← Chapters

အခန်း ၇၂၈

Vol. 49 Ch. 728

အခန်း ၇၂၈

Vol. 49 Ch. 728

အခန်း ( ၇၂၈ ) ဘဲသားဟော့ပေါ့။

သို့သော်လည်း ကျန်းချန့်ယန်က အစားအသောက်နှင့် ပတ်သက်လို့ ဂျီး(ကြေး)မများတတ်သလို ကြိုက်လှချည်ရဲ့ ဆိုတဲ့ ထူးထူးခြားခြား ဟင်းလျာတွေလည်း မရှိပါ။ ပြီးတော့ သူက အလုပ်ရှုပ်တဲ့ လူမို့ များသောအားဖြင့် သူ့ဝန်ထမ်းတွေနှင့် အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကိုပဲ သောက်လိုက်တာ များသည်။ ထို့ကြောင့် ဟောက်ချန်ဟွမ်းရဲ့ မက်ဆေ့ခ်ျကို သာမန်ကာလျှံကာပဲ စာပြန်ခဲ့လေသည်။

သူ့ကို ဟောက်ချန်ဟွမ်းက ဒီတိုင်း ဘာရယ်မဟုတ် မေးတာလို့ပဲ ထင်ခဲ့ပေမဲ့ သူ့တူရဲ့ ဇနီးလေးရဲ့ လေသံကို အကဲခတ်ရသလောက်တော့ သူမက သူ့အတွက် ကြိုဆိုပွဲ ပြင်ဆင်ထားပုံရပါသည်။

တူဝရီး နှစ်ယောက်ကြားက အနေရခက်ဖွယ် လေထုကို သတိထားမိနေသော ဦးလေးကျန်းက စုယန်ယန်ရဲ့ စကားကို ကြားသည်နှင့် ပြုံးပြီး ပြောလိုက်၏။ “ သခင်‌မလေးရဲ့ ဟင်းချက်လက်ရာက အိမ်က စားဖိုမှုးထက်တောင် သာသေးတယ်။ လူကြီးမင်းကျန်းတော့ ဒီနေ့ လျှာရင်းမြတ်မြတ် စားရတော့မယ်။ ”

ဦးလေးကျန်းက ဟောက်မိသားစုမှာ နှစ်ဆယ်ချီပြီး အလုပ်,လုပ်လာခဲ့တဲ့ လူရင်း တစ်ယောက်ပီပီ ကျန်းချန့်ယန်ကို သိသည်။

ဦးလေးကျန်းရဲ့ စကားကြောင့် ကျန်းချန့်ယန်ရဲ့ အနေရခက်နေတဲ့ မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။ သူ ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “ ကောင်းပါပြီ။ ”

ကျန်းချန့်ယန် မသိလိုက်တာကတော့ သူ စုယန်ယန်နှင့် စကားပြောနေတုန်း သူ့ရဲ့ တည့်တိုးဆန်လွန်းတဲ့ တူက သူဟာ ဘာမဆိုစားတာမို့ သူ့အတွက် ထွေထွေထူးထူး အလုပ်ရှုပ်ခံဖို့ မလိုအပ်ကြောင်း စုယန်ယန်ကို ပြောလိုက်တာပဲ ဖြစ်သည်။

စုယန်ယန်သည် ဒေါသထွက်လွန်း၍ အသံထွက်ပင် ရယ်လိုက်မိကာ ဟောက်ချန်ဟွမ်းကို ဧည့်သည်အခန်းထဲမှာ နှစ်ညတိတိ သွားအိပ်ခိုင်းခဲ့လေသည်။

ဧည့်သည်အခန်းထဲမှာ တစ်ယောက်တည်း နှစ်ညတိတိ အိပ်ခဲ့ရပြီး ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့သော ဟောက်ချန်ဟွမ်းသည် အေးစက်မည်းမှောင်သော အကြည့်ဖြင့် စားပွဲအပြည့် ဟင်းလျာတွေကို တစ်လှည့် ၊ ကျန်းချန့်ယန်ကို တစ်လှည့် ကြည့်လိုက်၏။

