အခန်း ၁၄၉၃
Vol. 101 Ch. 1493
အခန်း ၁၄၉၃ ရေနံစိမ်းကို ဈေးကစား၍ မရနိုင် (၁/၁၀)
ကီရီလန်ကို၏ အမြင်တွင်၊အီရန်သည် ပိတ်ဆို့အရေးယူခံရပါက၊ရေနံစိမ်း ထုတ်လုပ်မှုမှာ သေချာပေါက် လျော့ကျသွားမည်ဖြစ်ပြီး ရေနံစိမ်းဈေးနှုန်း မြင့်တက်လာမည်မှာလည်း ရှောင်လွှဲ၍မရသောအမှန်တရားပင် ဖြစ်သည်။
လက်တွေ့တွင်လည်း ယခုအခါ ရေနံစိမ်း ဈေးနှုန်းသည် အမှန်တကယ် မြင့်တက်နေခဲ့ပြီး နှစ်လအချိန်အတွင်း အမေရိကန်ဒေါ်လာ ငါးဆယ်ကျော်မှ အမေရိကန်ဒေါ်လာခုနစ်ဆယ်အထိ တက်သွားခဲ့ရာ ဤအရာက မည်မျှမြန်ဆန်လိုက်သနည်း။
အကယ်၍ ဆယ်ဆ ပျမ်းမျှကိုသာ အသုံးပြုခဲ့မည်ဆိုလျှင်၊ အမြတ်အစွန်းနှစ်ဆပင် ရရှိနိုင်မည် ဖြစ်သည်။
နှစ်လအချိန်အတွင်း အမြတ်အစွန်း နှစ်ဆဆိုသည်မှာ၊ ဤကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုမျိုးက ငွေကိုလုယူနေသည်နှင့်ပင် တူညီနေရာ၊ အဘယ်ကြောင့် မလုပ်ဘဲ နေမည်နည်း။ ယခင်က လက်လွတ်ခံခဲ့ရသော်လည်း၊ ယခုအခါတွင်တော့ ထပ်မံ၍ လက်လွတ်ခံ၍မဖြစ်နိုင်တော့ပေ။
ညီလေးကီ မင်းက ရေနံစိမ်း ဈေးတက်မယ်လို့ မြင်နေတာလား။ မင်းရဲ့ပွဲစားကလည်း ရေနံစိမ်း ဈေးတက်မယ့်ဘက်ကို ဝယ်ဖို့ အကြံပေးနေတာလား” ဖုန်းယွီသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး၊ ငါ့ရဲ့ ပွဲစားက အမေရိကရဲ့ စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ပဲ အကြံပေးနေတုန်းပါ။ အခုက ဈေးတက်မယ့် အနေအထားမျိုးဖြစ်နေလို့၊ စတော့ဈေးကွက်က သေချာပေါက် ဆက်ပြီးတက်လိမ့်ဦးမယ်လို့ ပြောတယ်။ ဒါပေမဲ့ စတော့ရှယ်ယာရဲ့ အမြတ်က ဘယ်လောက်များ ရမှာမို့လို့လဲ၊ ဘယ်မှာ ရေနံစိမ်းလောက် ငွေရနိုင်မှာလဲ"
"မင်း စဉ်းစားကြည့်လေ အရင်တုန်းက မင်း ငါ့ကို ခေါ်ပြီး ရေနံစိမ်းကြိုပွိုင့်ဝယ်တုန်းက ငါတို့ ငွေဘယ်လောက်တောင် မြတ်ခဲ့လဲ။ ရေနံစိမ်းရဲ့အမြတ်က အရမ်းမြင့်တယ်လေ။ စတော့ရှယ်ယာကတော့ ဈေးတက်တာ အရမ်းနှေးလွန်းတယ်”
ကီရီလန်ကိုတွင် ငွေကြေးမလိုလောက်ပေသည်ဆိုသော်လည်း၊ သူက ပိုင်ဆိုင်မှုတွင် ဘီလ်ဂိတ်ကို ကျော်ဖြတ်ချင်နေသေးသည်။ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်းကလည်း ငွေရသည် ဆိုသော်လည်း၊ အမြန်နှုန်းမှာ အလွန်နှေးကွေးလွန်းလှပြီး၊ Microsoft၏ ရှယ်ယာဈေးနှုန်းသည်လည်း မြင့်တက်နေသည် မဟုတ်လော။ ဤကာလအတွင်းမြင့်တက်မှု အနည်းငယ် နှေးကွေးနေသည်ဆိုသော်လည်း၊ အခြေခံပမာဏက ကြီးမားနေပေသည်။
