← Chapters

အခန်း ၆၅၇

Vol. 44 Ch. 657

အခန်း ၆၅၇

Vol. 44 Ch. 657

657 01

အခန်း ( ၆၅၇ ) နားလည်မှုလွဲသွားခြင်း။

ဟောက်ချန်ဟွမ်းက သူမစကားကို ကြားတော့ ဆွံ့အသွားသည်။ သူ အဲ့ဒီအချိန်တုန်းက ပြောခဲ့မိတဲ့ စကားကို ပြန်သတိရသွားကာ မလုံမလဲစိတ်ဖြင့် ပြောလိုက်၏။ “ဒီလို သဘာဝအတိုင်း ဖြစ်လာတဲ့ ကိစ္စမျိုးကိုတော့ လိုချင်ပါတယ်လို့လည်း ကိုယ် ပြောခဲ့ပါသေးတယ်။ ကိုယ်က ဒီလောက် အမြန် … ”

“ဒီလောက် အမြန် ဖြစ်လာမယ်လို့ ‌ထင်မထားတာလား”

“အင်း” ဟောက်ချန်ဟွမ်းသည် စိတ်နှင့်ကိုယ်နှင့် မကပ်သလို ငူငူငိုင်ငိုင် ဖြစ်နေဆဲ ဖြစ်သည်။ သူ့ကိုယိသူ အိပ်မက်နေ‌သလိုပဲလို့သာ ခံစားရကာ တကယ့်အစစ်လို့ နည်းနည်းလေးတောင် မခံစားရပေ။ ‘ ရှင်နဲ့ လက်ထပ်ချင်တယ် ’ လို့ စုယန်ယန် ရုတ်တရက်ကြီး ပြောခဲ့တဲ့ အချိန်တုန်းကလိုပါပဲ။

အခုတော့ သူက သူမကို လက်ထပ်ခဲ့ရုံသာမက သူမနှင့် ရတဲ့ ကလေးတောင် ရှိနေခဲ့ပါပြီ။

ဟောက်ချန်ဟွမ်းရဲ့ ဘဝမှာ တိမ်တွေပေါ်ကို ခြေချမိသလို ခံစားရတာ ဒါ ဒုတိယအကြိမ်ပါပဲ။ အိပ်မက်လို ခံစားနေရသည်။

“မင်း ကိုယ်ဝန်ရှိနေတာ တကယ်လားဟင်” စုယန်ယန်က သူ့ရဲ့ ထပ်တလဲလဲ အတည်ပြုနေသော စကားကြောင့် ရယ်ချင်သွား၏။ သူမ သူ့နှာခေါင်းကို လိမ်ဆွဲပြီး ဒေါသထွက်သလို ဟန်ဆောင်လိုက်သည်။ “ဘယ်လိုလုပ် လိမ်ပြောတာ ဖြစ်ရမှာလဲ”

“ဒါဆို မင်းက အမေ ဖြစ်တော့မှာပေါ့နော်။ ကိုယ်ကရော အဖေ ဖြစ်တော့မှာပေါ့ … ”

“အင်း”

“ကိုယ် … ကိုယ် … ”

စုယန်ယန်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ “ကျွန်မ ကိုယ်ဝန်ရှိနေတာ တစ်လကျော်သွားပြီ။ တောင်ပေါ်ကို သွားတဲ့ နေ့တုန်းက ဖြစ်မယ် ထင်တယ်”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက ပြောင်းလဲသွားကာ စုယန်ယန်ကို ကြည့်လိုက်သည်။ “ဒါက ကိုယ့်‌မိဘတွေ အရိပ်အမြွက်ပြနေတာလို့ မင်း ထင်လားဟင်”

“ဘာကို အရိပ်အမြွက်ပြနေတာလဲ”

“အတိတ်က ကိုယ်တို့နောက်မှာ ကျန်ခဲ့ပြီမို့လို့ ဘဝသစ် တစ်ခုကို စတင်သင့်ပြီလို့လေ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို စိုက်ကြည့်နေခဲ့သည်။ ခဏကြာတော့မှ သူမ သိနေပြီးသား အရာကို သူ ပြောလိုက်၏။ “မင်း … ”

“ချန်ဟွမ်း” စုယန်ယန်က သူ့ကို စကားဖြတ်ပြောကာ သူ့လက်ကို ကိုင်၍ သူမရဲ့ ဗိုက်ပေါ် တင်ထားလိုက်သည်။ “ဒါက ကျွန်မတို့ရဲ့ အနာဂတ်ပဲ။ ရှင့်မိဘတွေ ရှင့်ကို ချစ်ခဲ့သလိုပဲ ရှင်လည်း ဒီကလေးကို ချစ်ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်။ အဲ့ဒါကို လွှတ်ချလိုက်ပါတော့။ အတိတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ၊ လွှတ်ချလိုက်တော့။ အနာဂတ်မှာ ကျွန်မတို့ရဲ့ ကလေးလေး ရှိလာရင် ဘဝက ပိုပျော်ရာကောင်းလာလိမ့်မယ်”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်နှာကို စိုက်ကြည့်နေရင်း သူ့ရင်ခုန်သံက စည်းချက် တစ်ချက် လွတ်သွား၏။ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲကာ ပျောက်ကွယ်နေခဲ့ပုံပေါ်သော လေးလံမှု တစ်ခုက သူ့နှလုံးသားပေါ် သိပ်သည်းစွာ ကျရောက်လာခဲ့သည်။ စုယန်ယန် ကိုယ်ဝန်ရှိနေလို့ သူ ဒီလို ခံစားရတာလား ၊ ဒါမှမဟုတ် ဒီလောက် အကြာကြီး အလုပ်ရှုပ်နေပြီးတဲ့နောက် အဆုံးသတ်မှာ သူမ လိုချင်တဲ့ ရလဒ်တွေကို ရလိုက်လို့လား။

