← Chapters

အခန်း ၇၄၉

Vol. 50 Ch. 749

အခန်း ၇၄၉

Vol. 50 Ch. 749

749 01

အခန်း ( ၇၄၉ ) စည်းကမ်းတင်းကျပ်တဲ့ ဇနီးထံမှာ ထိန်းချုပ်ခံရခြင်း။

သေချာပေါက် ကိုးရိုးကားရားနိုင်တဲ့ အခြေအနေဖြစ်ပေမဲ့ ဟောက်ချန်ဟွမ်းသည် အဲ့လို ကိစ္စလေးကို ဒေါသထွက်မယ့် လူမျိုး မဟုတ်ပါ။

တစ်ဖက်ကုမ္ပဏီက သူဌေးရဲ့ မျက်နှာ အမူအရာလည်း ပြောင်းလဲသွားကာ ဟောက်ချန်ဟွမ်းကို အထင်လွဲမိသည့်အတွက် ပြန်တောင်းပန်ခဲ့သည်။

ဟောက်ချန်ဟွမ်းက ထိုကိစ္စကြောင့် အချိန်ကုန်မခံချင်တာမို့ စကားလမ်းကြောင်း အမြန် ပြောင်းလိုက်၏။

စုန့်ယွင်ယွမ်ကြောင့် သူ့ရဲ့ စီးပွားရေး ပါတနာသည် သူ့ကို အထင်သေးသွားရမည့်အစား ပိုလို့တောင် အထင်ကြီးသွားသလို စကားဝိုင်းလည်း ချောချောမွေ့မွေ့ ပြီးသွားကာ မကြာခင် လုပ်ငန်းစတင်ဖို့ပါ တစ်ခါတည်း ပြောဆိုခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ရှင်းပြတာကို နားထောင်ပြီးနောက် သဘောကျစွာ ကျွတ်ခနဲ အသံပြုလိုက်လေသည်။ “ ဥက္ကဥကြီးဟောက်က အပြင်မှာ ချစ်စရာကောင်းတဲ့ ခင်ပွန်းလေး လုပ်နေမှန်း ကျွန်မ လုံးဝ မသိခဲ့ဘူး .. ကြည့်စမ်း”

“ အဲ့လိုလည်း မဟုတ်ပါဘူး”

“ ဟမ်” စုယန်ယန် သူ့ကို အူကြောင်ကြောင်လေး ပြန်ကြည့်လိုက်တော့ ဟောက်ချန်ဟွမ်းက သူမရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။ “ ကိုယ်က ချစ်စရာကောင်းတဲ့ ခင်ပွန်း တစ်ယောက်လို လုပ်နေတာ မဟုတ်ဘူး။ စည်းကမ်းတင်းကျပ်တဲ့ ဇနီးလေးဆီမှာ ကိုယ် ထိန်းချုပ်ခံနေရတာ”

“ အမယ် … ” စုယန်ယန် အငိုက်မိစွာ ခဏလောက် ငြိမ်သွားပြီးမှ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ကာ အသံထွက် ရယ်လိုက်မိသည်။

ဟောက်ချန်ဟွမ်က သူမ ဟက်ဟက်ပက်ပက် ရယ်မောရင်း ခလုတ်တိုက် လဲသွားမှာကို စိုးရိမ်၍ သူမရဲ့ ခါးလေးကို ထိန်းကိုင်ပေးထားခဲ့သည်။

စုယန်ယန်က ခဏကြာသည်ထိ ရယ်ပြီးသွားတော့မှ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ “ မဟုတ်သေးပါဘူး။ ကျွန်မ ရှင့်ကို ဘယ်တုန်းက ထိန်းချုပ်မိလို့လဲ”

“ မင်း ကိုယ့်ကို အခု ထိန်းချုပ်နေတာပဲလေ”

“ ဟွန်း … ” စုယန်ယန်က နှာခေါင်း တစ်ချက် ရှုံ့ပြီး ဓာတ်ပုံအထပ်ကို လက်ညိုးထိုးကာ စူပုပ်ပုပ်လေး ပြောလိုက်သည်။ “ ကျွန်မ ဒီဓာတ်ပုံမျိုးတွေ ထပ်မမြင်ချင်ဘူး။ ကျွန်မကို ကူညီတဲ့အနေနဲ့ ဒီအမှိုက်ကို ရှင်းပေးပါ”

“ အဲ့လို မပြောရဘူးလေ”

“ အမ် … ”

“ ‘ ကျွန်မကို ကူညီတဲ့အနေနဲ့ အမှိုက်ရှင်းပေးပါ ’ လို့ မပြောနဲ့။ ‘ ကျွန်မအတွက် အမှိုက်ရှင်းပေး ’ လို့ ပြော”

စုယန်ယန် ဆွံ့အသွားပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ကာ မျက်နှာလေး ပန်းရောင်သမ်းသွားသည်။ ထို့နောက် ဓာတ်ပုံအထပ်ကို ညွှန်ပြရင်း အလွန် အထက်စီးဆန်စွာ ပြောလိုက်တော့သည်။ “ ကျွန်မအတွက် ဒီအမှိုက်ကို ရှင်းပေး”

ချစ်စရာကောင်းလွန်စတဲ့ ဟောက်ချန်ဟွမ်းက သူမရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းရင်း “ ဟုတ်ကဲ့ပါ သခင်မလေး” ဟု ပြန်ပြောသည်။

