို ကြားတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမ အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားမိသည်။ “နင် အသက်မပြည့်သေးတာလား”
အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ် တစ်ခုကို အသက်တွက်ပြီး အသက်မပြည့်သေးဘူးတွေ ၊ ပြည့်တယ်တွေ လုပ်လို့ ရလို့လား။
[ … စပြီး တည်ရှိတဲ့ အချိန်ကတည်းက ဒီစနစ်ကို အသုံးပြုတာ တစ်နှစ်တောင် မရှိသေးပါဘူး။ ] ငါက မင်းရဲ့ ခွေးငတုံးထက်တောင်မှ အသက်ငယ်ဦးမယ် ထင်တယ်။
မဟုတ်သေးပါဘူး ၊ ငါက ဉာဏ်ရည်မြင့် စနစ် တစ်ခုလေ။ ဘာလို့ အဲ့ဒီ ခွေးငတုံးနဲ့ သွားယှဉ်နေတာလဲ။ Virus အကိုက်ခံရပြီး စိတ်လွတ်သွားတာလား။
+++++