အခန်း ၁၄၈၃
Vol. 101 Ch. 1483
အခန်း ၁၄၈၃ အပြောင်းအလဲ
"မင်း ပြန်ရောက်လာပြီပဲ၊ ဒီတစ်ခေါက် အမေရိကကို သွားတာ၊ မင်း တော်တော်လေး မျက်နှာပန်းလှခဲ့တာပဲ" ကျန့်ရွေ့ချန်သည် ဖောင်တိန်အဖုံးကို ပိတ်လိုက်ပြီး မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"မျက်နှာပန်းလှလို့လား။ မဟုတ်ပါဘူး။ ငါ မျက်နှာတောင် မပြခဲ့ပါဘူး။ ခါမီဒါ မာဆာအိုနဲ့ လျူချွမ်းကျစ် သူတို့နှစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့ကြတာပါ၊ တကယ်ပါ၊ ငါနဲ့ မသက်ဆိုင်ပါဘူး" ဖုန်းယွီသည် ရိုးသားဖြူစင်သောမျက်နှာအမူအရာဖြင့် ကျန့်ရွေ့ချန်ကို ကြည့်လိုက်သည်။
ကျန့်ရွေ့ချန်၏ နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့သည်။ အခြားသူများ မရှင်းလင်းရင်တောင်၊ ငါက မသိဘဲ နေပါ့မလား။ မင်း ကျောင်းတက်နေတုန်းကတောင် ငါ့ကို ကြွားလုံးထုတ်ဖူးတယ်၊ အနာဂတ်မှာ Microsoft ကို နတ်ဘုရားပလ္လင်ပေါ်ကနေ ဆွဲချမယ်၊ကိုယ်တိုင် နတ်ဘုရားပလ္လင်ပေါ်ကို တက်လှမ်းပြီး၊ Microsoft ကို ခြေအောက်မှာ နင်းထားမယ်လို့ပေါ့။
ထိုအချိန်က ဖုန်းယွီသည် ငယ်ရွယ်ပြီး မာနကြီးလွန်းသည်ဟု ထင်မြင်ကာ၊ သူက ဟာသတစ်ခုအနေဖြင့်သာ သဘောထားခဲ့သည်။
သို့သော် ဤနေ့ရက်သည် အမှန်တကယ် ရောက်ရှိလာမည်ဟု မထင်မှတ်ထားခဲ့ပေ၊ Microsoft သည် ဒဏ္ဍာရီတစ်ခု မဟုတ်တော့ပေ။
Microsoft ကို ခြေအောက်သို့ မနင်းထားနိုင်သေးဟု ဆိုသော်လည်း၊Microsoftနှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်ပြီး၊Microsoft ကို ခြေအောက်သို့ နင်းထားနိုင်ရန်လည်း ဝေးကွာတော့မည် မဟုတ်ပေ။
ဤကိစ္စသည် ဖုန်းယွီနှင့် မသက်ဆိုင်ဟု ပြောမည်ဆိုလျှင်၊ ရိုက်သတ်လျှင်တောင် သူ ယုံမည်မဟုတ်ပေ။
"အင်တာနက်ပေါ်မှာ ပြောနေကြတာ ငါတွေ့တယ်၊ ဒီတစ်ကြိမ် Microsoft ရဲ့ အဲဒီကြေညာချက်က ဒီတစ်ခေါက် PC OperatingSystem စစ်ပွဲမှာ Microsoft ရှုံးနိမ့်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်လား”
ဖုန်းယွီသည် ခြေချိတ်ထိုင်ရင်း အဆက်မပြတ် လှုပ်ခါနေခဲ့သည်။ "Microsoft လုံးဝရှုံးနိမ့်သွားတယ်လို့လည်း ပြောလို့မရပါဘူး၊ ယာယီ ရှုံးနိမ့်သွားတာသာ ဖြစ်တယ်။ Microsoft ရဲ့ အခြေခံအင်အားက Lenovo-Kingsoftထက် အများကြီး ပိုမိုနက်ရှိုင်းနေပါသေးတယ်။ ငါတို့ရဲ့ စစ်ပွဲက အခုမှ စတင်ရုံပဲရှိပါသေးတယ်”
