← Chapters

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း ၇၂၅

Vol. 49 Ch. 725

အခန်း ( ၇၂၅ ) ငါတို့ သူ့ကို ဖမ်းလို့ ရလား။

“ ဒါကတော့ တော်တော် တရားလွန်သွားပြီ။ ” စုယန်ယန်သည် ဆောက်တည်ရာမရ ဖြစ်နေတဲ့ ချင်ဖန်သဲ့ဟာ လင်းရှောင်ချီးကို အရှက်မဲ့စွာ ပြန်ပေးဆွဲတဲ့အထိ လုပ်လိမ့်မည်ဟု အစကတည်းက ထင်ထားခဲ့ပေမဲ့ သူ့ရဲ့ အရှက်မရှိမှုကြောင့် ဒေါသထွက်ရဆဲပဲ ဖြစ်သည်။

“ သူက လင်းရှောင်ချီးကို လူကြားထဲမှာတောင် ပြန်ပေးဆွဲရဲတယ် ဆိုတော့ တော်တော်လေး အတင့်ရဲနေတာပဲ။ သူတို့ရဲ့ ချင်မိသားစုက အာဏာရှိလွန်းလို့ ဘယ်သူကမှ သူတို့ကို ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေတာ ဖြစ်မယ် ထင်တယ်။ ”

စုယန်ယန်က တကယ့်ကို အကြီးအကျယ် ပေါက်ကွဲနေသည်။ ဟောက်ချန်ဟွမ်းက သူမ စိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကိုယ်ရော ၊ ဗိုက်ထဲက ကလေးကိုရော ထိခိုက်အောင် လုပ်မှာ စိုးရိမ်၍ သူမကို ဘေးကနေ စိတ်ငြိမ်အောင် ကူညီနေရ၏။ စကားလမ်းကြောင်းကို နျဉ်စစ်ယွမ်ဆီသို့ သူ ချက်ချင်း ပြောင်းလိုက်သည်။ “ ဥက္ကဌနျဉ်က တုန်ချမ်းကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ”

“ ကျွန်တော် ချီလွေ့ကို လာရှာတာပါ။ သူ ဒီရက်ပိုင်း အလုပ်ရှုပ်နေတော့ အိမ်မပြန်တာလည်း သုံး ၊ လေးရက်လောက် ရှိပြီ။ ကျွန်တော့်မိဘတွေက သူ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ထားတာကနေ ပြန်သက်သာလာတာ မကြာသေးတော့ စိုးရိမ်လာတာနဲ့ ကျွန်တော့်ကို သူ့ဆီ တစ်ချက် သွားကြည့်ပေးဖို့ အကူအညီတောင်းလိုက်တာ။ မင်းတို့ကုမ္ပဏီက မြေအောက်ထပ် ကားပါကင်ကို ရောက်,ရောက်ချင်း လူ တစ်စု အဝိုင်းခံထားရတဲ့ မိနိးကလေးလင်းကို မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ”

သူ ကယ်တင်ခဲ့တဲ့ ကောင်မလေးက စုယန်ယန်နှင့် သိကျွမ်းနေမည်လို့လည်း နျဉ်စစ်ယွမ် ထင်မထားခဲ့ပါ။ ခဏနေလို့ စုယန်ယန်ထံ လင်းရှောင်ချီး ဖုန်းဆက်နေတာကို ကြားတော့မှ စုယန်ယန်ရဲ့ သူငယ်ချင်းကို သူ ကယ်ပေးခဲ့မိတာမှန်း သဘောပေါက်သွားခဲ့သည်။

“ ကျွန်မ နားလည်ပြီ။ ” စုယန်ယန်သည် ဒေါသလည်း ထွက် ၊ စိတ်လည်း အေးသွားသည်။ သူမ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်၏။ “ ကျွန်မရဲ့ သူငယ်ချင်းကို အခုလို ကူညီပေးလို့ တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ် ဥက္ကဌနျဉ်။ မဟုတ်ရင် သူ ဘာဖြစ်သွားမလဲ ဆိုတာ ကျွန်မ မတွေးရဲဘူး။ ”

“ မိန်းကလေးစုက သဘောကောင်းလွန်းနေပါပြီ။ ကျွန်တော်က လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ။ ဒီတိုင်း သူစိမ်း တစ်ယောကိပဲ ဆိုရင်တောင် ကျွန်တော် ဘာမှ ဝင်မကူညီဘဲ ဒီတိုင်း ရပ်နေနိုင်မှာ မဟုတ်ဘူး ၊ မိန်းကလေးစုရဲ့ သူငယ်ချင်း ဆိုရင်တော့ ပြောမနေနဲ့။ မိန်းကလေးစုက ကျွန်တော်တို့မိသားစုကို အများကြီး ကူညီခဲ့ဖူးပါတယ် ၊ ကျွန်တော်တို့မိသားစုရဲ့ ကျေးဇူးရှင်ကို အခုလို ကူညီပေးခွင့်ရလို့ ကျွန်တော်ကတောင် ဂုဏ်ယူရဦးမှာပါ။ ”

နျဉ်ချီလွေ့ရဲ့ ဝေဒနာနှင့် သူ့ရဲ့ ပန်းနာရင်ကျပ်ရောဂါအကြောင်း နျဉ်စစ်ယွမ် ပြောနေတာ ဆိုတာကို စုယန်ယန် သိပါသည်။ သူမ ခြောက်သွေ့စွာ ရယ်မောရင်း အပြစ်မကင်းသလို အနည်းငယ် ခံစားလိုက်ရသည်။

