← Chapters

အခန်း ၆၆၉

Vol. 45 Ch. 669

အခန်း ၆၆၉

Vol. 45 Ch. 669

669 01

အခန်း ( ၆၆၉ ) ဗိုက်ခွဲ၍ ကလေးမွေးခြင်း။

သို့သော်လည်း သူတို့ဘော့စ်ရဲ့ အေးစက်သော ခပ်တင်းတင်း အကြည့်ကို မြင်လျှင် ပါးစပ်ကနေ ထွက်အံ့ဆဲဆဲ စကားလုံးတွေကို ပြန်မျိုချပစ်လိုက်ရလေသည်။

ဟုတ်ပါတယ်လေ ၊ ဘောနပ်စ် ရတာကလည်း ဘာမှ မရတာထက် စာရင်တော့ တော်ပါသေးတယ်။

သူတို့ နှစ်ယောက် အရှုံးပေးလိုက်တာကို မြင်တော့ ကျိုးယန်ပိုင် တစ်ယောက် အနည်းငယ် စိတ်ပျက်သွားသည်။ သူ သူတို့ကို ပြတ်ပြတ်သားသား စွန့်ပစ်ကာ မေးလိုက်သည်။ “သခင်မလေးက ကိုယ်ဝန်ရှိနေတာ ဆိုတော့ ကျွန်တော်တို့ တစ်ခုခု ကူညီနိုင်တာများ ရှိမလား သခင်လေး”

ဟောက်ချန်ဟွမ်းက ခဏလောက် စဉ်းစားလိုက်သည်။ “ငါ့ကို ကိုယ်ဝန်ဆောင်တွေအတွက် အသုံးဝင်တဲ့ စာအုပ် နည်းနည်းပါးပါး ကူရှာပေးပါ”

“ဟုတ်ကဲ့ ၊ ကျွန်တော် ဘော့စ်အတွက် အဲ့စာအုပ်တွေကို အမြန်ဆုံး ရှာပေးပါ့မယ်”

ဟောက်ချန်ဟွမ်းက သူ့ကို ခွင့်ပြုပေးသလို ကြည့်လိုက်သည်။

“စာအုပ်တွေ ရှာပြီးသွားရင် စားသောက်ဆိုင်ကို ဘော့စ်အတွက် အစားအသောက် တချို့ ပို့ခိုင်းလိုက်ပါ့မယ်”

စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခင်ပွန်း ဖြစ်သော ဘော့စ်မှာ အဲ့ဒီလို အထူး အခွင့်အရေး ရှိသည်။ ဟောက်ချန်ဟွမ်းက ကျိုးယန်ပိုင်ကို ခွင့်ပြုလိုက်ပြီးနောက် လိုင်းပေါ်က ဆင်းသွားလျှင် ယုကျစ်ယန်နှင့် ချင်ရှုအန်းတို့ နှစ်ယောက်သား ဆွံ့အလျက် ကျန်ရစ်ခဲ့လေသည်။

ဘာ .. ဘာတွေ ဖြစ်နေတာလဲ။ သူတို့က ကျေးဇူးသိတတ်တဲ့ စကားတွေ အများကြီး ပြောခဲ့ပေမဲ့ တစ်စုံတစ်ယောက်ကတော့ စကား နှစ်ခွန်းလောက်ပဲ ပြောပြီး သခင်လေးကို သူ့ဘက် ပါအောင် တကယ်ကြီး စည်းရုံးသိမ်းသွင်းသွားပါပြီ။

ယုကျစ်ယန်ရဲ့ မျက်နှာက နီရဲတက်လာကာ ဒေါသထွက်နေခဲ့သည်။ “ငါတို့ကိုကျ ဘာလို့ မရွေးရတာလဲ။ ဘော့စ်က ဘာကို ကြည့်ပြီး ရွေးလိုက်တာလဲ” သူတို့က ဘောနပ်စ်ပဲ ရနေချိန်မှာ တစ်စုံတစ်ယောက်ကတော့ သခင်မလေးရဲ့ စားသောက်ဆိုင်က စားကောင်းသောက်ဖွယ်တွေကိုပါ စားခွင့်ရသွားပြီ ဖြစ်သည်။

