← Chapters

အခန်း ၆၇၅

Vol. 45 Ch. 675

အခန်း ၆၇၅

Vol. 45 Ch. 675

675 01

အခန်း ( ၆၇၅ ) မင်းက သူမကို ချစ်ဖို့ မထိုက်တန်ဘူး။

စုယန်ယန်ရဲ့ ဘဝမှာ အရိုးထဲထိ စိမ့်အေးသွားမိတဲ့ အေးစက်မှုကို ခံစားရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။

သူမရဲ့ အဘိုးက သူ့ကို သူမနှင့် လက်ထပ်ခွင့်မပေးချင် ၊ သူမနှင့် ပေးမတွေ့ချင်တာနှင့်ပဲ သူက အကုန်လုံးကို သတ်ပစ်ချင်နေခဲ့သည်။

သူတို့ကို သက်ရှိလူသားတွေလို့ သူ ဘယ်တော့မှ မတွေးခဲ့ဖူး။ ထို့ပြင် ဒီသက်ရှိလူသားလေးတွေက သူနှင့်လည်း သွေးသားတော်စပ်နေပြီး သူမရဲ့ ဆွေမျိုးတွေလည်း ဖြစ်သည်။

သူက တကယ့်ကို ရာဇဝတ်သား တစ်ယောက်ပဲ။ အဲ့ဒါတောင်မှ သူမမှာ မှီခိုအားထားစရာ လူ တစ်ယောက်မှ မရှိတော့ချိန်တွင် သူမရှေ့မှာ ကယ်တင်ရှင်ကြီး တစ်ယောက်လို ရောက်လာဖို့ ကြိုးစားခဲ့သေးသည်။ သူက သူမကို သူ့အပေါ် ကျေးဇူးသိတတ်ပြီး မှီခိုအားထားစရာ ကျောက်တိုင် တစ်ခုလို ဆက်ဆံစေချင်တာ ဖြစ်၏။

အချစ်လို့ ခေါင်းစဉ်တပ်ပြီး သူမနှင့် သူမ၏ မိသားစုကို နာကျင်အောင် လုပ်တာက တကယ်ရော အချစ် ဟုတ်လို့လား။

သူမရဲ့ အဘိုးကတော့ ဟိုးအရင်ကတည်းက သူ့ရဲ့ သရုပ်မှန်ကို ဖောက်ထွင်း မြင်ခဲ့တာ ဖြစ်ရမည်။ သူက အရူးပဲ … ။

“မင်းက သူမကို ချစ်ဖို့ လုံးဝ မထိုက်တန်ဘူး” ဝှီးချဲထဲမှာ ထိုင်နေသော ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ချစ်ပါသည်ဟု ချစ်ပါသည်ဟု အခိုင်အမာ ကြွေးကြော်နေသူအား အေးစက်စက် စိုက်ကြည့်နေလိုက်သည်။

“မင်းက သူမအတွက် လုံလုံလောက်လောက် မကောင်းဘူး။ မင်းရဲ့ မိသားစုကလည်း သူမအတွက် လုံလုံလောက်လောက် မကောင်းဘူး။ မင်း သူမ ချစ်တဲ့ လူတွေဆီက ခွင့်ပြုချက်ရဖို့ ကြိုးစားမယ့်အစား မင်းကိုယ်မင်း ဘယ်လို ပြောင်းလဲရမလဲ ဆိုတာကို စဉ်းစားသင့်တယ် ၊ ပြီးတော့ သူမရဲ့ အတောင်ပံတွေကို ရိုက်ချိုးပြီး ဟိုးအမြင့်မှာ ပျံသန်းနေတဲ့ သူမကို မင်းရဲ့ နံစော်နေတဲ့ ရေမြောင်းထဲ ဆွဲခေါ်မယ့်အစား မင်းကိုယ်မင်း သူမနဲ့ ထိုက်တန်အောင် လုပ်ဖို့ ကြိုးစားသင့်တယ်”

ဟောက်ချန်ဟွမ်းက ချန်ဖန့်လန်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ကာ နောက်ဆုံး စကားဖြင့် အဆုံးသတ်လိုက်၏။ “မင်းက သူမကို ချစ်ဖို့ မတန်ဘူး”

ဟောက်ချန်ဟွမ်းနှင့် အချိန် အတော်ကြာ အတူ နေပြီးတဲ့နောက် သူ ဒီလောက် စကား အများကြီး ပြောတာကို စုယန်ယန် ကြားဖူးတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမရဲ့ နှလုံးသားလေး မလှုပ်ခတ်သွားမိဘဲ မနေနိုင်ပေ။

ချိန်ဖန့်လန်က ဟောက်ချန်ဟွမ်းရဲ့ စကားတွေကြောင့် လုံးဝ ဆောက်တည်ရာမရ ရှူးရှူးရှားရှား ဖြစ်သွားလေသည်။

သူက မတ်တပ်ရပ်ပြီး ဟောက်ချန်ဟွမ်းက ထိုင်နေတာ ဆိုပေမဲ့ လက်ရှိ အချိန်မှာတော့ ဟောက်ချန်ဟွမ်းက သူ ဘယ်လိုမှ ကျော်လွှားလို့ မရတဲ့ ဟိုးအမြင့်ဆုံးမှာ ရပ်နေပြီး သူကတော့ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်အောက်က ဟောက်ချန်ဟွမ်း အချိန်မရွေး နင်းချေလို့ ရသော ပုရွက်ဆိတ်လေး တစ်ကောင်လို ခံစားနေရသည်။

