← Chapters

အခန်း ၆၇၉

Vol. 46 Ch. 679

အခန်း ၆၇၉

Vol. 46 Ch. 679

679 01

အခန်း ( ၆၇၉ ) လျို့ဝှက် အကြံအစည်။

ဟောက်ချန်ဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ့အမူအရာထဲမှာ အန္တရာယ် အငွေ့အသက်တွေ ပျော်ဝင်နေသည်။ “သူ မင်းကို သဘောကျနေတယ် ဆိုတာကို မင်း သိတယ်လား”

“သူ့အမေက ကျွန်မအဘိုးနဲ့ အဲ့လို အကြောင်း ဆွေးနွေးဖူးတယ်”

သူမရဲ့ အရင်ဘဝတုန်းက အကြောင်းတွေကို မှတ်မိသလောက် ဆိုရင် ထိုအဒေါ်က သူမရဲ့ အဘိုးကို အဲ့ဒီ အကြောင်းတွေ ပြောထား တာ ကြာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အဘိုးကတော့ သူမကို ဘာမှ ပြောမပြဘဲ ချိန်ဖန့်လန်ကိုသာ သူမနှင့် အဆက်အသွယ် မလုပ်တော့အောင် တိတ်တဆိတ် တားဆီးခဲ့သည်။ သူက ချိန်ဖန့်လန်ကို နှစ်ပေါင်းများစွာကြာသည်ထိ နိုင်ငံခြားပို့ထားဖို့တောင် လျို့ဝှက် စီစဉ်ခဲ့ပါသည်။

သခင်ကြီးက ဒီနေ့ ဧည့်သည်တွေကို နှုတ်ဆက်ရင်း အလုပ်ရှုပ်နေတာမိုပ ဧည့်သည် အခြေအနေကို သတိမထားမိလိုက်။ ဒါ့ကြောင့်ပဲ ချိန်ဖန့်လန်က အခွင့်အရေးယူခဲ့တာပင်။

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားသည်။ အဲ့လို အကြောင်း ဆွေးနွေးဖူးတယ် .. ဟုတ်လား။ လူကြီးတွေက ဘာအကြောင်း ဆွေးနွေးနိုင်မှာမို့လို့လဲ။ သူတို့က စုယန်ယန်နှင့် ဟိုကောင့်ကို လက်ထပ်ပေးဖို့ ကြိုးစားခဲ့တာသာ ဖြစ်လိမ့်မည်။

“ကျွန်မ သူ့ကို သဘောမကျမှန်း သိလို့ ကျွန်မအဘိုးကတော့ သဘောမတူခဲ့ပါဘူး” စုယန်ယန်က အနည်းငယ် မျက်လွှာချလိုက်သည်။ “ပြီးတော့ သူ ကျွန်မကို တကယ် သဘောကျတယ်ဘို့ မထင်ဘူး။ သူက သူ မြင်နေတဲ့ အပေါ်ယံ ပုံရိပ် အတုအယောင်တွေကိုပဲ သဘောကျတာပါ”

အဲ့ဒီ စွဲလမ်းမှုလို့ ခေါ်တဲ့ အရာကလည်း နောက်ဆုံးမှာတော့ တစ်ကိုယ်ကောင်းဆန်မှု ဆိုတာထက် ဘာမှ မပိုပါ။

လူတွေက တစ်ကိုယ်ကောင်းဆန်သည်။ လူ တစ်ယောက်နှင့် တစ်ယောက် တန်ဖိုးထားတဲ့ အရာတွေ ၊ အရေးပါတယ်လို့ သတ်မှတ်ထားတဲ့ အရာတွေ မတူညီကြသလိုမျိုးပါပဲ။ စုယန်ယန် စိတ်တည်ငြိမ်သွားတော့မှ ခေါင်းအေးအေးနှင့် စဉ်းစားကြည့်တော့ ထိုမိသားစုဟာ အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းဘူး ဆိုတာ နားလည်သွားသည်။

သူမရဲ့ အရင်ဘဝတုန်းက သူမရဲ့ ဦးလေး ၊ ဒေါ်လေးတို့မှာ ဘယ်တော့မှ ကလေးမရှိခဲ့သလို သူများကလေးကို မွေးစားဖို့လည်း ဘယ်တော့မှ မတွေးခဲ့ကြပေ။

ချိန်မိသားစုမှာ အမွေဆက်ခံသူ မရှိသလို တခြား ကလေး တစ်ယောက်ကိုလည်း မမွေးစားချင်ပေ။ ဖြစ်နိုင်ချေအရှိဆုံးကတော့ ချိန်ရှို့ချင်ရဲ့ ကလေး နှစ်ယောက်ထဲမှ တစ်ယောက်က ချိန်မိသားစုကို အမွေဆက်ဆံရမှာပင်။

စုယွီရွှမ်းမှာက ကိုယ်ပိုင် စီးပွားရေးလုပ်ငန ရှိပြသားမို့ သူနှင့် ယှဉ်လိုက်လျှင် စုယန်ယန်က အမွေဆက်ခံသူ ပိုဖြစ်နိုင်ချေ ရှိသည်။

တကယ်လို့ ချိန်ဖန့်လန်က သူမနှင့် လက်ထပ်လိုက်လျှင် အနာဂတ်မှာ သူဟာ ချိန်မိသားစု တစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်လိမ့်မည်။

လူယုတ်မာတွေက သူတို့ လုပ်ခဲ့သမျှ မကောင်းတဲ့ ကိစ္စတွေကို နာမည် လှလှလေး တပ်ရတာကို သဘောကျသည်။ နောက်ကွယ်မှာ အကြံအစည်တွေ ဘယ်လောက်တောင် ရှိလဲ ဆိုတာကိုတော့ သူတို့ကိုယ်သူတို့ပဲ သိသည်။

