အခန်း ၆၈၄
Vol. 46 Ch. 684
684 01
အခန်း ( ၆၈၄ ) တစ်ချက် တစ်ကောင်။
ဒုတိယ အမျိုးသမီး ဇာတ်လိုက်သည် ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ဟာသဆန်ဆန်ပဲ မောင်းထုတ်ခံလိုက်ရလေသည်။
ထုတ်လုပ်ရေးအဖွဲ့ထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ အမျိုးသား ဇာတ်လိုက် ချီချိုးမြောင်သည် ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက်တဲ့ ကိုးရိုးကားရား အခြေအနေကို ရင်ဆိုင်နေခဲ့ရသည်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး သရုပ်ဆောင် ရှာသွားတဲ့ ပြဿနာတွေရဲ့ အဖျားခတ်မှုဒဏ်ကို သူပါ ခံရပြီး တုန်ချမ်းဟာ ဒေါသတွေ အကုန်လုံးကို သူ့အပေါ် ပုံချပြီး သူ့ကိုပါ မောင်းထုတ်ပစ်လိမ့်မည်ဟု ထင်နေမိသည်။
အနည်းဆုံးဝောာ့ သူပါ အဖျားခတ်ခံရပြီး ထုတ်လုပ်ရေးအဖွဲ့ထဲမှာ တစ်ယောက်တည်း ဖယ်ကျဉ်ခံထားရဖို့ ဖြစ်နိုင်ချေ ရှိသည်။
သို့သော်လည်း ထိုကိစ္စ ဖြစ်ပြီးနောက်ပိုင်း သူ ရိုက်ကွင်းမှာ လဝက်လောက် နေပြီးတဲ့ထိ ဘာမှ မဖြစ်ခဲ့ပေ။ အကုန်လုံးရဲ့ သူ့အပေါ် ဆက်ဆံပုံကလည်း ပြောင်းလဲမသွား။ သူတို့က သူ့ကို အခက်တွေ့အောင် မလုပ်သလို ကလဲ့စားလည်း မချေကြပါ။
နောက်ဆုံးမှာတော့ ချီချိုးမြောင်သည် အလွန် သိချင်စိတ်ပြင်းပြလာသောကြောင့် ထုတ်လုပ်ရေးအဖွဲ့ထဲက သူနှင့် ဆက်ဆံရေး အဆင်ပြေသော ခပ်ငယ်ငယ် အမျိုးသား သရုပ်ဆောင် တစ်ယောက်ကို တိတ်တိတ်လေး မေးကြည့်လိုက်လေသည်။
အမျိုးသား သရုပ်ဆောင် ငယ်ငယ်လေးက သူ့စကားကို ကြားတော့ သူ့ကို အံ့ဩစွာ ကြည့်ရင်း ရယ်မောခဲ့သည်။ “ ဒါဆို အစ်ကို လွန်ခဲ့တဲ့ နှစ်ပတ်လုံး ဒီအကြောင်းကိုပဲ တွေးနေခဲ့တာပေါ့။ ကံကောင်းချင်တော့ အကုန်လုံးက ပုံမှန်ပါပဲ။ မဟုတ်ရင် ဒါရိုက်တာက အစ်ကို့ကို စိတ်ရောဂါကု ဆရာဝန်နဲ့ ပြပေးဖို့ လာခေါ်လိမ့်မယ်။ ”
ချီချိုးမြောင် ရှက်သွားမိသည်။
ခပ်ငယ်ငယ် အမျိုးသား သရုပ်ဆောင်လေးက ရယ်မောပြီးမှ ဒေါသထွက်သလို ဟန်ဆောင်ကာ ပြောသည်။ “ အစ်ကို့အမြင်မှာ ကျွန်တော်တို့က အဲ့လောက်တောင် သဘေယထားသေးသိမ်တဲ့ လူတွေ ဖြစ်နေတာလား။ ဟိုတစ်ယောက်ကို ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ဖယ်ထုတ်လိုက်ကတည်းက ကုမ္ပဏီက သတိပေးစာ တစ်စောင် ထုတ်ဝေခဲ့ပြီးပါပြီ။ ပြီးတော့ ဒီပြဿနာက အစ်ကိုနဲ့မှ ဘာမှ မဆိုင်တာ။ သူက သူ ၊ အစ်ကိုက အစ်ကိုပဲ။ သူ ရှာသွားတဲ့ ပြဿနာနဲ့ အစ်ကိုမှ မဆိုင်ဘူး။ အစ်ကို့ကို ဆွဲချတဲ့ ဒီလို လုပ်ဖော်ကိုင်ဖက်မျိုး ရှိနေတာနဲ့တင် တော်တော် ဆိုးနေပါပြီဗျာ။ အခြေအနေကို ပိုဆိုးမသွားအောင် လုပ်ကြရအောင်ပါ။ ”
