← Chapters

အခန်း ၆၆၅

Vol. 45 Ch. 665

အခန်း ၆၆၅

Vol. 45 Ch. 665

665 01

အခန်း ( ၆၆၅ ) ယောက်ျား တစ်ယောက် ပြောတဲ့ စကားတွေကို ဘယ်တော့မှ ယုံလို့ မရဘူး။

မနေ့ နေ့ခင်းတုန်းက စုယန်ယန်သည် ဇနီးမယားကိတ်မုန့် ( ပဲလမုန့် ) ကို ပြုလုပ်ပြီးနောက် တစ်ယောက်သော သူရဲ့ သဝန်တိုမှုအကြောင်း တွေးမိ၍ ကံစမ်းမဲထဲမှာ ပဲလမုန့် မပါကြောင်း သေချာ ဂရုတစိုက် ပြောထားခဲ့သည်။

စိတ်ဝင်စားတဲ့ ကြည့်ရှုသူတွေက အိမ်မှာ ကိုယ်တိုင် မုန့်ဖုတ်ကြည့်လို့ ရသလို နောက်ပိုင်းမှာ စားသောက်ဆိုင်ကနေ ဝယ်လို့ ရသည်။

သက်ရှည်ကျန်းမာ ခေါက်ဆွဲကလည်း အတူတူပါပဲ။ အကြာကြီး ထားပြီးတဲ့နောက်မှာ ခေါက်ဆွဲတွေရဲ့ အရသာက စားကောင်းတော့မှာ မဟုတ်သဖြင့် ကံစမ်းမဲထဲမှာ ထည့်သွင်းဖို့ မသင့်တော့်ပေ။

နောက်ဆုံးမှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ပြန်လည် ကြည်လင်သွားသော်လည်း မျက်မှောင်ကြုတ်ပြီး “အန်တီဖန့်ကို မင်းအစား လုပ်ခိုင်းလိုက်ပါလား။ ကိုယ်တိုင် မလုပ်ပါနဲ့” ဟူ၍ ပြောနေဆဲပင်။

ဟောက်ချန်းဟွမ်းသည် ကိတ်မုန့် အပါအဝင် မနေ့တုန်းက စုယန်ယန် ချက်ထားတဲ့ အစားအစာတွေ အကုန်လုံးကို စားပြီးပြီ ဖြစ်သည်။

ဒီနေ့ ကံစမ်းမဲနှိုက်ပြီးလျှင် စုယန်ယန်က လက်ဆောင်ပေးဖို့ အတွက် ဟင်းလျာ အသစ်တွေကို ချက်ပြုတ်ရလိမ့်မည်။ ဟောက်ချန်ဟွမ်းအတွက် လက်ရှိအချိန်မှာ သူ့ဇနီးနှင့် ကလေးကသာ အရေးကြီးဆုံးမို့ စုယန်ယန်ကို ကြည့်ရှူသူတွေအတွက် ဟင်းမချက်စေချင်ပေ။

စုယန်ယန်က ကံစမ်းမဲပေါက်သူ သုံးယောက်ပဲ ရှိတာမို့ ဟင်းလျာ သုံးမျိုးက သိပ်ပင်ပန်းမှာ မဟုတ်ကြောင်း ရှင်းပြဖို့ ပါးစပ်ပြင်လိုက်သည်။

ထို့နောက် မနေ့တုန်းက ဟောက်ချန်ဟွမ်း တပူပူ တကျည်ကျည် ပြောခဲ့တာရယ် ၊ သူမရဲ့ နားထဲကနေ အငွေ့တွေ ထွက်လာပြီလို့တောင် ထင်ခဲ့မိပုံရယ်ကို ပြန်တွေးမိသွားသည်။ ပါးစပ်ကနေ ထွက်အံ့ဆဲဆဲ စကားလုံးတွေကို စုယန်ယန် ပြန်မျိုချလိုက်ပြီး “အင်းပါ ၊ အဲ့ဒါဆို အန်တီဖန့်ကိုပဲ လုပ်ခိုင်းလိုက်တော့မယ်။ ကျွန်မ ကိုယ်တိုင် မလုပ်ဘူး။ ဘေးကနေ စောင့်ကြည့်ပြီး လိုတာလောက်ပဲ ပြောပြတော့မယ်။ အဲ့လို ဆိုရင်ရော ဘယ်လိုလဲဟင်”

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို မီးဖိုချောင်ထဲတောင် မဝင်ချင်သော်လည်း သူ့မျက်နှာက နူးညံ့သွားပါသည်။

ဒါက စုယန်ယန် လိုက်လျောနိုင်တဲ့ နောက်ဆုံး အတိုင်းအတာ ဆိုတာ ဟောက်ချန်ဟွမ်း သိသည်။ သူ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင် မလုပ်နဲ့။ မင်းရဲ့ အလုပ်ကို ခဏလောက် ဘေးဖယ်ထားလို့ ရပါတယ်။ ကိုယ် မင်းကို ဂရုစိုက်ပေးမယ်လေ”

“ရှင်က အခုဆို ကျွန်မအတွက်တင် မဟုတ်ဘူး ၊ ကျွန်မတို့ကလေးအတွက်ပါ ပိုက်ဆံရှာရတော့မှာနော်” စုယန်ယန်က ဟောက်ချန်ဟွမ်းကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။ “ရှင်က ကျွန်မတို့မိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ။ ဒီအတောအတွင်းမှာ ကျွန်မတို့ကလေးရဲ့ နို့မှုန့်ဖိုးအတွက် ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားသင့်တယ်။ ကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ရတယ် ဆိုတာ ပိုက်ဆံ အများကြီး ကုန်လိမ့်မယ်”