ကျန်းချန့်ယန် : “ ??? ”

အသားလွတ်ကြီး မျက်ထောင့်နီဖြင့် စိုက်ကြည့်ခံလိုက်ရတဲ့ ကျန်းချန့်ယန်ကတော့ သူ့တူရဲ့ အကြည့်က လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်တုန်းက သူ သာမန်ကာလျှံကာ ပြန်ပို့မိခဲ့တဲ့ မက်ဆေ့ခ်ျကြောင့် ဖြစ်နေမှန်း လုံးဝ မသိရှာ။

ကျန်းချန့်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ စိတ်ထဲမှာ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေ ရှိနေသေးလို့ သူ့ကို အခုလို ဆက်ဆံနေတာလို့ ထင်သွားပြီး နှလုံးသားထဲမှာ အနည်းငယ် ဝမ်းနည်းကြေကွဲသွားသည်။ ခဏအကြာမှာပဲ ကျန်းချန့်ယန်မှာ အတိတ်ရဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တွေအကြောင်း ဆက်တွေးဖို့ အင်အားမရှိတော့။

ဒီကမ္ဘာပေါ်မှာ ဒေါသဖြစ်စရာအကောင်းဆုံး စကားလုံးက ‘ ဘာမဆို ရတယ် ’ ဆိုတဲ့ စကားလုံးပင်။ ထိုစကားလုံးဟာ ပြီးစလွယ်ဆန်လွန်းသည်ဟု ခံစားရသည်။ စုယန်ယန်သည် နှစ်ရက် ၊ သုံးရက်လောက် ကြာအောင် ခေါင်းတွေ ပူထူတဲ့အထိ စဉ်းစားပြီးမှ ဘဲသားဟော့ပေါ့ ချက်ဖို့ ဆုံးဖြတ်လိုက်၏။

ကျန်းချန့်ယန်က ဟောက်ချန်ဟွမ်းလို မဟုတ်ဘဲ ဒီလို ဆန်းသစ်ထူးခြားတဲ့ အစားအသောက်မျိုးကို အခုမှ မြင်ဖူးတာပါ။ အောက်ခြေမှာ နှစ်ရောင် ကွဲထွက်‌နေတဲ့ ဟင်းရည်ကို လက်ညိုးထိုးရင်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်။ “ ဒါက … ”

“ ဒါကို ဟော့ပေါ့လို့ ခေါ်ပါတယ်။ ရှေးခေတ် အစားအသောက် တစ်မျိုးပေါ့။ ဟင်းရည် တစ်မျိုးက အနီရောင် ၊ နောက်တစ်မျိုးက အဖြူရောင်။ အရသာလည်း မတူတော့ သုံးရတဲ့ ပါဝင်ပစ္စည်းတွေလည်း မတူဘူး။ ဦးလေးရဲ့ အကြိုက်ကို ကျွန်မ မသိလို့ ဟော့ပေါ့ပဲ ပြင်ထားလိုက်တာရယ်။ ဦးလေး ကြိုက်ပါစေလို့ ကျွန်မ ဆုတောင်းနေတာ။ ”

နောက်ထပ် အဓိက အကြောင်းအရင်း တစ်ချက်ကတော့ ဟောက်ချန်ဟွမ်းက ကိုယ်ဝန်ရှိနေတဲ့ စုယန်ယန်ကို သိပ်အလုပ်မရှုပ်စေချင်တာပါ။

သူမ ပြင်ဆင်ဖို့ အသင့်တော်ဆုံး ဟင်းလျာက ဟော့ပေါ့ပဲ ဖြစ်သည်။ စားပွဲအပြည့် ဟင်းပွဲတွေ အများကြီးကို ပြင်ဆင်ဖို့ အချိန်တွေ အများကြီး မကုန်သလို သိပ်အပင်ပန်းခံစရာလည်း မလိုပါ။

စုယန်ယန် အရင်က ဟော့ပေါ့ တစ်ခါ ချက်ဖူးသည်။ ထိုတစ်ခေါက်တုန်းက ဘဲသားဟော့ပေါ့ မရှိတာမို့ အသားပြုတ်ရည်ကိုပဲ အိုး နှစ်အိုးထဲ ခွဲထည့်ပြီး ဟော့ပေါ့ချက်ခဲ့ရသည်။

