← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း (၁၉၁) - လုပ်ကြံသတ်ဖြတ်သူ၏ ဂုဏ်သိက္ခာ (၁)

ဓားနှစ်လက်သမားသည် အလွန်အေးချမ်းစွာပင် ထွက်ခွာသွားလေသည်။

...

သစ်ပင်မိစ္ဆာတောင်သို့ မရောက်မီကတည်းက သူသည် 'မအောင်မြင်လျှင် အသေခံမည်' ဆိုသည့် စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစွာ ကိုင်စွဲထားခဲ့ခြင်း ဖြစ်၏။

"မင်းရဲ့ လက်ရှိအခြေအနေက အတော်လေး အန္တရာယ်များနေပြီ… ဒီတစ်ခေါက်တော့ လုံးဝအမှားခံလို့ မဖြစ်ဘူးနော်"

သူ၏ ပခုံးပေါ်ရှိ ကျီးကန်းက ဖိအားပေးလာလေသည်။

"ငါသိပါတယ်… ဒီတစ်ခေါက်တော့ ငါ ဝိညာဉ်ချုပ်အလံကိုပါ ယူလာခဲ့တယ်”

“ လုံးဝ ထပ်ပြီး ကျရှုံးစေမှာ မဟုတ်ဘူး"

ဓားနှစ်လက်သမားက ပြတ်ပြတ်သားသား ဆိုလိုက်၏။

အနီးအနားတွင် တစ်စုံတစ်ယောက် အသတ်ခံရသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ချုပ်အလံသည် ထိုသူ၏ လွင့်စင်သွားသော ဝိညာဉ်ကို ချက်ချင်း သိမ်းဆည်းဖိနှိပ်ကာ အချိန်တိုအတွင်း ပြာအဖြစ် သန့်စင်ပစ်မည် ဖြစ်ပေသည်။ ၎င်းသည် လူတစ်ယောက်ကို အသက်ရှင်ခွင့် လုံးဝမပေးတော့သည့် မိစ္ဆာလမ်းစဉ် မှော်ဝင်ပစ္စည်းတစ်ခုပင်။

"ခဏခဏ လုပ်ကြံခံနေရတာတောင် သူက ဘယ်လိုလုပ်ပြီး အကြိမ်တိုင်း လွတ်မြောက်သွားတာလဲဆိုတာ မသိရပေမဲ့ သူကတော့ သေချာပေါက် ရိပ်မိနေလောက်ပြီ”

“ ရှုတောင်က သူလျိုက မင်းအတွက် အခွင့်အရေးရအောင် လုပ်ပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး… “

“ဒီတစ်ခေါက်ကလည်း ပစ်မှတ်က အကောင်းဆုံး ရွှေအမြုတေအဆင့်ကို တက်လှမ်းသွားလို့ သူက ရှုတောင်ရဲ့ ဓားလဲလှယ်ရေးခန်းမက လူတွေကို သွယ်ဝိုက်ပြီး ပြောပေးလိုက်တာနဲ့ ပစ်မှတ်က နောက်ထပ် တာဝန်တစ်ခု ထပ်ယူဖြစ်သွားတာ…”

“ တကယ်လို့ ဒီတစ်ကြိမ်သာ ထပ်ကျရှုံးခဲ့ရင် သူက နောက်ထပ် လွယ်လွယ်နဲ့ တောင်ပေါ်က ဆင်းလာတော့မှာ မဟုတ်ဘူး"

ကျီးကန်းက ပြောဆိုလိုက်၏။

"ငါသိပါတယ်"

ဓားနှစ်လက်သမားက မျက်မှောင်ကြုတ်လျက် တုံ့ပြန်လိုက်လေသည်။

သူ၏ လေသံတွင် မကျေနပ်မှုများ သိသာစွာ ပါဝင်နေပေ၏။

‘ထပ်မပြောနဲ့တော့.. ထပ်ပြောရင် စိတ်အနှောင့်အယှက် ဖြစ်လာတော့မယ်’

မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသော လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ပစ်မှတ်တစ်ခုတည်းအပေါ် ဤမျှလောက် များပြားလှသော ကျရှုံးမှုများကို ရင်ဆိုင်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ချေသည်။

အဆိုးရွားဆုံးနှင့် စိတ်အပျက်ရဆုံးအရာမှာ သူသည် ကျရှုံးရသည့် အကြောင်းရင်းကို လုံးဝမသိရှိခြင်းပင် ဖြစ်လေသည်။

သာမန် တတိယအဆင့် ကျင့်ကြံသူ တပည့်လေးတစ်ယောက်က မည်သို့လျှင် နက်နဲသော နတ်ဘုရားစွမ်းရည်များ ရှိနေနိုင်ပါသနည်း။

အင်မော်တယ်ကျင့်စဉ်များကိုလည်း ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။

'သူ အခေါက်တိုင်း သေရာကနေ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာနိုင်တာလဲ'

သေချာပေါက် လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်။

ဓားနှစ်လက်သမားသည် ချူလျန်ကို ဖမ်းဆီးကာ သေသေချာချာ နှိပ်စက်ပြီး စစ်မေးချင်စိတ်များ ပေါက်နေလေ၏။

သို့သော်လည်း ပြန်တွေးကြည့်လိုက်သောအခါ မလိုအပ်သော ပြဿနာများ မဖန်တီးဘဲ တွေ့သည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း ခုတ်ပိုင်းလိုက်ခြင်းက ပို၍ စိတ်ချရမည်ဟု ဆုံးဖြတ်လိုက်သည်။

မကြာမီမှာပင် သူသည် ချူလျန်ကို မြင်တွေ့လိုက်ရတော့သည်။

သစ်ပင်မိစ္ဆာတောင်ပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေသော တောမီးကြီးများကြားမှ ချူလျန်သည် အပြေးအလွှား ထွက်ပြေးလာခဲ့ပြီး သူ၏ ဝိညာဉ်အာရုံတစ်ခုလုံးကို အနောက်ဘက်သို့သာ အာရုံစိုက်ထားလေသည်။

ထိုနေရာတွင် သူ့ကို တစ်စုံတစ်ခုက လိုက်လံဖမ်းဆီးနေပုံရ၏။

'ကောင်းလိုက်တဲ့ အခွင့်အရေး….'

ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်သည့် ဓားနှစ်လက်သမားသည် ဤအကောင်းဆုံး အခွင့်အရေးကို လျင်မြန်စွာ တွေ့ရှိသွားပြီး မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မလုပ်ဘဲ ချက်ချင်းပင် ဓားကိုဆွဲထုတ်ကာ ခုန်ထွက်သွားလေတော့သည်။

နက်မှောင်သော အလင်းတန်းတစ်ခုက ဝုန်းခနဲ ပြေးထွက်သွား၏။

ရွှစ်...

တစ်... နှစ်... သုံး...

ဤသည်မှာ ရှုတောင်တပည့်အား သူက တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းလိုက်နိုင်သည့် တတိယမြောက်အကြိမ်ပင် ဖြစ်သည်။

အသားနှင့် သွေး ကွဲကွာသွားသည့် ခံစားချက်ကို ရရှိလိုက်သည့် အခိုက်အတန့်တွင် ဓားနှစ်လက်သမားသည် နောက်တစ်ကြိမ် ထပ်မရှိလာစေရန် စိတ်ထဲမှ ကြိတ်၍ ဆုတောင်းလိုက်မိလေသည်။

သူသည် ဝိညာဉ်ချုပ်အလံကို ဖြန့်ကြက်လိုက်သော်လည်း ဝိညာဉ်ချုပ်အလံမှာမူ မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

ဓားနှစ်လက်သမား၏ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့မှုအချို့ ဖြစ်ပေါ်လာရတော့၏။

ထို့နောက်တွင်တော့ သူ၏ ဘဝတစ်လျှောက်လုံး အရှက်ရဆုံး အခိုက်အတန့်သို့ ရောက်ရှိလာခဲ့လေသည်။

