အခန်း ၆၉၅
Vol. 47 Ch. 695
695 01
အခန်း ( ၆၉၅ ) သူ့ခွေးအဖေထက် ပိုတော်ခြင်း။
လင်းရှောင်ချီကို အရင်ဘဝမှာ သတ်ခဲ့တဲ့ လူက သခင်မချင် ဆိုပေမဲ့ ချင်ဖန်သဲ့က အဲ့ဒီလို အခြေအနေမျိုး ရောက်အောင် တွန်းပို့ခဲ့တာလို့ ပြောလို့ ရသည်။ သူတို့ နှစ်ယောက်လုံးက တစ်ပုံစံတည်းပင် ရွံရှာမုန်းတီးစရာကောင်းသည်။ သခင်မချင်နှင့် ယှဉ်လိုက်လျှင် ချင်ဖန်သဲ့က ပိုပြီးတော့တောင် ရွံစရာကောင်းသေး၏။
စုယန်ယန်က လင်းရှောင်ချီကို နှစ်သိမ့်ပေးရန် တစ်ခုခု ပြောဖို့ ပါးစပ်ပြင်လိုက်စဉ်မှာပဲ ဖျတ်ခနဲ လက် တစ်ဖက် ရောက်လာပြီး သူမနှင့် လင်းရှောင်ချီရဲ့ လက်ကို ဖြုတ်ချသွားသည်။ “ သူ့လက်ကို အဲ့လောက် အကြာကြီး ကိုင်မထားနဲ့လေ။ ”
ဆွံ့အသွားတဲ့ စုယန်ယန် : “ … ”
လင်းရှောင်ချီ : “ … ”
စက္ကန့် အနည်းငယ် ကြာတော့မှ စုယန်ယန်က စိတ်ပျက်လက်ပျက်လေး မျက်လုံးလှိမ့်လိုက်သည်။ “ ရှင်က ကျွန်မကို မိန်းကလေးတွေနဲ့တောင် သဝန်တိုနေတာလား။ ”
ဟောက်ချန်ဟွမ်းက “ ယောက်ျားလေးတွေရော ၊ မိန်းကလေးတွေရော အကုန် အတူတူပဲ။ ” ဟု ပြောနေသလို မျက်နှာဖြင့် သူမကို ခပ်တည်တည် ပြန်ကြည့်နေပါသည်။ တစ်ဖက်လူက လူသား ဖြစ်နေသရွေ့ သူ သဝန်တိုမှာပါပဲ။
မဟုတ်သေးဘူး ၊ တစ်ဖက်လူက လူသား မဟုတ်ရင်တောင် သူ သဝန်တိုဦးမှာပါ။
သူ့ရဲ့ မျက်နှာပြောင်တိုက်မှုကို စုယန်ယန် လက်ဖျားခါလိုက်ရပြီး လင်းရှောင်ချီလည်း မျက်လုံးမလှိမ့်မိဘဲ မနေနိုင်ပေ။ “ နင်တို့တွေ ချစ်သူ မရှိတဲ့ သနားစရာ ငါ့ကို နည်းနည်းလောက် သက်ညှာပေးလို့ မရဘူးလား။ ယန်ယန် .. နင်က ငါ ထင်ထားတဲ့အတိုင်းပဲ ငါးစိမ်း မြင်တာနဲ့ ငါးကင်ကို ပစ်တယ်။ ငါ့အတွက် သိပ်ကို ခက်ခဲလွန်းတယ်။ ”
“ ငါးစိမ်း မြင်တာနဲ့ ငါးကင်ကို ဘာလို့ ပစ်ရလဲ ဆိုတော့ ငါးစိမ်းက ငါးကင်ထက် ငါ့အပေါ် ပိုကောင်းလို့ပေါ့။ နင်လည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ပိုကောင်းလာအောင် ကြိုးစားသင့်တယ်။ အဲ့ဒါဆို တစ်နေ့ကျ ငါ စိတ်ပြောင်းပြီး နင်နဲ့ ပြန်နေချင်ရင် နေမှာပေါ့။ ”
လင်းရှောင်ချီက နှုတ်ခမ်းမဲ့လိုက်၏။ “ ပေါက်ကရတွေ ၊ အဓိပ္ပာယ်မရှိလိုက်တာ။ နင် ဒီလောက် အကျင့်ပုပ်မှန်း ငါ ဘာလို့ အရင်က မသိခဲ့တာပါလိမ့်။ ”
စုယန်ယန်က အမြင်ကတ်စရာကောင်းစွာ တခစ်ခစ် ရယ်လိုက်သည်။ “ နင် အခု သိသွားတာလည်း နောက်မကျသေးပါဘူးလေ။ ”
လင်းရှောင်ချီက မျက်လုံးလှိမ့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်သည်။ “ နင့်ရဲ့ အကျင့်မကောင်းတဲ့ ခွေးလေးရော ဘယ်မှာလဲ။ ”
“ ရိုလီပိုလီနဲ့ ခြံထဲမှာ ရောက်နေတယ်။ ” စုယန်ယန်က တစ်ခုခု မူမမှန်တာကို သတိထားမိသွားသည်။ သူမ တွေးတွေးဆဆ ပြောလိုက်၏။ “ နင် ဘာလို့ ရှာနေတာလဲ။ အရင်ရက်တုန်းက နင်ပဲ သူ့ကို သတ်ချင်တယ်လို့ အော်ပြောထားတာ မဟုတ်ဘူးလား။ မဟုတ်မှလွဲရော နင် သူ့ကို တစ်ခုခု လုပ်ဖို့ တွေး … ”