ချိန်ဖန့်လန်က ဟောက်ချန်ဟွမ်းကို ခုန်အုပ်ဖို့ အသင့်ပြင်လိုက်သော်လည်း သူ့ကို အနက်ရောင် ဝတ်စုံ ဝတ်ထားတဲ့ ကိုယ်ရံတော်တွေက ဝိုင်းချုပ်လိုက်ကြ၍ လှုပ်မရတော့။

ချိန်ဖန့်လန်သည် စုယန်ယန်အပေါ် ညစ်ညမ်းသော အတွေးများ ရှိနေသည့် ဟောက်ချန်ဟွမ်းကို ကျိန်ဆဲဖို့သာ တတ်နိုင်လေသည်။ သူက ဟောက်ချန်ဟွမ်းအား ရှင်ဘုရင်ရဲ့ ပွဲတော်အုပ်ကို မတန်မရာ မှန်းနေတဲ့ သူတောင်းစားဟု ဆဲဆိုခဲ့သည်။ ဟောက်ချန်ဟွမ်းကလည်း သူနှင့် အတူတူပါပဲတဲ့လေ။

ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေေအတွက် စုယန်ယန် အမှန်တကယ် စိတ်မကောင်းဖြစ်သွားခြင်းဟာလည်း ထိုအခိုက်အတန့်မှာ စတင် ဖြစ်တည်လာသည်။

ဟောက်ချန်ဟွမ်းသည် သူ ပြောခဲ့တဲ့ စကားလိုပင် သူကိုယ်တိုင်လည်း စုယန်ယန်နှင့် ထိုက်တန်ဖို့ ကိုယ့်ကိုယ်ကိုယ် ထူးချွန်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော်လည်း ဒီခြေထောက်တွေကြောင့် သူက အစကတည်းက ရှုံးနှင့်ပြီ ဖြစ်ကာ ဒီဘဝမှာတော့ စုယန်ယန်ရဲ့ အချစ်ကို မရနိုင်တော့ပါပြီ။

သူမက အဲ့လို လူ တစ်ယောက်ကို စိတ်မလှုပ်ရှားမိဘဲ နေမတဲ့လား။

ဆန္ဒမျိုးစေ့လေးကို မြေပြင်ပေါ် ဖြန့်ကျဲစိုက်ပျိုးလိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင်မြင့်ကြီး တစ်ပင်အဖြစ် ကြီးထွားလာဖို့ အချိန် တစ်ခုသာ စောင့်ရမည်။

ဒီလူကို သူမ ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ သူမ ထင်ထားခဲ့တာပါ ၊ ဒါပေမဲ့ …

စုယန်ယန်သည် မျက်လုံးထဲမှ အေးစက်မှု အငွေ့အသက်တွေကို ဖုံးကွယ်ဖို့အတွက် ခေါင်းငုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ညီမ ငယ်ငယ်လေးတုန်းက အစ်ကို့ကို ဘယ်လို ခေါ်ရမှန်း မသိခဲ့လို့ပါ ၊ ဒါပေမဲ့ အခု ညီမက အသက်ကြီးနေပြီ ဆိုတော့ အဲ့လို ဆက်ခေါ်လို့ မရတော့ဘူးလေ။ ပြီးတော့ ညီမရဲ့ ခင်ပွန်းက နည်းနည်း သဝန်တိုတတ်တယ်။ သူ့ကို ချော့ဖို့ လွယ်တာ မဟုတ်ဘူး။ သူ အထင်လွဲမှာ စိုးလို့ပါ”

ချိန်ဖန့်လန်က သူမ ထိုစကားမျိုး ပြောလိမ့်မည်ဟု မျှော်လင့်မထားတာ သိသာ၏။ သူ့မျက်နှာပေါ်က နူးညံ့သော အပြုံးက အေးခဲသွားပြီး စိတ်ပျက်လက်ပျက် ပြောလာခဲ့သည်။ “ကြည့်ရတာ နင်နဲ့ နင့် … ခင်ပွန်းက နီးနီးစပ်စပ် ရှိတယ် ထင်တယ် ယန်ယန်။ သူ ဒီနေ့ ဒီပွဲကို တက်လား”

675 02

“တက်တယ် ၊ သူ ညီမအတွက် ဖျော်ရည် သွားယူပေးနေတာ။ အချိန်ကို ကြည့်ရသလောက် ခဏနေ သူ ပြန်လာတော့မယ် ထင်တယ်” အဲ့ဒါကြောင့် ရှင် လာရာလမ်းအတိုင်း ပြန်ကြွပြီး ကျွန်မတို့ နှစ်ယောက်ရဲ့ အချိန်ကောင်းလေးကို မနှောင့်ယှက်လို့ ရမလား။

သို့သော်လည်း စုယန်ယန်သည် တစ်စုံတစ်ယောက်ရဲ့ မျက်နှာပြောင်တိုက်မှုကို လျှော့တွက်မိခဲ့သည်။

ချိန်ဖန့်လန်က ထိုစကားကို ကြားသောအခါ ချက်ချင်း ပြန်သွားရမည့်အစား စုယန်ယန်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ပြုံးပြခဲ့သည်။ “နင်တို့လက်ထပ်ပွဲနေ့တုန်းက ငါ့မှာ ကိစ္စလေး တစ်ခု ရှိတာနဲ့ လူကိုယ်တိုင် လာပြီး နင့်ကို ဂုဏ်ပြုစကား မပြောလိုက်ရဘူး။ ဒီနေ့ နင်လည်း ဒီမှာ ရှိနေတာ ဆိုတော့ အဲ့ဒီ ဘယ်သူမှန်း မသိတဲ့ ယောက်ဖနဲ့ တွေ့ဖို့ အခွင့်အရေးကောင်းပဲ”

+++++

All Chapters