ပတ်ဝန်းကျင်ရှိ မိုးပျံမတတ် မြင့်မားသော သစ်ပင်ကြီးများအားလုံးသည် လူသားပုံစံအဖြစ် ပြောင်းလဲသွားကြပြီး အကောင်နှစ်ရာကျော်ရှိသော သစ်ပင်မိစ္ဆာများက သူ့ကို ဝိုင်းရံထားကြတော့သည်။

'ဒုက္ခပဲ…ဒါထောင်ချောက်ပဲ'

ဓားနှစ်လက်သမားသည် ဤအရာကို တိုက်ဆိုင်မှုတစ်ခုဟု မထင်မှတ်ထားပေ။

တစ်ဖက်လူက စောစောစီးစီး ရိပ်မိသွားပြီး ဝိုင်းရံပိတ်ဆို့ရန် ထောင်ချောက်ဆင်ထားခြင်းဖြစ်ကြောင်း သေချာနေ၏။

'ကောက်ကျစ်လိုက်ကြတာ'

သူ၏ မျက်စိရှေ့ လက်တစ်ကမ်းအကွာရှိ ပစ်မှတ်နှင့် ထိုသစ်ပင်မိစ္ဆာအုပ်ကြီးကို ကြည့်ကာ ဓားနှစ်လက်သမားက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ဤမျှလောက် အရှက်ရဖွယ်ကောင်းသော ရှုံးနိမ့်မှုကို သူ လုံးဝလက်မခံနိုင်ပေ။

သူ၏ ကျင့်ကြံမှုအဆင့်အရ ချက်ချင်းထွက်ပြေးမည်ဆိုလျှင် ဤသစ်ပင်မိစ္ဆာများသည် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

သို့သော်လည်း သူ ထွက်မပြေးခဲ့ပေ။

"ငါက လမ်းကြုံလို့ ဖြတ်သွားတာလို့ ပြောရင် မင်းတို့ယုံကြမလား…"

ဓားနှစ်လက်သမားက မေးခွန်းထုတ်လိုက်သည်။

လူတိုင်း ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေချိန်တွင် ဓားနှစ်လက်သမားက ရုတ်တရက် ခုန်ထွက်လာလေ၏။

ရွှစ်...

နက်မှောင်သော အလင်းတန်းက ချူလျန်ဆီသို့ ရုတ်တရက် ပြေးထွက်သွားတော့သည်။ လွတ်အောင် မပြေးနိုင်လျှင်တောင်မှ သူသည် ဤပစ်မှတ်ကို အပြီးတိုင် သတ်ဖြတ်ပစ်ရပေမည်။

လူတစ်ယောက်က အကြိမ်ရေ မရေမတွက်နိုင်အောင် အသတ်ခံရပြီး မသေဘဲနေနိုင်သည်ကို သူ မယုံကြည်ပေ။ ဤသည်မှာ နောက်ဆုံးအကြိမ် ဖြစ်ရမည်ဟု သူ ယုံကြည်ထားလေ၏။

ကိုယ်ခန္ဓာ ပျက်စီးပြီး အသက်သေဆုံးသွားရမည်ဆိုလျှင်တောင်မှ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ရပေမည်။

ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် သူ၏ ဂုဏ်သိက္ခာအတွက် ရွေးချယ်မှုပင် ဖြစ်လေတော့သည်။

သို့သော်လည်း ပုံရိပ်ယောင်ကဲ့သို့ လျင်မြန်လှသော ထိုအမည်းရောင်အလင်းတန်းကို ရင်ဆိုင်ရချိန်တွင် ချူလျန်သည် ယခင်အကြိမ်များကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ထူးခြားသည့် တည်ငြိမ်မှုမျိုးဖြင့် ရင်ဆိုင်နေခဲ့သည်။

သူသည် လက်ချောင်းများဖြင့် မန္တန်အကွက်တစ်ခုကို ဖော်လိုက်ပြီး ချက်ချင်းပင် အော်ဟစ်လိုက်လေ၏။

"ဒါကို ခံကြည့်စမ်း.."