ပြောရရင် အရင်တုန်းက သူမ သူတို့ကို ကုသပေးဖို့ ဆုံးဖြတ်ခဲ့ဖူးပေမဲ့ အတွေးတွေက အရမ်းကြီး ဖြူစင်ခဲ့တာတော့ မဟုတ်။

လင်းရှောင်ချီးက နျဉ်စစ်ယွမ်ရဲ့ စကားကို ကြားတော့ အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်သွားသည်။ သူ ဘာလို့ စုယန်ယန်က သူတို့မိသားစုကို ကူညီပေးခဲ့ဖူးသလို ပြောနေတာပါလိမ့်။

“ အဟမ်း ၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာကတော့ တင်ရမှာပါပဲ။ ကျွန်မ ရှင့်အပေါ် အကြွေး တစ်ခု တင်သွားပြီလို့ပဲ သဘောထားလိုက်ကြရအောင်ပါ။ နောက်ပိုင်း ရှင့်မှာ အကူအညီ တစ်ခုခု လိုလာခဲ့ရင် ၊ ကျွန်မကလည်း ကူညီပေးနိုင်တယ် ဆိုရင် ကျွန်မကို ချက်ချင်း အသိပေးလိုက်ပါ။ ”

နျဉ်ချီလွေ့ရဲ့ မျက်လုံးတွေ တောပ်ပသွားသည်။ စုယန်ယန်ရဲ့ ကတိက ကျေးဇူးတင်စကားတွေထက် ပိုပြီး ရိုးဖြောင့်ပွင့်လင်းကာ တစ်ဖက်သားရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။

စုယန်ယန်သည် ထိုအကြောင်းကို ပြန်တွေးရင်း နည်းနည်းလေး ကျောချမ်းသွားမိသည်။ “ သူ ဒီလိုတွေ လုပ်နေပြီ ဆိုကတည်းက ဘာကိုမှ ဂရုမစိုက်နိုင်တော့တဲ့အထိ ဆောက်တည်ရာမရ ဖြစ်နေတာ သေချာတယ်။ နင် နောက် သုံး ၊ လေးရက်လောက်အထိ အပြင်မသွားတာ ကောင်းမယ် ရှောင်ချီး။ ဒီနေ့ အဲ့မှာ ဥက္ကဌနျဉ် ရှိနေလို့ ကံကောင်းသွားတာ။ မဟုတ်ရင် နင် ဒီအချိန် C မြို့တော်ကို သွားတဲ့ လမ်းပေါ် ရောက်နေလောက်ပြီ။ ”

“ အင်း … ” လင်းရှောင်ချီးကတော့ လူကောင်း တစ်ယောက်လို ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးကို ချွတ်လိုက်ချိန်မှာ ထင်ထင်ရှားရှားကြီး ပေါ်လာတဲ့ ချင်ဖန်သဲ့ရဲ့ ရွံရှာဖွယ် သရုပ်မှန်အကြောင်း ပြန်တွေးမိတိုင်း စိတ်မသက်မသာ ဖြစ်နေဆဲပင်။

သူမရဲ့ အမေက သူမ ငယ်ရွယ်စဉ်ကတည်းက ချင်ဖန်သဲ့နှင့် ပတ်သက်သော အမှန်တရားကို ဘယ်တော့မှ မဖုံးကွယ်ဘဲ ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ပေမဲ့ သူမရဲ့ အတွေးထဲမှာတော့ ဖခင်ဖြစ်သူရဲ့ ပုံရိပ်က လက်တွေ့နှင့် အနည်းငယ် ကွာခြားခဲ့သည်။

လင်းရှောင်ချီးသည် ထိုလူရဲ့ သရုပ်မှန်ကို သူမမျက်လုံးနှင့် ကိုယ်တိုင် မြင်တွေ့ပြီးနောက် ထိတ်လန့်သွားရသည်။ အတိတ်တုန်းက ဘယ်လို သတ္တဝါမျိုးနဲ့ သူမအမေ ဆုံတွေ့ခဲ့တာပါလိမ့်။

စုယန်ယန်က လင်းရှောင်ချီးရဲ့ မျက်နှာကို ကြည့်ရုံဖြင့် သူမရဲ့ အတွေးတွေကို ခန့်မှန်းကြည့်လို့ ရသည်။ မိဘဖြစ်ဖို့ မထိုက်တန်တဲ့ အမှိုက်လို လူ့တိရစ္ဆာန် တချို့ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိပါသည်။

“ သူ့အကြောင်း ဆက်မပြောဘဲ နေရအောင်။ နင် ဒီနေ့ တော်တော် ကြောက်သွားမှာပဲ။ ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်လိုက်နော် ၊ မနက်ဖြန်ကျ အကုန် အဆင်ပြေသွားလိမ့်မယ်။ ”

စုယန်ယန်က စကား ခဏ ရပ်လိုက်ပြီးမှ အေးစက်စွာ ပြောလိုက်သည်။ “ ဟိုလူနဲ့ ပတ်သက်ပြီးတော့ နင် ဘာမှ စိုးရိမ်စရာ မလိုဘူး။ သူ့ဘက်က ဒီလောက်အထိ လုပ်ရဲ‌ပြီ ဆိုမှတော့ သူ့အပေါ် မယဉ်ကျေးတဲ့ ငါတို့ကိုလည်း အပြစ်မတင်နဲ့။ ”

“ အင်း … ” လင်းရှောင်ချီးရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတန်းတွေ ယှက်သန်းသွားသည်။ “ ငါတို့ ရဲစခန်းကို ဖုန်းဆက်ပြီးတော့ သူ ဒီနေ့ လုပ်သွားတဲ့ လုပ်ရပ်အတွက် သူ့ကို ဖမ်းလို့ ရလား။ ”

All Chapters