စုယန်ယန် အဲ့ဒီကောင်ကို မကြိုက်ဘူး ဆိုတာ ဟောက်ချန်ဟွမ်း သိသည်။ တကယ်တော့ သူမက သူ့ကို မုန်းတီးနေတာလို့တောင် ပြောလို့ ရသည်။ သူ စိတ်အေးသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပဲ စုယန်ယန်အတွက် နှလုံးသားထဲမှာ ဆစ်ခနဲ နာကျင်သွားမိသည်။

လူ တစ်ယောက်ကို မကြိုက်ဘူးလို့ စုယန်ယန် အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ ရှားသည်။ အရင်တုန်းက ထိုအချက်ကို အခွင့်ကောင်းယူခဲ့တဲ့ လူ အများစုက မကောင်းတဲ့ ကြောင်တောင်တောင် ကောင်တွေ ဖြစ်သည်။

ချိန်ဖန့်လန်က အမှား တစ်ခုခု ကျူးလွန်ထားလို့ သူမရဲ့ စိတ်ထဲမှာ အမုန်းတရားတွေ ပေါက်ဖွားလာတာပဲ ဖြစ်လိမ့်မည်။

ဟောက်ချန်ဟွမ်းရဲ့ အကြည့်က အေးစက်သွား၏။ ကုရှောက်ယန်နှင့် တခြား လူတွေကို ထိုမိသားစုအကြောင်း စုံစမ်းခိုင်းဖို့ သူ စီစဉ်ထားပြီးပြီ ဖြစ်သည်။ ပြီးတော့ …

ဧည့်ခံပွဲနားမှာ “မတော်တဆ ” ဆုံတွေ့ခဲ့ရတဲ့ လူအကြောင်း တွေးမိတော့ သူ့မျက်လုံးထဲမှာ အေးစက်စက် အငွေ့အသက်တွေ ယှက်သန်းသွားသည်။ အဲ့ဒီလူက ဒေါသထွက်ပြီး စိတ်မရှည် ဖြစ်နေတယ် ဆိုတာကို သူ သိသည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ ဧည့်ခံပွဲကနေ ပြန်သွားပြီး မကြာခငမမှာပဲ ချိန်ဖန့်လန်တို့ မိသားစုလည်း ပြန်လာခဲ့သည်။

ကားထဲကို ရောက်သည်နှင့် ဒေါ်လေးချိန်ရဲ့ မျက်နှာက ပြိုတော့မည့်မိုးလို မည်းမှောင်အုံ့ဆိုင်းသွားခဲ့သည်။ ချိန်ကျွင်းဟောက်တို့မိသားစုအပေါ် သူမရဲ့ မနာလိုမှုတွေ ၊ မုန်းတီးမှုတွေကို ဖုံးကွယ်မထားဘဲ ပွင်ပွင့်လင်းလင်း ပြောလိုက်၏။

“ကလေး တစ်ယောက် မွေးတာ ဘာများ ထူးဆန်းလို့ပဲ။ သူတို့ အရင်တုန်းက တစ်ခါမှ ကလေး မရဖူးသလိုပဲ အဆန်းတကြယ် ဖြစ်ပျက်နေလိုက်ကြတာ။ ကလေးမွေးပြီးတာနဲ့ အဲ့အကြောင်းကို လူတိုင်း သိအောင် ဧည့်ခံပွဲလုပ်ဖို့ မစောင့်နိုင်ကြတော့ဘူး။ ဒီလောက် အသက်ကြီးနေတာတောင် ကလေးရနိုင်သေးတယ်။ ဒီကလေး အသက်ကြီးတဲ့ အချိန်ထိ သူတို့ အသက်ရှင်နိုင်ပါ့မလား ဆိုတာ သိချင်တယ်”

679 02

ဒေါ်လေးချိန်သည် ဒေါသကြောင့် မျက်နှာပေါ်မှာ ပူလောင်မှုတွေ ဖုံးလွှမ်းနေသည်။ သူမက ချိန်မိသားစုမှာ ဆက်ခံသူ တစ်ယောက်မှ ရှိလာမှာ မဟုတ်ဘဲ သခင်ကြီးချိန် ကွယ်လွန်သွားတဲ့အခါ သူမတို့ရဲ့ မိသားစုဟာ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကိုတောင် ရနိုင်သည်ဟု တွေးထင်ထားခဲ့တာ ဖြစ်သည်။

အဆုံးသတ်မှာတော့ ချင်ရွယ်ရူက ရုတ်တရက်ကြီး ကလေးရလာခဲ့ကာ သူမရဲ့ လောဘကြီးသော မျှော်လင့်ချက်တွေ အကုန်လုံးလည်း ရေစုန်မျှောသွားရသည်။ သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမှာလဲ။

ချိန်ဖန့်လန်ရဲ့ အဖေဖြစ်‌သော ဒေါ်လေးချိန်ရဲ့ ခင်ပွန်းက သူ့ဇနီးရဲ့ စကားတွေကို ကြားချိန်မှာ နည်းနည်းလေး မျက်မှောင်ကြုတ်လိုက်သည်။ သူ ဟန့်တားသလို ပြောလိုက်၏။ “တော်လိုက်တော့။ ကလေးရတယ် ဆိုတာ မင်္ဂလာရှိတဲ့ ကိစ္စပဲ။ ဘယ်သူကမှ မင်းလို ကျိန်ဆဲနေမှာ မဟုတ်ဘူး”

+++++

All Chapters