← Chapters

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ( ၇၂၂ ) လက်စားချေတဲ့ လုပ်ရပ်။

အလောင်းခွဲစိတ်ချိန်မှာ တွေ့ခဲ့ရတဲ့ သက်သေတွေကြောင့်သာ မဟုတ်ရင် သူကိုယ်တိုင်တောင် အက်ဆီးဒင့်ကြောင့် သူ့မိဘတွေ ဆုံးသွားတာလို့ပဲ ထင်ခဲ့မှာပင်။

စုယန်ယန်က သူ့လက်ကို ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “ ဘာမှ မဖြစ်ဘူး ၊ တရားခံကို ကျွန်မတို့ အနှေးနဲ့အမြန် ရှာတွေ့မှာပဲ။ ”

ထို့နောက် သူမ ဟောက်ရှောက်ဖုန်း ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားသည်။ “ ဟောက်ရှောက်ဖုန်း တကယ်ပဲ တစ်ခုခု သိနေတာလား။ ရှင် ပြန်မရောက်ခင်တုန်းက ကျွန်မလည်း ဘာမှ သိပ်မသိတော့ သူ ကမ်းလှမ်းတာကို ခေါင်းလည်း မညိတ် ၊ ခေါင်းလည်း မခါလိုက်ဘူး။ ရှင် ပြန်လာတော့မှ ရှင်နဲ့ ဆွေးနွေးကြည့်လိုက်မယ်လို့ပဲ ပြောလိုက်တယ်။ ရှင် သူ့ကို မေးကြည့်သင့်တယ်လို့ ထင်လားဟင်။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အရောင်တောက်သွားကာ သူ ခေါင်းညိတ်ပြလိုက်သည်။ “ ကိုယ်ပဲ အဲ့ဒါကို ဖြေရှင်းလိုက်မယ်။ မင်းက ကလေးကိုပဲ အာရုံစိုက်ထားပါ။ ကျန်တဲ့ ကိစ္စတွေ အကုန်လုံးကို ကိုယ့်တာဝန်ထားလိုက်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းဟာ သူမကို ဒီပြဿနာထဲ ဝင်မပါစေချင်မှန်း သိသောကြောင့် ဘာမှ ထပ်မမေးတော့ဘဲ လိုက်လျောနာခံစွာ ခေါင်းညိတ်ပြလိုက်၏။

ဟောက်ချန်ဟွမ်းက ပြုံးလိုက်ပြီး အရင်ကထက် နည်းနည်းလေး ပိုဖောင်းပြည့်လာသော စုယန်ယန်ရဲ့ မျက်နှာလေးကို ဆုပ်ကိုင်ကာ မျက်လုံးထဲမှာ အပြုံးရိပ်လေးတွေ ယှက်သန်းသွားသည်။

“ စကားမစပ် ကိုယ့်ဦးလေး ပြန်လာနေပြီ။ ”

“ ရှင့်ဦးလေး … ” စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း အံ့ဩသွားသည်။ “ ဘယ်တော့လဲ။ ”

“ နောက် နှစ်ရက် ၊ သုံးရက်အတွင်း ဖြစ်လိမ့်မယ်။ သူ ဒီကို လာပြီး မင်းနဲ့ လာတွေ့လောက်တယ်။ ”

“ ကျွန်မနဲ့ တွေ့မှာ … ” စုယန်ယန်သည် ရင်တွေ တုန် ၊ စိတ်တွေ လှုပ်ရှားကာ ဂဏှာမငြိမ် ဖြစ်လာမိသည်။ “ ကျွန်မ တစ်ခုခု ပြင်ဆင်ထားစရာရော လိုလား။ ရှင့်ဦးလေ မကြိုက်တဲ့ အချက်တွေ ရှိလား။ ကျွန်မ ဘာတွေ ပြင်ဆင်ထားရမလဲဟင်။ ”

“ စိတ်မပူပါနဲ့ ၊ သူက ဒီတိုင်း မင်းနဲ့ တွေ့ဖို့ပဲ လာမှာ။ မင်းကို ဘာမှ မလုပ်ဘူး။ ”

စုယန်ယန်ကတော့ စိတ်အေးသွားရမည့်အစား ဟောက်ချန်ဟွမ်းကို အကြာကြီး စိုက်ကြည့်ရင်း တစိမ့်စိမ့် တွေးနေခဲ့သည်။ “ ရှင်နဲ့ ရှင့်ဦးလေးက … သိပ်ပြီး ဆက်ဆံရေး မပြေလည်ဘူးလားဟင်။ ”

ဟောက်ချန်ဟွမ်း နည်းနည်းလေး အံ့ဩသွား၏။ “ ဘာလို့ မေးတာလဲ။ ”

“ ရှင် အရင်က သူ့အကြောင်း ပြောတာ တစ်ခါမှ မကြဖူးဘူးလေ။ ရှင် သူ့အကြောင်း ပြောတာ ရှားတယ် ၊ ပြီးတော့ ရှင်က သူ့အကြောင်း သိပ်ပြောပြချင်တဲ့ပုံမပေါ်ဘူး။ အဲ့ဒါကြောင့်ပါ။ ”

ဟောက်ချန်ဟွမ်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ကွဲအက်ခြောက်သွေ့သော အသံဖြင့် ပြောလိုက်သည်။ “ ကိုယ်တို့နှစ်ယောက်က ဆက်ဆံရေး မပြေလည်တာတော့ မဟုတ်ပါဘူး။ ဒီတိုင်း … ပဋိပက္ခလေးတွေ ရှိတာလောက်ပါပဲ။ ”

