← Chapters

အခန်း ၆၆၆

Vol. 45 Ch. 666

အခန်း ၆၆၆

Vol. 45 Ch. 666

666 01

အခန်း ( ၆၆၆ ) အနည်းငယ်မျှသော မနာလိုမှု။

ကွန်းမန့်ဆက်ရှင်ထဲရှိ မျှော်လင့်ချက်ပြည့်နှက်နေကြသူများထဲမှ သုံးယောက်ကိုသာ ရွေးချယ်သွားမှာ ဖြစ်သည်။ ရွေးချယ်ခံရသူဟာ ဥရောပရဲ့ ဘုရင် ဖြစ်သွားသလိုပင် ကံထူးသည်ဟု ဆိုနိုင်သည်။

မကြာခင်မှာပဲ ကံထူးရှင် သုံးယောက်ရဲ့ နာမည်တွေ ပေါ်လာသည်။ ဆု သုံးဆုကတော့ အမဲသား နွားလျှာ ငရုပ်ဆီဟင်း ၊ သွားရည်ယို ကြက်သားဟင်းနှင့် လေးလက်မအရွယ်ရှိ ကိတ်မုန့် အသေးလေး တစ်လုံး ဖြစ်သည်။

သို့သော်လည်း စုယန်ယန်သည် ထိုလေးလက်မအရွယ် ကိတ်မုန့်လေးဟာ သို့ထျန်းယီရဲ့ စားပွဲပေါ်မှာ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ဒါကို တင်ဆက်သူ လုပ်ထားတာလား”

လီယွဲ့က အနည်းငယ် စိတ်မသက်သာဖြစ်နေသော အမူအရာဖြင့် စားပွဲရှေ့မှာ ရပ်နေခဲ့သည်။ “ဟုတ်ကဲ့။ ဒါပေမဲ့ ဒီတစ်ခေါက် ဗီဒီယိုကို ကြိုတင်ရိုက်ကူးထားခဲ့တာလို့ ပြောတယ်။ ဒုတိယနေ့မှ ကံစမ်းမဲနှိုက်ပေးတာ ဆိုတော့ တင်ဆက်သူ ကိုယ်တိုင် လုပ်ထားတာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်ဗျ။ ပြီးတော့ ဒီတစ်ခေါက် သူမက သူမခင်ပွန်းရဲ့ မွေးနေ့ပွဲအတွက် သေချာလေး ပြင်ဆင်ချက်ပြုတ်နေတဲ့ ပုံပဲ။ သူမ ချက်တဲ့ အစားအသောက်တွေက ဆေးဖက်ဝင်ဟင်းလျာတွေလည်း မဟုတ်တော့ ချက်ချင်းကြီး သူမကိုယ်တိုင် ချက်တာ ဟုတ် ၊ မဟုတ် စစ်ဆေးလို့ မရဘူးဗျ”

သို့ထျန်းယီရဲ့ မျက်နှာ အမူအရာက မတင်မကျ ဖြစ်နေပြီး အချိန် အတော်ကြာသည်ထိ ဘာမှ ပြန်မပြောခဲ့ပေ။ လီယွဲ့၏ နှလုံးသားသည် စည်းချက် တစ်ချက် လွတ်သွားသည်။

“ဒီတစ်ခေါက်တော့ ထားလိုက်တော့။ နောက်တစ်ခေါက်ကျ သတိထားပါ”

အဲ့ဒီတော့မှ လီယွဲ့လည်း စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်နိုင်တော့သည်။ ထို့နောက် စားပွဲပေါ်က ကိတ်မုန့်လေးဆီ သူ အကြည့်ရောက်သွားမိသည်။ “ဒါဆို ဒီကိတ်မုန့်ကို … ”

“ကိတ်မုန့်လား” သို့ထျန်းယီက မျက်ခုံးပင့်လိုက်ပြ သူ့အတွေးတွေကို ဖောက်မြင်သွားပုံပေါ်သည်။ “မင်း စားချင်လို့လား”

လီယွဲ့ရဲ့ အမူအရာက တောင့်တင်းသွားသော်လည်း မငြင်းဆန်ခဲ့ပေ။ သို့ထျန်းယီရဲ့ စကားက မှန်တယ် ဆိုတာ သိသာသည်။

“ကိတ်မုန့်ကို ဒီမှာပဲ ထားခဲ့။ မင်း အရင် သွားလို့ ရပြီ”

သို့ထျန်းယီနှင့်အတူ အကြာကြီး ရှိနေခဲ့သော လီယွဲ့ပင်လျှင် မျက်နှာပေါ်မှာ စိတ်ပျက်သွားတဲ့ အမူအရာ ပေါ်မလာအောင် မထိန်းချုပ်နိုင်ပေ။ ကိတ်မုန့်ကို ချန်ထားခဲ့ရပြီမို့ သူ့အတွက် ဘာမှ မကျန်တော့တာ သေချာပါသည်။

ဒါက သူ မျှော်လင့်ထားပြီးသား ကိစ္စ ဆိုပေမဲ့ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေး ကျိုးပဲ့သွားချိန်မှာ နည်းနည်းလေးတော့ စိတ်ပျက်သွားမိသေး၏။

ထိုကိတ်မု့န်ကို သယ်လာတဲ့ အပြန်လမ်း တစ်လျှောက် ပျံ့လွင့်နေသော မွှေးရနံ့ ပျော့ပျော့က သူ့ရဲ့ အတွင်းရေးမှူး တစ်ယောက်အဖြစ် အရည်အချင်း ပြည့်ဝမှုကို အမှန်တကယ် စမ်းသပ်နေတာ ဖြစ်သည်။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တော့ဘဲ တာဝန်ကို မေ့လျော့သွားကာ လမ်းမှာတင် ကိတ်မုန့်ကို စားပစ်မိတော့မလိုပင်။

