အခန်း ၇၄၅
Vol. 50 Ch. 745
745 01
အခန်း ( ၇၄၅ ) ပျားရည်လို ချိုတဲ့ အပြော။
မိသားစုရဲ့ အကူအညီကြောင့် စုန့်ယွင်ယွမ်သည် ဟောက်ချန်ဟွမ်းနောက်ကို တကောက်ကောက် လိုက်တဲ့ နေရာမှာ ပို့လို့တောင် ရဲတင်းလာခဲ့လေသည်။ သူမက ဟောက်ချန်ဟွမ်းရဲ့ အမေကိုပါ ဆက်သွယ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းရဲ့ အမေက သားဖြစ်သူရဲ့ အရေးကိစ္စတွေကို ဝင်စွက်ဖက်တတ်တဲ့ အမေမျိုး မဟုတ်ပါ။ စုန့်ယွင်ယွမ်အပေါ် သူမရဲ့ သဘောထားက မတင်းမာသလို ပျော့လည်း မပျော့ပြောင်းဘဲ ဟောက်ချန်ဟွမ်းကိုသာ အပြည့်အဝ ဆုံးဖြတ်ခွင့်ပေးထားခဲ့သည်။
ဒါပေမဲ့ မိန်းကလေးစုန့်က လောဘကြီးတဲ့ လူ တစ်ယောက်မို့ ဟောက်ချန်ဟွမ်းရဲ့ အမေက သူမကို ဘယ်တော့မှ စကားနှင့် ထုတ်ပြောပြီး မငြင်းဆန်ဖူးတဲ့ အချက်ကို အခွင့်ကောင်းယူလျက် ဟောက်ချန်ဟွမ်းရဲ့ အမေက သူမကို သားဖြစ်သူနှင့် ကျိတ်သဘောတူနေသည်ဟု ကိုယ့်ဘာသာ ယူဆပြီး ဟောက်ချန်ဟွမ်းကို ရအောင် ယူဖို့ ဆုံးဖြတ်ချက်ပိုခိုင်မာသွား၏။
ထိုအချိန်က လူငယ် တစ်ယောက်ရဲ့ နှလုံးသားမှာ အချစ်စိတ်တွေ အလွယ်တကူ ဖြစ်တည်လာတတ်တဲ့ စိတ်လှုပ်ရှားလွယ်သည့် အချိန် ဖြစ်သလို ဟောက်ချန်ဟွမ်းကလည်း ကျောင်းရဲ့ အချောဆုံး ကျောင်းသားအဖြစ် သတ်မှတ်ခံထားရသည်။ သူ့ပုံစံက နည်းနည်းလေး ချဉ်းကပ်ရ ခက်ပေမဲ့ ရုပ်လည်း ချော ၊ ချမ်းလည်း ချမ်းသာတာမို့ သူ့ကို တစ်ဖက်သတ် သဘောကျတဲ့ မိန်းကလေးတွေက မနည်းမနော ရှိ၏။
ထိုအကြောင်းကို စုန့်ယွင်ယွမ် သိသွားသောအခါ သူမကပဲ ဟောက်ချန်ဟွမ်းရဲ့ ပိုင်ရှင်လိုမျိုး တခြား မိန်းကလေးတွေကို သူနှင့် ဝေးဝေး နေဖို့ ပြောခဲ့၏။
အစပိုင်းမှာ ဟောက်ချန်ဟွမ်းက အဲ့ဒါတွေကို မသိပေမဲ့ အကြောင်းစုံ သိသွားချိန်မှာ ထိုမိန်းကလေးကို ရပ်တန်းကရပ်ဖို့ ပြောဟန်ပြင်နေခဲ့သည်။ ထိုအချိန်မှာပဲ သူ အက်ဆီးဒင့် ဖြစ်သွားခဲ့တာပါ။
“ မိန်းကလေးစုန့်နဲ့ တခြား စုန့်မိသားစုဝင်တွေက အက်ဆီးဒင့်သတင်းရယ် ၊ သခင်ကြီးဟောက်နဲ့ သူ့မိန်းမက ဟောက်မိသားစုကို သူတို့ မသေခင် ဟောက်ချီဟန်ရဲ့ လက်ထဲ လွှဲပေးသွားခဲ့တယ် ဆိုတဲ့ သတင်းကို ကြားတာနဲ့ မိန်းကလေးစုန့်ကို ညတွင်းချင်းပဲ နိုင်ငံခြားကို ပို့လိုက်ကြတယ်။ နောက် ( ၁ ) နှစ် ၊ ( ၂ ) နှစ်လောက်လည်း နေရော တစ်မိသားစုလုံး နိုင်ငံခြားကို ပြောင်းသွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
ထိုစကားကို ကြားတော့ စုယန်ယန် အနည်းငယ် မျက်ခုံးပင့်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်၏။ “ နင့်အသံကို နားထောင်ရသလောက် စုန့်မိသားစုက မိန်းကလေးစုန့်ကို အဲ့လိုမျိုး နိုင်ငံခြားပို့လိုက်တာကို တော်တော်လေး နောင်တရနေတဲ့ပုံပဲ”
ယုကျစ်ယန်ရဲ့ အမူအရာက ရုတ်တရက် အေးခဲသွားသည်။ အဲ့ဒါ … အန္တရာယ်များတဲ့ စကားပဲ။
