← Chapters

အခန်း ၇၃၄

Vol. 49 Ch. 734

အခန်း ၇၃၄

Vol. 49 Ch. 734

734 01

အခန်း ( ၇၃၄ ) မိန်းမကို ကြောက်ရတဲ့ ယောက်ျား။

စုယန်ယန် ပြန်ရောက်ချိန်မှာတော့ သူတို့ နှစ်ယောက်လုံး ပြောစရာရှိတဲ့ စကားတွေ အကုန်လုံးကို ပြောပြီးခါနီးပြီ ဖြစ်သည်။

စိတ်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီးသွားသောအခါ သူတို့နှလုံးသားထဲက ကြိုးထုံးတွေ ပြေလျော့သွားပြီး အရင်လို တစ်ယောက်ကို တစ်ယောက် အနေရခက်ကာ စိမ်းသက်နေမှုတို့ မရှိတော့ပါ။

“ ငါ ဒီနှစ်တွေ တစ်လျှောက်လုံး နိုင်ငံခြားရောက်နေခဲ့ပေမဲ့ မင်းဆီမှာ ဖြစ်နေတဲ့ ကိစ္စတွေ အကုန်လုံးကို အကြမ်းဖျင်းလောက်တော့ သိတယ်။ ငါ မင်းကို ကူညီချင်ပေမဲ့ မင်း ငါ့ကို မုန်းနေတဲ့ စိတ်က မပျောက်သေးဘဲနဲ့ ငါ့ဆီက အကူအညီ လက်မခံချင်မှာကို စိုးရိမ်နေခဲ့တာ။ ” အဲ့ဒါကြောင့်ပဲ သူ နောက်ကွယ်ကနေ တိတ်ဆ

တဆိတ်သာ ကူညီခဲ့တာပါ။

သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို ဟောက်ချန်ဟွမ်း နားလည်သည်။ ကျန်းချန့်ယန်က သူ လုပ်နေတာတွေကို ဘယ်သူမှ မသိဘူးလို့ ထင်နေတာပင်။

ဒါပေမဲ့ တကယ်တော့ လွန်ခဲ့တဲ့ ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက်ကတည်းက ကျန်းချန့်ယန် သူ့ကို သူ မသိအောင် နောက်ကွယ်ကနေ ကာကွယ်ပေးနေမှန်း သိခဲ့တာ ဖြစ်ပြီး သူ့ဘက်က မသိချင်ယောင်ဆောင်နေခဲ့တာ ဖြစ်လေသည်။

သူတို့ထဲက တစ်ယောက်ယောက်က အရင်ဆုံး ခြေ တစ်လှမ်း စရင် အခြေအနေတွေ ပြောင်းလဲသွားဖို့ အလားအလာရှိပေမဲ့ ဘယ်သူကမှ အရင် ခြေလှမ်းမစချင်ခဲ့ကြ။

“ မင်း ငါ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ မင်းဘက်က ငါ့ကို အရင် … တောင်းပန်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ”

ဟောက်ချန်ဟွမ်းရဲ့ စိတ်ကို ကျန်းချန့်ယန် ကောင်းကောင်း သိတာမို့ သူ့ကို ဟောက်ချန်ဟွမ်း ခွင့်လွှတ်ပေးလိမ့်မယ်လို့ တစ်ခါလေးတောင် မတွေးခဲ့ဖူးပါ။ ခွင့်လွှတ်ပေးခဲ့တယ် ဆိုရင်တောင် ဟောက်ချန်ဟွမ်းရဲ့ စိတ်ထားက သိတဲ့အတိုင်း ဘယ်တော့မှ သူ့ဘက်က အရင် အလျှော့ပေးမှာ မဟုတ်။

