← Chapters

အခန်း ၆၅၉

Vol. 44 Ch. 659

အခန်း ၆၅၉

Vol. 44 Ch. 659

659 01

အခန်း ( ၆၅၉ ) စီနီယာ ကလေးလေး။

စုယန်ယန်က ထိုစကားကို ကြားတော့ အံ့ဩသွားသည်။ သူမ ခပ်တိုးတိုး ရယ်လိုက်၏။ “ကျွန်မ နေကောင်းပါတယ် ဒေါ်လေးရဲ့။ အဘိုး ဘယ်သွားလဲဟင်”

သူတို့ နှစ်ယောက်က စုယန်ယန်ကို သံသယမကင်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ “သူ အိမ်ရှေ့ခန်းထဲမှာ ရှိတယ်”

“အဲ့ဒါဆို အချိန်ကိုက်ပဲ။ အဘိုးကို ခေါ်ပေးလို့ ရမလားဟင် ဦးလေး။ ကျွန်မမှာ အားလုံးကို ကြေညာစရာ တစ်ခု ရှိတယ်”

ချိန်ကျွင်းဟောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ စိတ်ရှုပ်ထွေးသွားသော်လည်း စုယန်ယန် ပြောတဲ့အတိုင်း အဘိုးချိန်ကို သွားခေါ်ပေးလိုက်၏။

လူစုံတက်စုံ ရောက်လာချိန်မှာ ဟောက်ချန်ဟွမ်းက စုယန်ယန် ဗိုက်ဖြည့်ရန်အတွက် လတ်လတ်ဆတ်ဆတ် ပူ‌ပူနွေးနွေး ပဲပေါက်စီ အနည်းငယ်ကို မီးဖိုချောင်ထဲကနေ ထုတ်ယူလာခဲ့သည်။

သခင်ကြီးချိန်လည်း ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။ “ဘာဖြစ်တာလဲ ယန်ယန်”

“တကယ်တော့ ကိစ္စ ကြီးကြီးမားမားရယ်တော့ မဟုတ်ပါဘူး။ ဒီတိုင်း … ” စုယန်ယန်က ပါးစပ်ထဲက ပဲပေါက်စီကို မျိုချပြီးမှ လေးလေးနက်နက် ပြောလိုက်သည်။ “သမီးမှာ ကိုယ်ဝန်ရှိနေပြီ”

အခန်းထဲမှာ ရုတ်ချည်း တိတ်ဆိတ်သွား၏။ ချင်ရွယ်ရူနှင့် သူမရဲ့ ခင်ပွန်းသည် စုယန်ယန်က နေမကောင်းဖြစ်နေတာ မဟုတ်ဘဲ သူမကို စိတ်မပူစေချင်၍ အမှန်တရားကို တမင်သက်သက် ဖုံးကွယ်ထားကြောင်း သိသွားသောအခါ ‌ဆွံ့အသွားကြလေသည်။

သခင်ကြီးချိန်က မျက်လုံးပြူးသွားပြီး အချိန်အတော်ကြာသည်ထိ ဘာမှ ပြန်မပြောနိုင်ခဲ့။

စက္ကန့် အနည်းငယ် အကြာမှာ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သူက သခင်ကြီးချိန် ဖြစ်သည်။ သူက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြ သူ့လမ်းလျှောက်တုတ်က ကြမ်းပြင်ပေါ်ကို ဒေါက်ခနဲ လဲကျသွားသည်။

“နင့်မှာ ကိုယ်ဝန်ရှိနေပြီ .. ဟုတ်လား”

“ဟုတ်ကဲ့” သူမခင်ပွန်းရဲ့ အံ့ဩပျော်ရွှင်နေသော မျက်နှာကို မနေ့ညတုန်းက မြင်ထားသော စုယန်ယန်သည် အလွန် တည်ငြိမ်နေခဲ့သည်။ သူမ ပြုံးပြီး ပြောလိုက်၏။ “တစ်လကျော်သွားပါပြီ”

နောက်ဆုံးတော့ ချိန်ကျွင်းဟောက်နှင့် သူ့ဇနီးက ဖြစ်ပျက်ဆနသော အခြေအနေကို နားလည်သွားကြသည်။ သူတို့ မရယ်မိဘဲ မနေနိုင်ပေ။ “နင်နဲ့ ချန်ဟွမ်း လက်ထပ်ထားတာ အခုဆို နှစ်ဝက်တောင် ကျော်နေပြီလေ။ နင်တို့ နှစ်ယောက် ကလေးယူဖို့ အချိန်တန်နေပြီ”

ပဲပေါက်စီကို စားနေသော စုယန်ယန်ရဲ့ ပါးစပ်က ချက်ချင်းပဲ ရပ်တန့်သွားကာ မျက်နှာလည်း အနီရောင်ပြောင်းသွားလေသည်။

တခြား လူတွေရဲ့ အမြင်မှာ သူတို့က လက်ထပ်ထားတာ နှစ်ဝက်ကျော်နေပြီ ဆိုပေမဲ့ လွန်ခဲ့တဲ့ တစ်လတုန်းကမှ လင်မယားအရာမြောက်ခဲ့တယ် ဆိုတာကိုတော့ သူမတို့ နှစ်ယောက်သာ သိသည်။

အတူတူ နေပြီး ရက် အနည်းငယ် အကြာမှာပဲ သူမ ကိုယ်ဝန်ရခဲ့တာ ဖြစ်သည်။ သူမရဲ့ ခင်ပွန်းက အထင်ကြီးစရာကောင်းတယ် ဆိုတာကိုတော့ ဝန်ခံရမည်။

