အခန်း ၆၆၂
Vol. 45 Ch. 662
662 01
အခန်း ( ၆၆၂ ) အနည်းဆုံးတော့ မင်းက ဘာက ကိုယ့်အတွက် ကောင်းလဲ ဆိုတာ မင်း သိပါသေးတယ်။
အခန်းထဲမှာ တိတ်ဆိတ်မှုတို့ ထပ်မံ ကြီးစိုးသွားသည်။ စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်းကို မုန့်ခွံ့ကျွေးနေဆဲ ရှိသေးရဲ့။ သူမ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း သခင်ကြီးချိန်ရဲ့ ရုတ်တရက် ပေါက်ကွဲခြင်းကို ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်သွားရသည်။
အချိန်မီ တုံ့ပြန်လိုက်နိုင်သော ဟောက်ချန်ဟွမ်းက ပေါင်မုန့် တစ်ချပ်ကို ပန်းကန်ထဲကနေ ယူကာ သခင်ကြီးချိန်ကို ပေးလိုက်သည်။ သူက ရှင်သန်လိုစိတ်ပြင်းပြစွာဖြင့် သခင်ကြီးချိန်ကို မြှောက်ပင့် ပြောဆိုလိုက်ပါသေးသည်။ “အဘိုး နောက်နေတာပဲ ဖြစ်ရမယ်။ ဘယ်သူက အဘိုးကို အငတ်ထားနိုင်မှာလဲ”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ အဘိုးက ဒီလို ဆီများတဲ့ ကိတ်မုန့်ပွတွေကို မကြိုက်ဘူး ထင်လို့ သမီး ဘာမှ မမေးတာပါ။ သမီးက အဘိုးထက် ချန်ဟွမ်းကို ဦးစားပေးမှာတဲ့လား”
ထိုစကားကို ကြားတော့မှ သခင်ကြီးချိန်ရဲ့ မျက်နှာအမူအရာက ပြန်လည် ကြည်လင်သွားသည်။ သူက ဟောက်ချန်ဟွမ်းကို “အနည်းဆုံးတော့ မင်းက ဘာက ကိုယ့်အတွက် ကောင်းလဲ ဆိုတာ မင်း သိပါသေးတယ်” ဟူသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းမော့ ရင်ကော့၍ နှာခေါင်းရှုံ့ပြီးမှ သူ ပေးတဲ့ ပဲလမုန့်ကို လှမ်းယူပြီး စားလိုက်သည်။
အဲ့ဒီတြောမှ သူတို့ နှစ်ယာက်လည်း သက်ပြင်းလေးတွေ မှုတ်ထုတ်နိုင်တော့သည်။ အနည်းဆုံးတော့ သူတို့ ဒီတစ်ခေါက် အောင်မြင်သွားခဲ့ပါပြီ။
ချိန်ကျွင်းဟောက်က ထိုမြင်ကွင်းကို မြင်တော့ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ မင်းတို့တွေက သခင်ကြီးချိန်ရှေ့မှာ သည်းသည်းလှုပ် ချစ်ပြနေကြတာ မဟုတ်လား။
ချင်ရွယ်ရူက သူ့ကို သတိပေးသော အကြည့်ဖြင့် ကြည့်ကာ စကားလမ်းကြောင်းကို အရင် ပြောင်းလိုက်သည်။ “ရှို့ချင်နဲ့ ကျန်တဲ့ လူတွေကို နင် ကိုယ်ဝန်ရှိနေတဲ့အကြောင်း ပြောပြပြီးပြီလား”
“ဟင့်အင်း။ ကျွန်မလည်း မနေ့တုန်းကမှ သိတာ ဆိုတော့။ ခဏနေရင် ပြောပြလိုက်ပါ့မယ်”
“အဲ့ဒါလည်း ကောင်းတာပဲ။ ဒီသတင်းကို နင့်မိဘတွေ ကြားရင် အရမ်း ပျော်သွားကြမှာ သေချာတယ်” ချင်ရွယ်ရူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “တိုက်ဆိုင်ချင်တော့ ငါကလည်း နှစ်ရက် ဆေးရုံတက်ရဖို့ ရှိနေတယ်။ အချိန်ကျလာရင် နင် ငါ့နဲ့အတူ လိုက်ပြီး ဆေးစစ်တာတွေ ၊ ဘာတွေ လုပ်ထားလို့ ရတယ်။ အဲ့လို ဆိုရင် ပိုလုံခြုံတာပေါ့”
ချင်ရွယ်ရူရဲ့ ခန့်မှန်းချေ မွေးရက်က ရောက်ခါနီးနေပြီ ဖြစ်သည်။ သုံး ၊ လေးရက်လောက်ပဲ လိုတော့တာပင်။
အသက် မငယ်တော့တဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ရခြင်းက အတော်လေး အန္တရာယ်များတာမို့ သူမရဲ့ မိသားစုဝင်တွေ အကုန်လုံးဟာ စိုးရိမ်နေခဲ့ကြသည်။ သူတို့က သားဖွားခန်းကို ကြိုတင် ဘိုကင်တင်ထားပြီးပြီ ဖြစ်ကာ လိုအပ်သည်နှင့် ဆေးရုံကို ချက်ချင်း ပြေးပြီး သားဖွားခန်း ဝင်ဖို့ စောင့်ဆိုင်းရန် ပြင်ဆင်ထားပြီးပြီ ဖြစ်လေသည်။
