← Chapters

အမြုတေအတွက် လူအများကို သတ်ဖြတ်ခြင်း(၂)

Vol. 005 Ch. 231

အမြုတေအတွက် လူအများကို သတ်ဖြတ်ခြင်း(၂)

Vol. 005 Ch. 231

ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ အသံကြားရာသို့ နောက်လှည့်ကြည့် လိုက်သည်။ ထိုအခါ အသံရှင်က ဝမ်လင်းရှေ့သို့ ရောက်လာပြီး သူက လက်ဝှေ့ယမ်း လိုက်ရာ ပြင်းထန်သော အားတစ်ခုက ဝမ်လင်းထံ တိုးဝင်သွားသည်။ ဝမ်လင်းက နောက်သို့ လွင့်ထွက် သွားတော့၏။ သူက သူ့ရှေ့ရှိ သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်၏။ ထိုလူက မျက်မှောင်ကြုတ်ပြီး ဝမ်လင်းအား အေးစက်စွာ ပြောလိုက်သည်။

“ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ အပြုအမူလဲ ...။ လူတိုင်းက ရတနာအတွက် တိုက်ခိုက် နေချိန်မှာ မင်းက အမြုတေအတွက် လူတွေကို လိုက်သတ်နေတယ်”

ဝမ်လင်း မျက်လုံးများက ဖျတ်ခနဲ တောက်ပသွား၏။ သူ့ရှေ့က လူသည် စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် ဖြစ်သည်ကို တွေ့လိုက်ရ၏။ သူက အစောပိုင်း စဦးစိတ်ဝိညာဉ် တစ်ယောက်သာ ဖြစ်သည်ကိုလည်း တွေ့လိုက်ရ၏။

သည်လူက နွေးထွေးစွာ လာရောက်ခြင်း မဟုတ်ပေ။ ဝမ်လင်း၏ မျက်လုံးများက ဖျတ်ခနဲ တောက်ပလာကာ သိုလှောင်အိတ်ကိုနှိုက်၍ အဆိပ်ဓားကို ထုတ်လိုက်သည်။ သက်လတ်ပိုင်း လူကြီးက လှောင်ပြုံးပြုံး လိုက်၏။ သူက သူ့လက်ကို ရွေ့လျားလိုက်ပြီး အနက်ရောင် လက်သည်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ဦးတည်လိုက်သည်။

ဝမ်လင်းကလည်း အတားအဆီး အလံကို ထုတ်လိုက်ရာ အလံက ကြီးမားလာပြီး ကီလိုမီတာ (၁၀၀)လုံး ဖုံးလွှမ်းသွားသည်။ ထိုအလံမှ အတားအဆီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အတားအဆီး(၁၂)ခုက အနက်ရောင် လက်သည်းကို ဖုံးအုပ်လိုက်၏။ အနက်ရောင် လက်သည်းမှာ ပျက်စီး သွားရပေသည်။

သက်လတ်ပိုင်း လူက မျက်မှောင်ကြုတ်မိ သွားပေသည်။ အမြုတေ ဖွဲ့တည်ခြင်း အလယ်အလတ် အဆင့်တစ်ယောက်က ထိုသို့သော ရတနာတစ်ခု ပိုင်ဆိုင်နေလိမ့်လို့ သူက မမျှော်လင့်မိချေ။ ထို့နောက်သူက သိုလှောင်အိတ်ကို နှိုက်လိုက်ရာ ကြေးနီရောင် ကျားတစ်ကောင် ပေါ်လာခဲ့သည်။ သူက တစ်ခုခု ရွတ်လိုက်ရာ ထိုကျားက (၇)ပေ၊ (၈)ပေခန့် ကြီးထွားလာပြီး ဝမ်လင်းကို ခုန်အုပ် လိုက်တော့သည်။ ဝမ်လင်းက နောက်သို့ ဆုတ်လိုက်ပြီး ချိတ်ဟန်တစ်ခု ပြုလုပ်လိုက်၏။

“ပိတ်လှောင်လိုက်စမ်း”

ထိုအရာများက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပွားသွားခြင်း ဖြစ်သည်။ ဝမ်လင်းဆီသို့ ဟိန်း‌ဟောက် လာနေသောကျားက သူ့အတားအဆီး ကြားထဲ၌ ပိတ်လှောင် သွားတော့သည်။

သက်လတ်ပိုင်း လူကြီး၏ အသွင်က ပြောင်းလဲသွားပြီး သူက အရေးတကြီး မေးလိုက်သည်။

”မင်းက ဘယ်သူ့ တပည့်လဲ”

ဝမ်လင်းက အသံနက်ဖြင့် ပြန်ဖြေလိုက်သည်။

”ငါ့ဆရာက ဂူလန်”

