အခန်း ၆၅၄
Vol. 44 Ch. 654
654 01
အခန်း ( ၆၅၄ ) ပျော်ရွှင်စရာ မွေးနေ့ပါ။
ချိန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီကို စာရွက်စာတမ်းတွေ သွားပို့ဖို့ ဟောက်ချန်ဟွမ်းကို အကူအညီတောင်းထားသော်လည်း အဲ့လို လုပ်ရတာ မလွယ်ပါ။
ချိန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီက ရာထူးအမြင့်ပိုင်း ဝန်ထမ်းတွေက ဟောက်ချန်ဟွမ်းကို အချိန်ဆွဲဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပေမဲ့ သူ့ကို အကြာကြီး ဆွဲမထားနိုင်ခဲ့ကြပေ။
ဟောက်ချန်ဟွမ်းက တစ်နာရီတောင် မပြည့်လိုက်ဘဲ ချန်အိမ်တော်ဆ္ ပြန်ပြေးသွားခဲ့သည်။
အဲ့လို ဆိုရင်တောင် သူ အိမ်ပြန်ရောက်တော့ ညမှောင်ရီပျိုးနေပါပြီ။
အခန်းထဲမှာ မှောင်မည်းနေပြီး မီး တစ်ပွင့်မှ ဖွင့်မထားတာကို မြင်တော့ ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီဟု သူ ခံစားလိုက်ရ၏။
အကုန်လုံး အပြင်သွားနေကြတာလား ၊ ဒါမှမဟုတ် … ။
ဟောက်ချန်ဟွမ်းသည် နားမလည်နိုင်တာ တစ်ဖက် ၊ စိုးရိမ်တာ တစ်ဝက်ဖြင့် ဟောခန်းထဲကို လျှောက်သွားပြီး မီးဖွင့်ဖို့ လုပ်လိုက်သည်။
အခန်းထဲမှာ မီးတွေ အရင်ဆုံး လင်းသွားသည်။ တစ်ချိန်တည်းမှာပဲ ဖဲကြိုး လှလှ ၊ ရောင်စုံစက္ကူ လှလှလေးတွေ သူ့ခေါင်းပေါ်ကို ဖွေးခနဲ ကျရောက်လွှမ်းခြုံသွားသည်။
ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ ထိုပြောင်ပြောင်လက်လက် စက္ကူစလေးတွေကို လက်နှင့် ကာလိုက်ကာ သူ့အမူအရာက အံ့လည်း အံ့ဩ ၊ နားလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ သေချာ ကြည့်လိုက်တော့မှ အိမ်ထဲမှာ လူတွေ အများကြီး ရှိနေမှန်း သိသွားသည်။ သူတို့ရဲ့ လက်ထဲမှာ မလွှင့်တင်ရသေးသည့် ရောင်စုံ စက္ကူစတွေ ၊ ဖဲကြိုးတွေကို ကိုင်ထားဆဲ ဖြစ်ကာ ခုနတုန်းက သူ့ခေါင်းပေါ်ကို စက္ကူစတွေ ကျဲချလိုက်တဲ့ တရားခံက ဒီလူတွေပါပဲ။ သူတို့ရှေ့မှာတော့ စားပွဲအပြည့် စားကောင်းသောက်ဖွယ်တွေနှင့် လှပတဲ့ သုံးထပ်ကိတ် တစ်လုံး ရှိလေ၏။
“မင်းတို့တွေ … ”
ဟောက်ချန်ဟွမ်းရဲ့ စကားမဆုံးသေးခင်မှာပဲ လူတိုင်းက ပျော်ရွှင်စွာ ပြိုင်တူ အော်ပြောခဲ့ကြသည်။ “ပျော်ရွှင်စရာ မွေးနေ့ပါ”
မွေးနေ့ .. ဟုတ်လား။ ဟောက်ချန်ဟွမ်း ဆွံ့အသွားသည်။ ထို့နောက် သူ့မျက်နှာ မည်းမှောင်သွား၏။ သူ့ပုံစံက နည်းနည်းလေးတောင် ပျော်ရွှင်တဲ့ပုံ ပေါက်မနေပါ။ စုယန်ယန်က သူ အဲ့လို ဖြစ်မယ် ဆိုတာ ကြိုမျှော်လင့်ထားပုံပေါ်သည်။
သူ ဒေါသမထွက်နိုင်သေးခင်မှာပဲ စုယန်ယန်က သူ့ကို ပွေ့ဖက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “အကုန်လုံးလည်း ဒီမှာ ရောက်နေပြီ။ ကျွန်မ ရှင့်ကို နောက်မှ ရှင်းပြမယ်နော်”
