← Chapters

အခန်း ၆၉၈

Vol. 47 Ch. 698

အခန်း ၆၉၈

Vol. 47 Ch. 698

698 01

အခန်း ( ၆၉၈ ) ကမ္ဘာကြီး တစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလိုပင်။

စုယန်ယန်က လက်ခံကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဒီလို အစီအစဉ်မျိုးကို သူမမှာ ငြင်းဆန်စရာ ဘာတစ်ခုမှ ရှိမနေပါ။ ထိုအစား စကားလမ်းကြောင်းကို ယို့ယီရှစ်ထံ ပြန်ပြောင်းလိုက်သည်။ “ ယို့ယွီရှစ်က အော်ပရာပြဇာတ်နဲ့ ပတ်သက်ပြီး အရင်က လေ့လာဖူးတာတွေ ဘာတွေ ရှိလား။ ”

“ အော်ပရာမင်းသမီး ဇာတ်လမ်းတွဲအတွက် လူရွေးပွဲမဝင်ခင်တုန်းကတော့ ဆရာ တစ်ယောက်ဆီမှာ နှစ်လလောက် လေ့လာဖူးတယ်လို့ ပြောတယ်။ သူမက တော်တော်လေး ကြိုးစားပါတယ်။ ”

“ နှစ်လ ဆိုတဲ့ အချိန်လေးအတွင်းမှာ ဒီလောက် လေ့လာနိုင်တယ် ဆိုကတည်းက သူမမှာ အလားအလာတွေ အများကြီး ရှိတာပဲ။ ” စုယန်ယန်က နာမည်စာရင်းကို ခြုံငုံ ဖတ်ကြည့်လိုက်သောအခါ လူရွေးပွဲမှာ ယို့ယီရှစ် ဝင်ပြိုင်ခဲ့တဲ့ ဇာတ်ကောင်က ငါးယောက်မြောက် အမျိုးသမီးဇာတ်လိုက်ဖြစ်ကြောင်း သတိထားမိသွားသည်။

ဇာတ်ပို့သရုပ်ဆောင်နေရာ ဆိုပေမဲ့ တော်တော်လေး လုပ်ကွက်ရတဲ့ ဇာတ်ကောင် ဖြစ်သည်။ သူမသာ ကောင်းကောင်း သရုပ်ဆောင်နိုင်လျှင် လူတိုင်းရဲ့ မျက်စိရှေ့မှာ တောက်ပဖို့ မြေကြီးလက်ခတ်မလွဲ။

ပိုအရေးကြီးတာကတော့ သူမလို မျက်နှာသစ် သရုပ်ဆောင် တစ်ယောက်အတွက် ဒီလို ဝါရင့်သမ္ဘာရင့် နာမည်ကျော် သရုပ်ဆောင်တွေကြားမှာ နေရာ တစ်နေရာ ရဖို့ ဆိုတာ မလွယ်ကူပါ။

“ တစ်ယောက်ယောက်ကို သူ့ကို သေချာလေး စောင့်ကြည့်ခိုင်းထားလိုက်ပါ။ ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲ ရိုက်ပြီးသွားတဲ့ထိ ညီမတို့ စောင့်ကြည့်ကြမယ်။ သရုပ်ဆောင်ပိုင်းမှာ သူ တကယ်ပဲ အလားအလာရှိတယ် ဆိုရင် ညီမတို့ သူ့ကို မြေတောင်မြှောက်ပေးလို့ ရတယ်။ ”

တုန်ချမ်းရဲ့ တိုးတက်မှုက မဆိုးပေမဲ့ ကုမ္ပဏီကို အမှန်တကယ် အထောက်အကူဖြစ်စေတဲ့ အမျိုးသမီး အနုပညာရှင်က ရွယ်ခိုင်ဝေ တစ်ယောက်တည်းသာ ရှိပါသည်။ ကျန်တဲ့ လူတွေက အရည်အချင်းရှိပေမဲ့ ထိုအရည်အချင်းတွေကို ချပြစရာ အခွင့်အလမ်းမရှိသူတွေချည်း။ မျက်နှာသစ် သရုပ်ဆောင်လေးတွေကို မြေတောင်မြှောက်ပေးပြီး ကုမ္ပဏီမှာ အရည်အချင်းရှိတဲ့ လူသစ်လေးတွေကို စုဆောင်းတာ ကောင်းတဲ့ ကိစ္စ တစ်ခုပဲ မဟုတ်လား။