"မင်း လူကြီးဖြစ်နေပြီပဲ၊ ထိုင်တဲ့ပုံစံလေး နည်းနည်းလောက် သေသပ်အောင် နေလို့မရဘူးလား” ကျန့်ရွေ့ချန်သည် အောင့်အည်းမနေနိုင်တော့ဘဲ ပြောလိုက်သည်။ အဲဒီခြေထောက်က ဘာကို လှုပ်နေတာလဲ။ လှုပ်နေတာက လူတွေကို မျက်စိနောက်စေတယ်။
ဖုန်းယွီသည် မျက်စောင်းထိုးလိုက်ပြီး၊ ခြေထောက်ကို အောက်ချလိုက်သည်။ ဘယ်လိုလူလဲ… လူတွေကို နည်းနည်းလောက်တောင် ဂုဏ်ယူဝင့်ကြွားခွင့် မပေးတော့ဘူးလား။ ယနေ့ရလဒ်အတွက် Lenovo-Kingsoftသည် ငွေကြေးမည်မျှ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ အချိန်မည်မျှသုံးစွဲခဲ့ရသနည်း။
"လွန်ခဲ့တဲ့ ရက်ပိုင်းက Lenovo က IBM ကိုသွားရောက်ဝယ်ယူဖို့ လုပ်ခဲ့တယ်လို့ ငါကြားတယ်။ ရလဒ်က ဂျပန်နိုင်ငံက ကုမ္ပဏီက ဝယ်ယူသွားတယ်ဆို။ မင်းက ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီတွေကို အမုန်းဆုံးဆို၊ ဒီတစ်ခေါက်ကျ ဘယ်လိုဖြစ်လို့ မလုရတာလဲ" ကျန့်ရွေ့ချန်သည် အနည်းငယ် သိချင်စိတ်ပြင်းပြနေခဲ့သည်။
တစ်ခါတစ်ရံတွင် သူသည် ဖုန်းယွီ၏ ထိုသို့သော အတွေးအခေါ်မျိုးကို အနည်းငယ် ကျဉ်းမြောင်းသည်ဟု ထင်မိသော်လည်း၊ တိုက်တိုက်ဆိုင်ဆိုင်ပင် သူက မုန်းတီးသည်ဟု မခံစားရပေ။ တကယ်တမ်းတွင် ဖုန်းယွီသည် ဂျပန်နိုင်ငံ၏ ကုမ္ပဏီများကို အမြဲတမ်း နင်းချေနေခြင်းက လောင်ကျန့်၏စိတ်ထဲတွင်လည်း အတော်လေး ကျေနပ်စရာကောင်းသည်ဟု ခံစားရသည်။
"ပထမဆုံးအနေနဲ့ Lenovo Group က IBM ကို သွားဝယ်တာမဟုတ်ဘူး၊ IBM ရဲ့ PC လုပ်ငန်းစဉ်ကို ဝယ်ယူတာပါ။ IBM ရဲ့ ဈေးကွက်တန်ဖိုးက Lenovo Group ထက် ပိုမြင့်တယ်၊ ငါးသေးက ငါးကြီးကို စားဖို့ဆိုတာ၊ အဲဒီလောက် မလွယ်ကူပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ PC လုပ်ငန်းစဉ်က အမေရိကန်ဒေါ်လာ ဘီလီယံတစ်ဒါဇင်ကျော်လောက်ပဲ တန်ဖိုးရှိတာပါ။ အဲဒီအပြင် ကျဆင်းနေတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ"
"လောင်လျူက IBM ရဲ့ စီးပွားရေးလုပ်ငန်းသုံး ထုတ်ကုန်ဒီဇိုင်းတွေနဲ့၊ တခြားသီးသန့်မူပိုင်ခွင့်တွေ စတာတွေကို အမြဲတမ်းသဘောကျခဲ့တယ်၊ ဒါကြောင့် သူက သွားရောက်ဆက်သွယ်ကြည့်ခဲ့တယ်၊ ဒါပေမဲ့ သိပ်မတွက်ခြေကိုက်ဘူး။ တစ်ဖက်လူက Lenovo Group ရဲ့ ရှယ်ယာတွေကို လိုချင်တယ်၊ တောင်းတာကလည်း နည်းနည်းနောနော မဟုတ်ဘူး၊ ငါ သဘောမတူခဲ့ဘူး"
