← Chapters

အခန်း ၇၂၄

Vol. 49 Ch. 724

အခန်း ၇၂၄

Vol. 49 Ch. 724

အခန်း ( ၇၂၄ ) လူမြင်ကွင်းမှာ ပြန်ပေးဆွဲခြင်း။

စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူ့ဦးလေးနှင့် စကားပြောစရာ အကြောင်းပြချက် ရစေရန် ဒီစကားကို ပြောလိုက်တာပင်။ ဟောက်ချန်ဟွမ်းကလည်း အဲ့ဒါကို သိပေမဲ့ ဘာမှ မပြော။

စုယန်ယန် မျက်ခုံးပင့်လိုက်ပေမဲ့ သူ့ကို အလွယ်တကူ အလျှော့မပေးလိုက်ချင်ပါ။ “ ဘာလဲ။ ကျွန်မက အခု ကိုယ်ဝန်ရှိနေပြီ ဆိုတော့ အရင်လို လှုပ်လှုပ်ရှားရှား လုပ်ဖို့ အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် မီးဖိုချောင်ထဲမှာ ရှင့်ကို ဘေးကနေ ဘာပြီးရင် ဘာလုပ် ဆိုပြီး ဆက်တိုက် ပြောမနေနိုင်တော့ဘူးလေ။ ”

သူမ ဒေါသထွက်ချင်ယောင်ဆောင်နေပေမဲ့ တစ်ချိန်တည်းမှာပဲ ပြောအားဆိုအားရှိစေရန် ဗိုက်ထဲက ကလေးကို အကြောင်းပြချက်ပေးဖို့ မမေ့ပါ။ စုယန်ယန်က သိပ်ကို ဉာဏ်ကောင်းသည်။

ဟောက်ချန်ဟွမ်းက သူမကို ကြည့်ပြီး ပြုံးလိုက်၏။ သူ တုံ့ဆိုင်းမနေဘဲ သူမရဲ့ တောင်းဆိုမှုတွေ အကုန်လုံးကို ချက်ချင်း သဘောတူလိုက်ပါတော့သည်။

“ ဟုတ်ပြီ ဟုတ်ပြီ။ ကိုယ် သူ့ကို အချိန်ရတာနဲ့ မေးလိုက်မယ်။ ”

“ မရဘူး ၊ ရှင့်ဦးလေး ဘာတွေ ကြိုက်တတ်လဲ ဆိုတာ ကျွန်မ မနက်ဖြန် သိချင်တယ်။ ဒီတာဝန်ကို ရှင် မကျေပွန်ရင် မနက်ဖြန်ညကျ ဧည့်သည်အခန်းထဲမှာ သွားအိပ်ရမယ်။ ” သဘောတူချင်ယောင်ဆောင်နေတဲ့ တစ်စုံတစ်ယောက်ကို အခုကတည်းက ကြိုပိတ်သည့်အနေဖြင့် စုယန်ယန်က စကား အကုန် ပြောလိုက်ပါသည်။

ထင်ထားတဲ့အတိုင်းပင် ‘ ဧည့်သည်အခန်းထဲမှာ သွားအိပ်ရမယ် ’ ဟူသော စကားကို ကြားသည်နှင့် ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားကာ မျက်နှာကလည်း တည်ငြိမ်လေးနက်သွားသည်။ “ စိတ်ချပါ အချစ်။ ကိုယ် ဒီတာဝန်ကို ကျေစေရမယ်လို့ ကတိပေးပါတယ်။ ”

“ အဲ့လိုမှပေါ့။ ”

စုယန်ယန် ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ တစ်ခုခု ဆက်ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ ဖုန်းက ရုတ်တရက် အသံမြည်လာ၏။

ဟောက်ချန်ဟွမ်းက ဖုန်းမျက်နှာပြင်ကို တစ်ချက် ကြည့်ပြီး မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။ သူ စုယန်ယန်ရှေ့မှာပဲ ဖုန်းကိုင်လိုက်ပါသည်။

စကား နည်းနည်းပါးပါး ပြောပြီးနောက် သူ့မျက်နှာက ပြိုတော့မည့်မိုးလို မည်းမှောင်ကျသွားခဲ့သည်။

“ ဘာဖြစ်လို့လဲ။ ”

ဟောက်ချန်ဟွမ်း ဖုန်းချလိုက်၏။

“ ရှောင်ချီး … တစ်ခုခု ဖြစ်သွားတယ်။ ”

“ ဘာရယ် … ”

“ စိတ်အေးအေးထား ၊ စိတ်အေးအေးထား။ ”

လင်းရှောင်ချီးသည် ကားထဲက ထွက်လာချိန်ထိ မျက်နှာဖြူရော်နေဆဲ ဖြစ်ပြီး အကြောက်မပြေသေးပေ။ ထိုအချိန်မှာပဲ အိမ်ထဲကနေ သိသိသာသာ ဖောင်းမို့ထွက်နေသော ဗိုက်ကလေးဖြင့် တလွှားလွှား ပြေးထွက်လာသော စုယန်ယန်ရယ် ၊ သူမရဲ့ ဘေးမှာတော့ သူမကို ‌မချော်လဲအောင် စိုးရိမ်တကြီး ထိန်းကိုင်ထားသော ဟောက်ချန်ဟွမ်းရယ်ကို တွေ့လိုက်ရလေသည်။

