← Chapters

အခန်း ၇၄၇

Vol. 50 Ch. 747

အခန်း ၇၄၇

Vol. 50 Ch. 747

747 01

အခန်း ( ၇၄၇ ) စားသောက်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခြင်း။

စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ အဲ့နေ့တုန်းက ဟောက်ချန်ဟွမ်း အကြာကြီး နေမှ ပြန်ရောင်လာတာ အံ့ဩစရာ မရှိပါ။ ပါဝင်ပစ္စည်းတွေ မလောက်တော့လို့ လူလွှတ်ပြီး သွားဝယ်ခိုင်းရတယ်လို့တောင် သူမကို လိမ်လိုက်သေးသည်။

ဟောက်ချန်ဟွမ်းကလည်း အဲ့ဒါကို တွေးမိပုံဖြင့် မလုံမလဲ ချောင်းဟန့်ကာ ခပ်တိုးတိုး မေးလိုက်၏။ “ ရုတ်တရက်ကြီး မင်း ဘာလို့ အဲ့အကြောင်း မေးတာလဲ”

“ ဟွန်း ၊ ရှင် ပွေရှုပ်ခဲ့တဲ့ ပြဿနာရဲ့ အကျိုးဆက်က ကျွန်မဆီ ရောက်လာတာကိုး။ ဘယ်လိုလုပ်ပြီး မမေးဘဲ ငြိမ်နေရမှာလဲ”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “ ဘယ်လို … ”

“ အဲ့ဒါတွေကို ကြည့်လိုက်” စုယန်ယန်က နှုတ်ခမ်းတွေကို တွန့်ချိုးပြီး တစ်စုံတစ်ယောက် လာပို့ထားတဲ့ ဓာတ်ပုံတွေကို ဟောက်ချန်ဟွမ်းလက်ထဲ ထည့်ပေးလိုက်သည်။

“ ဒါတွေက … ” ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ပြိုတော့မည့်မိုးနှယ် မှောင်အတိကျသွားသည်။

“ အထင်မလွဲနဲ့နော်။ ဒီဓာတ်ပုံ အများစုက ဖြတ်ညှပ်ကတ် လုပ်ထားတာတွေ”

“ အများစု … ” စုယန်ယန် မျက်ခုံး တစ်ချက် ပင့်ပြီး သူ့ကို စနောက်လိုက်သည်။ “ ဒါဆို အနည်းစုကတော့ ဖြတ်ညှပ်ကတ် လုပ်မထားတဲ့ တကယ့် ဓာတ်ပုံ အစစ်တွေပေါ့”

စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်က ဝမ်းချုပ်နေသလို အမူအရာကို ကြည့်ကာ ရယ်ချမိတော့မလို ဖြစ်သွား၏။ ထို့နောက် ဓာတ်ပုံအထပ်ကို သူမ မေးငေါ့ပြလိုက်ပါသည်။ “ ကျွန်မ ရှင့်ကို ဓာတ်ပုံအစစ်တွေကို ရွေးထုတ်ဖို့ အခွင့်အရေးပေးမယ်”

ဟောက်ချန်ဟွမ်းက စက္ကန့်ပိုင်းလောက် တိတ်ဆိတ်ငြိမ်ကျသွားပြီးမှ ခေါင်းငိုက်စိုက်ကျသွားကာ ဓာတ်ပုံတွေကို လေးလေးနက်နက် ရွေးထုတ်နေခဲ့လေသည်။

ဓာတ်ပုံ ပုံ ( ၂၀ ) လောက်ထဲမှာ ဖြတ်ညှပ်ကတ် လုပ်မထားတဲ့ ဓာတ်ပုံအစစ်က ( ၃ ) ပုံသာ ပါရဲ့။ ထိုဓာတ်ပုံ ( ၃ ) ပုံထဲမှ တစ်ပုံက ဒေါ်လေးချင်ရဲ့ ဦးလေးချန်တို့ ကလေး တစ်လပြည့်မွေးနေ့ပွဲက ဓာတ်ပုံ ဖြစ်သည်။

ထိုဓာတ်ပုံ ( ၃ ) ပုံကိုလဟေယက်ချန်ဟွမ်း ရွေးထုတ်လိုက်ချိန်မှာ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ အနည်းငယ် ကွေးညွှတ်သွားသည်။

သူ အခုလေးတင် ရှင်းပြထားတဲ့ ဓာတ်ပုံကို ဖယ်ထုတ်လိုက်ပြီး ကျန်တဲ့ ဓာတ်ပုံ ( ၂ ) ပုံကို ညွှန်ပြလိုက်သည်။ “ ဒီ ( ၂ ) ပုံကရော ဘာလဲ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အေးစက်သွားသည်။ စုယန်ယန်ရဲ့ တူလေး တစ်လပြည့်မွေးနေ့ပွဲ နောက်ပိုင်း ကြုံခဲ့ရတဲ့ အမည်ခံ တိုက်ဆိုင်မှုတွေအကြောင်း ပြန်တွေးမိသောအခါ သူ့မျက်နှာမှာ တိမ်မည်းတွေ အုံ့မှိုင်းသွားသည်။

