← Chapters

အခန်း ၇၃၆

Vol. 50 Ch. 736

အခန်း ၇၃၆

Vol. 50 Ch. 736

736 01

အခန်း ( ၇၃၆ ) မျက်လုံး တစ်လုံးအတွက် မျက်လုံး တစ်လုံး။

မင်းသမီး ယန်းမီ သရုပ်ဆောင်ထားတဲ့ နာမည်ကြီး တရုတ်နန်းတွင်း ဇာတ်လမ်းတွဲ တစ်ခုကိုပဲ ဥပမာပေးကြပါစို့။ ပရိသတ်တွေက ဇာတ်လမ်းတွဲရဲ့ ပထမတွဲကို ကြည့်ချိန်မှာ ရင်သပ်ရှုမော လက်ဖျားခါခဲ့ရပေမဲ့ ဒုတိယတွဲကိုပါ ထပ်ကြည့်လိုက်ရချိန်မှာတော့ ထိုဇာတ်လမ်းတွဲက သူတို့စိတ်ထဲမှာ စွဲမြဲသွားသည်။

အဲ့ဒီနောက် တတိယတွဲ ၊ စတုတ္ထတွဲ ၊ ပဉ္စမ‌တွဲတွေ ဆက်တိုက်ဆိုသလို ထွက်လာခဲ့သည်။ နောက်ဆက်တွဲ ဇာတ်ကားတွေ ရာချီတဲ့အထိ ထွက်လာပြီးနောက်မှာတော့ ထိုဇာတ်ကားတွေက ဘယ်လောက်ပဲ အရည်အသွေးကောင်းနေပါစေ ၊ ဖန်တရာတေနေတဲ့ ဇာတ်လမ်းတွေကို ပရိသတ်ကလည်း ငြီးငွေ့သွားခဲ့လေသည်။

ဟေးရီ အန်တာတိန်းမန့်ရဲ့ ရည်ရွယ်ချက်က “ ဧကရီ ” ဇာတ်လမ်းတွဲကို “ အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲထက် အရင် ထုတ်လွှင့်ပြီး တုန်ချမ်းကို ချိန်သားကိုက် အခက်တွေ့စေဖို့ပင်။

“ လောကြီးလွန်းရင် ဘာပဲလုပ်လုပ် အရာရောက်မှာ မဟုတ်ဘူး ” ဆိုတဲ့ ဆိုရိုးစကားကိုတော့ သူတို့ မေ့လျော့နေခဲ့ကြ၏။

ရိုက်ကူးရေး စတင်ပြီး တစ်လမပြည့်သေးခင်မှာပဲ ခေါင်းဆောင်မင်းသမီးနှင့် ဒုတိယ ခေါင်းဆောင်မင်းသမီးတို့ရဲ့ ရန်ပွဲ သတင်းက ပရိသတ်တွေကြားထဲ ပြန့်သွားခဲ့သည်။

ဟေးရီက ဝမ့်ကျင့်ဖျင်အပေါ် အတော်လေး ဂရုစိုက်သည်ဟု ပြောလို့ ရသည်။ သူတို့က ဝမ်ကျင့်ဖျင်မှာ နာမည်ဆိုးတွေ အများကြီး ရှိမှန်း သိသောကြောင့် အခြေအနေတွေ အကုန်လုံး ငြိမ်သက်သွားတဲ့ထိ စောင့်ပြီးမှ အမျိုးသမီးဇာတ်လိုက်သာ သူမ ဖြစ်ကြောင်း ကြေညာလိုက်၏။

ဒါပေမဲ့ အင်တာနက်မှာ မှတ်ဉာဏ်တွေ ရှိနေတာ ဆိုးသည်။ ဝမ်ကျင့်ဖျင်နှင့် ပတ်သက်တဲ့ အရင်တုန်းက ဝေဖန်ချက်တွေကို ဖျက်ပစ်လိုက်တယ် ဆိုရင်တောင်မှ ထိုအဖြစ်အပျက်တွေ ဖြစ်သွားတာ အခုမှ အများဆုံး တစ်နှစ်လောက်သာ ရှိဦးမည်။ သူမရဲ့ အတိတ်ကို သိတဲ့ လူတွေ အများကြီး ရှိနေဆဲ။

အထူးသဖြင့် လူတွေက ဝမ်ကျင့်ဖျင် စုယန်ယန်နှင့် ရန်ဖြစ်ဖို့ သူမရဲ့ ကောင်လေးကို တုန်ချမ်းဆီ ခေါ်သွားခဲ့တဲ့ ကိစ္စကို စွဲစွဲမြဲမြဲ မှတ်မိနေသည်။