"ဒါကြောင့် ငါတို့က အစီအစဉ်တစ်ခု ပြောင်းလိုက်တယ်၊ သူတို့ဆီက မူပိုင်ခွင့်ခွင့်ပြုချက် တချို့ကို ရယူခဲ့တယ်၊ ဒါက ငါတို့ Lenovo Group ရဲ့ PC ထုတ်ကုန်နည်းပညာစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။ သူတို့ရဲ့PC လုပ်ငန်းစဉ် တစ်ခုလုံးနဲ့ ပတ်သက်ပြီးတော့တော့ Sonyဆီကို ရောင်းလိုက်တယ်။ Sonyလက်တွေ့ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက တကယ်ကို အရမ်းမြင့်မားလွန်းတယ်။ ငါထင်တာက နှစ်နှစ်တောင် မကြာခင်မှာ သူတို့ အကြီးအကျယ် နောင်တရလိမ့်မယ်"
Sonyသည် ငွေသား အမေရိကန်ဒေါ်လာ သန်းခုနစ်ရာ၊ Sonyရှယ်ယာ အမေရိကန်ဒေါ်လာ သန်းခုနစ်ရာ သုံးစွဲခဲ့ပြီး၊ ကြွေးမြီအမေရိကန်ဒေါ်လာ သန်းခြောက်ရာကို တာဝန်ယူခဲ့ကာ၊ ဒါရိုက်တာဘုတ်အဖွဲ့ ဒါရိုက်တာ နေရာတစ်ခုကိုပါ ပေးဆပ်ခဲ့ရမှသာ၊ IBM ၏ PC လုပ်ငန်းစဉ်တစ်ခုလုံးကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် IBM မှ Lenovo Group ကို ဖွင့်ပြခဲ့သောဈေးနှုန်းမှာ လုံးဝဤမျှ မမြင့်မားခဲ့ပေ။ ငွေသား အမေရိကန်ဒေါ်လာသန်းခုနစ်ရာ၊ ရှယ်ယာ အမေရိကန်ဒေါ်လာ သန်းခြောက်ရာနှင့် ကြွေးမြီအမေရိကန်ဒေါ်လာ သန်းငါးရာ ဖြစ်သည်။ လျူချွမ်းကျစ်က ဤဈေးနှုန်းကို သေချာပေါက် ထပ်မံဆွေးနွေး၍ ရနိုင်သေးသည်ဟုပင် ပြောခဲ့သေးသည်။
IBM ၏ ထိုမူပိုင်ခွင့်ခွင့်ပြုချက်များအတွက် Lenovo Group သည် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ပင် ပေးချေခဲ့ရသေးသည်။ ၎င်းတွင်Lenovo Group မှ အချိန်ကြာမြင့်စွာကပင် မျက်စိကျနေခဲ့သော နည်းပညာအချို့ ပါဝင်ပြီး၊ Lenovo Group ကို စီးပွားရေးလုပ်ငန်းသုံး လက်တော့ပ်များတွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ချက်ချင်းရောက်ရှိသွားစေနိုင်သည်။