အကယ်၍ ရေနံစိမ်းမှ အကျိုးအမြတ် ရနိုင်မည်ဆိုပါက၊ သူသည် ရွှေဈေးကွက်ထဲရှိ ရင်းနှီးငွေများကိုပါ ထုတ်ယူရန် ရည်ရွယ်ထားပြီး စတော့ဈေးကွက်ထဲမှ ငွေများကိုပါ ထုတ်ယူကာ မိမိ၏ပိုင်ဆိုင်မှုများကို တစ်ကြိမ်တည်းဖြင့် နှစ်ဆတက်သွားစေရန် လုပ်ဆောင်မည်ဖြစ်ရာ၊ ဤသို့ဆိုလျှင် အနည်းဆုံး ဘတ်ဖတ်နှင့် ခပ်ဆင်ဆင်ဖြစ်သွားမည် ဖြစ်သည်။
နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ကြာလျှင်၊ သူတို့၏ အခြားသော ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိလာခြင်းနှင့်၊ အခြားကုမ္ပဏီများ စတော့ရှယ်ယာဈေးကွက်သို့ ဝင်ရောက်လာခြင်းတို့ကြောင့်၊ သူသည် ဘီလ်ဂိတ်ကို ကျော်ဖြတ်ရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။
"မင်းရဲ့ပွဲစားက မဆိုးဘူးလို့ ပြောရမယ်၊ တကယ်လို့ သူကသာ မင်းကို ရေနံစိမ်းဈေးတက်မယ့်ဘက် ဝယ်ဖို့ အကြံပေးခဲ့ရင် ငါက မင်းကို ပွဲစားချုပ်တစ်ယောက် လဲပစ်ဖို့ အကြံပေးရတော့မှာပဲ" ဖုန်းယွီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုပွဲစားသည် သိပ်ပြီး မတုံးအလှပေ။
ကီရီလန်ကိုသည် အလွန်အံ့အားသင့်သွားခဲ့သည်။ "ဘာဖြစ်လို့လဲ။ မင်းက ရေနံစိမ်း ဈေးတက်မှာကို မထောက်ခံဘူးလား။ ဒါမှမဟုတ် ဒီတစ်ကြိမ်လည်း အရင်တစ်ခေါက်ကလိုပဲ၊ ရေနံစိမ်း ဈေးနှုန်း အကြီးအကျယ် ကျဆင်းသွားမယ်လို့ မင်း ထင်နေတာလား။ ဒါဆို ငါတို့က ပြောင်းပြန်လှန်ပြီး ShortSell လုပ်လိုက်ရင် ရပြီပေါ့၊ အတူတူ ငွေရမှာပဲကို"
ဖုန်းယွီသည် မိမိ၏ နဖူးကို ပုတ်လိုက်သည်။ ညီလေးကီသည် ပြဿနာကို လွယ်ကူလွန်းစွာ တွေးတောနေခဲ့သည်။ တကယ်တမ်းတွင် ဤတစ်ကြိမ်ရေနံစိမ်း ဈေးကွက်နှင့် ပတ်သက်၍၊ ဖုန်းယွီသည်လည်း သိပ်ပြီးသေချာရေရာမှု မရှိပေ။
အဓိက အကြောင်းရင်းမှာ နိုင်ငံရေး ကြောင့်ပင် ဖြစ်သည်။
"ညီလေးကီ ငါ မင်းကို သုံးသပ်ပြမယ်။ အခုက အားလုံးပူးပေါင်းပြီး အီရန်ကို ပိတ်ဆို့အရေးယူဖို့ လုပ်နေကြတာလေ။ တကယ်လို့ အီရန်က ရေနံထုတ်လုပ်မှုလျှော့ချတဲ့ နည်းလမ်းနဲ့ ဆန့်ကျင်တုံ့ပြန်မယ်ဆိုရင် သူတို့နိုင်ငံရဲ့ဝင်ငွေက အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်။ ပြီးတော့ အီရန်က ကမ္ဘာ့နံပါတ်တစ် ရေနံအများဆုံး ထွက်ရှိတဲ့ နိုင်ငံကြီးလည်း မဟုတ်ဘူး။ မင်းတို့ ရုရှားနဲ့ ငါတို့ တရုတ်ထက်တောင် မသာပါဘူး"