သက်လတ်ပိုင်း လူကြီးက မှင်တက်သွားသည်။ သူက ဝမ်လင်းကို သေချာ ကြည့်လိုက်၏။ သူက ဝမ်လင်းမှာ ရှေးဟောင်း အင်ပါယာ၏ တပည့်ဖြစ်သည်ကို မယုံနိုင် ဖြစ်နေ၏။ ရှေးဟောင်း အင်ပါယာက အပျက်အစီး ကြယ်နယ်မြေတွင် ပျောက်ကွယ် သွားသည်မှာ နှစ်ပေါင်း နှစ်ရာခန့်ရှိပြီ ဖြစ်သည်။ ဝမ်လင်းက သူမယုံနိုင် ဖြစ်နေသည်ကို တွေ့လိုက်၍ သိုလှောင်အိတ် တစ်ခုကို ထုတ်ပြလိုက်သည်။ ထိုသိုလှောင်အိတ် ပေါ်၌”လန်” ဟူသော စကားလုံးကို ရေးထားလေသည်။

သက်လတ်ပိုင်း လူကြီးက ထိုအိတ်ကို မသိဘူး ဆိုရင်တောင် ကြားဖူးမည် ဖြစ်သည်။ ထို့နောက် ဝမ်လင်းက နောက်သို့ ဆုတ်ကာ ထွက်သွားတော့သည်။ သက်လတ်ပိုင်း လူကြီးကလည်း တားဆီးခြင်း မရှိတော့ဘဲ ဝမ်လင်း ထွက်ခွာ သွားသည်ကို ကြည့်နေလိုက်၏။

ဝမ်လင်းက ထွက်ခွာပြီးနောက် ချီလင်မြို့တွင် သူစုဆောင်းခဲ့သော စိတ်စွမ်းအင် အရည်များကို ထုတ်ယူလိုက်သည်။ ထိုအရည်များမှာ အစက် ၁၀၀ခန့်ရှိပြီ ဖြစ်သည်။ သူက ၁၀စက်ခန့် သောက်လောက်ခြင်းက သူ့အမြုတေ ကြုံနေသည်ကို တားဆီး နိုင်ရုံမျှသာ ရှိသေး၏။ ထို့နောက် ဝမ်လင်းက အံတင်းတင်း ကြိတ်လိုက်ပြီး သူဝါးမျိုခဲ့သော အမြုတေများမှ စိတ်ဝိညာဉ်များကို သူ့အမြုတေထံသို့ စုစည်းလိုက်သည်။

သူ့စိတ်ဝိညာဉ်က ကျင့်ကြံသူ ဒါဇင်ခန့်၏ အမြုတေများကို ပေါင်းစပ် ပြီးသောအခါ စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ကွဲထွက် သွားတော့သည်။ ဝမ်လင်း၏ကိုယ်မှ စိတ်ဝိညာဉ် အပိုင်းအစများ တစ်ခုပြီးတစ်ခု ထွက်ပေါ် လာတော့သည်။ တစ်ခုချင်းစီ ကလည်း အနီရောင် အလင်းပုံစံ ရှိနေကြ၏။ ဤအရာက ဝမ်လင်း၏ ဂျိနယ်ပယ် စိတ်ဝိညာဉ် များလည်း ဖြစ်ကြပေသည်။ ထို့နောက် ဝမ်လင်းက ကွဲထွက်သွားသော စိတ်ဝိညာဉ်များကို သူ့ကိုယ်ပိုင် အမြုတေ အဖြစ်သို့ ပေါင်းစပ်လိုက်၏။ သူက နောက်ဆုံးတော့ အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားတော့၏။

ဝမ်လင်းက သူစဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကိုယ်ထဲရှိ အနီရောင် အမျှင်များကို ဖယ်ရှားပစ်ရန် ဖြစ်သည်။ သူက စဦးစိတ်ဝိညာဉ် ဖြစ်လာလျှင် ခါးကုန်းကြီးမုံ့၏ အဆိပ်ကူးပြောင်းခြင်း နည်းစနစ်ကို အသုံးပြု၍ အနီရောင် အမျှင်များကို အခြား တစ်ယောက်ထံသို့ လွှဲပြောင်း ပေးနိုင်မည် ဖြစ်၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး နောက်မှာ သူက မကောင်းဆိုးဝါး ရှုလီကော ရှိရာသို့ အာရုံခံလိုက်ပြီး သူရှိရာသို့ ဦးတည် သွားလိုက်တော့သည်။

သူက (၇)ရက်ခန့် ကြာပြီးနောက်မှာ သူတို့နှစ်ယောက် ချိန်းထားသော ချီလင်မြို့၏ ကီလိုမီတာ (၃၀၀၀) အကွာရှိ နေရာသို့ ရောက်လာခဲ့၏။ သူက ရှုလီကောက သူ့အနားမှာ ရှိကြောင်း ခံစားမိလေသည်။ ထို့နောက် ဝမ်လင်းက ချူးစစ်ပိုင်နှင့် ချိန်းထားခဲ့သော တောင်ထိပ်ပေါ်ရှိ နားနေဆောင်သို့ တက်လာခဲ့၏။ ထိုအခါ ရှုလီကောက ထွက်လာပြီး သူ့မျက်ခုံး နှစ်ခုကြား ပြန်ဝင်သွား၏။