“ ပဋိပက္ခလေးတွေ … ”

“ အစတုန်းက ကိုယ့်ဦးလေးက အန္တရာယ်များတဲ့ အလုပ်တွေကိုပဲ လုပ်ရတဲ့ ငှာန တစ်ခုက အထူး အေးဂျင့် တစ်ယောက်။ သူ့ဆီကို လာဆက်သွယ်တဲ့ လူ‌ အများစုကလည်း ကမ္ဘာပေါ်က အရက်စက်ဆုံး ၊ ကြောက်စရာအကောင်းဆုံး ဆိုတဲ့ လူတွေချည်းပဲ။ ”

ဟေးရီက တုန်ချမ်းကို အနိုင်ယူဖို့ လော့ပေါင်ကမ်းနှင့် သူ့ဇနီးကို တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့်သာ စုယန်ယန်ရှေ့မှာ သူ့ဦးလေးအကြောင်းကို ဟောက်ချန်ဟွမ်း ပထမဆုံးအကြိမ် ပြောလိုက်တာ ဖြစ်သည်။

ဟောက်ချန်ဟွမ်းက သူ့ဦးလေးအကြောင်း တစ်ခွန်း ၊ နှစ်ခွန်းလောက်ပဲ ပြောပြဖူးရင်တောင် စုယန်ယန်ကတော့ သူမ တစ်ခါမှ မမြင်ဖူးတဲ့ သူ့ဦးလေးဟာ ရိုးရှင်းတဲ့ သာမန်လူ တစ်ယောက် မဟုတ်ဘူးလို့ ခံစားရပါသည်။ ဒါပေမဲ့ ဒီလို လူမျိုး ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့။

“ ကိုယ့်မိဘတွေ ဆုံးသွားတဲ့ သတင်းကို ရတာနဲ့ သူ ချက်ချင်း ပြန်လာပြီး ကိုယ့်ကို သတင်း တစ်ခု ပေးခဲ့တယ်။ ”

“ သတင်း .. ဟုတ်လား။ ”

“ ဟုတ်တယ် ၊ ကိုယ့်မိဘတွေက အက်ဆီးဒင့်ကြောင့် သေသွားတာ မဟုတ်ဘူးလို့ ကိုယ့်ကို နားလည်သွားစေခဲ့တဲ့ သတင်းပေါ့။ ”

“ ဒါဆို … ”

“ ကိုယ့်ဦးလေးက အမှန်တရားကို ဖော်ထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ ဒီကိစ္စက သူ့ရန်သူတွေနဲ့ ပတ်သက်နေမှန်း အမှတ်မထင် သိလိုက်ရတယ်။ ”

စုယန်ယန် တစ်ယောက် ကြက်သေ,သေသွားကာ ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်လိုက်သည်။

လုပ်နေတဲ့ အလုပ်ရဲ့ လုပ်ငန်းသဘာဝကြောင့် သူ့ဦးလေးဟာ ကြောက်စရာကောင်းလောက်အောင် အန္တရာယ်များတဲ့ လူ တချို့ကို သေချာပေါက် ရန်စမိပါလိမ့်မည်။ သူ့ကို ဘာမှ မလုပ်နိုင်တဲ့ ထိုလူတွေက သူ့မိသားစုကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ဖို့ များသည်။

“ ကိုယ်က အဲ့တုန်းက ငယ်လည်း ငယ်သေးတယ် ၊ ပြီးတော့ ကိုယ့်မိဘတွေရဲ့ ကိစ္စကြောင့် တော်တော်လေး စိတ်ဓာတ်ကျခဲ့ရတယ်။ ကိုယ့်မိဘတွေ သေသွားတာရဲ့ နောက်ကွယ်က အမှန်တရားကို သိလိုက်ရတော့ ကိုယ့်ဘက်တစ်ဖက်တည်းက မြင်တဲ့ တစ်ဖက်သတ် အတွေးတွေကြောင့် ကိုယ့်ဦးလေးနဲ့ ရန်ဖြစ်ခဲ့မိတယ်။ ”

စုယန်ယန်ရဲ့ ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားလိုက်ရကာ သူ့ခါးလေးကို ပွေ့ဖက်လိုက်၏။ သူ့ရင်ခွင်ထဲကို တိုးဝင်ရင်း သူမခန္ဓကိုယ်မှ အနွေးဓာတ်တို့ သူ့ထံ ကူးပြောင်းစီးဆင်းရင်း နွေးထွေးစေနိုင်ဖို့ ကြိုးစားမိသည်။

ချန်မိသားစုမှာ ပြဿနာတွေ ဖြစ်နေခဲ့ချိန်မှာ ဟောက်ချန်ဟွမ်းက ဆယ်ကျော်သက်အရွယ်သာ ရှိပါလိမ့်ဦးမည်။ မိဘ နှစ်ပါးလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရကာ သိပ်မကြာခင်မှာပဲ ထိုဖြစ်ရပ်ဆိုးကြီးက သူ့ရဲ့ နောက်ထပ် မိသားစုဝင် တစ်ယောက်ကြောင့်မှန်း သိလိုက်ရသည်။ ကံကြမ္မာက သူ့ကို ညှာတာမှုကင်းမဲ့စွာပင် နှစ်ချက်ဆင့် ထိုးနှက်ခဲ့လေသည်။

All Chapters