← Chapters

အခန်း ၇၄၈

Vol. 50 Ch. 748

အခန်း ၇၄၈

Vol. 50 Ch. 748

748 01

အခန်း ( ၇၄၈ ) ငါတို့က အဲ့လောက် ရင်းနှီးလို့လား။

ဟောက်ချန်ဟွမ်း အဲ့လို ပြောရဲတယ် ဆိုကတည်းက သူ ဘာကိုမှ မစိုးရိမ်တာ သေချာပါသည်။

ထိုအချိန်တုန်းက စုန့်ယွင်ယွမ်ဟာ သူနှင့် သူငယ်ချင်း အရင်းကြီးတွေလိုမျိုး လာနှုတ်ဆက်ပြီး တစ်ဝိုင်းထဲ တူတူ ထိုင်လို့ ရမလား ဟူ၍တောင် ခွင့်တောင်းနေခဲ့သည်။

သူမ၏ အတွေးတွေကို ဖောက်ထွင်း မြင်လိုက်တဲ့ ဟောက်ချန်ဟွမ်းက “ ငါတို့က အဲ့လောက် ရင်းနှီးလို့လား” ဟု ပြန်ပြောလိုက်တော့ သူတို့ကြားက အဓိပ္ပာယ်မရေရာ မပြတ်သားတဲ့ လေထုက ချက်ချင်းပဲ အေးစက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုစကားလုံးတွေက သေစေနိုင်တဲ့ လက်နက် တစ်လက်လိုပါပဲ။

ဟောက်ချန်ဟွမ်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ စီးပွားရေး ပါတနာပင်လျှင် မျက်လုံးပြူးသွားကာ ဟောက်ချန်ဟွမ်းရဲ့ မိန်းမလှလေး တစ်ယောက်အပေါ် ရက်စက်မှုကို အံ့ဩသွား၏။

စုန့်ယွင်ယွမ်က ဟောက်ချန်ဟွမ်းမှာ ဒီလောက် လူတွေ အများကြီးရှေ့မှာ သူမကို အခုလို ဆက်ဆံလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့ကြောင့် တစ်ဝိုင်းထဲ တူတူ ထိုင်လို့ ရမလားဟု ခွင့်တောင်းချိန်မှာ လူက ဝင်ထိုင်ပြီးနေပြီ ဖြစ်သည်။

ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် စုန့်ယွင်ယွမ် တစ်ယောက် ထထွက်သွားရမလို ၊ ဆက်ပဲ ထိုင်နေရမလို လမ်းပျောက်သွားသည်။ လူတိုင်းရဲ့ မျက်လုံးတွေက သူမထံ ကျရောက်နေသလို ၊ ကိုယ့်ကိုယ်ကိုယ် အပ်တွေပေါ်မှာ ထိုင်နေသလို ခံစားရသည်။

သို့သော်လည်း စုန့်ယွင်ယွမ်က သူမမှာ ရှေ့ဆက် လုပ်စရာတွေ ရှိသေးသည်ဟု တွေးမိသွားသောကြောင့် ထိုခံစားချက်ကို ခဏ ချုပ်တည်းပြီး သူ့ကို ပြုံးပြုံးလေးဖြင့် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ “ ရှင့်စကား‌က နည်းနည်းလေး ဝမ်းနည်းစရာကောင်းတယ်။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ နှစ်တွေ အများကြီး ကြာသွားပြီ ဆိုပေမဲ့ ဟိုးအရင်တုန်းကတော့ … ”

စုန့်ယွင်ယွမ်ရဲ့ စကား မဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို ဖြတ်ပြောလိုက်သည်။ “ အရင်တုန်းကလည်း ငါတို့ မရင်းနှီးခဲ့ပါဘူး”

“ ရှင် … ”

“ တခြား ပြောစရာ မရှိရင် ကျေးဇူးပြုပြီး ကိုယ့်ဘာသာ ထပြန်လိုက်ပါတော့ မိန်းကလေးစုန့်။ ငါတို့မှာ စီးပွားရေးကိစ္စတွေ ဆွေးနွေးစရာ ရှိသေးတယ် ၊ မင်းနဲ့ အသိတွေလို ဟန်ဆောင်ပေးဖို့ အချိန်မရှိဘူး”

စုန့်ယွင်ယွမ်ရဲ့ မျက်နှာပေါ်မှာ အပြုံး ပျောက်ကွယ်သွားကာ အံကြိတ်၍ ပြောလိုက်၏။ “ အနည်းဆုံးတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့တယ်လေ။ ရှင် ကျွန်မကို နည်းနည်းလေးတောင် အားနာစိတ် ၊ သနားစိတ် မဝင်မိဘူးလား”

ဟောက်ချန်ဟွမ်းကတော့ သူမကို တစ်ချက်လေးတောင် မကြည့်ဘဲ “ မင်း ထွက်သွားလိုက်တော့” ဟု ပြန်ပြောခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ပြောတဲ့ စကားကို နားထောင်ပြီး ထိုမိန်းကလေး ထထွက်သွားတဲ့ ရှက်ဖွယ် မြင်ကွင်းကို စိတ်ထဲမှာ ပုံဖော်မိတော့မလို့တောင် ဖြစ်သွားသည်။ စိတ်ထဲမှာလည်း ကျေနပ်သွား၏။

သူမက ကိုယ့်ယောက်ျားကို တခြား မိန်းကလေးတွေနှင့် မျှဝေပေးနိုင်လောက်အောင်ထိတော့ စိတ်ထားမပြည့်ဝသေးပါ။

