အခန်း ၆၆၀
Vol. 44 Ch. 660
660 01
အခန်း ( ၆၆၀ ) ချစ်ဇနီးလေး လုပ်ပေးတဲ့ ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ။
သူမက အဒေါ် တစ်ယောက် ဖြစ်နေခဲ့ပါပြီ။ သူမကလေးရဲ့ ဝမ်းကွဲဟု သတ်မှတ်လို့ ရသော ချင်ရွယ်ရူရဲ့ ဗိုက်ထဲက ကလေးဟာလည်း ဟောက်ချန်ဟွမ်းရဲ့ အသက်အရွယ်ကြောင့် ဝါအရ တော်တော်လေးကို အသက်ကြီးသည်ဟု ပြောလို့ ရသည်။
ဟောက်ချန်ဟွမ်းက မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရ၍ အငိုက်မိကာ သူ့အမူအရာက ထပ်မံ အေးစက်သွားသည်။
သူ အသက်ကြီးနေတဲ့ အချက်ကြောင့် စုယန်ယန်က သူ့ကို အိုနေပြီဟု ထင်သွားမှာ စိုးရိမ်မိသည်။ အဆုံးသတ်မှာတော့ သခင်ကြီးချိန်က သူ့ကို ကယ်တင်ပေးခဲ့ပါသည်။ “အသက်ပိုကြီးတာ ၊ ဝါကြီးတာနဲ့ ပတ်သက်လို့ ဘာမှ မှားနေတာ မရှိဘူး။ အနည်းဆုံးတော့ ဝါကြီးနေရင် ကိုယ်က သူများတွေကို အနိုင်ကျင့်လို့ ရပေမဲ့ သူများတွေကတော့ ကိုယ့်ကို အနိုင်ကျင့်လို့ မရဘူး”
နေရာမှာ ရှိနေတဲ့ လူ လေးယောက်လုံး ဆွံ့အသွားကြပေမဲ့ အသက်ပိုကြီးလေ ၊ ဉာဏ်ပိုကောင်းလေလို့တော့ သူတို့ ဝန်မခံနိုင်ပေ။
အဲ့ဒါက အသက်ကြီးတဲ့ လူတွေ ရတဲ့ အကျိုးအမြတ် မဟုတ်လား။ တကယ်လို့ ကိုယ်က သက်တူရွယ်တူ ဝါငယ်သူတွေနှင့် ငြင်းခုံ ရန်ဖြစ်လျှင်တောင် အမြဲတမ်း ထိခိုက်နစ်နာမှာက ဝါငယ်သူတွေပဲ ဖြစ်သည်။
ဘယ်သူ မှန်မှန် ၊ ဘယ်သူ မှားမှား ကိုယ့်ထက် အကြီးကို လေးစားမှု မရှိဘူးဟု စွပ်စွဲခံရရုံနှင့်ပင် အပြစ်တင်ခံရဖို့ လုံလောက်သည်။
သူ့ကို ဟောက်ချီဟန်က သိပ်ကို မုန်းတီးပြီး အဆက်အသွယ်တွေ ၊ ပတ်သက်မှုတွေ အကုန်လုံး ဖြတ်တောက်ပစ်ချင်နေတာကလည်း ဒီလို ပုံစံမျိုးပါပဲ။ ဟောက်ချန်ဟွမ်းကို သူ လိုအပ်တဲ့ အချိန် ၊ ဒါမှမဟုတ် အပြစ်ပေးချင်တဲ့ အချိန်မျိုးတွေမှသာ သူ့ကိုယ်သူ ဟောက်ချန်ဟွမ်းရဲ့ အစ်ကို ဆိုတာကို ရှောရှောရှူရှူ ပြန်အမှတ်ရသည်။
သူတို့တွေက ဟောက်ချီဟန်ကို ဟောက်ချန်ဟွမ်းရဲ့ အစ်ကို တစ်ဖြစ်လဲ မိသားစုဟု ခေါ်ပြီး ဟောက်ချီသန်ကို စိတ်မသက်မသာ ခံစားရအောင် လုပ်နေခဲ့ကြသည်။ လူတွေကတော့ ဒီတိုင်းလေးပဲ ပြောလိုက်တာ ဖြစ်ကာ ထိုအကြောင်းကို ဘာမှ ရှည်ရှည်ဝေးဝေး သိပ်မတွေးခဲ့ပေ။
ပဲပေါက်စီ နှစ်လုံးကို စုယန်ယန် စားပြီးသောအခါ အငွေ့တထောင်းထောင်း ထနေသော ဆန်ပြုတ်ပန်းကန်လေး ရောက်လာသည်။
စုယန်ယန်က စွပ်ပြုတ်ကို တစ်ငုံ သောက်ကြည့်ရင်း တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်သည်။ သူမ နူးညံ့စွာ မေးလိုက်၏။ “ရှင်ရော မနက်စာ စားပြီးပြီလား”
“ကိုယ် စားပြီးပါပြီ”
“စိတ်မပူပါနဲ့။ ဒါကို ထပ်စားလည်း ရှင် ဗိုက်တင်းမှာ မဟုတ်ဘူးရယ်” စုယန်ယန်က ပြောရင်း သူမနံဘေးရှိ ပန်းကန်ပြားထဉက ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) တစ်ခုကို ယူကာ ဟောက်ချန်ဟွန်းအား ပေးလိုက်သည်။ “ရှင့်ရဲ့ ဇနီးက ဒီဇနီးမယားကိတ်မုန့်ကို ရှင့်အတွက် လုပ်ပေးထားတာ။ ရှင် စားချင်လားဟင်”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွားကာ ပဲလမုန့်ကို နူးညံ့သော အမူအရာဖြင့် ကြည့်လိုက်၏။