“ဘာကို ကြည့်ပြီး ရွေးလိုက်တာလဲ .. ဟုတ်လား”

ကျိုးယန်ပိုင်က သူတို့ နှစ်ယောက်ကို အပေါ်စီးက ကြည့်လိုက်သည်။ “ငါက ဉာဏ်ကောင်းလို့ နေမှာပေါ့”

ကျိုးယန်ပိုင်သည် သူတို့ နှစ်ယောက်ကို လှောင်ပြောင်ပြီးနောက် သူ့ကို ပြန်လည် ချေပခွင့်မပေးဘဲ ချက်ချင်းပဲ လိုင်းပေါ်ကနေ ဆင်းခဲ့လိုက်သည်။

ယုကျစ်ယန်နှင့် ကုရှောက်ယန်ကတော့ တစ်ယောက်ကို တစ်ယောက် ပြိုင်တူ ကြည့်မိကြကာ တစ်ချိန်တည်းမှာပင် နောင်တရစွာ ရင်ဘတ်ကို ထုလျက် ခြေဆောင့်နေခဲ့ကြသည်။

ဟောက်ချန်ဟွမ်းရဲ့ မွေးနေ့ပွဲအပြီး သုံးရက်မြောက်နေ့တွင် ချင်ရွယ်ရူက ဆေးရုံ စတက်ခဲ့သည်။

ကိုယ်ဝန်ရှိနေသော စုယန်ယန်က သူမကို ဂရုစိုက်မပေးနိုင်မှာကို တွေးမိသောကြောင့် ချိန်ရှို့ချင်က ချင်ရွယ်ရူ ဆေးရုံမတက်ခင် တစ်ညမှာပဲ အပြေးအလွှား ရောက်လာသည်။

သူမက ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ ဆေးစစ်ရာမှာ အဖော်ပြုပေးသည်။ စုယန်ယန်ရော ၊ ကလေးရော ကျန်းမာကြောင်း အတည်ပြုပြီးသွားတော့မှ ချင်ရွယ်ရူကို ဂရုစိုက်ပေးရန် ဆေးရုံမှာ နေခဲ့သည်။

နောက်ဆုံးမှာတော့ နောက်တစ်နေ့ မနက်စောစောတွင် ချင်ရွယ်ရူသည် ဗိုက်နာလာကာ သားဖွားခန်းထဲကို ချက်ချင်း ပို့လိုက်ရလေသည်။

စုယန်ယန်နှင့် ကျန်လူတွေက စိုးရိမ်သွားပြီး ဆေးရုံကို ပြေးလာခဲ့ကြသည်။

သူတို့ ရောက်သွားချိန်မှာ ချန်ကျွင်းဟောက်နှင့် ချိန်ရှို့ချင်က သားဖွားခန်း အပြင်ဘက်မှာ ရပ်စောင့်နေကြပြီ ဖြစ်သည်။

ချိန်ရှို့ချင်က စုယန်ယန်ကို မြင်တော့ မျက်မှောင်ကြုတ်လိုက်သည်။ “သမီး ဘာလို့ ဒီကို လိုက်လာတာလဲ။ သမီးကို အိမ်မှာပဲ အနားယူပါလို့ အမေ ပြောမထားဘူးလား။ မောင်ရင်ကရော သူ့ကို ဘာလို့ ဒီ ခေါ်လာတာလဲ”