“ သုံးနှစ်စာချုပ်သက်တမ်းက အရမ်း တိုနေတဲ့ ပြဿနာ တစ်ခုတော့ ရှိတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ပြီးသွားတာနဲ့ ညီမ သူနဲ့ အမြန်ဆုံး စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားထားသင့်တယ်။ ”

“ ကောင်းပါပြီ။ ”

ဟောက်ချန်ဟွမ်းက ကုမ္ပဏီမှာ အလုပ်ကိစ္စ တချို့ကို လက်စသတ်ပြီးသွားသောအခါ သူ့ရဲ့ သားတော်မောင် ခွေးလေးနှင့်အတူ အိမ်ပြန်လာခဲ့၏။

ထိုခွေးလေးရဲ့ မျက်လုံးတွေက ဗလာနတ္ထိ အဓိပ္ပာယ်ကင်းမဲ့နေပြီး လျှာလေးလည်း တစ်လစ် ထွက်ကာ တကယ့်ကို ပရမ်းပတာ ပုံစံ ဖြစ်နေသည်။ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှာ ပွေ့ချီခံထားရတဲ့ ခွေးလေးရဲ့ ပုံစံဟာ ကမ္ဘာကြီး တစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလိုပင်။

“ ရှင် ပြန်ရောက်ပြီလား။ အခြေအနေ ဘယ်လိုလဲဟင်။ အကုန်လုံး အဆင်ပြေရဲ့လား။ သွမ်းသွမ်းရော တစ်ခုခု ပြဿနာရှာသေးလား။ ”

ဟောက်ချန်ဟွမ်းက မျက်တောင် တစ်ချက် မခတ်ဘဲ လိမ်ပြောလိုက်၏။ “ အင်း ၊ အကုန် အဆင်ပြေခဲ့တယ်။ ”

တကယ်တော့ တော်တော်လေးကို အဆင်မပြေခဲ့တာပါ။ သွမ်းသွမ်းက ခွဲစိတ်သည့် စားပွဲပေါ်ကို မရောက်ခင်မှာပဲ သူ သားရဲတွင်းထဲကို ရောက်နေပြီ ဖြစ်ကြောင်း နောက်ဆုံးမှာ သဘောပေါက်သွားပုံရသည်။ ချက်ချင်းပဲ သူ့လက်ထဲက ပြေးဆင်းပြီး ခုန်ပေါက်နေသည်မှာ တိရစ္ဆာန်ဆေးခန်း တစ်ခုလုံး ပွက်လောရိုက်၍ လေထဲမှာ အပ်တွေ ၊ ခွေးမွှေးတွေ ပြန့်ကျဲနေခဲ့လေသည်။

698 02

သူ့ကို ဖမ်းပြီး ခွဲစိတ်သည့် စားပွဲပေါ်မှာ အတင်း ဖိချုပ်ထားရတယ မလွယ်ကူခဲ့။ ကမ္ဘာပျက်လောက်အောင်ပင် မနားတမ်း တဝုတ်ဝုတ် ဟောင်နေပုံမှာလည်း ဆေးခန်းထဲက တခြား တိရစ္ဆာန်တွေပါ ကြောက်လန့်ကုန်ကြသည်။ အကြီးစား အိမ်မွေးတိရစ္ဆာန် အဓိကရုဏ်း တစ်ခုတောင် ဖြစ်တော့မလို့ပါ။ ဒါပေမဲ့ ဟောက်ချန်ဟွမ်းကတော့ စုယန်ယန်ကို ထိုအကြောင်း ဘယ်တော့မှ ပြောပြမှာ မဟုတ်။ “ အဲ့ခွေးငတုံးလေးက ဒီတစ်ခေါက် အရမ်း လိမ္မာနေတာ။ ”