ထိုခပ်ငယ်ငယ် အမျိုးသား သရုပ်ဆောင်လေးက စကား ခဏ ရပ်ပြီး ပြုံးလိုက်၏။ “ တကယ်တော့ ကုမ္ပဏီက ဘာမှ ပြောမထားရင်တောင် ကျွန်တော်တို့က အစ်ကို့ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ ပြောရရင် အစ်ကိုက အဲ့ဒီမိန်းမနဲ့ မတူဘူး ဆိုတာ လူတိုင်း သိတယ်လေ။ အခြေအနေကို အစ်ကို ကောင်းကောင်း အကဲခတ်တတ်ရင် သူမ လုပ်သွားတဲ့ လုပ်ရပ်ကြောင့် အစ်ကို အဖျားမခတ်ခံရပါဘူး။ ”
ချီချိုးမြောင်က သူ့စကားတွေကြောင့် ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသော်လည်း သူနှင့် လုပ်ဖော်ကိုင်ဖက် အမျိုးသမီး သရုပ်ဆောင်ရဲ့ မိုက်မဲမှုကို ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။ သူမဟာ ကိုယ့်နေရာ ၊ ကိုယ့်အနေအထားကိုဝောာင် နားမလည်ပါ။ သူမက ထုတ်လုပ်ရေးအဖွဲ့ထဲကို နောက်ဆုံးမှ ဝင်လာတာတောင် ပြဿနာရှာနေတုန်းပါပဲ။ သူမမှာ ကျောထောက်နောက်ခံ ရှိတာနဲ့ပဲ လုပ်ချင်တာ ဘာမဆို လုပ်လို့ ရမယ်လို့ ထင်နေတာလား … ။
တုန်ချမ်းက ဖွံ့ဖြိုးဆဲ ကုမ္ပဏီ အသေးစားလေး ဖြစ်သော်လည်း ဒီအတောအတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေကတော့ ရှင်းသည်။ ‘ ကျွန်မမှာ ကျွန်မကို ကူညီပံ့ပိုးပေးမယ့် လူ ရှိတယ်။ ကျွန်မရဲ့ ကုမ္ပဏီကိုပဲဖြစ်ဖြစ် ၊ ကျွန်မကုမ္ပဏီက အနုပညာရှင်တွေကိုပဲဖြစ်ဖြစ် အတင့်ရဲပြီး လာရှုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်မယ် ’ ဟူ၍။
ထုတ်လုပ်ရေးအဖွဲ့ထဲကို မဝင်ခင်ကတည်းက စာချုပ်မှာ လက်မှတ်ထိုးထားရခြင်းသည် တစ်ဖက်လူက သူမရဲ့ အကြံအစည်တွေကို အစောကြီးကတည်းက ကြိုမြင်ပြီးသွားမို့ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိပြီးသားဟု အဓိပ္ပာယ်ရသည်။
သို့သော်လည်း သူမကတော့ ဘာကိုမှ ဂရုမစိုက်ခဲ့။ လူတိုင်းက သူမကို ဘာမဆို လိုက်လျောပေးမယ်လို့များ ထင်နေတာလား … ။ တုန်ချမ်းက သူမကို သင်ခန်းစာ မပေးရင် ဘယ်သူ့ကို သင်ခန်းစာ သွားပေးမှာလဲ။