ဓားနှစ်လက်သမားက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ ချူလျန်၏ လက်ချောင်းများကြားမှ နေမင်းကို လက်ထဲတွင် ကိုင်ဆောင်ထားသည့်အလား တောက်ပလွန်းသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ရွှစ်...

ဝင်းလက်သော ရွှေရောင်အလင်းတန်း တစ်သောင်းခန့်က မျက်စိကျိန်းမတတ် တောက်ပသွားပြီး ဓားနှစ်လက်သမားက နာကျင်စွာ အော်ဟစ်လိုက်ကာ သူ၏ မျက်လုံးနှစ်လုံးစလုံး ရုတ်တရက် မီးလောင်ကျွမ်းခံရသကဲ့သို့ နာကျင်သွားသည်ကို ခံစားလိုက်ရတော့သည်။

ချူလျန်က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်မှာ မဆန်းပေ။

တကယ်တမ်းတွင် ဤတိုက်ကွက်မှာ လှည့်ကြည့်မှသာ ထိမှန်မည်ဖြစ်ချေသည်။ ထိုအလင်းတန်းက သူ၏ မျက်လုံးများကို နာကျင်စေရုံသာမက သူ၏ တိုက်ခိုက်မှုကိုလည်း ရပ်တန့်သွားစေခဲ့သည်။

နေမင်းကဲ့သို့ တောက်ပနေသော အလင်းရောင်၏ အရှေ့တွင် မည်သည့် အရိပ်မည်းမျှ ပုန်းကွယ်နိုင်ခြင်း မရှိတော့ပေ။

ဤသည်မှာ ချူလျန် ကြိုတင်ပြင်ဆင်ထားသော တန်ပြန်တိုက်ကွက်ပင် ဖြစ်၏။

ယခင်က ထိန်းသိမ်းရေးခန်းမတွင် ရှိနေစဉ်ကတည်းက သူသည် ယွမ်ကျိုးထံမှ ဤ 'အလင်းမဲ့ အရိပ်ဖြတ်ခြင်း ကျင့်စဥ်' ကို မည်သို့ရင်ဆိုင်ရမည်ကို မေးမြန်းခဲ့ဖူးသည်။

ထိုမန္တန်သည် အမှောင်ထဲတွင် လုပ်ကြံသတ်ဖြတ်ရန် အသင့်တော်ဆုံးဖြစ်ပြီး အရိပ်များကို လမ်းပြအဖြစ် အသုံးပြုကာ အလွန်လျင်မြန်ပြီး ကာကွယ်ရန် ခက်ခဲကြောင်း ယွမ်ကျိုးက ရှင်းပြခဲ့သည်။

တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်က ကိုယ့်ထက် နိမ့်ကျနေပါက အနိုင်ရရန် ပို၍ပင် ခက်ခဲလေသည်။

အကယ်၍ အနည်းငယ် တန်ပြန်တိုက်ခိုက်လိုပါက 'နေမင်းမန္တန်' ကို အသုံးပြု၍ ရုတ်တရက် အလင်းတန်းများ ထုတ်လွှတ်ကာ တစ်ဖက်လူ၏ အရိပ်လမ်းပြမှုကို ဖြတ်တောက်နိုင်ကြောင်းလည်း ပြောပြခဲ့သည်။

ဤနေမင်းမန္တန်မှာ အခြေခံအကျဆုံး နတ်ဘုရားစွမ်းရည်လေးတစ်ခုမျှသာ ဖြစ်သောကြောင့် သူက ချူလျန်ထံမှ ငွေကြေးတောင်းခံခြင်းမရှိဘဲ နှုတ်ဖြင့်သာ သင်ကြားပေးခဲ့ပြီး ချူလျန်ကလည်း အနည်းငယ် လေ့လာရုံဖြင့် နားလည်သဘောပေါက်သွားခဲ့သည်။

ရိုးရှင်းသော်လည်း အလွန်အသုံးဝင်လေ၏။

ဤသည်က ချူလျန်ကို နတ်ဘုရားစွမ်းရည် မန္တန်များကို များများသင်ယူထားခြင်း၏ အရေးကြီးပုံကို သိရှိသွားစေခဲ့သည်။