ဤတစ်ကြိမ်တွင် IBM သည် အလွန်အမြတ်ထွက်သွားခဲ့ပြီး၊ အနည်းဆုံးအမေရိကန်ဒေါ်လာ သန်းသုံးလေးရာခန့် ပို၍မြတ်သွားခဲ့သည်။ Lenovo Group သည်လည်း အရှုံးမပေါ်ခဲ့ပေ။ နှိုင်းယှဉ်ချက်အရ သက်သာသော ဈေးနှုန်းဖြင့် ထိုမူပိုင်ခွင့်နည်းပညာ ခွင့်ပြုချက်များကို ရရှိခဲ့သည်။ ထို့ဆိုလျှင် အရှုံးပေါ်သူမှာ မည်သူဖြစ်နိုင်မည်နည်း။ Sonyသည် သေချာပေါက် ခေါင်းခံလိုက်ရသူ ဖြစ်သွားသည်။ တကယ်တမ်းတွင် သူတို့သည် ဒါရိုက်တာဘုတ်အဖွဲ့ ဒါရိုက်တာ နေရာတစ်ခုကိုပါ ပေးဆပ်ခဲ့ရပြီဖြစ်ရာ ဖုန်းယွီက အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ တန်ဖိုးကသာ ပို၍သင့်လျော်သည်ဟု ထင်မြင်မိသည်။
Sixing Electronicsမှ ဖွင့်ပြခဲ့သော ဈေးနှုန်းမှာ၊ ဤမျှသာဖြစ်ပြီး၊ ဒါရိုက်တာဘုတ်အဖွဲ့ ဒါရိုက်တာ နေရာပင် မပါဝင်သေးပေ။
Sonyက ဖုန်းယွီဝယ်မည်ဆိုပါက၊ သေချာပေါက် ဈေးပိုပေးရမည်ဟု ယူဆထားသောကြောင့်၊ သူတို့က ဈေးပိုမြင့်အောင် ပေးမှသာ၊ ဖုန်းယွီ၏လက်ထဲမှ အမှန်တကယ် လုယူနိုင်မည်ဖြစ်သည်။
Sony၏ ရည်မှန်းချက်ကြီးမားမှုသည် SixingElectronicsထက် ပို၍ကြီးမားနေသည်။ ထို့အပြင် Sonyသည် Thinkဟူသော ဤအမှတ်တံဆိပ်ကို အသုံးချကာ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ရည်ရွယ်ထားသေးသောကြောင့်၊ ဤအတွက် ငွေအနည်းငယ် ပို၍ပေးဆပ်ရခြင်းကို၊ သူတို့က တန်သည်ဟုလည်း ယူဆထားကြသည်။
သို့သော် ဖုန်းယွီ ဤနေရာတွင် ရှိနေသရွေ့၊ Sony၏ရည်ရွယ်ချက် အကောင်အထည်ပေါ်လာရန် မဖြစ်နိုင်တော့ကြောင်း ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်သည်။
ကျန့်ရွေ့ချန်သည် ဖုန်းယွီ၏ စကားကိုနားထောင်ပြီးနောက်၊ သဘောပေါက်သွားသည့် အမူအရာပေါ်လွင်လာခဲ့သည်၊ အကယ်၍ အမြတ်ထွက်စရာရှိလျှင်၊ ဖုန်းယွီက မည်သို့လုပ်၍ သွားမလုဘဲ၊ ဂျပန်နိုင်ငံသားများကို ယူသွားခွင့်ပြုမည်နည်း၊ တကယ်တော့ ၎င်းက တွင်းကျယ်ကြီးတစ်ခု ဖြစ်နေခြင်းကိုး။
"ဒါဆို Lenovo Group ရဲ့ အင်အားက တိုးတက်လာခဲ့ပြီပေါ့၊ ဒါဆို ဘယ်အချိန်ကျရင် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာနိုင်မလဲ" ကျန့်ရွေ့ချန်သည် မျှော်လင့်ချက်အချို့ဖြင့် ဖုန်းယွီကိုကြည့်လိုက်သည်၊ တရုတ်၏ စီးပွားရေးလုပ်ငန်းတစ်ခုကမ္ဘာ့နံပါတ်တစ် ဖြစ်လာခြင်းက၊ သူ့ကိုလည်း ဂုဏ်ယူဝင့်ကြွားစေမည် ဖြစ်သည်။