“ ပြီးတော့ ကျွန်မ ကျစ်ယန်ကို အဲ့မိန်းမ ဒီကို ပြန်လာရတဲ့ ရည်ရွယ်ချက်ကို စုံစမ်းခိုင်းထားတယ်။ အဲ့မိန်းမကိုပါ ရှင်းပေး။ ကျွန်မ သူ့ကို ထပ်မမြင်ချင်ဘူး”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ ကြည့်ရတာ သက်တော်စောင့်တွေတင် မဟုတ်ဘဲ တခြား တစ်ယောက်ပါ သူ့ကို သစ္စာဖောက်သွားတဲ့ပုံပါပဲ။

749 02

စုန့်ယွင်ယမ်အကြောင်း စုံစမ်းတဲ့နေရာမှာ ကူညီပေးမယ့် အကူ နှစ်ယောက်ကို ခေါ်ထားတဲ့ ယုကျစ်ယန်သည် ရုတ်တရက်ကြီး နှာချေချင်စိတ်ကို ထိန်းမရတော့ဘဲ ဟပ်ချိုးဟု နှာချေလိုက်မိသည်။

ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်က ချက်ချင်းပဲ သူနှင့် သုံးမီတာ အကွာအဝေးကို နောက်ဆုတ်သွား၏။

ယုကျစ်ယန် တစ်ယောက် နည်းနည်းလေး မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။ “ ဒါ ဘာသဘောလဲ။ ငါ့မှာတော့ သတင်းကောင်းလေးတွေ ရတာနဲ့ မင်းတို့ကို တန်းတွေးမိတာ။ မင်းတို့ကတော့ ငါ့ကို ဒီလိုမျိုး ကျေးဇူးပြန်ဆပ်လိုက်တာပေါ့လေ”

“ သတင်းကောင်း .. ဟုတ်လား” ကျိုးယန်ပိုင်ရဲ့ မျက်ခုံးတွေဟာ တစ်ခုနှင့် တစ်ခု ထိစပ်တော့မလားတောင် ထင်ရသည်။

“ ငါတို့ကို ညဘက်ကြီး မင်းနဲ့ အိုဗာတိုင်ဆင်းဖို့ ဖုန်းဆက်ခေါ်တာက သတင်းကောင်းလား”

ယုကျစ်ယန်က သူ့ကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်ပါသည်။ “ ဒါက သခင်မလေးကိုယ်တိုင် ငါတို့ကို စုံစမ်းခိုင်းထားတဲ့ ကိစ္စကွ။ လူများများနဲ့ စုံစမ်းရင် ပိုမြန်တာကြောင့်သာ မဟုတ်ရင် ငါကလည်း မင်းတို့ကို လာရှာချင်မယ် ထင်နေလား”

“ သခင်မလေးက မင်းကို စုံစမ်းခိုင်းထားတယ်တဲ့လား” ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်နှာတွေက တည်ငြိမ်လေးနက်သွားကြသည်။

“ သခင်မလေးက မင်းကို ဘာလို့ ရုတ်တရက်ကြီး စုံစမ်းခိုင်းတဲ့ တာဝန်ပေးရတာလဲ”

ယုကျစ်ယန်က ဂုဏ်ယူစွာ ခေါင်းမော့ ရင်ကော့လိုက်သည်။ “ အသိအသာကြီးပဲလေ။ ငါ့ကို ယုံလို့ပေါ့ဟ”

ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်မှာ ပြောစရာ စကားပင် မရှိတော့။ ဒင်းကို ဆွဲထိုးပစ်ချင်တာ လက်တွေကို ယားနေသည်။

ကိုယ့်ဒုက္ခကိုယ် ရှာမိပြီမှန်း မသိတဲ့ ယုကျစ်ယန်က အရေးကြီးတဲ့ ကိစ္စကို ဖျတ်ခနဲ တွေးမိသွားသည်။ “ စကား နည်းနည်းပဲ ပြောပြီး အလုပ် များများ လုပ်ရအောင်။ သခင်မလေးက ငါတို့ကို စုန့်ယွင်ယွမ်အကြောင်း စုံစမ်းခိုင်းထားတာ”

“ စုန့်ယွင်ယွမ် …..” ထိုနာမည်ကို ကြားသည်နှင့် သူတို့ရဲ့ အမူအရာ ပြောင်းလဲသွားသည်။ စုန့်ယွင်ယွမ်ကို မုန်းတဲ့ လူက ယုကျစ်ယန် တစ်ယောက်တည်း မဟုတ်တာ အသိအသာပင်။

“ ဘယ်လိုလုပ် သခင်မလေးက စုန့်ယွင်ယွမ်ကို သိနေတာလဲ။ ဘာလို့ မင်းကို သူ့အကြောင်း စုံစမ်းခိုင်းတာလဲ။ တစ်ခုခု ဖြစ်သွားလို့လား”

သူတို့ ဒီလို တုံ့ပြန်တာလည်း မမှားပါ။ နိုင်ငံခြားကို ဆယ်နှစ်ကျော် ထွက်ပြေးသွားခဲ့တဲ့ အမျိုးသမီးက သူတို့သခင်လေးရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားအပြီး တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ မျက်လှည့်ပြသလို ဘွားခနဲ ပြန်ပေါ်လာခဲ့သည်။ သူမမှာ မသမာတဲ့ ရည်ရွယ်ချက်တွေ မရှိဘူး ဆိုတာ သူတို့ မယုံပါ။

++++++

All Chapters