ချိန်ကျွင်းဟောက်နှင့် တခြား လူတွေက ထွက်မသွားသေးပါ။ စုယန်ယန်ရဲ့ စကားတွေကို ကြားတော့ သူတို့ ချက်ချင်းပဲ စိတ်ဝင်စားသွားကြသည်။ “ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) တဲ့လား”
“အင်း”
ချင်ရွယ်ရူကလည်း ပဲလမုန့် တစ်ခုကို ယူကာ ကြည့်လိုက်သည်။ “ဒီမုန့်ကို နင် မနေ့တုန်းက လုပ်ထားတာမို့လား။ ဒီမုန့်ကိုတော့ မနေ့တုန်းက ငါ မမြင်မိဘူး ထင်တယ်”
“မနေ့တုန်းက စားစရာတွေလည်း လုံလုံလောက်လောက် ရှိနေတာနဲ့ စားပွဲပေါ်မှု ချမပေးခဲ့တာပါ။ ပြီးတော့ ဒါက ဗိုက်ပြည့်စေတဲ့ စားစရာမျိုး မဟုတ်တော့ ညစာတို့ ၊ နေလယ်စာတို့ စားရင် ထည့်စားလို့ မရဘူး။ မနက်စာ ၊ ဒါမှမဟုတ် နေ့လယ်ခင်း လက်ဖက်ရည်သောက်တဲ့အခါမျိုးတွေမှာပဲ စားဖို့ ပိုသင့်တော်တယ်”
အရေးအကြီးဆုံး အကြောင်းပြချက်ကတော့ သူမရဲ့ သဝန်တိုတတ်တဲ့ ချစ်သူလေး သဝန်တိုမှာကို စိုးရိမ်လို့ပါပဲ။
သူ့ဇနီးလေး မုန့်ဖုတ်ထားတဲ့ ပဲလမုန့်တွေကို သူ စားတာက အဆင်ပြေမဲ့ တခြားလူတွေပါ စားဖို့ ယူလာပေးတာကတော့ အရမ်းကြီး အဆင်မပြေပါ။
ချင်ရွယ်ရူက ခေါင်းညိတ်ပြီး သူမ ရှင်းပြတာကို လက်ခံလိုက်သည်။ သူမ ခေါင်းငုံ့ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပဲလမုန့်ကို တစ်ကိုက် ကိုက်ကြည့်လိုက်တော့ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။
660 02
“အရသာက တော်တော်လေး ချိုတာပဲ ၊ ပြီးတော့ စားရတာလည်း နည်းနည်းလေး နူးနူးညံ့ညံ့ ရှိတယ်။ စားကောင်းတယ်”
“ဟုတ်လား။ ငါလည်း စားကြည့်ဦးမယ်” ချိန်ကျွင်းဟောက်က ပဲလမုန့် တစ်ခုကို ဖျတ်ခနဲ ယူကာ ပါးစပ်ထဲ ထိုးသိပ် ထည့်လိုက်သည်။ ချင်ရွယ်ရူ ကိုယ်ဝန်ရှိချိန်ကတည်းက သူမသည် ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်သော အစားအစာတွေကိုသာ အနပ်တိုင်း စားခဲ့ရကာ ဒီလို အဆာပြေ မုန့်တွေ စားတာ ရှားသည်။ ချိန်ကျွင်းဟောက်ကလည ဒီလို မုန့်အချိုတွေကို မကြိုက်သဖြင့် စားပွဲပေါ်မှာ တင်ထားလျှင်တောင် ယူစားမှာ မဟုတ်ပေ။
စုယန်ယန်ရဲ့ စကားကြောင့် တစ်ခု ယူစားကြည့်လိုက်တော့ အမှန်တကယ်ပဲ စားကောင်းနေသည်။
စုယန်ယန်သည် အလွန် ပျော်ရွှင်သွားသော ချိန်ကျွင်းဟောက်နှင့် ချင်ကွှယ်ရူကို မြင်ချိန်မှာ မရယ်မိဘဲ မနေနိုင်ပေ။ သူမ သူတို့ကို ပဲလမုန့် တချို့ ထပ်ပေးလိုက်သည်။
ဟောက်ချန်ဟွမ်းက တောက်ပနေသော မျက်လုံးများဖြင့် ပဲလမုန့်ကို တစ်ကိုက် ကိုက်ကြည့်လိုက်၏။
ပဲလမုန့်က အရွယ်အစားလည်း မကြီးတာမို့ အရွယ်ရောက်ပြီးသား လူကြီးတွေ ပါးစက်ဟပြီး စားဖို့ ပြဿနာ မရှိပါ။
ဟောက်ချန်ဟွမ်းက ပဲလမုန့် တစ်ခုလုံးကို ချက်ချင်းပဲ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ စုယန်ယန်က သူ နင်နေမှာကို စိုးရိမ်၍ ရေ တစ်ခွက် အမြန် ထည့်ပေးလိုက်ရသည်။
“ဖြည်းဖြည်း စား ၊ ဖြည်းဖြည်း စား။ ရှင် ကြိုက်တယ် ဆိုရင် နောက်တစ်ခေါက်ကျ ကျွန်မ အများကြီး လုပ်ကျွေးလို့ ရတယ်”
“ဟုတ်ပါပြီ” ဟောက်ချန်ဟွမ်းက သဘောတူ လက်ခံပြီးမှ ပြန်ခေါင်းခါပြသည်။ “တခြား တစ်ယောက်ကိုပဲ လုပ်ခိုင်းလိုက်။ မင်းက အနားယူသင့်တယ်”
+++++