"Lenovo ရဲ့ ထုတ်ကုန်တွေက ဥရောပနဲ့ အမေရိကဘက်မှာ၊ လုပ်ငန်းရှင်အများအပြားရဲ့ ပူးပေါင်းဆန့်ကျင်မှုကို ခံနေရတယ်။ အာရှဈေးကွက်ပြိုင်ဆိုင်မှုကလည်း အရမ်းကြီးမားတယ်၊ အထူးသဖြင့် ပြည်တွင်းမှာ ခင်ဗျားတို့က ထိုင်ဝမ်ရဲ့ ထုတ်ကုန်တွေကိုပါ ဝင်ခွင့်ပြုထားသေးတယ်၊ ဒီနှစ်တော့ မဖြစ်နိုင်သေးဘူး"
"စိတ်ချပါ၊ ထိုင်ဝမ်ဘက်က စာချုပ်က နောက်နှစ်နှစ်ဆိုရင် သက်တမ်းကုန်တော့မှာပါ။ အဲဒီအချိန်ကျရင် ထိုင်ဝမ်ဘက်က ထုတ်ကုန်တွေက၊ တခြားဒေသတွေက တင်သွင်းတဲ့ ထုတ်ကုန်တွေနဲ့ အတူတူဖြစ်သွားမှာပါ၊ အဲဒီလို အထူးခံစားခွင့် မူဝါဒတွေကို မခံစားရတော့ဘူးဆိုရင် သူတို့ရဲ့ပြိုင်ဆိုင်နိုင်စွမ်းက ပျောက်ကွယ်သွားမှာပါ" ကျန့်ရွေ့ချန်က ရှင်းပြလိုက်သည်။
ယခုအခါ အထက်လူကြီးများကလည်း၊ စီးပွားရေး အကူအညီပေးရုံ သက်သက်ဖြင့်၊ ထိုင်ဝမ်ကို ဆွဲဆောင်စည်းရုံး၍ မရနိုင်ကြောင်း တွေ့ရှိသွားကြပြီ ဖြစ်သည်။
ဖုန်းယွီ၏ ထိုစကားများဖြစ်သော၊ ဥပမာအားဖြင့် ထိုင်ဝမ်ကိုစီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းဖြင့်၊ ထိုင်ဝမ်ကို လိမ္မာလာစေမည့် မဟာဗျူဟာအပေါ် အထက်လူကြီးများကမူ အလွန်ပင် သဘောတူထောက်ခံကြသည်။
ဆန်တစ်ဆုပ်ပေးလျှင် ကျေးဇူးတင်တတ်သော်လည်း၊ ဆန်တစ်ပြည်ပေးလျှင် ရန်သူဖြစ်သွားတတ်သည်။ တစ်ဖက်သတ် ဆွဲဆောင်စည်းရုံးနေခြင်းက၊ တစ်ဖက်လူကို အခွင့်အရေးပေးလေ အတင့်ရဲလေ ဖြစ်လာစေရုံသာ ရှိသည်။
ယခု ထိုင်ဝမ်ဘက်၏ မူဝါဒများကို ကြည့်လိုက်စမ်းပါ။ ဂျပန်နိုင်ငံနှင့် ရင်းနှီးသည်၊ အမေရိကနှင့် ရင်းနှီးသည်၊ အရှေ့တောင်အာရှနှင့် ရင်းနှီးသည်၊ မည်သို့ပင်ဖြစ်စေ ပြည်မကြီးနှင့်မူ မရင်းနှီးပေ။ သို့သော် ပြည်မကြီးကသာ သူတို့၏ အရေးပါဆုံးဈေးကွက်ဖြစ်ပြီး၊ သူတို့၏ စီးပွားရေးအကြီးမားဆုံး တိုးတက်မှုအမှတ် ဖြစ်နေပြန်သည်။
ပြည်မကြီးမှ သူတို့ကို အထူးခံစားခွင့် မူဝါဒအမျိုးမျိုး ပေးအပ်ခြင်းသည် လုပ်သင့်လုပ်ထိုက်သည့်အရာတစ်ခုလို ဖြစ်နေပြီး၊ အားလုံး ကအပြန်အလှန် ဖလှယ်မှုတစ်ခုဖြစ်သည်ဟုပင် ပြောဆိုနေကြသေးသည်။
ထိုင်ဝမ်က ဘယ်လောက်တောင် ကြီးမားတဲ့ ဈေးကွက်မို့လို့လဲ၊ ပြည်မကြီးက ပြည်နယ်ကြီးတစ်ခုကိုတောင် မမီဘူးလေ။ ဒီဖလှယ်မှုက တန်းတူညီမျှမှု ရှိလို့လား။