အချင်းချင်း မတွေ့မိအောင် ရှောင်ရင်း သူစိမ်းတွေအဖြစ် ဘဝကို ဖြတ်သန်းတာကပဲ သူတို့ နှစ်ယောက်အတွက် အကောင်းဆုံး အဖြေ ဖြစ်လိမ့်မည်ဟုဟာ ကျန်းချန့်ယန် တွေးခဲ့မိသည်။ ဒီနေ့လို အဖြစ်အပျက်မျိုး ရှိလာမယ်လို့ ဘယ်သူက တွေးမိမှာလဲ။

ဟောက်ချန်ဟွမ်းက သူ့ကို မော့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ ယန်ယန်က ပြောတယ် … ”

ထိုနာမည်ကို ကြားသည်နှင့် ကျန်းချန့်ယန်ရဲ့ မျက်ခွံတွေ တဖျတ်ဖျတ် လှုပ်ရှားသွားသည်။ ဟောက်ချန်ဟွမ်း သူ့ကို တောင်းပန်လာခြင်းရဲ့ နောက်ကွယ်မှာ လျို့ဝှက်ချက်ကြီး တစ်ခု ရှိနေလိမ့်မည်ဟု ခံစားရသည်။

ထင်ထားတဲ့အတိုင်း ဟောက်ချန်ဟွမ်းက “ ဦးလေးကို ချေချေငံငံ စကားမပြောရင် နောက် သုံး ၊ လေးရက်လောက်ထိ ကျွန်တော် ဧည့်သည်အခန်းထဲမှာပဲ အိပ်ရလိမ့်မယ်။ ”

ကျန်းချန့်ယန် : “ ??? ” ဒါဆို မင်းက မိန်းမကြောက်ရတဲ့ ယောက်ျား ဖြစ်နေတာလား။

မင်းဘာသာမင်း မိန်းမကြောက်ရတာ ကိစ္စမရှိပေမဲ့ ဘာလိုဘ အဲ့အကြောင်းကို ထုတ်ပြောတဲ့ အချိန်မှာ မင်းမျက်နှာက အရမ်း ကျေနပ်တဲ့ ပုံစံပေါက်နေရတာလဲ … ။ မသိရင် မိန်းမကို ကြောက်ရတဲ့ ယောက်ျား ဖြစ်ရတာကိုပဲ တော်တော်လေး ဂုဏ်ယူနေသလိုပဲ … ။

ပါးစပ်ကနေ စကားလုံးတွေကို လွှတ်ခနဲ မထွက်မိအောင် ထိန်းထားသော်လည်း မအောင်မြင်ခဲ့ပါ။ “ မင်း ကိုယ့်မိန်းမစကားကို မြေဝယ်မကျ နားထောင်တယ် ဆိုတာကိုသာ မင်းအဖေနဲ့ အမေ သိရင် အရမ်း ကျေနပ်သွားမှာကွ .. သိလား။ ”

ဟောက်ချန်ဟွမ်းကလည်း ဦးလေးဖြစ်သူရဲ့ လေသံထဲက မကြည်မလင် အငွေ့အသက်ကို သေချာပေါက် ခံစားမိပါသည်။ ထို့ကြောင့် ဦးလေးဖြစ်သူကို ခပ်ယဲ့ယဲ့ ကြည့်ပြီး အရှိုက်ထိစေမယ့် ထိုးချက်ကို ပစ်လွှတ်လိုက်လေသည်။ “ ဦးလေး ဒီအသက်အရွယ်ထိ တစ်ယောက်တည်း ဖြစ်နေတာကို ကျွန်တော့်အဖေနဲ့ အမေ မြင်သွားရင်လည်း ဦးလေးကို သေချာပေါက် အထင်သေးမှာပဲ။ ”

တူဖြစ်သူထံမှ အရှိုက်ကို အထိုးခံလိုက်ရတဲ့ ကျန်းချန့်ယန် : “ ??? ”

အငယ်ဆီမှာ အစော်ကားခံလိုက်ရတဲ့ ဦးလေးကျန်းက သူ့သိက္ခာကို အဖတ်ဆယ်ဖို့ အမြန် ကြိုးစားလိုက်သည်။ “ မရလို့ တစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူးကွ ၊ မလိုချင်လို့ တစ်ယောက်တည်းသမား လုပ်နေတာ။ ”