ခွေးလေးက ထိုစကားကို ကြားသောအခါ သူ့ခွေးအဖေက အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာ စကားတွေ လျှောက်ပြောနေတယ်ဟု စွပ်စွဲသလိုမျိုး အားလျော့စွာ ခပ်တိုးတိုး တစ်ချက် ဟောင်လိုက်၏။ ဒီအသုံးမကျတဲ့ ခွဲစိတ်မှုကို သူ လုံးဝ လုပ်ချင်ခဲ့တာ မဟုတ်ဘဲ အတင်းအကျပ် ဖိအားပေး စေခိုင်းခံခဲ့ရတာ ဖြစ်သည်။

ဆေးရုံမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ပြန်တွေးမိသည်နှင့် ဝမ်းနည်းမှုက စိတ်ထဲမှာ လှိုက်တက်လာကာ ပါးပေါ်ကို မျက်ရည် နှစ်စက် စီးကျသွားခဲ့သည်။

စုယန်ယန် သူ အလွန် ဝမ်းနည်းကြေကွဲနေတာကို သတိထားမိသွားပြီး သူ့အမွှေးလေးတွေကို ပွတ်သပ်ပေးလိုက်သည်။ “ ငါလည်း မတတ်သာလို့ လုပ်လိုက်ရတာပါဟယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အနှေးနဲ့ အမြန် ဖြစ်လာမှာပဲ။ ဟွားဟွားမှာ ကိုယ်ဝန်ရှိနေပြီမို့လို့ တော်သေးတယ်။ ငါ ဒီတစ်ရက် ၊ နှစ်ရက်အတွင်း ရှောင်ချီ့ကို ပြောပြီး ဟွားဟွားကို ဒီကို ခေါ်လာခိုင်းလိုက်မယ်နော်။ အဲ့ဒါဆို နင်လည်း သူနဲ့ တွေ့ရလိမ့်မယ်။ ”

စုယန်ယန်က ဟွားဟွားကို အသုံးချပြီး ခွေးကလေးကို နှစ်သိမ့်ဖို့ တွေးထားပေမဲ့ ခွေးကလေးကတော့ စိတ်ပျက်သွားပုံရသည်။

သူ့ဇနီးကို သူ ဒီလို ပုံစံနဲ့ ဘယ်လိုလုပ် တွေ့ရမှာလဲ။ ရှက်စရာကောင်းလိုက်တာ … ။

အစကတည်းက ဝမ်းနည်းနေနှင့်ပြီးသား ခွေးကလေးသည် အခုတော့ ခေါင်းပါ ငုံ့သွားပြီး သူ အိပ်နေကျ ခွေးအိပ်ရာလေးထဲမှာ ခေါင်းကို လက်ဖြင့် အုပ်ထားပြီး သူ့တစ်ကိုယ်လုံးကို ဘယ်သူမှ မမြင်အောင် ပုန်းနေခဲ့သည်။

ဟောက်ချန်ဟွမ်းက စုယန်ယန် စိုးရိမ်နေတာကို မြင်တော့ နှစ်သိမ့်ပေးလိုက်သည်။ “ ကိုယ် ဆရာဝန်ကို မေးထားတယ်။ သားကြောဖြတ်ထားတဲ့ နောက်ပိုင်း တစ်ပတ် ၊ နှစ်ပတ်လောက် ဒီလို ဖြစ်တတ်တယ်တဲ့။ သူ့ကို။ သေချာလေးသာ ဂရုစိုက်ပေးလိုက်ပါလို့ ပြောတယ်။ သူ နှစ်ပတ်အတွင်း အရင်လို ပြန်ဖြစ်သွားမှာ သေချာပါတယ်။ ”

“ ဟူး ၊ ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ ”

စုယန်ယန်ကို အာရုံလွှဲရန်အတွက် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်သည်။ “ ဪ .. ဒါနဲ့ ကိုယ် လမ်းမှာ စိတ်ဝင်စားစရာ ကိစ္စ တစ်ခု ကြားလာခဲ့တယ်။ ”

++++++

All Chapters