“ဟုတ်ပါပြီ” ဟောက်ချန်ဟွမ်းသည် ပိုက်ဆံတွေကို ပွတ်သပ်ရေတွက်နေသည့် သူ့ဇနီးလေးရဲ့ မျက်နှာကို ကြည့်ကာ သူမရဲ့ စကားအောက်မှာ လွှမ်းမိုးခံလိုက်ရလေသည်။ သူ့ကလေးလေး လူ့လောကထဲ ရောက်လာရင် ဘာတွေ ဆက်လုပ်ရမလဲ ဆိုတာကို သူ စတင် စိတ်ကူးယဉ်မိသည်။ “ကိုယ်တို့ အိမ်ပြန်ရောက်ရင် ဦးလေးကျန်းကို ကလေးအခန်း တစ်ခန်း ပြင်ခိုင်းရမယ် .. ပြီးတော့ ပုခက်ရယ် ၊ ကလေး လက်တွန်းလှည်းရယ် ၊ နို့မှုန့်ရယ် ၊ ဒိုက်ပါတွေရယ်လည်း ပြင်ခိုင်းရမယ်။ ဂိမ်းဆော့တဲ့ အခန်း တစ်ခန်းလည်း ပြင်ခိုင်းရမယ်”

“ဒီလောက် အစောကြီးကတည်းက အဲ့ဒါတွေ ပြင်စရာ မလိုပါဘူး။ အခုမှ ကလေးက တစ်လပဲ ရှိသေးတာ။ အများဆုံး သုံးလလောက် နေပြီးရင် အိမ်ပြန်မှာ ဆိုတော့ နှစ်ဝက်လောက် အချိန်ရှိပါသေးတယ်။ ပြီးတော့ ကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာ ရှင် မသိဘူးလေ။ ကျွန်မတို့ အခုကတည်းက ပြင်ထားရင် ကလေးမွေးလာလို့ ကလေးက ရှင် ထင်ထားသလို မဟုတ်ရင် ဘယ်လို လုပ်မလဲ”

“ဘာစိတ်ပူစရာ ရှိလို့လဲ။ မင်းရဲ့ ဒေါ်လေးအတွက် ကလေးအဝတ်အစားတွေ ယူလာပေးတုန်းက မင်း ပြောခဲ့တဲ့ စကား ရှိတယ်လေ”

“အဝတ်အစားက အဝတ်အစား ၊ အခန်းက အခန်းလေ။ အဝတ်အစားကို ဝတ်ကြည့်လို့ မကြိုက်ရင် လဲဝတ်လို့ ရတယ်။ အခန်းကိုကျ အစအဆုံး ပြင်ဆင်ပြီးမှ ပြန်ပြောင်းဖို့ ဆိုတာ မလွယ်ဘူးရယ်”

ဟောက်ချန်ဟွမ်းက မျက်လုံးတွေကို မှေးစင်းရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ဒီလို လုပ်လို့ မရဘူး ဆိုရင်လည်း တခြား ဖြေရှင်းနည်းတွေ ရှိပါသေးတယ်”

“ဘယ်လို ဖြေရှင်းနည်းလဲ”

“ကိုယ်တို့ ကလေး နောက်တစ်ယောက် ထပ်ယူမယ်လေ”

“ဟမ် … ”

665 02

“ဒီတစ်ခေါက် ယောက်ျားလေး ဖြစ်နေရင် နောက်တစ်ခေါက်ကျ သမီးလေး ရအောင် ကိုယ်တို့ ကြိုးစားကြမယ်။ ဒီတစ်ခေါက် သမီးလေး ရရင် နောက်တစ်ခေါက်ကျ သားလေး ရမှာပေါ့။ အခန်း နှစ်ခန်းက တစ်ပြိုင်တည်း ပြင်ထားတာ ဘယ်တော့မှ အလဟဿ မဖြစ်ပါဘူးကွာ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ လောဘကြီးသော တောင်းဆိုချက်‌ကြောင့် ဆွံ့အသွားရလေသည်။ သူမနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ကုန်ဆုံးချင်သေးတယ်လို့ ပြောခဲ့တာ ဘယိသူလဲ။ သူမရဲ့ အချစ်တွေ ၊ ခွန်အားတွေကို နောက်တစ်ယောက်နဲ့ မျှဝေပေးရမှာ စိုးလို့ အစောကြီး ကလေးမယူချင်ပါဘူးတဲ့လေ။

ဒါပေမဲ့ အခုကျ သူက ကလေး နောက်တစ်ယောက် ထပ်ယူဖို့ကိုပါ တွေးနေပြီ ဖြစ်သည်။ ယောက်ျားတွေရဲ့ ပါးစပ်က ထွက်လာတဲ့ စကားတွေကို ဘယ်တော့မှ ယုံလို့ မရဘူး။

ပြီးတော့ သန္ဓေသားက ယောက်ျားလေးလား ၊ မိန်းကလေးလား ဆိုတာ ရှင် ဘယ်လိုလုပ် သိမှာလဲ။ ကလေး နောက်တစ်ယောက် ထပ်ယူရင် အဲ့ဒါက ကွဲပြားတဲ့ လိင် ဖြစ်နေမယ်လို့ ဘယ်လိုလုပ် တပ်အပ်ကြီး သေချာမှာလဲ။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို မျက်လုံးလှိမ့် ကြည့်လိုက်သည်။ “အိပ်မက်ပဲ မက်နေလိုက်။ ကလေး နောက်တစ်ယောက် ထပ်ယူဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး”

+++++

All Chapters