အမှန်ပါပဲ။ ကျန်းမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေက မူလကတည်းက နိုင်ငံခြားမှာ ရှိတာ ဖြစ်ကာ ဟောက်ချန်ဟွမ်းရဲ့ အဖေ သက်ရှိထင်ရှား ရှိခဲ့စဉ်ကတည်းက သူတို့လုပ်ငန်းရဲ့ အောင်မြင်မှုက ဟောက်မိသားစုနှင့် မတိမ်းမယိမ်းပင်။

ထို့ကြောင့် ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ အိမ်ထောင်ကျသွားချိန်မှာ သူတို့မိသားစု နှစ်စုက တန်း တစ်ခုထဲမှာ ရှိသည်ဟု ပြောလို့ ရသည်။ ကျန်းမိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်တဲ့ ကျန်းချန့်ယန်က ရုပ်ရည်ချောမောတဲ့ လူငယ် တစ်ယောက်အဖြစ် လူကုံထံ အသိုင်းအဝိုင်းမှာ သတင်းမွှေးတာမို့ သူ့ကို တစ်ဖက်သတ် သဘောကျပြီး သူနှင့် လက်ထပ်ချင်နေတဲ့ လူချမ်းသာမိသားစုက မိန်းမပျိုလေးတွေလည်း အများကြီး ရှိခဲ့သည်။

734 02

ကံမကောင်းစွာဖြင့် ကျန်းချန့်ယန်ကလည်း လူငယ်ပီပီ တဇွတ်ထိုးဆန်ကာ ခေါင်းမာခဲ့သည်။ လူငယ်ဘဝမှာ ရည်းစားထားဖို့ စိတ်မဝင်စားဘဲ ထိုအစား အန္တရာယ်အများဆုံး အလုပ်ကိုသာ ရွေးချယ်သွားခဲ့သည်။ ကျန်းမိသားစုက သူ့ကို ဒေါသထွက်သွားကြပေမဲ့ ဘာမှ ပြောမရသောကြောင့် ဒီတိုင်းပဲ လွှတ်ထားခဲ့ရ၏။

အစတုန်းကတော့ ကျန်းချန့်ယန်က သူ့ကိုယ်သူ အသက်လည်း ငယ်သေးတယ် ၊ ပြီးတော့ သူ လုပ်နေတဲ့ အလုပ်တွေက အန္တရာယ်များလွန်းတယ်လို့ ခံစားရလို့ ရည်းစားမထားခဲ့တာ ဖြစ်သည်။ သူ့ကြောင့် သူ့ချစ်သူကို မထိခိုက်စေချင်ပါ။ သူ့ချစ်သူ ဖြစ်လာမယ့် ကောင်မလေးက တစ်နေ့နေ့မှာ ချစ်သူကောင်လေးကို ဆုံးရှုံးသွားနိုင်သလို ခင်ပွန်းကိုလည်း ဆုံးရှုံးသွားနိုင်သည်လေ။

ဟောက်မိသားစုရဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ထိုစိတ်ကူးကို ကျန်းချန့်ယန် လုံးဝ လက်လျှော့လိုက်ကာ ကျန်းမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဖို့ နိုင်ငံခြားကို ပြန်သွားခဲ့လေသည်။ ရန်သူကို သတင်းပေးသလို မဖြစ်စေဖို့ သူ့ရဲ့ အင်တာနေရှင်နယ် ကုမ္ပဏီကိုတောင် စီအီးအိုအဖြစ် လူလုံးထွက်မပြဘဲ တည်ထောင်ခဲ့ရသည်။

အဲ့တော့ သူ့မှာ အချစ်ကို ရှာချင်စိတ်လည်း မရှိခဲ့။ သူ ချစ်တဲ့ မိန်းကလေးကို အန္တရာယ်တောထဲ ဆွဲမခေါ်နိုင်ပါ။

++++++

All Chapters