"ဒါ့အပြင် အမေရိက၊ ဆော်ဒီအာရေဗျ အစရှိတဲ့ တခြားနိုင်ငံတွေလည်း ရှိနေသေးတယ်၊ ရေနံထွက်ရှိမှုက အရမ်းကို များပြားတယ်။ ရေနံစိမ်း ဈေးတက်တာက ငါတို့လို ရေနံထွက်တဲ့ နိုင်ငံကြီးတွေရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီတယ်လို့ ထင်ရပြီး ငါတို့က ထောက်ခံအားပေးသင့်ပေမဲ့၊ မင်း စဉ်းစားကြည့်ပါဦး။ ငါတို့ရဲ့ သုံးစွဲမှု ပမာဏက ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို"
"မော်တော်ကား လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပိုပြီးမြန်ဆန်လာတယ်။ ရေနံဓာတုစက်မှုလုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ပိုပိုပြီးမြန်ဆန်လာတယ်ဆိုတော့ ရေနံစိမ်းသုံးစွဲမှု ပမာဏကသဘာဝကျကျပဲ ကြီးမားလာမှာပေါ့။ အမေရိကနဲ့ငါတို့ တရုတ်တို့လို နိုင်ငံတွေက အားလုံးက ရေနံ တင်သွင်းတဲ့ နိုင်ငံတွေချည်းပဲ ရေနံစိမ်းဈေးတက်ရင် ငါတို့က ရှုံးမှာပဲ"
"ဥရောပက အဲဒီနိုင်ငံတွေလည်း မင်းတို့ ရုရှားကလွဲရင်အားလုံးက ရှုံးမှာချည်းပဲ။ ရုရှားက အရမ်းအင်အားကြီးတယ်ဆိုတာကို ငါလက်ခံပါတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံတည်းနဲ့ အားလုံးကို ရင်ဆိုင်နိုင်မှာလား။ ဒီတစ်ကြိမ် စုံစမ်းစစ်ဆေးမှုကိုလည်း၊ မင်းတို့ရုရှားက သဘောတူခဲ့တယ် မဟုတ်ဘူးလား”
"ရေနံစိမ်း ဈေးနှုန်းက ဒီနှစ်လအတွင်းမှာ အနည်းငယ် မြင့်တက်လာခဲ့တယ်ဆိုပေမဲ့ မကြာခင်မှာပဲ ပြန်လည်ဖိနှိပ်ခံရလိမ့်မယ်။ ဒါပေမဲ့ အတိအကျဘယ်အချိန်မှာ ဖိနှိပ်မလဲ။ ဘယ်အဆင့်ထိ ဖိနှိပ်မလဲဆိုတာကတော့ အထက်ပိုင်းက နိုင်ငံရေးနဲ့ သက်ဆိုင်နေတော့ တိတိကျကျ မှန်းဆဖို့ အရမ်းခက်ခဲတယ်”
"ပြီးတော့ ဖိနှိပ်လိုက်ရင်တောင်မှ အရမ်းပြင်းပြင်းထန်ထန် ဖိနှိပ်မှာ မဟုတ်ပါဘူး။ ရေနံစိမ်း ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ငါးဆယ်နဲ့ ခြောက်ဆယ် ဝန်းကျင်မှာပဲ လှည့်ပတ်နေအောင် ထားမှာပါ။ ဒါကြောင့် အမြတ်အစွန်း ကွာဟချက်က တကယ်ကို မကြီးမားပါဘူး"
