← Chapters

အခန်း ၇၀၉

Vol. 48 Ch. 709

အခန်း ၇၀၉

Vol. 48 Ch. 709

အခန်း ( ၇၀၉ ) လျို့ဝှက် ပိုင်ဆိုင်မှု။

“ ဒါ့ကြောင့် မိခင်နဲ့ ကလေးရဲ့ အာဟာရအတွက် ကိုယ်ဝန်ဆောင် မိခင်တိုင်းက ဗိုက်ထဲက ကလေးလေးရဲ့ အကျိုးကို ရှေးရှူပြီး အစားအစာကို ချင့်ချင့်ချိန်ချိန်နဲ့ အလွန်အကျွံ မစားဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်နော်။ ”

သူမကိုယ်တိုင်လည်း ကိုယ်ဝန်ရှိနေတာကြောင့်လား မပြောတတ် ၊ ဒီခေါင်းစဉ်ကို ပြောချိန်မှာ စုယန်ယန်သည် ခေါင်းထဲ ပေါ်လာတဲ့ စကား အနည်းငယ်ကိုပင် ထပ်ဖြည့်ပြောလိုက်သေးသည်။

“ ဟုတ်ပြီ။ ဒါဆို ကံစမ်းမဲနှိုက်ကြမယ်နော်။ ”

ကံစမ်းမဲနှိုက်ခြင်း အစီအစဉ်က မြန်မြန်ဆန်ဆန်ပဲ ပြီးသွားသည်။ လူတွေ အများကြီးထဲမှာမှ ကံစမ်းမဲပေါက်သူက “ မဟာဆန်တဲ့ ဥရောပသူ တော်ဝင် မိန်းမလှလေး ” ဆိုတဲ့ ID ပိုင်ရှင် မိန်းကလေး အကောင့် တစ်ခု ဖြစ်သည်။ သူမရဲ့ ပုံစံကလည်း ထို ID နှင့် လိုက်ဖက်သည်ဟု ပြောလို့ ရပါသည်။

စုယန်ယန်က ဟင်းလျာတွေ ထည့်ထားတဲ့ ဘူးလေးတွေကို ထုပ်ပိုးကာ ကံစမ်းမဲပေါက်သူဆီ ပို့ပေးပြီးနောက် ဟောက်ချန်ဟွမ်းကို ညစာ လာစားဖို့ ခေါ်လိုက်၏။

ဟောက်ချန်ဟွမ်းကတော့ တိုက်ရိုက် ထုတ်လွှင့်တင်တက်မှုကို စုယန်ယန် ပိတ်လိုက်ကတည်းက မီးဖိုချောင်ထဲ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူက စုယန်ယန် မီးဖိုချောင်လေးထဲမှာ အကြာကြီး နေရင်း ပင်ပန်းသွားမှာကို စိုးရိမ်နေတာ ဖြစ်သည်။ ဒါပေမဲ့ တကယ့်တကယ်မှာက စုယန်ယန် မီးဖိုချောင်ဝင်တာ ဆယ်မိနစ်တောင် မရှိသေးပါ။ အဲ့လောက်နဲ့ သူမ ဘယ်လိုလုပ် ပင်ပန်းမှာတဲ့လဲ။

သူ့ဇနီးလေးကိုယ်တိုင် သူ့အတွက် အထူးတလည် ပြင်ဆင်ပေးထားတဲ့ ဟင်းလျာကို စူးစမ်းချင်စိတ်က ပိုများသည်။

စုယန်ယန် ဒီလို ဟင်းမျိုး ချက်တာ ရှာသည်။ သူမက ပါဝင်ပစ္စည်းတွေ အများကြီး ပါတဲ့ ဟင်းလျာ တစ်မျိုးကို အချိန်တွေ အများကြီး ‌အကုန်ခံပြီး ချက်ပြုတ်ထားတာ ဖြစ်သည်။

စုယန်ယန်ကတော့ ကိုယ်ဝန်ရှိနေတာမို့ အများကြီး စားလို့ မရပါ။ သူတို့ နှစ်ယောက်တည်းနှင့်လည်း ဒီလောက် အများကြီး မကုန်သောကြောင့် သူမက ချက်ချင်းပဲ လူလွှတ်ပြီး စုမိသားစုထံ သုံးယောက်စာ ပို့ခိုင်းလိုက်သည်။ ထို့နောက် သူမအတွက် တစ်ခွက်ရယ် ၊ ဦးလေးကျန်းအတွက် တစ်ခွက်ရယ် ထည့်လိုက်၏။ သူလည်း စားရလိမ့်မည်ဟု ထင်မထားသော ဦးလေးကျန်းရဲ့ မျက်နှာပေါ်မှာ အံ့ဩမှု အရိပ်အယောင်တွေ ထင်ဟပ်သွားသည်။ တကယ်တော့ မီးဖိုချောင်အပြင်ဘက်ကို အမွှေး‌နံ့တွေ ရောက်လာကတည်းက သူ ဒီဟင်းပွဲအကြောင်း တွေးနေခဲ့တာပါ။

စုယန်ယန်က ဟင်းတွေ အများကြီး ချက်ထားတဲ့အခါမျိုးမှာ သူ့ကို တစ်ခါတရံ ဝင်စားဖို့ ဖိတ်ခေါ်တတ်ပေမဲ့ ဒီနေ့ ဟင်းလျာတွေကတော့ ဟောက်ချန်ဟွမ်းအတွက် အထူးတလည် ပြင်ပေးထားတာမို့ ဦးလေးကျန်း စားချင်သော်လည်း စုံတွဲလေးရဲ့ နှစ်ယောက်တစ်ကမ္ဘာ ညစာစားဝိုင်းလေးကို ဝင်မနှောင့်ယှက်ချင်ပေ။ သူ့အတွက်ပါ စုယန်ယန် ထည့်ပေးလိမ့်မည် ဟူ၍ မျှော်လင့်မထားခဲ့။

