အခန်း ၆၈၅
Vol. 46 Ch. 685
685 01
အခန်း ( ၆၈၅ ) သူ ဘယ်သူနဲ့ တူတာပါလိမ့်။
“ ခရီးက ပြန်လာတာ ဆိုတော့ သခင်မလေး ပင်ပန်းနေတယ်မို့လား။ အပေါ်တက်ပြီး အရင် နားလိုက်ပါလား။ ကျွန်တော် ခဏနေရင် သူတို့ကို သခင်မလေးဆီ စားစရာ ပို့ခိုင်းလိုက်ပါ့မယ်။ ”
“ သခင်မလေး … ”
သခင်မလေး … ”
ဦးလေးကျန်းရဲ့ အချိန်ပြည့် တပူပူ တကျီကျီ ပြောခြင်းက ဟောက်ချန်ဟွမ်းထက်တောင် ပိုဆိုးနေသေးရဲ့။ စုယန်ယန်သည် ထိုဒဏ်ကို ဆက်မခံနိုင်သောကြောင့် ဟောက်ချန်ဟွမ်းဘက်ကို လှည့်ပြီး အကူအညီတောင်းရလေသည်။
ဒီမိသားစုရဲ့ မျက်နှာသာပေးခြင်းခံရသူအဖြစ်ကနေ ရာထူးကျသွားပြီဟု ခံစားနေရသော သူမကို ပြံးပြပြီး သူ ကူညီချင်လျှင်တောင် မကူညီနိုင်ကြောင်း ပြောခဲ့သည်။
ကံကောင်းစွာဖြင့် လင်းရှောင်ချီက စုယန်ယန် ဒီနေ့ ပြန်ရောက်လာတယ် ဆိုတဲ့ သတင်းကို ကြားတော့ ဟောက်မိသားစုရဲ့ အိမ်ရှေ့သို့ ရောက်လာကာ စုယန်ယန်အား ဦးလေးကျန်းရဲ့ တပူပူ တကျီကျီ ပြောခံရခြင်း ဒုက္ခကနေ ကယ်ထုတ်ပေးခဲ့သည်။
လင်းရှောင်ချီကို မြင်သည်နှင့် စုယန်ယန်ရဲ့ မျက်လုံးလေးတွေ တောက်ပသွားကာ သူမလက်ကို ချက်ချင်း ဆွဲပြီး ပြုံးပြလိုက်သည်။ “ ရှောင်ချီ ရောက်လာတယ် ဦးလေးကျန်းရေ။ မီးဖိုချောင်ကို မုန့် နည်းနည်းပါးပါး ပြင်ခိုင်းလိုက်ပါဦး ၊ ရှောင်ချီက ချိုတဲ့ မုန့်တွေ ကြိုက်တယ်။ ”
ဧည့်သည် ရောက်လာ၍ ဦးလေးကျန်းသည်လည်း သဘာဝကျစွာပင် ဧည့်သည်ကို နှုတ်ဆက်ရသည်။ သူက စုယန်ယန်အား တပူပူ တကျီကျီ ပြောနေတာကို ရပ်ပြီး မီးဖိုချောင်လေးထဲကို ဝင်သွားလိုက်သည်။
စိတ်သက်သာရာရသွားသလို သက်ပြင်းလေး မှုတ်ထုတ်လိုက်တဲ့ စုယန်ယန်ရဲ့ ပုံစံလေးက ကြောက်ရွံ့နေပုံပေါ်သည်။
လင်းရှောင်ချီးက ဦးလေးကျန်းကို တစ်လှည့် ၊ စုယန်ယန်ကို တစ်လှည့် ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားသည်။ “ ဘာဖြစ်တာလဲ။ နင် အဝေးရောက်နေတာ နှစ်လပဲ ရှိသေးတာကို ငါကို ခုန်ပြီး ပြေးဖက်တော့မလို လွမ်းနေတာလား။ နင်က ငါ မုန့် အချိုတွေ ကြိုက်တယ် ဆိုတာကိုလည်း မှတိမိသေးတယ် ၊ ငါ့အတွက် မုန့်တွေတောင်မှ အထူးတလည် ပြင်ခိုင်းလိုက်သေးတယ်။ ကျွတ် ကျွတ် ကျွတ် ၊ တကယ်တော့ ငါက နင့်အချစ်စစ် ဖြစ်နေတာပဲ။ ”
“ ခွီး ၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမနေနဲ့။ ငါက ငါ့ယောက်ျားကိုပဲ အချစ်စစ်နဲ့ ချစ်တာ။ ခုနတုန်းက ဦးလေးကျန်းက အရမ်း ပူညံပူညံ လုပ်နေလို့ နင့်ကို ဂရုစိုက်သလို ဟန်ဆောင်လိုက်တာ။ ငါ ပြန်ရောက်တာ နာရီဝက်နီးပါးပဲ ရှိဦးမယ် ၊ သူက ငါ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီး ပြောနေတာ မပြီးတော့ဘူး။ ငါ့နားတွေတောင် ထူပူနေပြီ။ နင် လာတာ နည်းနည်းလေးသာ နောက်ကျရင် ငါ့ကိုတောင် မြင်ရချင်မှ မြင်ရမှာ။ ”