“မနေ့ညတုန်းက အဲ့ကောင်လေး အရမ်း စိတ်လှုပ်ရှားနေခဲ့တာ အံ့ဩစရာ မရှိပါဘူး။ သူ ဒီနေ့မနက်လည်း အစောကြီး ထပြီး အိမ်ကို ဘယ်နှခေါက်မှန်းမသိ ပတ်ပြေးနေတာ။ လတ်စသတ်တော့ ဒါကြောင့်ကိုး”

တကယ်လို့ ချိန်ကျွင်းဟောက်သာ ထိုအကြောင်းကို မပြောလျှင် စုယန်ယန်လည်း အဲ့ဒီလို တွေးမိမှာ မဟုတ်ပါ။ ဟောက်ချန်ဟွမ်းကို သူမ အပြုံးယဲ့ယဲ့ဖြင့် လှည့်ကြည့်လိုက်သည်။

ဟောက်ချန်ဟွမ်းက မလုံမလဲ ခံစားလိုက်ရသော်လည်း ချိန်ကျွင်းဟောက်ကို ဘာမှ ပြန်ချေပမနေတော့ပါ။ ဘာပဲပြောပြော အဲ့ဒါက အမှန်တရားပဲလေ။

ဟောက်ချန်ဟွမ်းအစား သူ့ကို မျက်လုံးလှိမ့်ကြည့်လိုက်တာက ချင်ရွယ်ရူ ဖြစ်သည်။ သူမရဲ့ စိတ်ထဲမှာ ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်နေကာ မညှာမတာ ပြောပစ်လိုက်သည်။ “အမယ် အမယ်။ ရှင်က ချန်ဟွမ်းကို လှောင်ရဲသေးတယ်ပေါ့လေ။ ဟိုးအရင် ကျွန်မ ကိုယ်ဝန်စရှိတုန်းက ညသန်းခေါင်ကြီး အိပ်ရာထပြီး ဝိတ်တုံး မခဲ့တာ ဘယ်သူလဲ။ ကျွန်မ အိပ်ပျော်နေတာနဲ့ပဲ ဘာမှ မသိတော့ဘူးလို့ ရှင် ထင်နေတာလား”

ဝိတ်တုံးမတယ် … ။ ခွီး …

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ အာရုံက ချက်ချင်း လမ်းကြောင်းပြောင်းသွားကာ ဟာသအလုပ်ခံသူလည်း ထွက်ပေါ်လာခဲ့သည်။

659 02

ချိန်ကျွင်းဟောက်သည် သူ့ကိုယ်သူ လုံအောင် ဖုံးနိုင်လှပြီဟု ထင်ထားသော လျို့ဝှက်ချက်လေးကို သူ့ဇနီးက မြင်သွားခဲ့လိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။ ထိုလျို့ဝှက်ချက်ကို လူတိုင်းရှေ့မှာ ထုတ်ဖော်ခံရဖို့ကိုတော့ ပိုလို့တောင် မမျှော်လင့်သေးသည်။

ကိုယ့်သေတွင်းကိုယ် တူးမိလိုက်တာပင်။ သူ အခုတော့ အကုန်လုံးကို နောင်တရ‌သွားပါပြီ။

မိန်းမရေ ၊ ကျေးဇူးပြုပြီး ဒီလောက် လူတွေ အများကြီးရဲ့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို နည်းနည်းတော့ အဖတ်ဆယ်ပေးပါကွာ။

ခင်ပွန်းဖြစ်သူရဲ့ အသနားခံနေသော အကြည့်ကြောင့် ချင်ရွယ်ရူက စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။ ထို့နောက် စုယန်ယန်ကို ပြန်လှည့်ကြည့်လိုက်၏။ “အစတုန်းကတော့ ငါတို့ရဲ့ ကလေးက သူနဲ့ သက်တူရွယ်တူ ကစားဖော် ကစားဖက် မရှိဘဲ တစ်ယောက်တည်း ဖြစ်နေမှာကို စိုးရိမ်နေတာ။ အခုတော့ ယန်ယန့်မှာ ကလေးရှိလာပြီ ဆိုတော့ အနာဂတ်မှာ သူတို့တွေ အတူတူ ကစားလို့ ရပြီ”

ချိန်ကျွင်းဟောက်က ထိုစကားတွေကို ကြားချိန်မှာ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ပေ။ “တကယ်တော့ သူတို့က သက်တူရွယ်တူတွေပဲ ဖြစ်မှာ ဆိုပေမဲ့ ငါတို့ကလေးက နည်းနည်းလေး စီနီယာပိုကျနေမလား ၊ အသက်ပိုကြီးနေမလား ဆိုတာ စိုးရိမ်မိတယ်”

ဘယ်သူက ပိုအသက်ကြီးလဲ ဆိုတဲ့ အကြောင်း ပြောနေစဉ်မှာ စုယန်ယန်ရဲ့ မျက်နှာ အမူအရာက ပြောင်းလဲသွားသည်။

“တကယ်တော့ တော်တော်လေးကို စီနီယာကျတာပါ။ ချန်ဟွမ်းနဲ့ လက်ထပ်ပြီးနောက်ပိုင်း ကျွန်မနဲ့ ရွယ်တူတွေဆီကရော ၊ ကျွန်မထက် အသက်ပိုကြီးတဲ့ လူတွေဆီကပါ ဒေါ်လေးလို့ အခေါ်ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ”

+++++

All Chapters