စုယန်ယန်ရဲ့ စကားတွေက ဟောက်ချန်ဟွမ်းကို အနည်းငယ် စိတ်တည်ငြိမ်သွားစေသည်။ ဘေးမှာ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီး ရှိနေတာမို့ သူ ဒေါသမထွက်သင့်ပါ။ သူ့ကို စားပွဲဆီ ခေါ်သွားတဲ့ စုယန်ယန်နောက်ကို နှုတ်ဆိတ်လျက် လိုက်သွားလိုက်သည်။
ဒီမွေးနေ့ပွဲကို လာတဲ့ လူရယ်လို့ အများကြီးတော့ မရှိပါ။ သခင်ကြီးချိန်နှင့် ချင်ရွှယ်ရူအပြင် သတင်ကြားထားတဲ့ အဘိုးကြီး အနည်းငယ်သာ ရှိသည်။
လဝက်ကြာ အတူတကွ ဖြတ်သန်းပြီးနောက်တွင် သူတို့အားလုံးကို အသိမိတ်ဆွေတွေလို့ သတ်မှတ်လို့ ရပြီမို့ သူတို့ကလည်း သဘာဝကျစွာပင် စကားပြောဖို့ မရှောင်ခဲ့ကြပါ။
သူတို့က စုယန်ယန်ကို မြင်သည်နှင့် သူမကို မစနောက်ဘဲ မနေနိုင်ကြပေ။ “မင်း ငါတို့ရဲ့ ယန်ယန်ကို ရအောင် ယူနိုင်တာ အရမ်း ကံကောင်းတယ်နော် လူငယ်လေးဟောက်။ ယန်ယန်က တစ်နေ့ခင်းလုံး ဒီစားပွဲအပြည့် ဟင်းတွေကို ကြိုးကြိုးစားစား ချက်ရင်း အလုပ်ရှုပ်နေခဲ့တာ”
“ဟုတ်တယ်။ စားပဲအလယ်က ကိတ်မုန့်ကြီးကို ကြည့်လိုက်ပါဦး။ ဒီလောက် နှစ်တွေ အများကြီး နေလာခဲ့ပေမဲ့ အဲ့လောက် လှတဲ့ ကိတ်မုန့်ကြီးကို ငါ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ။ အပေါ်ဆုံးက အဖြူရောင်အလွှာကို နွားနို့တွေ ၊ ကြက်ဥတွေနဲ့ လုပ်ထားတာပဲ ဖြစ်ရမယ်။ စားကောင်းမယ့် ပုံပဲ”
“မင်းရဲ့ မွေးနေ့တုန်းက မင်းအတွက် ဒီလို ကိတ်မုန့်မျိုး လုပ်ပေးဖို့ ယန်ယန့်ကို ဘာလို့ မတောင်းဆိုခဲ့တာလဲ အဘိုးကြီးချန်။ ဘာပဲပြောပြော လူငယ်တွေက အဘိုးကြီးတွေရဲ့ နေရာကို အစားထိုးသွားပြီ။ မင်းတို့လို အဘိုးကြီးတွေက လူငယ်တွေလောက် ဆွဲဆောင်မှုမရှိတော့ဘူး”
သခင်ကြီးချိန်က မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။
အဘိုးကြီးလီနှင့် သူနှင့် နေ့တိုင်း တွေ့လိုက်တာနှင့် တကျက်ကျက် ရန်ဖြစ်နေရတာ အကြောင်းပြချက်မဲ့ မဟုတ်ပါ။ ဒင်းက သူ့ရင်ဝကို တည့်တည့်ကြီး ဆောင့်ကန်သည့် စကားတွေကို အမြဲ ပြောကာ သူ့ကို မုန်းတီးစွာ အံကြိတ်မိစေသည်။
654 02
ဒီတစ်ခေါက်လည်း အတူတူပါပဲ။ စုယန်ယန်က ဟောက်ချန်ဟွမ်းက ဟောက်ချန်ဟွမ်းအတွက် မွေးနေ့ပွဲ ပြင်ဆင်ပေးကာ ကိတ်မုန့် အကြီးကြီး တစ်လုံးလည်း လုပ်ပေးခဲ့သည်။ အဲ့ဒါကို သခင်ကြီးချိန် နားလည်သော်လည်း နည်းနည်းတော့ မနာလို ဖြစ်မိပါသေးသည်။
အဘိုးလီက သူ့စိတ်ကို လာဆွနေသောအခါ သူ တံမြက်စည်း ပြေးယူပြီး မောင်းထုတ်ပစ်လိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာရသည်။
စုယန်ယန်က ပြဿနာရှာချင်နေသည့် အဘိုးလီကို စိတ်ထဲကနေ လက်ဖျားရော ၊ ခြေဖျားပါ ခါလိုက်ရသည်။ “ကိတ်မုန့်ဖုတ်နည်းကို သမီး လေ့လာထားတာ မကြာသေးလို့ပါ။ အဘိုး ကြိုက်တယ်ဆို အဘိုးရဲ့ ဒီနှစ် မွေးနေ့ပွဲမှာ ပိုကြီး ၊ ပိုလှတဲ့ ကိတ်ကို သမီး လုပ်ပေးပါ့မယ်”
+++++