စုယန်ယန်က အသံထွက် ရယ်လိုက်မိသည်။ “ ဒီဟင်းက အစာချေရ ခက်တယ်။ ကျွန်မလို တစ်ခွက်လောက်ပဲ အရင် စားကြည့်နော် ဦးလေးကျန်း။ ကျွန်မလည်း ပထမဆုံးအကြိမ် ချက်တာ ဆိုတော့ အရသာကောင်းပါ့မလား ဆိုတာ မြည်းကြည့်ပေါ့။ ”

ထို့နောက် သူမ ဟောက်ချန်ဟွမ်းဘက် လှည့်ပြီး ပြောလိုက်သည်။ “ ကျန်တာတွေ အကုန်လုံးက ရှင့်အတွက်ပဲနော်။ ဒါတွေကို ကုန်အောင် စားဖို့က ရှင့်တာဝန်ပဲ။ ”

အစကတည်းက လက်ကျန်ဖြတ်ချင်နေတဲ့ ဟောက်ချန်ဟွမ်းက စပြီး စားလိုက်၏။

“ သခင်မလေးရဲ့ လက်ရာက စားကောင်းလိုက်တာ။ ” ဦးလေးကျန်းက စွပ်ပြုတ်ကို တစ်ငုံ သောက်ကြည့်လိုက်ပြီး တအံ့တဩ မပြောမိဘဲ မနေနိုင်ပေ။ “ ဒီလောက် အရသာရှိတဲ့ စွပ်ပြုတ်ကို ကျွန်တော် သောက်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ ”

စုယန်ယန်က ထိုစကားကို ကြားတော့ ရယ်လိုက်သည်။ “ ဒီလို ကြားရတော့ ကျွန်မ စိတ်သက်သာသွားပြီ။ ကျွန်မ မီးဖိုချောင်မဝင်တာ ကြာပြီ ဆိုတော့ ဟင်းချက်လက်ရာတွေ လက်ရည်ကျသွားမှာကို စိတ်ပူနေတာ။ ဒါပေမဲ့ ဦးလေးကျန်းရဲ့ စကားကြောင့် ကျွန်မ ယုံကြည်ချက်ပြန်ရှိသွားပြီ။ ကျွန်မ ကလေးမွေးပြီးသွားရင် ကျွန်မရဲ့ ဟင်းချက်စွမ်းရည်နဲ့ က‌လေးနို့မှုန့်ဖိုးလောက်တော့ အနည်းဆုံး ရှာလို့ ရတယ်။ ”

စွပ်ပြုတ် သောက်နေတဲ့ ဟောက်ချန်ဟွမ်းရဲ့ လက်က ရပ်တန့်သွားသည်။ သူ သူမကို မော့ကြည့်ပြီး ပြောလိုက်၏။ “ ကိုယ် ရှိနေတဲ့ ဟာကို မင်းက ကလေးနို့မှုန့်ဖိုး ရှာစရာ လိုသေးလို့လား။ ”

ဦးလေးကျန်းလည်း ပြောလိုက်ပါသည်။ “ ဟုတ်တယ် ၊ သခင်လေးလည်း ရှိနေတာကို ကျွန်တော်က သခင်မလေးကို နို့မှုန့်ဖိုးရှာခွင့်ပြုမှာတဲ့လား။ ပြီးတော့ ဒီဟင်းပွဲကို ခုနှစ်နာရီ ၊ ရှစ်နာရီလောက် နှပ်ပြီး ချက်ရတယ်လို့ ကျွန်တော် ကြားတယ် ၊ တစ်နေကုန် ဟင်းချက်ရင်း သခင်မလေး ပင်ပန်းသွားရင် ဘယ်လို လုပ်မလဲ။ ”

ဦးလေးကျန်းရဲ့ စကားကို ကြားသည်နှင့် ဟောက်ချန်ဟွမ်းကလည်း သူမကို “ မြင်လား ၊ ကိုယ် တစ်ယောက်တည်း အဲ့လို တွေးတာ မဟုတ်ဘူး။ ” ဟု ပြောနေသလို အကြည့်ဖြင့် ကြည့်လိုက်သည်။

စုယန်ယန် : “ … ” ကောင်းရော ၊ သူမ အခုနောက်ပိုင်း အိမ်မှာ ပိုလို့တောင် အနီးကပ် စောင့်ကြည့်ခံရတော့မယ်လို့ ခံစားလိုက်ရပြီ။

ဟောက်မိသားစုသည် ပျော်ရွှင်စွာ ညစာ စားနေခဲ့ကြသည်။ အခြားတစ်ဖက်၌ ကံစမ်းမဲပေါက်သူထံ စုယန်ယန် ပို့ပေးလိုက်တဲ့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကလည်း တစ်စုံတစ်ယောက်ရဲ့ လက်ထဲ ရောက်သွား၏။

“ ဒီဟင်းကို မနက်ပိုင်းမှာ စားမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို မင်း ရှာပြီးပြီလား။ ” သို့ထျန်းယီက စားပွဲပေါ်ရှိ အပူခံဘူးထဲက တန်ဖိုးကြီး ဟင်းလျာတွေကို ကြည့်ကာ ဩလျသော အသံဖြင့် မေးလိုက်သည်။ “ သူတို့မှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှု တစ်ခုခုရော ရှိလား။ ”

“ သူတို့ အကုန်လုံး ပြောင်စင်အောင် စားလိုက်ပေမဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုမျိုးတော့ မရှိသေးဘူး။ အရမ်း စားကောင်းတယ်လို့ပဲ … ပြောကြတယ်။ ”

All Chapters