ရေနံစိမ်းဈေးနှုန်း တည်ငြိမ်နေမှသာလျှင် နိုင်ငံကြီးများ၏ အကျိုးစီးပွားနှင့် ကိုက်ညီပေမည်။ အလွန်အမင်း မြင့်တက်သွားခြင်းဖြစ်စေ၊ သို့မဟုတ် အလွန်အမင်း ကျဆင်းသွားခြင်းဖြစ်စေ လုံးဝ မဖြစ်နိုင်ပေ။ ၎င်းတို့က ခွင့်ပြုမည် မဟုတ်ပေ။
ဤနိုင်ငံကြီးများ ပူးပေါင်းလိုက်သည်နှင့် ထိုရေနံထွက်ရှိသော နိုင်ငံများကလည်း သေချာပေါက် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ရာ၊ အီရန်တစ်နိုင်ငံတည်းသာ ကျန်ရှိတော့မည်ဖြစ်ရာ၊ သူတို့က ဘာများလှုပ်ရှားနိုင်တော့မည်နည်း။
ထို့အပြင် အီရန်က တကယ်ကြီး ရေနံထုတ်လုပ်မှု လျှော့ချရဲမည်ဆိုလျှင် အခြားနိုင်ငံများကလည်း အီရန်၏ ရောင်းချရေးလမ်းကြောင်းများကို ပိတ်ဆို့ရဲကြပေမည်။ အနီးအနားရှိ အီရတ်သည်လည်း အမေရိက၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြန်ရာ အီရန်သည်စီးပွားရေး အကျပ်အတည်းထဲသို့ ကျဆင်းသွားမည် ဖြစ်သည်။
အီရန်က နျူကလီးယား သုတေသနကို ထပ်မလုပ်တော့ကြောင်း မည်သည့်အချိန်တွင် ကတိပြုပါ့မည်ဆိုပါက၊ ထိုအချိန်ကျမှသာလျှင် အမှန်တကယ် ပြန်လည်တည်ငြိမ်သွားမည် ဖြစ်သည်။
ယခုအခါ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသော နိုင်ငံများအားလုံးသည်၊ နောက်ထပ် လူများထပ်မံဝင်ရောက်လာမည်ကို မလိုလားကြတော့ပေ။ ဤနိုင်ငံကြီးများသည် နျူကလီးယား ဓာတ်အားပေးစက်ရုံများကိုပင်၊ နျူကလီးယား အခြေခံမရှိသောထိုနိုင်ငံများတွင် တည်ဆောက်ပေးခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက တစ်စုံတစ်ခု သုတေသနလုပ်ပြီး တွေ့ရှိသွားမည်ကို ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။
ဤအရာက အလွန်ရိုးရှင်းသော နည်းပညာ ပိတ်ဆို့လိုသည့် စိတ်နေသဘောထား တစ်မျိုးပင်ဖြစ်သည်။ အချို့သူများက အဆင့်မြင့် နည်းပညာများကို သုတေသနလုပ်ပြီး တွေ့ရှိသွားသော်လည်း၊ အခြားကုမ္ပဏီများကို သုတေသနလုပ်ပြီး တွေ့ရှိသွားစေရန် မလိုလားသည့် ပုံစံမျိုးပင်ဖြစ်ပြီး၊ ဤသို့ဆိုမှသာ အကြီးမားဆုံးသောအကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်သည်။
တရုတ်၏ ထိုနှစ်များက စစ်ရေးအင်အားမှာ ထိုမျှလောက် အားနည်းခဲ့ပါလျက်နှင့်၊ မည်သို့လုပ်၍ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သနည်း။ တရုတ်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီး၊ အခြားနိုင်ငံများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်သောကြောင့် မဟုတ်ပါလော။