အိမ်ထောင်ရှိမှန်း သိထားပြီးသား ယောက်ျား တစ်ယောက်ကို လာမြူဆွယ်တဲ့ မိန်းမ တစ်ယောက်အတွက်တော့ ဖြစ်သွားတဲ့ အကျိုးဆက်တွေက ဘယ်လောက်ပဲ ရှက်စရာကောင်းပါစေ ၊ အဲ့လို ဖြစ်အောင် လုပ်ခဲ့တာက သူမကိုယ်တိုင်ပဲ ဖြစ်သည်။

ဟောက်ချန်ဟွမ်းရဲ့ တုံ့ပြန်မှုကို ကျေနပ်ပေမဲ့ သူ ပြောထားတဲ့ အရေးကြီးသည် ဆိုသော စီးပွားရေး ပါတနာကိုလည်း သူမ နည်းနည်းလေး စိုးရိမ်မိပါသည်။ တစ်ခုခု ဖြစ်သွားရင် အဲ့ဒါ ဟိုမိန်းမကြောင့်ပဲ … ။

စုယန်ယန် စိုးရိမ်နေတာကို ဟောက်ချန်ဟွမ်း သိသွားတော့ ရယ်ရမလား ၊ ငိုရမလား မသိတော့ပါ။

748 02

သူ့အလုပ်ကိစ္စကိုပါ စိုးရိမ်ပေးတဲ့ ချစ်ဇနီးကြောင့် ဝမ်းသာရမလား ၊ ဒါမှမဟုတ် သူမ အာရုံစိုက်တဲ့ အရာတွေက အမြဲတမ်း အံ့ဩစရာကောင်းလွန်းတာကိုပဲ လက်မှိုင်ချရမလား။

“ တစ်ဖက်ကုမ္ပဏီက သူဌေးနဲ့ လိုအပ်တာတွေ အကုန်လုံး ညှိနှိုင်းခဲ့တယ်။ မင်း စိုးရိမ်တာတွေ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ အဲ့အစား စုန့်ယွင်ယွမ်ကို ကိုယ် ပြတ်ပြတ်သားသား ငြင်းလိုက်လို့ အဲ့သူဌေးကတောင် ကိုယ့်ကို သဘောကျသွားသေးတယ်”

စုယန်ယန် အံ့ဩသွား၏။ “ တကယ်လား”

“ တကယ်ပေါ့”

စုယန်ယန် မျှော်လင့်ထားသလိုပင် ဟောက်ချန်ဟွမ်းရဲ့ စုန့်ယွင်ယွမ်အပေါ် ဆက်ဆံပုံဟာ တစ်ဖက်ကုမ္ပဏီက သူဌေးကို အံ့အားသင့် စိတ်ပျက်သွားစေခဲ့သည်။ အခြေအနေမှန် ၊ အကြောင်းအရင်းမှန်ကို မသိတဲ့ သူက ဟောက်ချန်ဟွမ်းရဲ့ အပြုအမူဟာ အမျိုးသမီးတွေကို အထင်သေးတဲ့ အပြုအမူပဲလို့ ထင်သွားတာပင်။

ထို့ကြောင့် သူက ဟောက်ချန်ဟွမ်းကို လူကြီးလူကောင်းတွေဟာ မိန်းမလှလေးတွေအပေါ် လူကြီးလူကောင်းဆန်ဆန် ဆက်ဆံသင့်ကြောင်း စကားနှင့် အရိပ်အမြွက်ပြောဖို့ ကြိုးစားခဲ့လေသည်။ ပြောရရင် တစ်ဖက် မိန်းကလေးက သူ့ကို ဘာမှ ဒုက္ခ‌မပေးဘဲ သဘောကျရုံ ကျတာမို့ ထိုမိန်းကလေးကို သူ မကြိုက်ဘူး ဆိုရင်တောင် ဒီအတိုင်းအတာလောက်ထိ လုပ်စရာ မလို။ သူ့စကားက တစ်ဖက် မိန်းကလေးကို အလွန် နာကျင်စေလိမ့်မည်။

ဟောက်ချန်ဟွမ်းကတော့ “ ကျွန်တော့်မှာ အိမ်ထောင်ရှိပါတယ် ၊ ကျွန်တော့်ဇနီးကလည်း ကျွန်တော့်ရင်သွေးလေးကို လွယ်ထားတယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် အရမ်း ချစ်တယ် ၊ ကျွန်တော့်မိသားစုကိုလည်း ကျွန်တော် အရမ်း ချစ်တယ်။ ပြီးတော့ ခုနက မိန်းကလေးက အဲ့အကြောင်းတွေ အကုန်လုံးကို သိပြီးသားပါ”

တစ်ဖက်ကုမ္ပဏီမှ သူဌေးက သူတို့မြို့က မဟုတ်တာမို့ ဟောက်ချန်ဟွမ်းမှာ အိမ်ထောင်ရှိတယ် ဆိုတာကို မသိခဲ့ရိုးအမှန်ပါ။

ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားတော့ သူ့မျက်နှာပေါ်မှာ ပန်းချီဆရာ ဆေးရောင်စပ်သည့် အပြားလို ခံစားချက်အရောင်အသွေး စုံလင်သွားသည်။ စုန့်ယွင်ယွမ်ကို အချစ်နောက်ကို သတ္တိရှိရှိ လိုက်နေတဲ့ မိန်းမငယ်လေး တစ်ယောက်လို့ သူ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာ သူမက အိမ်ထောင်ရှိ အမျိုးသား တစ်ယောက်ကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားနေတဲ့ ရွံစရာ မိန်းမ တစ်ယောက် ဖြစ်နေပါသည်။

++++++

All Chapters