စုယန်ယန်က သူမရဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ကူညီစောင့်ရှောက်ပေးခဲ့တာ ဆိုပေမဲ့ ဆရာဝန်တွေဟာ သူတို့ကိုယ်သူတို့ ပြန်ဆေးမကုသင့်ဘူး ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိပါသည်။
ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့ ဆရာဝန်ဖြစ်ပါစေ ၊ နေမကောင်းဖြစ်နေလျှင် တခြားလူတွေထံမှ အကူအညီတောင်းရပါမည်။ ပြီးတော့ စုယန်ယန်က ဆရာဝန်လည်း မဟုတ်တာမို့ ချင်ရွယ်ရူနှင့်အတူ လိုက်သွားပြီး ဆေးစစ်လိုက်တာက ပိုလုံခြုံရသည်။
“ရွယ်ရူ ပြောတာ မှန်တယ်။ ဆေးရုံမှာ အရင်ဆုံး သွားစစ်ဆေးတာက ပိုစိတ်ချရတယ်။ ဘာပြဿနာမှ မရှိရင် ၊ နင်လည်း နောက်ပိုင်းကျ ဆေးရုံမသွားချင်ရင် အိမ်မှာ စစ်ဆေးရေး ကိရိယာ တစ်ခု တပ်ထားလိုက်မယ်။ အဲ့ဒါက အိမ်ကို ဆရာဝန်ခေါ်ထားတာနဲ့ အတူတူပဲ”
ချင်ရွယ်ရူ ကိုယ်ဝန်ရှိခါစတုန်းက ချိန်ကျွင်းဟောက်သည် အလွန် စိုးရိမ်ခဲ့သောကြောင့် မိခင်နှင့်ကလေး အခြေအနေကို အချိန်မရွေး သိနိုင်ရန်အတွက် စစ်ဆေးရေး ကိရိယာလေး တစ်ခုကိုပင် ဝယ်လာခဲ့သည်။
အခု ချင်ရွယ်ရူက ကလေးမွေးတော့မှာမို့ ထိုစစ်ဆေးရေး ကိရိယာကလည်း အသုံးမဝင်တော့ပါ။ စုယန်ယန်အတွက် အဆင်သင့်ပါပဲ။
စုယန်ယန်က သူတို့တွေ သူမကို စိုးရိမ်ပေးနေကြတယ် ဆိုတာကို နားလည်သဖြင့် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ စကားပြောပြီးသွားတော့ နေရာမှ ထ၍ ထွက်ခွာသွားကာ ဟောက်ချန်ဟွမ်းနှင့် သူမ နှစ်ယောက်တည်းကိုသာ ချန်ထားခဲ့ကြသည်။
စုယန်ယန်သည် သူမ ပျင်းရိလာပြီး တခြား ကိစ္စတွေအကြောင်း လျှောက်တွေးမိမှာကို စိုးရိမ်သောကြောင့် ဟောက်ချန်ဟွမ်းကို သူမရဲ့ မိဘတွေဆီ ဖုန်းဆက်ပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ပြောခိုင်းလိုက်သည်။
ချင်ရွယ်ရူ ခန့်မှန်းထားသလိုပင် ချိန်ရှို့ချင်နှင့် ကျန်လူတွေက စုယန်ယန်မှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း သိသွားတော့ ပျော်ရွှင်သွားကြသည်။ တကယ်လို့ စုယန်ယန်သာ သူမကို အကြာကြီး နှစ်သိမ့်မပေးခဲ့လျှင် ချိန်ရှို့ချင်က ချက်ချင်း လေယာဉ်လက်မှတ် ဝယ်ပြီး ရောက်ချလာမှာ ဖြစ်သည်။
662 02
စုယန်ယန်က နောက်ဆုံးတော့ ညစာ စားပြသွားကို ဗိုက်ကလေးကို ကျေနပ်စွာ ပွတ်သပ်လိုက်သည်။ “ကျွန်မတို့ ဦးလေးကျန်းကိုရော ပြောသင့်လား”
စုယန်ယန်က သူမရဲ့ မိသားစုကို သတင်းပို့ဖို့ လိုသေးသည်။
ဟောက်ချန်ဟွမ်းမှာ အစ်ကို တစ်ယောက် ရှိပေမဲ့ မရှိဘူးလို့ ပြောလို့လည်း ဘာမှ မထူးပါ။
ဒီလို ပျော်ရွှင်စရာ ကိစ္စအား သူ့ကို သတင်းပေးနေဖို့လည်း မလိုအပ်ပေ။ မဟုတ်ရင် သူက သူတို့ကို တမင် ကြွားဝါနေတယ်လို့တောင် ထင်သွားမှာ ဖြစ်သည်။
တွေးကြည့်လိုက်တော့ သူ ဦးလေးကျန်း တစ်ယောက်တည်းကိုသာ ပြောပြလို့ အဆင်ပြေပုံပေါ်၏။
+++++