ယခုအခါ ပြည်မကြီးသည် စစ်ရေးအင်အားကို အဆက်မပြတ် မြှင့်တင်နေသည်။ ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံတော်ကို အင်အားကြီးမားစေရန်၊ ပိုမိုလုံခြုံစိတ်ချရစေရန်၊ နိုင်ငံတကာတွင် ဩဇာတိက္ကမ ပိုမိုကြီးမားလာစေရန်ဖြစ်ပြီး၊ အခြားသော အလွန်အရေးကြီးသည့် ရည်မှန်းချက်တစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ ထိုင်ဝမ်ကို တရုတ်၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိလာစေပြီး၊ မိခင်နိုင်ငံတော်၏မြေပုံကို ပိုမိုပြည့်စုံလာစေရန်ပင် ဖြစ်သည်။
ဤသို့ဆိုလျှင် တရုတ်၏ ပိုင်နက်ပင်လယ်ပြင်သည် ကြီးမားကျယ်ပြန့်သည့် အပိုင်းတစ်ပိုင်းအဖြစ် တိုးချဲ့နိုင်မည်ဖြစ်ပြီး၊ သမုဒ္ဒရာ၏သယံဇာတများမှာမူ၊ အလွန်ပင် ပေါကြွယ်ဝလှပေသည်။
ဖုန်းယွီသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ "အထက်လူကြီးတွေက မစဉ်းစားမိဘူးလား၊ အခုကစပြီး တောင်ဘက်ကပင်လယ်ပြင်က၊ ငါတို့ပိုင်တယ်ဆိုပြီး အဆက်မပြတ် သတင်းဖြန့်ဖို့လေ။ ဒီအယူအဆကို ခိုင်မာအောင် လုပ်ထားမှ တခြားနိုင်ငံတွေက ဘာမှပြောစရာစကား မရှိတော့မှာပေါ့။ အနာဂတ် သမုဒ္ဒရာ ဖော်ဆောင်ရေးက သေချာပေါက် ပိုပိုပြီး မြန်ဆန်လာလိမ့်မယ်၊ အခု ပြင်ဆင်မှုတချို့မလုပ်ထားဘူးဆိုရင် တကယ်လို့ ကိစ္စတစ်ခုခု ဖြစ်လာရင် အရမ်းကို ကမန်းကတန်း ဖြစ်သွားလိမ့်မယ်"
ကျန့်ရွေ့ချန်သည် ဤစကားများကို ကြားသောအခါ အနည်းငယ် ဝမ်းနည်းကြေကွဲသွားခဲ့သည်။ "အထက်လူကြီးတွေက ဘယ်လိုလုပ်မသိဘဲ နေမှာလဲ။ ရှင်းရှင်းပြောရရင် ငါတို့ရဲ့ ရေတပ်တွေက အရမ်းအားနည်းနေသေးလို့ပဲ။ ဒါပေမဲ့ အခုတော့ ကောင်းသွားပါပြီ။ ငါတို့ရဲ့ အင်အား တိုးတက်လာတဲ့ အမြန်နှုန်းက ဂျပန်နိုင်ငံတို့ထက် အများကြီး ပိုမြန်နေပါပြီ။ အနာဂတ်မှာ ငါတို့က အရင်ကတည်းက ငါတို့ ပိုင်ဆိုင်ခဲ့တဲ့ပင်လယ်ပြင်နဲ့၊ ကျွန်းတွေကို အားလုံး ပြန်လည်ရယူနိုင်မှာ အသေအချာပါပဲ"
ဖုန်းယွီက တကယ်တမ်းတွင် ထိုင်ဝမ်ကိုသာ ပြန်လည်သိမ်းပိုက်နိုင်ပါက၊ အခြားနေရာများကို သဘာဝကျကျပင် ထိုင်ဝမ်မှတစ်ဆင့် ပြန်လည်ရယူနိုင်မည်ဖြစ်ကြောင်း အလွန်ပြောချင်နေခဲ့သည်။ ထိုနေရာ၏ မြေယာမှာအရေးမကြီးပေ၊ အရေးကြီးသည်မှာ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ပင်ဖြစ်ပြီး၊အားလုံးက ရတနာသိုက်ကြီးများ ဖြစ်ပေသည်။
"ငါလည်း ထင်ပါတယ်၊ ငါတို့ သေချာပေါက် အဲဒီနေ့ရက်ကို မြင်တွေ့ရမှာပါ"
******