ထိုအချိန်က တရုတ်သည်လည်း အလွန်အမင်း ခိုင်မာပြတ်သားခဲ့ပြီး စစ်ပွဲကြီးများကို ဖြတ်သန်းခဲ့ဖူးသော စစ်သူကြီးဟောင်းအချို့လည်း ရှိနေသေးကာ၊ နိုင်ငံခြားရေးတွင်လည်း တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ခဲ့ကြသည်။ စီးပွားရေးအရ အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရသော်လည်း၊ တရုတ်သည် ဖြည်းဖြည်းချင်းပင် ခေါင်းထောင်ထလာနိုင်ခဲ့သည်။
ယခုအခါ တရုတ်သည် ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံများထဲမှ တစ်ခုဖြစ်လာခဲ့ပြီဖြစ်ပြီး၊ ကဏ္ဍပေါင်းစုံတွင် ကမ္ဘာ့ရှေ့တန်း၌ ရပ်တည်နေသော်လည်း၊ အချက်အလက်များစွာကို လူတစ်ဦးချင်းစီအလိုက် တွက်ချက်လိုက်သည်နှင့်၊ သွားပြီသာ မှတ်ပေတော့။
သို့သော် ကမ္ဘာ့ အခင်းအကျင်းကို သက်ရောက်မှုရှိစေမည့် ကိစ္စရပ်များအတွက်မူ၊ အမေရိက အစရှိသည်တို့သည်လည်း တရုတ်၏ထောက်ခံအားပေးမှုကို မလွဲမသွေတောင်းခံရတော့မည် ဖြစ်သည်။
"ဖုန်း ဒီရေနံစိမ်းဈေးနှုန်းက တကယ်ကြီး အကြီးအကျယ် အတက်အကျ ရှိမှာမဟုတ်ဘူးလား” ကီရီလန်ကိုသည် အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။ ဤအရာက အမြတ်ကြီးကြီး မရနိုင်ဘူးဆိုလျှင် သူက ဘယ်တော့များမှ ဘီလ်ဂိတ်ကို ကျော်ဖြတ်နိုင်တော့မည်နည်း။
"ညီလေးကီ တကယ်လို့သာ အရမ်းကို ရှင်းလင်းပြတ်သားတဲ့ အနေအထားမျိုး ရှိနေမယ်ဆိုရင် ငါက ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ နေပါ့မလား။ ငါ့ရဲ့ ရင်းနှီးငွေတွေက ရွှေနဲ့စတော့ဈေးကွက်ပေါ်မှာ ရှိနေတုန်းပဲလေ" ဖုန်းယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ မနှစ်က နှစ်ကုန်ပိုင်းတုန်းက ရွှေဈေးက အမေရိကန်ဒေါ်လာ လေးရာ့ငါးဆယ်အထိ တက်သွားခဲ့ပြီးတော့ အခုကျတော့ အမေရိကန်ဒေါ်လာ လေးရာ့နှစ်ဆယ်ကို ပြန်ကျသွားပြီလေ။ ငါတို့က ဒီလပိုင်းတွေမှာ ဘာအမြတ်မှ သိပ်မရခဲ့ဘူး" ကီရီလန်ကို၏ လေသံမှာ၊ မကျေမနပ်ဖြစ်နေသော မိန်းမတစ်ဦးနှင့်ပင် တူညီနေပေသည်။