“ ယန်ယန် … ” လင်းရှောင်ချီးက အားကိုးအားထားပြုစရာ လူ တစ်ယောက်ကို တွေ့သွားပုံဖြင့် စုယန်ယန်ကို ပြေးဖက်လိုက်၏။

ဘေးကင်းလုံခြုံစွာ ရောက်လာသော လင်းရှောင်ချီးကို မြင်တော့မှ စုယန်ယန် နည်းနည်းလေး စိတ်အေးသွားသည်။ သို့သော် သူမ စိုးရိမ်စွာ မေးမိဆဲ ဖြစ်ပါသည်။ “ လူ တစ်ယောက်က နင့်ကို လာရှာရင်း နင်နဲ့ ရုန့်ရင်းဆန်ခတ်တောင် ဖြစ်ခဲ့တယ်လို့ ချန်ဟွမ်းက ပြောတယ်။ နင် တစ်နေရာရာ ထိခိုက်သွားသေးလား။ ”

လင်းရှောင်ချီးက စုယန်ယန်ကို လွှတ်ပေးရင်း ခေါင်းခါပြလိုက်သည်။ “ ငါ အဆင်ပြေတယ် ၊ ဘယ်နေရာမှ မထိခိုက်ဘူး။ ပြီးတော့ ဒီတစ်ခေါက် ကူညီခဲ့တဲ့ လူကို ကျေးဇုးတင်ရမယ် ၊ သူ့ကြောင့် ငါ ဘာမှ ဖြစ်မသွားတာ။ ”

စုယန်ယန်ရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့ ဟောက်ချန်ဟွမ်းက သူမကို အချိန်မီ သတိပေးလိုက်သည်။ “ အပြင်မှာ အေးလာပြီ။ အိမ်ထဲ ဝင်ပြီး စကားပြောကြမယ်။ ”

“ ဟုတ်တယ် ဟုတ်တယ်။ အိမ်ထဲ ဝင်ပြီး စကားပြောကြမယ်။ နင် ကြောက်နေသေးလား။ ငါ မီးဖိုချောင်ထဲက လူတွေကို နင့်အတွက် စိတ်ငြိမ်စေတဲ့ ရေနွေးကြမ်း ဖျော်ခိုင်းလိုက်မယ်။ နင် ငါတို့ဆီမှာ ဒီတစ်ည လာနေလိုက်ပါလား ၊ မနက်ဖြန်မနက်ကျမှ ပြန်သွားလို့ ရတာပဲ။ ”

စုယန်ယန်က လင်းရှောင်ချီးကို ပြောပြောဆိုဆို အိမ်ထဲ ဆွဲခေါ်ဖို့ လုပ်နေစဉ်မှာပဲ ရင်းနှီးနေတဲ့ ပုံရိပ် တစ်ခုကို မျှော်လင့်မထားဘဲ မြင်လိုက်ရလေသည်။

“ ဥက္ကဌနျဉ် … ”

ကား တစ်ဖက်ခြမ်းကနေ ဆင်းလာသူက အမှန်တကယ်ပဲ နျဉ်မိသားစုရဲ့ အကြီးဆုံး သခင်လေး နျဉ်စစ်ယွမ် ဖြစ်နေသည်။

“ ရှင်က ဘယ်လိုလုပ် … ”

လင်းရှောင်ချီးက စုယန်ယန်ရဲ့ တုံ့ပြန်ပုံကို မြင်တော့ သူတို့ နှစ်ယောက်က အချင်းချင်း သိကြကြောင်း ရိပ်စားမိသွားသည်။ သူမ ရှက်ရွံ့စွာ ပြောလိုက်၏။ “ ငါ ပြောတဲ့ ငါ့ကို ကူညီပေးခဲ့တဲ့ လူ ဆိုတာ သူလေ ယန်ယန်။ ”

“ သူ … ” အံ့ဩမှုကြောင့် စုယန်ယန် မျက်လုံးပြူးကျယ်သွားသည်။ သူတို့ နှစ်ယောက် ဘယ်လိုလုပ် ပတ်သက်ချိတ်ဆက်သွားကြလဲ ဆိုတာ နားမလည်ပေ။

မိနစ် အနည်းငယ် အကြာတွင် လူ လေးယောက်သည် ဟောက်မိသားစုအိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ ထိုင်ရင်း လင်းရှောင်ချီး ပြောပြတဲ့ အဖြစ်အပျက်ကို နားထောင်နေခဲ့ကြသည်။

“ အဲ့တုန်းက ဖြစ်သွားတာတွေက အရမ်း မြန်လွန်းတယ်။ အဲ့ဒီ လူတွေက ငါ့ကို ရုတ်တရက်ကြီး ဝိုင်းချုပ်လိုက်ကြတာ ၊ ငါလည်း အရမ်း လန့်သွားတယ်။ ကံကောင်းချင်တော့ သက်တော်စောင့်တွေက အမြန် သတိဝင်လာပြီး ငါ့ကို ကာကွယ်ပေးဖို့ ဝိုင်းလာကြပေမဲ့ သူက လူတွေ အများကြီး ခေါ်လာတော့ သက်တော်စောင့်တွေကလည်း ငါ့ကို ကာကွယ်ပေးဖို့ မလွယ်ဘူး။ အဲ့အချိန်မှာပဲ လူကြီးမင်းနျဉ် ရောက်လာပြီး ငါတို့ကို ကူညီပေးခဲ့တာ။ မဟုတ်ရင် ဘာတွေ ဖြစ်သွားမလဲ ဘယ်သူမှ မသိဘူး။ ”

All Chapters