“ အေး ၊ ဒင်းကို တစ်ခုခု လုပ်ပစ်ချင်နေတာတော့ အမှန်ပဲ။ ” ပြီးခဲ့တဲ့ ရက်တွေတုန်းက အဖြစ်အပျက်တွေအကြောင်း ပြန်တွေးမိသောအခါ လင်းရှောင်ချီ ရှူးရှူးရှားရှား ဖြစ်သွား၏။ “ ငါ့ရဲ့ ဟွားဟွားလေးကို သူ တာဝန်ယူမှ ဖြစ်မယ့် မလွှဲသာတဲ့ အခြေအနေ ဖြစ်နေတာ နာတယ်။ ”
“ တာဝန်ယူမှ ဖြစ်မယ့် အခြေအနေ … ”
“ နင့်သား အစုတ်ပလုတ်က ငါ့သမီးကို ကိုယ်ဝန်ရအောင် လုပ်လိုက်တယ်လေ။ သူ တာဝန်ယူသင့်တယ်လို့ နင် မထင်ဘူးလား။ ”
စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားရသည်။
လင်းရှောင်ချီရဲ့ စကားကြောင့် အံ့ဩဆွံ့အသွားတဲ့ လူက စုယန်ယန် တစ်ယောက်တည်း မဟုတ်ပေ။ ဘေးကနေ ရပ်ကြည့်နေတဲ့ ဟောက်ချန်ဟွမ်းပင်လျှင် အတော်လေး အံ့ဩသွားခဲ့သည်။
“ သူ့မှာ ကိုယ်ဝန်ရှိနေပြီလား။ ” စုယန်ယန်သည် စက္ကန့် အနည်းငယ် မှင်သက်နေပြီးနောက် ရယ်ချင်စိတ်ကို ထိန်းမရတော့ဘဲ ရယ်ချလိုက်မိသည်။ “ အဟက်ဟက်ဟက် ၊ ငါ့သားလေးက တော်လိုက်တာ။ တကယ့်ကို ကောင်းကောင်း လေ့လာထားတာပဲ။ သူ့ခွေးအဖေထက်တောင်မှ ပိုတော်သေးတယ်။ ”
ဟောက်ချန်ဟွမ်း : “ … ” သူ့ဇနီးကို ဘယ်သူက ပိုတော်တယ် ဆိုတာ သိအောင် လုပ်ဖို့ လိုအပ်လာပြီဟု သူ ခံစားလိုက်ရသည်။
695 02
“ နင် .. နင် .. နင် … ” လင်းရှောင်ချီရဲ့ မျက်နှာက ရဲတက်လာခဲ့သည်။ “ ဒီအမေက မွေးတော့ ဒီသားကလည်း သူ့အမေလိုပဲ။ နင့်လို သခင်က မွေးထားလို့ သူ အဲ့လို ဖြစ်နေတာ။ ငါ ဂရုမစိုက်ဘူး။ နင် ဒီနေ့ ငါ့ကို ရှင်းပြရမယ်။ ”
“ ဘာကို ရှင်းပြရမှာလဲ။ ”
“ ဘယ်လို သားကြောဖြတ်ရလဲ ဆိုတာ။ ”
“ အမ် … ” စုယန်ယန်သည် မယုံကြည်နိုင်မှုကြောင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ “ အဲ့ဒါ ရက်စက်လွန်းတာပဲ။ ”
“ နင် မလုပ်ချင်ဘူး ဆိုလည်း ရပါတယ်။ ဟွားဟွား ကလေးမွေးလာရင်တော့ ငါက အဲ့ကလေးတွေကို သူများ ပေးပစ်ရင် ပေးပစ်မယ် ၊ မပေးပစ်ရင်လည်း ငါကိုယ်တိုင်ပဲ မွေးလိုက်မယ်။ ငါ လုပ်မယ့် ကိစ္စမှာ နင် ဘာမှ ဝင်ပြောပိုင်ခွင့်မရှိဘူး။ ”
စုယန်ယန် မျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲ မဆိုင်းမတွ ပြန်ပြောလိုက်၏။ “ လုပ်မယ် လုပ်မယ် ၊ ငါ နင် ပြောတဲ့အတိုင်း ချက်ချင်း လုပ်လိုက်မယ်။ ငါ့မှာ ငြင်းစရာ အကြောင်းပြချက် မရှိဘူး။ ” လင်းရှောင်ချီက စုယန်ယန် အဲ့ဒီလို ပြောလိမ့်မည် ဆိုတာကို ကြိုမျှော်လင့်ထားသော်လည်း တကယ်တမ်း ကြားလိုက်ရချိန်မှာတော့ သူမရဲ့ အကြင်နာတရားကင်းမဲ့မှုကြောင့် ဆွံ့အသွား၏။
မျက်စိရှေ့မှာတင် သူ့သားလေး ထုတ်ရောင်းခံရတာကို မြင်လိုက်ရသော ဟောက်ချန်ဟွမ်းသည် ဒီမြင်ကွင်းကို မြင်ရတာ စိတ်အေးသွားသော်လည်း တစ်ချိန်တည်းမှာပဲ ကျောချမ်းသွားမိပါသည်။ အနာဂတ်မှာ သူလည်း ကလေးမွေးပြီးသွားရင် ဒီလို အဆုံးသတ်ရမှာများလား … ။ ကြောက်စရာကောင်းလိုက်တာ။
++++++