"ညီလေးကီ ငါ မင်းကို ပြောတာက၊ ရွှေဈေးက ရေရှည်မှာတက်ဖို့ပဲ ရှိတယ်ဆိုတာပါ။ ရေတိုအတွင်းမှာတော့ မင်းရဲ့ပွဲစားက မင်းအတွက် အချိန်မရွေး အရောင်းအဝယ် ပမာဏတွေကို ချိန်ညှိပေးနေသင့်တယ် မဟုတ်လား။ မင်း ဒီလိုပြောတယ်ဆိုကတည်းက ရွှေဈေး ကျသွားရင်တောင်မှ၊ မင်းမှာ အမြတ်အစွန်းရှိနေသေးတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား”
"ပြီးတော့ မင်း စဉ်းစားကြည့်လေ၊ ဒီတစ်ကြိမ်မှာ လူတော်တော်များများက မင်းနဲ့အတွေးတူနေကြပြီး၊ စတော့ဈေးကွက်ထဲက ငွေတွေကို ထုတ်ယူပြီးတော့ ကြိုပွိုင့်ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားကြတယ်။ ဒါပေမဲ့ သူတို့က ရေနံစိမ်းကြိုပွိုင့်က ဘာမှ အတက်အကျသိပ်မရှိဘူးဆိုတာကို တွေ့သွားတဲ့အခါ၊ ငွေကြေးအမြောက်အမြား ဝင်လာတာ ဒါမှမဟုတ် ထွက်သွားတာမျိုး မရှိတဲ့အခါ သူတို့လည်း ဝင်မလုပ်ရဲကြတော့ဘူး။ အဲဒီတော့ ဒီငွေတွေက ဘာဆက်လုပ်ကြမယ်လို့ မင်းထင်လဲ" ဖုန်းယွီက အရိပ်အမြွက် ပေးလိုက်သည်။
"ဘာဆက်လုပ်မလဲဆိုတော့ ပြန်ယူသွားပြီး စတော့ရှယ်ယာတွေကို ပြန်ဝယ်မယ်၊ ဒါမှမဟုတ်တခြား ကြိုပွိုင့်တွေမှာ ရင်းနှီးမြှုပ်နှံကြမှာပေါ့။ နေပါဦး မင်း ပြောချင်တာက ငါတို့ရဲ့ ရွှေတွေ ထပ်ပြီး အကြီးအကျယ် ဈေးတက်တော့မယ်လို့ ဆိုလိုတာလား။ ဒါမှမဟုတ်စတော့ဈေးကွက် အကြီးအကျယ် တက်တော့မယ်လို့လား” ကီရီလန်ကို သဘောပေါက်သွားခဲ့သည်။
"ဒါက ငါ ထင်တာကတော့ အားလုံး တက်လိမ့်မယ်။ ဒါပေမဲ့ အကြီးအကျယ် တက်မလားဆိုတာကိုတော့ ငါ သေချာ မပြောရဲဘူး။ ဒါကြောင့် ငါရဲ့ရင်းနှီးငွေတွေကို၊ ရွှေကြိုပွိုင့်ဈေးကွက်နဲ့ အမေရိကရဲ့ စတော့ဈေးကွက်ပေါ်မှာပဲ ထားထားတာပါ၊ သုံးနှစ်အတွင်းမှာ၊ ရွှေဈေးက နှစ်ဆတက်သွားဖို့ အရမ်းကို ဖြစ်နိုင်ချေများတယ်”
နှစ်ဆတက်သွားဖို့ အရမ်းကို ဖြစ်နိုင်ချေများတယ် ဟုတ်လား။ ကီရီလန်ကိုသည် ဖုန်းယွီ၏ပြောဆိုဖော်ပြပုံများကို ရင်းနှီးကျွမ်းဝင်နေသူဖြစ်ရာ သူက နှစ်ဆတက်သွားဖို့ အရမ်းကိုဖြစ်နိုင်ချေများသည်ဟု ပြောဆိုပြီဆိုလျှင် ဖြစ်နိုင်ချေမှာ ရှစ်ဆယ်ရာခိုင်နှုန်း ကျော်သည်မှာ အသေအချာပင်ဖြစ်သည်။
ပြောစရာစကား မရှိတော့ပေ။ ဤငွေများကို ရွှေနှင့် စတော့ရှယ်ယာများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံလိုက်တော့မည်။ ရေနံနှင့် ပတ်သက်၍မူ ရင်းနှီးမြှုပ်နှံချင်တဲ့သူ သွားလုပ်ကြပါစေတော့။
******