← Chapters

အခန်း ၇၄၆

Vol. 50 Ch. 746

အခန်း ၇၄၆

Vol. 50 Ch. 746

746 01

အခန်း ( ၇၄၆ ) ကိုယ့်အားကိုယ်ကိုးပါ။

ထိုမေးခွန်းတွေရဲ့ အဖြေကို စုယန်ယန် မခန့်မှန်းနိုင်လောက်သော်လည်း အသေးစိတ် စုံစမ်းဖို့ ကိစ္စကို တစ်ယောက်ယောက်ကိုပဲ တာဝန်ပေးလိုက်တာ ပိုလုံခြုံပါလိမ့်မည်။

ကိုယ့်ကိုယ်ကိုယ် နားလည်ခြင်းနှင့် ကိုယ့်ရန်သူအကြောင်း နားလည်ခြင်းက စစ်ပွဲတိုင်းမှာ အလွယ်တကူ အနိုင်ရစေသည်။

ထိုအမျိုးသမီးက သူမကို လာစိန်ခေါ်နေပြီမို့ သူမကလည်း သဘောကောင်းပြီး ငြိမ်နေစရာ အကြောင်း မရှိတော့။

ကျား တစ်ကောင်က သူ့ခွန်အားကို ထုတ်မပြတာနဲ့ပဲ ကျားကို ကြောင်လို လာဆက်ဆံလို့ ရမယ်လို့ ထင်နေတာလား။

ယုကျစ်ယန်လည်း စုယန်ယန်နှင့် အတွေးတူသည်။ စုန့်ယွင်ယွမ် ပေါ်လာတာက တိုက်တိုက်ဆိုင်ဆိုင် ရှိလွန်းသလို ဓာတ်ပုံတွေ ပို့လိုက်တဲ့ အချိန်ကလည်း အချိန်မှန် မဟုတ်။ ဒီကမ္ဘာကြီးမှာ တိုက်ဆိုင်မှုတွေ အဲ့လောက် များလိမ့်မယ်လို့ သူ မယုံပါ။

ဟောက်ချန်ဟွမ်းက ခြေထောက် မသန်စွမ်း ဖြစ်သွားလို့ ကုမ္ပဏီကို အမွေမဆက်ခံနိုင်တော့တဲ့ အချိန်တုန်းကတော့ သူမ ထွက်ပြေးသွားတာ ယုန် တစ်ကောင်ထက်တောင် ပိုမြန်ဦးမည်။

ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ ဆိုတာကို သိတော့မှ ဟောက်ချန်ဟွမ်းကို အသင့်စား စားသောက်ကုန်လို အဆင်သင့်လေး လာကောက်ယူချင်နေသည်။ ဘယ်လောက်တောင် အကြံကြီးလိုက်သလဲ။

“ သခင်မလေး ဘာမှ စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်။ အဲ့အမျိုးသမီးရဲ့ ဘိုးဘေးဘီဘင်တွေအထိပါ ကျွန်တော် နောက်ကြောင်းစုံစမ်းပြီး သူ ဘာပြဿနာမှ မရှာနိုင်အောင် လုပ်ထားလိုက်မယ်”

“ ကောင်းပြီ” စုယန်ယန် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ယုကျစ်ယန်ကို မှာလိုက်သည်။ “ ဒီကိစ္စကို ချန်ဟွမ်းကို သွားမပြောနဲ့‌ဦးနော်”

“ ခင်ဗျာ … ”

“ ချန်ဟွမ်း ပြန်လာရင် သူ့ကို ငါ့ဘာသာ အရင် မေးကြည့်လိုက်မယ်”

ယုကျစ်ယန် : “ … ” ဘာ့ကြောင့်ရယ်မသိ သူ ရုတ်တရက် ကျောချမ်းသွားသည်။ သခင်လေးရေ ၊ သခင်လေးတော့ ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ် … ။

“ ကျန်တဲ့ ရှင်တို့တွေလည်း အတူတူပဲ” စုယန်ယန်က ဗီဒီယိုကောလ်ကို ချလိုက်ပြီးနောက် သူမကို စိတ်အားထက်သန်စွာ သတင်းလာပို့နေကျ ဖြစ်တဲ့ နံဘေးရှိ သက်တော်စောင့်တွေကို လှည့်ကြည့်လိုက်သည်။ “ ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြန်ပြောလို့ မရဘူး”

သက်တော်စောင့်များ : “ … ” ဒါက သူတို့အတွက် မလွယ်သော်လည်း ဒီမိသားစုရဲ့ အခေါင်အချုပ်က ဘယ်သူမှန်း သိနေတာမို့ အဆုံးသတ်မှာတော့ စုယန်ယန်ရဲ့ စကားကို နားထောင်ဖို့ ရွေးချယ်ကာ ဒီကိစ္စကို အချိန် တစ်ခုထိ ဖုံးကွယ်ထားခဲ့လေသည်။

တစ်မိသားစုလုံး သူ့ကို ဝိုင်းစွန့်ပစ်လိုက်တာကို မသိတဲ့ ဥက္ကဌဟောက်ကတော့ ထိုညမှာပဲ အန္တရာယ်များလွန်းတဲ့ မေးခွန်းကို ရုတ်တရက် ရင်ဆိုင်လိုက်ရပါသည်။

“ ဒေါ်လေးချင်နဲ့ ဦးလေးချန်ရဲ့ ကလေး တစ်လပြည့်မွေးနေတုန်းက ရှင် ကျွန်မအတွက် အသီးဖျော်ရည် သွားယူပေးတာကို မှတ်မိသေးလား အချစ်။ အဲ့တုန်းက ရှင် တစ်ယောက်ယောက်နဲ့များ တွေ့ခဲ့သေးလား”