ထိုစဉ် ချူးစစ်ပိုင်ကလည်း ပေါ်လာခဲ့သည်။ ချူးစစ်ပိုင်က ဝမ်လင်းအား တွေ့လိုက်သောအခါ ပြုံး၍ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ ... ငါမင်းကို စောင့်နေတာ လဝက် ကျော်နေပြီ ... ရောင်းရင်းသာ ကတိမတည်တဲ့ လူဆိုရင် ငါထွက်သွားတာ ကြာပြီ”

ဝမ်လင်းက တောင်းပန်သည့် ဟန်ဖြင့် ပြောလိုက်သည်။

”နတ်ဆိုး ပင်လယ်မှာ ပြောင်းလဲမ ှုကြီးကြီးမားမား ဖြစ်ခဲ့လို့ လူများစွာကလည်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတယ် ... ဒါကြောင့် ငါက နောက်ကျပြီး မင်းကို အကြာကြီး စောင့်စေခဲ့တယ်”

ချူးစစ်ပိုင်က သက်ပြင်းချပြီး ဝမ်လင်းကို ပြုံးကာ ပြောလိုက်သည်။

”အဆင်ပြေပါတယ် ... ငါလည်း လောဘကြီးတဲ့ ကျင့်ကြံသူ တချို့ကို သတ်လိုက်နိုင်ပြီး အကျိုးကျေးဇူး တချို့လည်း ရခဲ့တယ် ... ကဲ ... ရောင်းရင်း ... ငါပြောခဲ့တဲ့ နေရာကို သွားကြမလား ...”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ ”ကောင်းပြီလေ ... ရောင်းရင်း ဦးဆောင် လမ်းပြပါ ...”

ချူးစစ်ပိုင်က ပြောလိုက်၏။

”ရောင်းရင်း နာမည်ကို သိခွင့်ရမလား ...”

ဝမ်လင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

”ဝမ်လင်း”

ချူးစစ်ပိုင်က ဆက်ပြော လိုက်ပြန်သည်။

”အစ်ကိုဝမ် ... ငါပြောတဲ့ နေရာက အတော် ဝေးသေးတယ် ...။ စိတ်မရှိရင် ငါ့တိမ်လှေနဲ့ အတူ သွားနိုင်တယ် ...” သူကထိုသို့ ပြောပြီးနောက် သိုလှောင်အိတ်ထဲရှိ တိမ်လှေကို ထုတ်ယူလိုက်သည်။

ဝမ်လင်းက တိမ်လှေကို နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်သည်။ ထိုတိမ်လှေက အနည်းငယ်နှေးပုံ ရသော်လည်း ၎င်းက မည်သည့်စိတ် ဝိညာဉ် စွမ်းအင်မှ မလိုအပ်ချေ။

ချူးစစ်ပိုင်က ဝမ်လင်းအား မေးလိုက်၏။

”အစ်ကိုဝမ် ... ငါ့လှေက ဘယ်လိုလဲ”

ဝမ်လင်းက ပြန်ဖြေလိုက်သည်။

”ဒါက တော်တော်ကောင်းတယ်”

ချူးစစ်ပိုင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။

”ဒါက ငါ့ဘာသာ လုပ်တာလေ ... အစ်ကိုဝမ်ကလည်း အစီအရင်တွေ လုပ်တာကို လေ့လာထားသလို ငါကလည်း အစီအရင် လုပ်တာတွေကို သဘောကျတယ်”

ထိုစဉ် လျှပ်စီးတစ်ချက် ကောင်းကင်ထက်၌ လင်းလက်သွား၏။ လျှပ်စီးက နတ်ဆိုး ပင်လယ်နှင့် ကွာဝေးသော်လည်း သူ့စွမ်းအားကို ခံစားနိုင်ပေသည်။

ချူးစစ်ပိုင်က ကောင်းကင်ကို ကြည့်၍ ပြောလိုက်၏။

”ငါ ... နတ်ဆိုးပင်လယ်မှာ မွေးပြီးတောက်လျောက် နေလာတာ နှစ်(၂၀၀) ကျော်ပြီ ... လွန်ခဲ့တဲ့ တစ်လခွဲကမှ ကောင်းကင်ကို မြင်ဖူးတော့တယ်”

ဝမ်လင်းက စကား ပြောနေရာမှ အကွာအဝေး တစ်ခုကို လှမ်းကြည့်လိုက်၏။ မိုးခြိမ်းသံ များနှင့်အတူ ကြီးမားသော လိပ်ကြီးတစ်ကောင်က ကောင်းကင်ယံမှာ ပေါ်လာခဲ့သည်ကို တွေ့လိုက်ရ၏။

ထိုလိပ်ကြီးပေါ်၌ လူအိုကြီးတစ်ယောက် ရှိလေသည်။ သူက ကောင်းကင်ကို ကြည့်၍ အဆက်မပြတ် ဆဲဆိုနေ၏။ သူက အဝေးကြီးမှာ ရှိနေသေးသော်လည်း သူ့အသံက သူတို့ထံ လွင့်ပျံလို့ လာခဲ့သည်။

***

All Chapters