သူ့ရဲ့ တင်းမာနေတဲ့ အာရုံကြောတွေ ပြေလျော့သွားကာ ပင်ပန်းနွမ်းနယ်မှုတို့ လှိုက်တက်လာသည်။

အဲ့ဒီညမှာ သူမ ဘယ်လို အိပ်ပျော်သွားခဲ့တာလဲ ဆိုတာ စုယန်ယန် မေ့လျော့သွားသည်။ နောက်တစ်နေ့မနက် ရောက်တော့ ဟောက်ချန်ဟွမ်း နိုးနေတာကို သူမ မြင်သွားပုံရသည်။ သူမ မျက်လုံးဖွင့်ချင်သော်လည်း သူ့ရဲ့ ချော့မော့ ပြောသော နူးနူးညံ့ညံ့ စကားကို ကြားနေရသည်။

657 02

“စောသေးတယ်။ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးနော်”

စုယန်ယန်သည် မျက်လုံးဖွင့်လို့ မရသောကြောင့် ချက်ချင်းပဲ ပြန်အိပ်ပျော်သွားသည်။

သူမ ပြန်နိုးလာတော့ အချိန်က ကိုးနာရီ ထိုးခါနီးနေပါပြီ။ ဟောက်ချန်ဟွမ်းကတော့ အခန်းထဲမှာ မရှိတော့။

စုယန်ယန်က သမ်းဝေလိုက်ပြီး မျက်နှာသစ် ၊ ကိုယ်လက်သန့်စင်ကာ ထွက်လာခဲ့ချိန်တွင် ချင်ရွယ်ရူ ၊ ချိန်ကျွင်းဟောက်တို့နှင့် ဝင်တိုက်မိလေသည်။

စုယန်ယန်ကို မြင်တော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းလဲသွားသည်။

“နင် နိုးပြီလား”

“ဟုတ်ကဲ့” စုယန်ယန်သည် ကျောရိုး တစ်လျှောက် ကြက်သီးစိမ့်ဖြာသွားမိသည်။ သူမရဲ့ မျက်နှာကို အူကြောင်ကြောင်လေး ထိကိုင်ကြည့်ရင်း မေးလိုက်၏။ “ဘာဖြစ်လို့လဲဟင်။ ဒေါ်လေးတို့ ဘာလို့ သမီးကို အဲ့လို ကြည့်နေတာလဲ”

“နင်တို့တွေ မနေ့ညတုန်းက တော်တော်လေး ပင်ပန်းခဲ့မှာပဲ”

“ဟမ်” စုယန်ယန်က စက္ကန့်အနည်းငယ်ကြာအောင် အူကြောင်ကြောင်လေး ဖြစ်သွားပြီးမှ တအံ့တဩ ပြောလိုက်သည်။ “မနေ့ညတုန်းက ကျွန်မတို့ကို ဒေါ်လေးတို့ရဲ့ ဘယ်မျက်လုံးနဲ့ မြင်ခဲ့တာလဲ”

“အဲ့လိုကြီး မြင်ခဲ့တာတော့ မဟုတ်ဘူးလေ” စုံတွဲလေးသည် တစ်ယောက်ကို တစ်ယောက် ကြောင်အမ်းအမ်း ပြန်ကြည့်လိုက်ကြသည်။ “မနေ့ညတုန်းက ညသန်းခေါင်အထိ နင်တို့ရဲ့ အခန်းမီးတွေ လင်းနေတုန်းပဲ။ အခန်းထဲမှာ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့ ချန်ဟွမ်းကို အပြင်ကနေ ငါတို့ မြင်နေရတယ်”

ချန်မိသားစုအိမ်တော်က ခြံဝန်းအိမ် တစ်လုံးနှင့် ခပ်ဆင်ဆင် တူသည်။ အိမ်မှာ ရှိတဲ့ ပြတင်းပေါက် အများစုက အထဲကို ဖောက်မြင်ရတဲ့ ပြတင်းပေါက်မျိုးတွေ ဖြစ်သည်။ ညဘက်ဆို လိုက်ကာတွေ ဆွဲချထား၍ အထဲမှာ ဘာလုပ်နေလဲ ဆိုတာ မမြင်ရသော်လည်း လိုက်ကာနားမှာ လမ်းလျှောက်နေတဲ့ လူတွေရဲ့ အရိပ်ကိုတော့ အပြင်က လူတွေ မြင်ရသည်။

+++++

All Chapters