တိတ်တိတ်ပုန်း တွဲနေတဲ့ ကောင်မလေးက သူ့ကောင်လေးရဲ့ တရားဝင် ချစ်သူကောင်မလေးဆီ ပွဲသွားကြမ်းဖို့ သူ့ကောင်လေးကို ခေါ်သွားရာမှ သူ့ကောင်လေးပါ တရားဝင် ချစ်သူဆီမှာ ပါးရိုက်ခံလိုက်ရတဲ့ ဇာတ်လမ်း။ အဲ့ဒီတုန်းက ပရိသတ်တွေ အကုန်လုံးဟာ အကျေနပ်ကြီး ကျေနပ်ကာ စိတ်ဝင်တစား ပွဲကြည့်နေခဲ့ကြသည်။

အစတုန်းကတော့ ထို တိတ်တိတ်ပုန်း ကောင်မလေးရဲ့ အနုပညာလမ်းကြောင်း ပျက်ဆီးသွားပြီဟု လူတိုင်း ထင်ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာပင် တစ်နှစ်အတွင်းမှာပဲ သူမက အနုပညာလောကထဲ ပြန်ခြေချခဲ့ပါပြီ။ ပြီးတော့ နာမည်ကြီး အန်တာတိန်းမန့် တစ်ခုနှင့် စာချုပ် ချုပ်လိုက်ရုံသာမက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုရဲ့ ခေါင်းဆောင်မင်းသမီးလည်း ဖြစ်လာဦးမည်။ သူမ ခြေထောက်နဲ့ မြေကြီးနဲ့တောင် ကပ်ပါ့ဦးမလား … ။

ဒီပြဿနာက တုန်ချမ်းရဲ့ လူထုဆက်ဆံရေးဌာနနှင့်လည်း ဘာမှ မဆိုင်ပါ။ ဝမ်ကျင့်ဖျင်က အစကတည်းက ဘယ်အချိန် ထပေါက်မှန်း ကြိုမသိရတဲ့ ဗုံး တစ်လုံး ဖြစ်သည်။

အခု ထိုဗုံးက စတင် လှုပ်ရှားလာပြီမို့ ဒီအခွင့်အရေးကို မိမိရရ အသုံးချပြီး ထိုဗုံးကို ဖောက်ခွဲမပစ်လျှင် အရင် တစ်ခေါက်တုန်းကလို ဝမ်ကျင့်ဖျင်ရဲ့ လှည့်ကွက်ထဲမှာ ထောင်ချောက်မိသွားတဲ့ အဖြစ်အပျက်ကို ရင်ဆိုင်ရပါလိမ့်မည်။

ထို့ကြောင့် ဝမ်ကျင့်ဖျင်နှင့် တုန်ချမ်းရဲ့ ဘော့စ်တို့ကြားက ရန်ပွဲဟာ ပြန်အသက်ဝင်လာသလို “ ဧကရီ ” ဇာတ်လမ်းတွဲနှင့် “ အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲကြားက ယှဉ်ပြိုင်မှုလည်း စတင်လာခဲ့လေသည်။

736 02

ထိုပြဿနာ နှစ်ရပ်က တစ်ခုနှင့် တစ်ခု ဆက်စပ်မနေလျှင် ကိစ္စမရှိပေမဲ့ လူတွေက သဲလွန်စတွေ အကုန်လုံးကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ဘယ်သူမှ သူတို့ကို အခြေအနေမှန်ကို ပြောပြပေးစရာ မလိုတော့။ လူများစွာက အခြေအနေမှန်ကို နားလည်သွားပြီး တုန်ချမ်းနှင့် ဟေးရီနောက်မှာ သိုဝှက်နေတဲ့ ပဋိပက္ခတွေ ၊ ရန်ငြိုးရန်စတွေအကြောင်း စိတ်ကူးထဲမှာ စတင် ပုံဖော်နေခဲ့ကြ၏။

ဟောက်ရှောက်ဖုန်းကို အတင်း ခေါ်ပြီး စုယန်ယန်ကို သွားပြဿနာရှာခဲ့တဲ့ ဝမ်ကျင့်ဖျင်ရဲ့ အတိတ်တုန်းက လုပ်ရပ်နှင့် ဟေးရီက တုန်ချမ်းကို သူတို့ဘက်က အရင် စတင် တိုက်ခိုက်ခဲ့တဲ့ ကိစ္စတွေကို ပြန်တွေးကြည့်ခြင်းအားဖြင့် ဝမ်ကျင့်ဖျင်ဟာ အောင်မြင်မှုပန်းတိုင်ကို ရသွားတဲ့ လူယုတ်မာမ တစ်ယောက်လိုမျိုး ချစ်သူနှင့် ပေါင်းကာ ဟန်ကြီးပန်ကြီး လုပ်နေတယ် ဆိုတာ သိသာလေသည်။