“ ဘယ်ကသာ ၊ မဟုတ်ပါဘူး သခင်မလေးရယ်။ ကျွန်တော် ဒေါသထွက်နေတာပါ။ သခင်ကြီးနဲ့ သခင်မကြီး မဆုံးခင် ၊ သခင်လေး အက်ဆီးဒင့်မဖြစ်ခင်တုန်းကတော့ အဲ့ကောင်မလေးရဲ့ အပြောက ပျားရည်လို ချိုနေတာပဲ။ သခင်လေးတို့မိသားစုတွေ ဒုက္ခလည်း ရောက်ရော ၊ အဲ့ကောင်မလေးက အရင်ဆုံး ထွက်ပြေးသွားတာပဲ။ သခင်လေး အက်ဆီးဒင့်ဖြစ်သွားတဲ့ သူ့ရဲ့ မျက်နှာဖုံး ကွာကျပြီး သရုပ်မှန် ပေါ်လာတာပေါ့လေ”
အစတုန်းကတော့ ဟောက်ချန်ဟွမ်းကို သူမဘက်က အရင် လာကပ်ခဲ့ပေမဲ့ ဟောက်ချန်ဟွမ်း ဒုက္ခရောက်သည်နှင့် မျက်လှည့်ပြသလို ကျောက်ကွယ်သွားပုံများ သူတို့ရဲ့ သခင်လေးက သူမကို အတင်းအကျပ် လာလက်ထပ်မှာ ကြောက်နေတဲ့အတိုင်းပါပဲ။
ထိုအက်ဆီးဒင့်ကြောင့် သူ့ခြေထောက်တွေ မသန်စွမ်း ဖြစ်သွားပြီ ဆိုတာကို လက်မခံချင်ဘဲ လကမခံလိုက်ရသော ဟောက်ချန်ဟွမ်းသည် လူတွေရဲ့ လှောင်ပြောင်ခြင်းကို မကြာခဏ ခံခဲ့ရသည်။
ယုကျစ်ယန် ၊ ကုရှောက်ယန်နှင့် တခြား လူတွေရဲ့ မိဘတွေ အကုန်လုံးက ဟောက်မိသားစုရဲ့ ကျေးဇူးနှင့် မကင်းပါ။ သူတို့အားလုံးဟာ ဟောက်ချန်ဟွမ်းနှင့် အတူတူ အရွယ်ရောက် ကြီးပြင်းလာခဲ့တာလို့ ပြောလို့ ရသည်။
အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေ အကုန်လုံးက သူတို့မျက်မြင်ပဲမို့ မိန်းကလေးစုန့်နှင့် စုန့်မိသားစုကို ( အထူးသဖြင့် မိန်းကလေးစုန့်ကို ) ခါးခါးသီးသီး မုန်းတဲ့ လူတွေချည်းပါပဲ။
စုယန်ယန်က မျက်လုံးလှိမ့်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ နင် အရမ်းကြီး ဒေါသထွက်နေစရာ မလိုပါဘူး”
ယုကျစ်ယန် : “ ??? ”
745 02
“ လင်မယား ဆိုတာ တောအုပ် တစ်ခုထဲမှာ အတူတူ နေ,နေတဲ့ ငှက်တွေနဲ့ တူတယ်။ မုန်တိုင်းကျလာတဲ့အခါ ဆိုရင်တော့ တစ်ကောင်နဲ့ တစ်ကောင် တကွဲတပြားစီ ပျံသန်းထွက်ခွာကြတယ်။ လင်မယားတွေတောင်မှ အဲ့ဒီလို ဆိုရင် နာမည် ၊ အရည်အချင်း ၊ စစ်မှန်တဲ့ တစ်ဖက်သတ် အချစ် … အဲ့ဒါတွေ တစ်ခုမှ မရှိတဲ့ သနားစရာ လူ တစ်ယောက်ကိုတော့ ထည့်ပြောမနေနဲ့တော့။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူကမှ နင့်သခင်လေးအပေါ် ငါ့လောက် သစ္စာရှိနိုင်မှာ မဟုတ်ဘူး”
ယုကျစ်ယန် : “ … ” သခင်မလေးရဲ့ စကားက ကျိုးကြောင်းဆီလျော်တယ် ဆိုရင်တောင် ဒီလိုကြီး သူ့ကို လာမကြွားသင့်ဘူးလေ … ။
ဒါပေမဲ့ စုယန်ယန်ရဲ့ စကားတွေက သိပ်တော့ မမှန်ဘူးဟု သူ တွေးမိသွားပြန်သည်။
သူမက ဟောက်ချန်ဟွမ်း ဒုက္ခရောက်နေချိန်မှာ အတူ ရှိမပေးနိုင်ခဲ့ဘူး ဆိုပေမဲ့ အဲ့ဒါကလည်း ထိုအချိန်တုန်းက သူတို့ နှစ်ယောက် မဆုံတွေ့ကြသေးလို့ပဲ ဖြစ်သည်။
အနည်းဆုံးတော့ သူတို့ လက်ထပ်တုန်းက ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေဟာ မသန်စွမ်း အခြေအနေမှာပဲ ရှိနေပါသေးသည်။
++++++