စုယန်ယန်ကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားတဲ့ ဟောက်ချန်ဟွမ်းရဲ့ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို အေးခဲ‌တောင့်တင်းသွား၏။

“ မင်း ဘာလို့ အဲ့အကြောင်းကို ရုတ်တရက်ကြီး မေးတာလဲ”

စုယန်ယန် သူ့ကို မော့ကြည့်လိုက်၏။ “ ဒီတိုင်း ဖျတ်ခနဲ အတွေးထဲ ဝင်လာလို့ မေးတာလေ။ ဘာလဲ .. ရှင် ပြန်ဖြေဖို့ အဆင်မပြေလို့လား”

746 02

ဟောက်ချန်ဟွမ်းရဲ့ အလိုလို သိစိတ်က အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသွားကာ ခပ်သွက်သွက် ငြင်းဆန်လိုက်သည်။ “ မဟုတ်ပါဘူး ”

“ မဟုတ်ပါဘူး ….. ။ ဒါဆို ရှင် အဲ့မှာ ဘယ်သူနဲ့မှ မတွေ့ခဲ့ဘူးလို့ ပြောတာလား”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ တဆတ်ဆတ် တုန်ရီစပြုလာတဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ စုယန်ယန်က အကြောင်းပြချက်မရှိဘဲ မေးခွန်းတွေ မေးတတ်တဲ့ လူ မဟုတ်မှန်း သူ သိသည်။ သူမ တစ်ခုခုကို သေချာပေါက် သိထားလို့သာ အခုလို မေးတာမို့ သူ ဖုံးကွယ်မနေတော့ပါ။

“ ကိုယ် မင်းကို ပြောပြလို့ မရတာ ဘာမှ မရှိဘူး။ ဟုတ်တယ် .. ကိုယ် အဲ့နေ့တုန်းက လူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်”

“ ဘယ်သူလဲ”

“ ကိုယ့်အတွက် ဘာမှ အရေးမပါတဲ့ လူပါ”

“ မိန်းကလေးလား”

“ … အင်း”

စုယန်ယန်က အယုံလွယ်တဲ့ လူမျိုး မဟုတ်တာကြောင့် ဆက်မေးနေခဲ့သည်။ “ သူက ရှင့်အတွက် အရေးမပါဘူး ဆိုလည်း ဘာလို့ အဲ့ကိစ္စကို ကျွန်မ မသိအောင် တမင် ဖုံးကွယ်ထားတာလဲ။ ရှင် မဟုတ်တာ တစ်ခုခု လုပ်ထားလို့ မလုံမလဲ ဖြစ်နေတာလား”

“ ဘယ်ကသာ။ ကိုယ့်ကို အထင်မလွဲပါနဲ့။ ကိုယ်နဲ့ သူနဲ့ ဘာမှ မပတ်သက်ဘူး။ မင်းနဲ့ မင်းနဲ့ သွေးဝေးတယ် ဆိုတဲ့ အစ်ကိုဝမ်းကွဲကို တွဲမြင်ပြီး စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတာနဲ့ ကိုယ် သူ့ကို ဘာစကားမှတောင် ပြန်မပြောလိုက်ဘူး”

“ … ” တကယ်တော့ သူ သဝန်တိုနေတာပဲ။

“ တချို့ ကိစ္စတွေက ဘေးမှာ သူစိမ်းတွေ ရှိနေရင် ပြောရခက်တယ်လေ။ ကိုယ်လည်း သူ့ကို မြင်ပြီး စိတ်မကြည် ဖြစ်သွားတော့ မင်းကိုပါ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်လို့ မပြောပြခဲ့တာ”

“ ရှင်ပဲ ပြောတော့ သူက ရှင့်အတွက် အရေးမပါဘူးဆို။ အရေးမပါတဲ့ မိန်းကလေး တစ်ယောက်က ဘယ်လိုလုပ် ရှင့်စိတ်ခံစားချက်ကိုပါ ချုပ်ကိုင်နိုင်ရတာလဲ။ သူ ဘာတွေ ပြောလို့လဲ။ ရှင့်ကို ချစ်တယ်လို့ ပြောလိုက်တာလား”

ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ စည်းချက် တစ်ချက် လွတ်သွားသည်။ သူမ တစ်ခုခုကို တကယ် သိနေတာပဲလို့ သူ စိတ်ထဲက တွေးလိုက်၏။ မဟုတ်ရင် သူ့ကို ဒီလို မေးခွန်းမျိုး မေးစရာ အကြောင်း မရှိပါ။

“ မဟုတ်ဘူး ၊ အဓိပ္ပာယ်မရှိတဲ့ ဟိုရောက်ဒီရောက် စကားတွေ လျှောက်ပြောနေတာပါ။ ကိုယ် သူ့ကြောင့် အချိန်ကုန်မခံချင်တာနဲ့ လှည့်ထွက်လာခဲ့လိုက်တယ်။ ဒါပေမဲ့ ကိုယ် မင်းဆီ ပြန်လာဖို့ လုပ်နေတုန်း သူက ကိုယ့်ကို တားတယ်။ အဲ့အချိန် ကိုယ့်လက်ထဲမှာ မင်းကို ပေးမယ့် ဖျော်ရည်ခွက်ကိုလည်း ကိုင်ထားရတော့ အဲ့ခွက်ကို သူ မှောက်ပစ်မှာ စိုးရိမ်တာနဲ့ သူနဲ့ ခဏ နေပေးလိုက်ရတာ”

++++++

All Chapters