ယွမ်ကျိုး၏ ဦးနှောက်ထဲတွင် နတ်ဘုရားစွမ်းရည် ကျင့်စဉ်များစွာ ရှိနေသောကြောင့် မည်သည့် ရန်သူနှင့် ရင်ဆိုင်ရပါစေ အချိန်တိုအတွင်း ရန်သူကို နှိမ်နင်းနိုင်မည့် နည်းလမ်းကို အလွယ်တကူ ရှာဖွေနိုင်မည်မှာ သေချာလှသည်။

သို့သော်လည်း ချူလျန်၏ ကျင့်ကြံမှုအဆင့်က သူနှင့်မယှဉ်နိုင်သောကြောင့် ဤပထမဆုံး အရိပ်ဓားချက်ကို ကာကွယ်နိုင်လျှင်တောင်မှ အနိုင်ရရန် နည်းလမ်းမရှိသေးပေ။

အကယ်၍ သူတို့နှစ်ယောက် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် အသတ်ခံရမည့် အဆုံးသတ်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်မိစ္ဆာ ညီအစ်ကိုများကလည်း အလကားနေနေမည် မဟုတ်ပေ။

သူတို့သည် အတောင်ပံပါမီးမြွေကို ရင်ဆိုင်ရန် မဖြစ်နိုင်သော်လည်း ရုတ်တရက် ထွက်ပေါ်လာသော ဤလုပ်ကြံသတ်ဖြတ်သူကို ရင်ဆိုင်ရန်အတွက်မူ နောက်တွန့်နေမည် မဟုတ်ချေ။

အထူးသဖြင့် ချူလျန်က သစ်ပင်မိစ္ဆာမျိုးနွယ်အတွက် အကျိုးဆောင်ပေးထားပြီးခါစဖြစ်ရာ ဓားနှစ်လက်သမားက သူ့ကို ရုတ်တရက် ထွက်ပေါ်လာကာ သတ်ဖြတ်ရန် ကြိုးစားနေသောကြောင့် သစ်ပင်မိစ္ဆာများအားလုံး ဒေါသထွက်သွားကြတော့သည်။

"သူ့ကို ဖမ်းကြစမ်း"

အကြီးအကဲ ချင်းဟွိုင်က ဦးဆောင်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။

ရွှစ်... ရွှစ်... ရွှစ်...

ချက်ချင်းပင် ကောင်းကင်ယံကို ဖုံးလွှမ်းသွားနိုင်မည့် မရေမတွက်နိုင်သော သစ်နွယ်ပင်များက သစ်ပင်မိစ္ဆာများ၏ လက်တံရှည်များထဲမှ ထွက်ပေါ်လာကာ ဓားနှစ်လက်သမား၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

သူက ဓားနှစ်လက်ကို လွှဲယမ်းလိုက်ရာ လေနက်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ရှည်လျားသော သစ်နွယ်ပင်များကို အလွန်ပြင်းထန်လှသော အဟုန်ဖြင့် ပိုင်းဖြတ်ပစ်လိုက်လေ၏။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်နွယ်ပင်များဖြင့် ဖွဲ့စည်းထားသော နဂါးစိမ်းကြီးတစ်ကောင်က ကောင်းကင်ယံရှိ သစ်နွယ်ပင်များ၏ အနောက်မှ လိုက်ပါလာကာ ဓားနှစ်လက်သမားကို တစ်ကိုက်တည်းဖြင့် မျိုချပစ်လိုက်တော့သည်။

အကြီးအကဲ ချင်းဟွိုင်က လက်ချောင်းနှစ်ချောင်းဖြင့် မန္တန်ဖော်လိုက်ကာ လေထဲရှိ ဧရာမသစ်နွယ်နဂါးကြီးကို ညွှန်ကြားလိုက်ရာ သူ၏ အဝတ်အစားများက လေတိုက်ခတ်မှုကြောင့် လွင့်ခါနေပြီး အလွန်ခန့်ညားထည်ဝါနေလေသည်။

All Chapters