684 02
“ ပြီးတော့ အဲ့မိန်းမကြောင့် ကျွန်တော် ကြားထားတဲ့ သတင်း ရှိတယ် ၊ အစ်ကို့ကုမ္ပဏီက တောင်းပန်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ထဲကို ရင်းနှီးမြုပ်နှံငွေတွေ ထပ်ထည့်လိုက်တယ်တဲ့။ ဒီရက်ပိုင်း ကျွန်တော်တို့ စားရတဲ့ အစားအသောက်တွေ ပိုခံတွင်းမြိန်စရာကောင်းလာတာကို အစ်ကို သတိမထားမိဘူးလား။ အနည်းဆုံးတော့ အရသာမရှိတဲ့ အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေ မဟုတ်တော့ဘူး။ ဒီလောက် ရက်ရောတဲ့ ထုတ်လုပ်ရေးအဖွဲ့ ဘယ်မှာ ရှိလို့လဲ။ ”
ခပ်ငယ်ငယ် အမျိုးသား သရုပ်ဆောင်လေးက လေးနက်သော အမူအရာဖြင့် ချီချိုးမြောင်ရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ အစ်ကို အဲ့အကြောင်းကို တကယ် ပြောချင်ရင်တော့ အစ်ကို့ကြောင့်သာ ကျွန်တော်တို့ အခုလို ကောင်းကောင်း စားရတာပါ။ အစ်ကိုသာ ကျွန်တော်တို့ထုတ်လုပ်ရေးအဖွဲ့ထဲမှာ မရှိရင် အခုလို စားရမှာ မဟုတ်ဘူး။ လူတိုင်းကလည်း အစ်ကို့ကို ကောင်းကောင်း ဆက်ဆံတယ်။ စိတ်ချပါ ၊ အစ်ကို့ကြောင့် ဗိုက်ဝအောင် စားထားရတော့ အစ်ကို့ကို ပြဿနာရှာဖို့ ဘယ်သူမှ အားမှာ မဟုတ်ဘူး။ ”
ချီချိုးမြောင် : “ … ” မင်း အဲ့လို ပြောတော့မှ ငါ့စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားနေရတာတွေ ချက်ချင်း လျော့သွားပြီ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ အိမ်ပြန်လာခဲ့ချိန်မှာ အပျော်ဆုံး လူကတော့ ဦးလေးကျန်းပါပဲ။
ဟောက်မိသားစုမှာ ရာစုနှစ်ချီ၍ အလုပ်,လုပ်လာခဲ့သော အဘိုးကြီးသည် ဟောက်ချန်ဟွမ်းရဲ့ ကလေးလေးကို ဟောက်ချန်ဟွမ်းကဲ့သို့ပင် အပြည့်အဝ ဂရုစိုက်ရှာသည်။
အကျိုးဆက်အနေဖြင့် စုယန်ယန်သည် အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လူ နှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုနှင့် အချိန်ပြည့် တပူပူ တကျီကျီ ပြောခြင်းကို ရင်ဆိုင်ရလေတော့သည်။
“ သခင်မလေး ပြန်လာပြီလား။ သခင်မလေး ကိုယ်ဝန်ရှိနေလို့ အခုတလော ခံတွင်းပျက်နေတယ်လို့ ကျွန်တော် ကြားတယ်။ သခင်မလေး အခုရော သက်သာသွားပြီလား။ တစ်ခုခု စားချင်တာရော ရှိလား။ ကျွန်တော် မီးဖိုချောင်ထဲက လူတွေကို သခင်မလေးအတွက် တစ်ခုခု ပြင်ခိုင်းလိုက်ပါ့မယ်။ ”
++++++