ထိုစကားကို လင်းရှောင်ချီ ကြားသောအခါ သူမမျက်လုံးထဲမှာ ဝမ်းနည်းမှုနှင့် မနာလိုမှုတို့ ယှက်သန်းသွားသည်။ “ အဲ့ဒါ ဦးလေးကျန်းက နင့်ကို ဂရုစိုက်ပေးနေတာလေ။ လူကြီးတွေက ကလေးတွေကို အမြဲတမ်း ဂရုစိုက်ပေးတယ်။ နင် ကိုယ်ဝန်ရှိနေတဲ့ ပထမ သုံးလလုံး အိမ်မှာ မရှိတော့ သူက နင့်အကြောင်းကိုပဲ တောက်လျှောက် တွေးနေတာ ဖြစ်မှာပေါ့။ အခု နင် ပြန်လာပြီ ဆိုတော့ သူက နင့်ကို အတိုးချပြီး ဂရုစိုက်ပေးနေတာ။ ”
စုယန်ယန် သက်ပြင်းချလိုက်သည်။ သူမ အဲ့ဒါကို သိမထားရင် ဦးလေးကျန်း စကားစပြောတဲ့ အခိုက်အတန့်မှာပဲ ထွက်ပြေးခဲ့မှာပါ။ ဘာလို့ အဲ့ဒီမှာ ရပ်ပြီး သူ ပြောတာတွေကို အကြာကြီး ရပ်နားထောင်နေမှာလဲ။ ”
“ ဒါနဲ့ သွမ်းသွမ်းရော ဘယ်မှာလဲ။ ” လင်းရှောင်ချီက ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် ထိုကောင်လေးဟာ ဟွားဟွားကို သူမ ပွေ့ချီလာတာ မြင်သည်နှင့် ဘာမှတောင် မပြောဘဲ သူမအနားမှာ တိုးဝှေ့ပူးကပ်နေလေ့ရှိသည်။ ဒီနေ့ကတော့ ရှားရှားပါးပါးပါပဲ။ သူမ ဒီမှာ အကြာကြီး ရှိနေတာတောင် သူ့အရိပ်အယောင်ကို မမြင်ရသေးပေ။
“ သူ နောက်ဖေးခြံထဲမှာ ဆော့နေတယ်။ ငါ ကိုယ်ဝန်စရှိတဲ့ အချိန်တုန်းက ချန်ဟွမ်းက ကိုယ်ဝန်သည် အမျိုးသမီးတွေက ခွေးတွေကို ဖက်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောခဲ့တာ။ အဲ့ကောင်လေးက အဲ့ကတည်းက အခဲမကျေ ဖြစ်နေခဲ့တာလေ။ ငါတို့ သူ့ကို ချီဖို့ အနားကပ်သွားတိုင်း ငါတို့ဆီမှာ အချီမခံချင်သလို ပတ်ပြေးနေတာ။ ” စုယန်ယန်က ပုန်ကန်ထကြွတတ်တဲ့ ကလေးဆိုးလေး တစ်ယောက်ရဲ့ ပြောင်းလဲသွားခြင်းကို ပြောပြနေခဲ့သည်။ “ အဲ့လူဆိုးလေးက အသက်ကြီးလာလေ ၊ ဆိုးလာလေပဲ။ သူ ဘယ်သူနဲ့ တူတာလဲ ဆိုတာ ငါ သိချင်လိုက်တာ။ ”
685 02
ဇနီးဖြစ်သူရဲ့ အကြည့်မှာ အငိုက်မိသွားသော ဟောက်ချန်ဟွမ်းသည် ဆွံ့အသွားလေသည်။ မင်း ဘာလို့ ကိုယ့်ကို ကြည့်နေတာလဲ။ သွမ်းသွမ်းက ကိုယ့်ကို “ ဖေဖေ ” လို့ ခေါ်တတ်ပေမဲ့ အဲ့လူဆိုးလေးရဲ့ မျိုးရိုးဗီဇက သူနှင့် ဘာမှ မသက်ဆိုင်တာ အသိအသာကြီးပင်။ ဒီကိစ္စအတွက် သူ အပြစ်တင်မခံနိုင်ပေ။
စုယန်ယန်ရဲ့ စကားကို ကြားလျှင် လင်းရှောင်ချီရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ သူမ ပြုံးပြီး ပြောလိုက်၏။ “ သူတို့လေးတွေက လူစကား မပြောတတ်ပေမဲ့ သူတို့နဲ့ အကြာကြီး ထိတွေ့ဆက်ဆံကြည့်လိုက်တော့ သူတို့လည်း လူတွေနဲ့ ဘာမှ မကွာဘူး ဆိုတာ ငါ သိလိုက်ရတယ်။ နင် သူတို့ရှေ့မှာ အဲ့လို စကားတွေ ပြောရင် သူတို့က နင့်ကို စိတ်ဆိုးပြီး ပေါက်ကွဲပြမှာ မဟုတ်ဘူး။ ငါ့ဟွားဟွားကတောင် ငါ သူ့ကို ဒေါသထွက်နေရင် ဒီတိုင်း ငြိမ်နေတာ မဟုတ်ဘူး။ သူ့ကို ပြန်မချော့လို့ကတော့ ဘယ်တော့မှ ငါ့ကို အဖက်ခံတော့မှာ မဟုတ်ဘူး။ ”
++++++