စုယန်ယန်သည် ချိန်ရှို့ချင်က ဟောက်ချန်ဟွမ်းကို အပြစ်တင်နေတာကို မြင်တော့ ချက်ချင်းပဲ သူ့ကို ကာကွယ်ပေးလိုက်၏။ “သမီးကို ဒီကို ခေါ်လာပေးဖို့ သမီးကိုယ်တိုင် သူ့ကို တောင်းဆိုခဲ့တာပါ။ ဒေါ်လေး ကလေးမွေးတာက အရေးကြီးတဲ့ ကိစ္စလေ။ သမီး အိမ်မှာ ရှိနေရင်တောင် ဒီကိစ္စကိုပဲ စိတ်ရောက်နေမှာ။ သမီးလည်း အမေတို့နဲ့အတူ လာကြည့်ပေးလို့ ရပါတယ်။ အခုမှ အရုဏ်တက်ပဲ ရှိသေးတာပါ ၊ ထိုင်ပြီး နားဖို့လည်း နေရာရှိတယ်။ သမီး ပင်ပန်းမှာ မဟုတ်ပါဘူး”

ချိန်ရှို့ချင်ရဲ့ မျက်နှာပေါ်မှာ ခွင့်မပြုချင်သော အရိပ်အယောင်တွေ ရှိနေသော်လည်း သူမရဲ့ သမီးကို တားလို့ မရသောကြောင့် ဘာမှ မပြောဘဲ ငြိမ်နေလိုက်ရတော့သညါ။

စုယန်ယန်က သူမအမေ ဘာမှ ဆက်မပြောတာကို သတိမထားမိတော့ လျင်မြန်စွာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ “အန်တီချင် အဆင်ပြေရဲ့လားဟင်။ ဂျူးဒိတ် ပြည့်ဖို့ နှစ်ရက် ၊ သုံးရက်လောက် လိုသေးတယ် မဟုတ်ဘူးလား”

“အတိအကျကြီးတော့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကလေးမွေးတဲ့အခါ ဂျူးဒိတ်က ရက် နည်းနည်း စောတာ ၊ နည်းနည်း နောက်ကျတတ်တာ သဘာဝပဲ။ ချင်ရွယ်ရူက ဒီနေ့မနက် အစောကြီးမှာမှ ကောက်ခါငင်ခါ ဗိုက်နာလာတာ။ ကံကောင်းချင်တော့ နင့်ဦးလေးက အိပ်ရာပေါ်မှာ သူမနဲ့အတူ ရှိနေတာ ဆိုတော့ ချက်ချင်းပဲ ဆေးရုံပို့နိုင်ခဲ့တယ်”

669 02

“ဒါဆို သူမ အခု အဆင်ပြေရဲ့လား။ ခွဲခန်းဝင်နေတာ ဘယ်လောက် ကြာသွားပြီလဲဟင်”

“ခဏလောက်တော့ ကြာပြီ။ နင့်ဒေါ်လေးက ငယ်တော့တာလည်း မဟုတ်ဘူး ၊ အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရတာ ဆိုတော့ လူငယ်တွေ ကလေးမွေးတာထက် ပိုအန္တရာယ်များတယ်။ ခဏနေတဲ့အထိ ရိုးရိုး မွေးလို့ အဆင်မပြေရင် ခွဲမွေးရမှာ”

“ခွဲမွေးရမှာ … ” အံ့ဩစရာကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းရဲ့ အာမေဋိတ်သံက အကျယ်လောင်ဆုံး ထွက်ပေါ်လာသည်။

ချိန်ရှို့ချင်က သူ့မေးခွန်းကို ကြားတော့ ချင်ရွယ်ရူ ကလေးမွေးရမည့် နည်းလမ်းကို သူ အံ့ဩသွားပြီဟု တွေးလိုက်သည်။ သူမ သက်ပြင်းချပြီး ပြောလိုက်၏။ “ရွယ်ရူရဲ့ ခန္ဓာကိုယ်က အားနည်းနေပြီ ၊ ပြီးတော့ သူမ အခုမှ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ဖူးတာ။ အစကတည်းက ကလေးမွေးရတာ ခက်ရတဲ့ကြားထဲ သူမက သက်လုံလည်း မကောင်းဘူး။ အဲ့ဒါကြောင့် လိုအပ်လာရင်တော့ ဗိုက်ခွဲပြီး ကလေးမွေးဖို့ တစ်လမ်းပဲ ရှိတယ်”

+++++

All Chapters