“ ဧကရီ ” ဇာတ်လမ်းတွဲနှင့် ဟေးရီ အန်တာတိန်းမန့်ရဲ့ လူမှုကွန်ယက် အကောင့်တွေအောက်က ကွန်းမန့်ဆက်ရှင်ထဲမှာ ချက်ချင်းပဲ ဂယက်ထသွား၏။ လူတန်းစား အလွှာမျိုးစုံ ၊ အသက်အရွယ်မျိုးစုံက လူတွေ အကုန်လုံးဟာ “ ဧကရီ ” ဇာတ်လမ်းတွဲကို ရစရာမရှိအောင် ကဲ့ရဲ့ရှုံ့ချနေခဲ့ကြသည်။

“ အော်ပရာမင်းသမီး ” မှာ ဖြစ်ဖူးသမျှ အဖြစ်အပျက်တွေဟာ အခုတော့ “ ဧကရီ ” ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်အဖွဲ့သားတွေဆီ ပြန်ရောက်သွားပြီမို့ ဒါဟာ မျက်လုံး တစ်လုံးအတွက် မျက်လုံး တစ်လုံး ပြန်ပေးဆပ်ရတာလို့ ပြောလို့ ရသည်။

ဒီအခွင့်အရေးကို အသုံးချပြီး နာမည်ကောင်း ပြန်ရအောင် ကြိုးစားနေတဲ့ တုန်ချမ်းက လူထုဆက်ဆံရေးဌာနနှင့် ယှဉ်လိုက်ပါက ဟေးရီ အန်တာတိန်းမန့်ရဲ့ လူထုဆက်ဆံရေးဌာနက နည်းနည်းလေးတော့ ရူးကြောင်ကြောင်နိုင်သည်။

ခေါင်းဆောင်းမင်းသမီး ဘယ်သူလဲ ဆိုတာကို ထုတ်လုပ်ရေးအဖွဲ့က မကြေညာသေးခင်ကတည်းက သူတို့ဘက်က တိုက်ပွဲစိန်ခေါ်ဖို့ ပြင်ဆင်ထားခဲ့တာတောင် တကယ့် တကယ်မှာ ဘာမှ အဆင်သင့် မဖြစ်သေး။

သို့သော်လည်း မျက်နှာသစ် သရုပ်ဆောင် တစ်ယောက် ဖြစ်သော ဝမ်ကျင့်ဖျင်သည် သရုပ်ဆောင် အသစ် တစ်ယောက် အသုံးချလို့ ရတဲ့ အခွင့်အရေးတွေ အကုန်လုံးကို ချနင်း အသုံးချထား၏။

ဘာပဲပြောပြော သူတို့က ဟေးရီ အန်တာတိန်းမန့်ရဲ့ ဝန်ထမ်းတွေသာ ဖြစ်ပြီး ဒီအမျိုးသမီးကတော့ သူတို့ဘော့စ် ကာကွယ်ပေးချင်နေတဲ့ အမျိုးသမီးမို့ နှာခေါင်းရှုံ့ပြီး ပရိသတ်တွေထံမှ အပြစ်တင် ဝေဖန်ချက်တွေကို ‌အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းဖို့က လွဲလို့ ကျန်တာ မတတ်နိုင်ပေ။

ဘယ်သူကမှ ဝမ်ကျင့်ဖျင်ကို ဒေါသမထွက်ရဲ။

ကျိုးဝမ်ရှုက ဟေးရီ အန်တာတိန်းမန့်ရဲ့ မျိုးဆက်သစ် အနုပညာရှင်တွေထဲမှာ နာမည်အကြီးဆုံး အမျိုးသမီး သရုပ်ဆောင် ဖြစ်ပြီး ချစ်စဖွယ် အသွင်အပြင်နှင့် ပွင့်လင်းတဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည်။ သူမ ပွဲဦးထွက်,ထွက်ချင်းမှာပဲ ပရိသတ်ပေါင်းမြောက်များစွာရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး နှစ် အနည်းငယ်အတွင်းမှာပင် နာမည်ကျော် ထိပ်တန်း အနုပညာရှင် စာရင်းထဲထိ ဝင်ရောက်နိုင်ခဲ့သည်။

တခြား အနုပညာရှင်တွေက ဘာပရောဂျက်မှ မရဘဲ ဒီတိုင်း ထိုင်နေရမှာကို စိုးရိမ်‌နေချိန်မှာ သူမကတော့ နေ့တိုင်း အချိန်ဇယားတွေ ပြည့်နေတတ်သည်။ တစ်နေကုန်နီးပါး အချိန်ဇယားတွေ ပြည့်နေလို့ သူမမှာ အားလပ်ချိန်တောင် မရှိသလောက်ပါပဲ။

++++++

All Chapters