“ ဒီဓာတ်ပုံကို အထက်တန်း စားသောက်ဆိုင် တစ်ဆိုင်မှာ ရိုက်ထားတာ။ အဲ့တုန်းက ကုမ္ပဏီ တစ်ခုက ဥက္ကဌက ကိုယ်တို့ကုမ္ပဏီနဲ့ ပူးပေါင်းမယိ့ အလုပ်ကိစ္စကို အဲ့ဆိုင်မှာ ဆွေးနွေးမို့ ချိန်းထားတာ။ ကုမ္ပဏီ နှစ်ခု လက်တွဲလုပ်မယ့် ပရောဂျက်က အရေးကြီးတော့ ကိုယ် အဲ့ကို သွားခဲ့တယ်”

“ အဲ့စားသောက်ဆိုင်ကို ရောက်တော့ သူနဲ့ ထပ်တွေ့ပြန်တယ် ဆိုပါတော့”

“ ဟုတ်တယ်”

“ ရှင်နဲ့ ပူးပေါင်းမယ့် ကုမ္ပဏီက သူဌေးက သူ့ကို ခေါ်လာတာလား”

“ မဟုတ်ဘူး ၊ အဲ့တစ်ခေါက်တုန်းက သူက ကိုယ်တို့နဲ့ ထောင့်ဖြတ် အနေအထားမှာ ရှိတဲ့ ဝိုင်းမှာ ထိုင်နေခဲ့တာ”

“ ဪ … ” စုယန်ယန်က ခေါင်းညိတ်၍ နားလည်ကြောင်းပြလိုက်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်လေသည်။ “ တကယ့်ကို တိုက်ဆိုင်လွန်းတယ်နော်။ ရှင် စားသောက်ဆိုင် မထိုင်တာ ( ၂ ) နှစ် ၊ ( ၃ ) နှစ်လောက်တောင် ရှိပြီလေ။ ရှင် အဲ့ကို တစ်ခေါက်တလေ သွားတာတောင် ရှားတယ် ဆိုတော့ ဒါကို ကံတရားလို့ပဲ ပြောရမလား”

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားသည်။ စားသောက်ဆိုင်မှာ သူတို့ ထပ်တွေ့ခဲ့တဲ့ အကြောင်းကို ပြန်တွေးကြည့်တော့ စုယန်ယန် ထေ့ငေါ့ ပြောတဲ့ စကားလိုပဲ သူမက “ တိုက်ဆိုင်လိုက်တာနော်။ ကျွန်မ ရှင်နဲ့ ဒီမှာ လာတွေ့လိမ့်မယ်လို့ ထင်မထားဘူး။ တကယ် ကံတရားပဲ” ဟု ပြောခဲ့တာပင်။

တကယ်ရော ကံတရား ဟုတ်ရဲ့လား ၊ ကြိုစီစဉ်ထားတာရော မဖြစ်နိုင်ဘူးလား။ အရင်ကတည်းက ဟောက်ချန်ဟွမ်း အဲ့လို သံသယရှိခဲ့ပေမဲ့ ဒီဓာတ်ပုံတွေကို မြင်လိုက်ချိန်မှာ သူ့သံသယက ပိုလို့ ခိုင်မာသွားသည်။

ဒါပေမဲ့ တစ်ခု ရှိတာက သူမ သူ့လှုပ်ရှားမှုတွေကို ကြိုသိနိုင်အောင် သူ့ဘေးက လူတွေကို လာဘ်ထိုးပြီး သူ ဘယ်သွားလဲ ၊ ဘာလုပ်နေလဲ ဆိုတာ သိရဖို့ လူတွေ လွှတ်ပြီး သူ့နောက် လိုက်ခိုင်းထားတာလား … သူနဲ့ နီးစပ်ဖို့ သူနဲ့ လုပ်ငန်းတူ ပူးပေါင်းမယ့် ကုမ္ပဏီက သူဌေးကို လှည့်စားပြီး အသုံးချနေတာလား။ ဒါမှမဟုတ် နှစ်ခုလုံးလား။

“ အစတုန်းက သူက ရှင်နဲ့ ထောင့်ဖြတ် ထိုင်ခုံမှာ ထိုင်နေခဲ့တာ ဆိုတော့ ရှင်တို့ဝိုင်းကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

747 02

“ သူ့ဘာသာ ကိုယ့်ကို အရင် လာနှုတ်ဆက်ပြီး ကိုယ်တို့ဝိုင်းမှာ ဝင်ထိုင်တာ”

“ အိုး … ”

“ ဒါပေမဲ့ ကိုယ် သူ့ကို ချက်ချင်း ထွက်သွားဖို့ ပြောလိုက်တယ်”

“ ဟမ် … ” စုယန်ယန် ဆွံ့အသွားသလို သူ့စကားကြောင့် နည်းနည်းလေးလည်း ကြောင်အသွားသည်။ “ ရှင် သူ့ကို ထွက်သွားခိုင်းတယ် .. ဟုတ်လား။ ရှင်နဲ့ အလုပ် တွဲလုပ်မယ့် ပါတနာရဲ့ အရှေ့မှာလေ … ”

ရှင့်ရဲ့ လုပ်ငန်းတူ ပါတနာက ရှင့်ကို တော်တော်လေး လူကြီးလူကောင်းမဆန်တဲ့ လူပဲလို့ ထင်သွားပြီး စာချုပ်ဖျက်သိမ်းလိုက်မှာကို ရှင် မကြောက်ဘူးလား … ။

ဒါပေမဲ့လည်း သူ့ဆီက ထိုစကားမျိုး ကြားရတော့ သူမ အနည်းငယ် စိတ်ကျေနပ်သွားမိလေသည်။ ဟဲဟဲဟဲ … ။

++++++

All Chapters