သို့ထျန်းယီက ကိတ်မုန့်ကို သံယောဇဉ်မပြတ်နိုင်သလို တကြည့်ကြည့် လုပ်နေသည့် လီယွဲ့ကို ကြည့်ကာ သူ့မျက်လုံးထဲမှာ စိတ်ဝင်စားတဲ့ အရိပ်အငွေ့လေးတွေ ယှက်သန်းသွားခဲ့သည်။

ရုံးခန်းထဲကနေ လီယွဲ့ ထွက်သွားတော့ သူ ကိတ်မုန့်ကို လှမ်းယူလိုက်၏။

ကိတ်မုန့်သား ပွပွအိအိပေါ်မှာ အဖြူရောင် ခရင်မ် တစ်လွှာ ရှိနေပြီး ခရင်မ် အနားစွန်းတွေကတော့ ပူပြင်းတဲ့ ရာသီဥတုကြောင့် အရည်ပျော်နေခဲ့ပြီ ဖြစ်သည်။ ခရင်မ်တွေရဲ့ ထိပ်မှာ ခပ်ကြီးကြီး စတော်ဘယ်ရီ သုံးလုံး ရှိသည်။ တောက်ပလတ်ဆတ်ပြီး တကယ့်ကို အရည်ရွှမ်းမယ့် ပုံပေါ်တဲ့ စတော်ဘယ်ရီတွေပါပဲ။

သို့ထျန်းယီက ကိတ်မုန့်ဘူးကို ဖွင့်လိုက်သော်လည်း သူ့မျက်လုံးတွေကတော့ ဖန်သားပြင်ပေါ်က ဗီဒီယိုဆီ အကြည့်ရောက်သွားလေသည်။

ဖန်သားပြင်ပေါ်မှာ စုယန်ယန်ရဲ့ မှတ်တမ်းကို ပြနေခဲ့ပြီး ဗီဒီယို အဆုံးသတ်ကို ရောက်နေပါပြီ။

စုယန်ယန်က ထိုအပိုင်းကို တည်းဖြတ်ထားပြီး ခေါက်ဆွဲလုပ်သည့် လုပ်ငန်းစဉ်နှင့် သက်ရှည်ခေါက်ဆွဲရဲ့ အဓိပ္ပာယ်ကိုသာ ရှင်းပြထားသည်။ သူမ လဲကျတော့မလို ဖြစ်သွားသည့် နေရာကိုတော့ ဖြတ်တောက်ထား၏။

ဒီဟင်းလျာကို ချက်တဲ့ လူက သူမ မဟုတ်၍ ဗီဒီယိုထဲမှာ နောက်ဆုံး ချက်ပြုတ်ပြီးစီးသွားတဲ့ ရလဒ်ကို ရိုက်ပြမထားပါ။ ဒီမနက် ကံစမ်းမဲနှိုက်ပြီးတော့မှသာ စုယန်ယန်က အန်တီဖန့်အား သူမ မနေ့တုန်းက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ကွန်းမန့်ဆက်ရှင်ထဲ ပို့ခိုင်းလိုက်တာ ဖြစ်သည်။

666 02

“သက်ရှည်ခေါက်ဆွဲ … ” သို့ထျန်းယီက ကွန်းမန့်ဆက်ရှင်ထဲက ပြောင်သလင်းခါနေတဲ့ ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ တွေးတွေးဆဆ ရေရွတ်လိုက်သည်။

သေခြင်းတရား ဆိုတဲ့ ချောက်နှုတ်ခမ်းဝကို မွေးဖွားချိန်ကတည်းက ခြေချမိနေတဲ့ သူ့လို လူ တစ်ယောက်အတွက်တော့ သက်ရှည်ကျန်းမာခြင်း ဆိုတာ လက်လှမ်းမမီတဲ့ မျှော်လင့်ချက် တစ်ခုပဲ မဟုတ်လား။

သို့ထျန်းယီသည် ထိုအတွေးဖြင့် ကိတ်မုန့် တစ်ပိုင်းကို ခက်ရင်းနှင့် ထိုးဖဲ့ပြီး ပါးစပ်ထဲ ထည့်လိုက်၏။ လျှာပေါ်မှာ အထိအတွေ့က ချိုမြိန်နူးညံ့ကာ အလွန် အရသာရှိပြီး နွေးထွေးသွားသည်။

အချက်အပြုတ်အပေါ် စိတ်အားထက်သန်မှု အပြည့် ရှိတဲ့ လူ ချက်သော အစားအသောက်နှင့် အပေါ်ယံ ဟန်လုပ်နေသူ ချက်သော အစားအသောက်တို့ဟာ ဆီနှင့် ရေလို အကွာကြီး ကွာလျက် ရှိသည်။

ထိုအချိန်မှာပဲ သို့ထျန်းယီသည် ထိုလူ့ကို နည်းနည်းလေး မနာလိုဖြစ်မိသွားလေသည်။ ထိုလူက ဇနီးဖြစ်သူဆီမှာ လေးလေးနက်နက် အချစ်ခံရတဲ့ ယောက်ျား တစ်ယောက် ဖြစ်ပြီး သူ့ဇနီးဟာ သူ့ကို တစ်သက် မမေ့နိုင်သော မွေးနေ့ပွဲ တစ်ပွဲ ကျင်းပပေးရန်အတွက် စားပွဲအပြည့် စားကောင်းသောက်ဖွယ်တွေကို ကြိုးစားပမ်းစား ချက်ပြုတ်ပေးခဲ့သည်။

+++++

All Chapters