သူမ ချက်ထားတဲ့ ဟော့ပေါ့ကို ကုရှောက်ယန်နှင့် တခြား လူတွေက မြိန်ရေယှက်ရေ စားနေတာကို မြင်တော့ ဝန်ထမ်းတွေအတွက် ခံစားချက်တွေ အပြန်အလှန် မျှဝေဖို့ ငှာနဆိုင်ရာ တွေ့ဆုံပွဲ‌တွေကို သူမ စီစဉ်ပေးနိုင်ကြောင်း ပြောဖြစ်ခဲ့သည်။ တွေ့ဆုံပွဲတွေမှာ တည်ခင်းဧည့်ခံဖို့ အကောင်းဆုံး အစားအသောက်ကတော့ ဟော့ပေါ့ပါပဲ။

လူ အများစုရဲ့ အကြိုက်နှင့်လည်း ကိုက်ညီသောကြောင့် သူတို့ကလည်း တွေ့ဆုံပွဲတွေမှာ ဟော့ပေါ့ကိုပဲ ကျွေးမွေးလေ့ရှိသည်။ အိုး တစ်အိုးထဲမှာပဲ အရသာ နှစ်မျိုး ပေါင်းစပ်သွားသောအခါ မွှေးပျံ့စုံလင်သော အရသာက လူတိုင်းကို စိတ်ကျေနပ်သွားစေ၏။

ကုရှောက်ယန်နှင့် ကျန်လူတွေက စုယန်ယန်ရဲ့ စကားကို ကြားတော့ အလွန် စိတ်လှုပ်ရှားသွားကာ ဟော့ပေါ့ ပွဲရေ အနည်းငယ် ပြင်ပေးဖို့ လူ တစ်ယောက်ကို မှာကြားလိုက်၏။ နောက်ပိုင်းမှာ လိုအပ်လာလျှင် စားဖို့ အသင့်စား ဟော့ပေါ့ ဘူး အနည်းငယ်ကိုလည်း လိုလိုမည်မည် ပြင်ထားခဲ့သည်။

သေချာတာပေါ့။ ဟော့ပေါ့ဘူးတွေထဲက တစ်ဘူးကို စုယန်ယန်ထံ ပို့ပေးဖို့လည်း သူတို့ မမေ့လျော့ခဲ့ပါ။ စားပွဲပေါ်မှာ ရှိနေတဲဘ အထူးတလည် သီးသန့် ပြင်ဆင်ထားတဲ့ ဘဲသားဟော့ပေါ့ကို ကုရှောက်ယန်နှင့် ကျန်လူတွေ ပို့ပေးလိုက်တာပင်။

စုယန်ယန်က ကျန်းချန့်ယန်အား ဟော့ပေါ့စားနည်းကို ပြောပြလိုက်ပြီး အရမ်း အကြာကြီး ချက်စရာမလိုတဲ့ ဟင်းအမယ်တွေကိုလည်း တစ်ခါတည်း ပြောပြလိုက်သည်။ အကျက်လွန်သွားရင် စားကောင်းတော့မှာ မဟုတ်ပါ။ ပြောစရာရှိတာတွေ ပြောပြီးတော့မှ သူ့ကို ကိုယ်တိုင် ချက်ခွင့် ပေးလိုက်ပါသည်။

ကျန်းချန့်ယန်က သူတို့ အသားတွေ ပြုတ်နေ ၊ ကင်နေကြတာကို ခဏလောက် ကြည့်နေပြီးမှ ဟော့ပေါ့စားသောက်ပွဲထဲကို တက်တက်ကြွကြွ ဝင်ရောက်ပါဝင်ခဲ့သည်။ သူက ဟင်းအမယ်‌မျိုးစုံချက်နည်းကို သင်ပေးမယ့် ဆရာ မလိုဘဲ ချက်ပြုတ်နိုင်လေသည်။

All Chapters